Facebook Comments Box
မြန်မာပြည်သို့ပြန်ရန်အခက်အခဲရှိနေသူများအတွက်ဇလွန်ပြည်တော်ပြန်ဘုရားဂါထာ
နိုင်ငံခြားမှ မြန်မာပြည်သို့ပြန်ရန်အခက်အခဲရှိနေသူများအတွက်ဇလွန်ပြည်တော်ပြန်ဘုရားဂါထာ
နိုင်ငံခြားမှမြန်မာပြည်သို့ပြန်ရန်အခက်အခဲရှိနေသူများဇလွန်ပြည်တော်ပြန်ဘုရား ပုံတော်ထုတ်ပြိီး(စမ္မခဏ်)ဂါထာရွတ်ဆိုပါသစ္စာပြုဆုတောင်းပါ။.
ဇလွန်ပြည်တော်ပြန်ဘုရား
(စမ္မခဏ်)ဂါထာ
ပါဠိတော်
ဣတိပိ ပိဋကတ္တယံ၊ အနိစ္စံ ဒုက္ခံ အနတ္တံ၊ သတ္တဗောဇ္ဈင်္ဂေါ၊ အဋ္ဌင်္ဂိကောမဂ္ဂေါ၊ စတုပဋ္ဌာနံ၊ သဗ္ဗဿ ဣန္ဒော၊ သဟဿ သူရိယော၊ သြောင်းနမော မေတ္တာနံ၊ ရာဇဘယံ၊ စောရဘယံ၊ ဥဒကဘယံ၊ အဂ္ဂိဘယံ၊ သတ္တဘယံ၊ သဗ္ဗဘယံ၊ ဇေယျော ဇယတု မင်္ဂလံ၊ အနိစ္စ သင်္ခတံ၊ ပဋိစ္စ သမုပ္ပန္နံ၊ ခယဓမ္မံ၊ ဝယဓမ္မံ၊ ဝိရာဂဓမ္မံ၊ နိရောဓဓမ္မံ ခမတိ။
မူလအနက်
သဗ္ဗဿ ဣန္ဒော၊ အလုံးစုံသော လောကကို လွှမ်းမိုးစေ တတ်သော။ သဟဿ သူရိယော၊ ရောင်ခြည်တစ်ထောင် အလင်းဆောင်သော နေမင်းထက် တန်ခိုးရှိန်စော် အာနုဘော်ကြီးသော။ ပိဋကတ္တယံပိ၊ ပိဋကတ် ၃ပုံ၌လည်း အဝင်အပါဖြစ်သော။ အနိစ္စံ ဒုက္ခံ အနတ္တံ၊ အမြဲမရှိခြင်း ဆင်းရဲခြင်း အစိုးမရခြင်း ဟူသော လက္ခဏာရေး ၃ ပါးကို နှလုံးသွင်းခြင်း။ သတ္တဗောဇ္ဈင်္ဂေါ၊ ဗောဇ္ဈင် ၇ ပါးကို ပွားများခြင်း။ အဋ္ဌင်္ဂိကောမဂ္ဂေါ၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းဖြစ်သော မဂ္ဂင် ၈ ပါးကို ကျင့်ကြံအားထုတ် ခြင်း။ ခယဓမ္မံ၊ ကုန်ခြင်းသဘော ရှိသော။ ဝယဓမ္မံ၊ ပျက် ခြင်းသဘောရှိသော။ ပဋိစ္စ သမုပ္ပန္နံ၊ အကြောင်းကိုမှီ၍ အဖန်ဖန်အထပ်ထပ် ဖြစ်ကုန်သော။ သင်္ခတံ၊ ပြုပြင်စီရင် ခြင်းသဘောရှိသော ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်။
အနိစ္စ၊ အမြဲမရှိ။ ဒုက္ခ၊ ဆင်းရဲပါပေ၏။ အနတ္တ၊ မိမိအလို သို့ မလိုက် အစိုးမရ ဖြစ်ပါ၏။ ဣတိ၊ ဤသို့။ စတုပဋ္ဌာန ပဓာနံ၊ ပြဋ္ဌာန်းချက် ၄ ပါးဟု ဆိုအပ်သော
၁၊ လက္ခဏာရေး ၃ ပါး၊
၂၊ ဗောဇ္ဈင် ၇ ပါး၊
၃၊ မဂ္ဂင် ၈ ပါး၊
၄၊ ပဋိစ္စ သမုပ္ပါဒ် တရားတို့ကို။ မေတ္တာနံ၊ အလုံးစုံသော သတ္တဝါတို့ အပေါ်၌ မေတ္တာအရင်းခံ၍ ပွားများအားထုတ် သောသူတို့သည်။ ရာဇဘယံ၊ မင်းဘေး။ စောရဘယံ၊ သူခိုးဓါးပြဘေး။ ဥဒကဘယံ၊ ရေဘေး။ အဂ္ဂိဘယံ၊ မီးဘေး။ သတ္တဘယံ၊ တုတ်ဓါးလက်နက်ဘေး။ သဗ္ဗဘယံ၊ စီးပွားရေး လူမှုရေး ကျန်းမာရေးစသည်အတွက် ပူပင် သောကရောက်ခြင်းနှင့်တကွ ကပ်ဘေးစသော အလုံးစုံ သော ဘေးအပေါင်းမှ။
သြောင်း၊ ကောင်းစွာလွတ်မြောက်ရကုန်၏။
ဇေယျော၊ အောင်မြင်ခြင်းသို့ ရောက်စေ၏။
ဇယတုမင်္ဂလံ၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ လိုအင်ဆန္ဒဟူသမျှ ပြည့်ဝစေ၏။
ဝိရာဂဓမ္မံ၊ ရာဂ၏ ကုန်ရာဖြစ်သော။ နိရောဓဓမ္မံ၊ ဒုက္ခ ခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို ရအောင် ရောက် အောင် ကျင့်ဆောင်သောသူတို့ကို။ ပဏ္ဍိတာနိ၊ ပညာရှိ သူတော်ကောင်းတို့သည်။ ခမတိ၊ မြတ်မြတ်နိုးနိုးနှစ်သက် တော်မူကြပေကုန်၏။ ဣတိပိ ဣမိနာစ ကာရဏေန၊ ဤသို့သော အကြောင်းတရားများကို ဟောကြားတော်မူခဲ့ သော မြတ်စွာဘုရားကို။ နမော၊ ရှိခိုးပါ၏။
နိုင်ငံခြားမှမြန်မာပြည်သို့ပြန်ရန်အခက်အခဲရှိနေသူများဇလွန်ပြည်တော်ပြန်ဘုရား ပုံတော်ထုတ်ပြီး(စမ္မခဏ်)ဂါထာရွတ်ဆိုပါသစ္စာပြုဆုတောင်းပါ။
(စမ္မခဏ်)ဂါထာ
ပါဠိတော်
မူလအနက်
၁၊ လက္ခဏာရေး ၃ ပါး၊
၂၊ ဗောဇ္ဈင် ၇ ပါး၊
၃၊ မဂ္ဂင် ၈ ပါး၊
Facebook Comments Box
Be the first to comment
Leave a Reply
Your email address will not be published.
*
Facebook Comments Box