အိပ်ဆေး
ညည အိပ်မပျော်နှိုင်သူတွေအတွက် အသုံးဝင်နိုင်မယ့် ကိုယ်တွေ့အိပ်ဆေး တခုကိုပြောပြချင်ပါတယ် ။
ကျနော်က နေ့လည် ၁၂ နာရီနောက် ပိုင်း လဘက်ရည်ချိုဖြစ်စေ၊ လဘက် ရည်ခါးဖြစ်စေ တခွက်လောက် သောက်မိရင် ညမှာ ကောင်းကောင်း အိပ်မပျော်တတ်ပါဘူး။
အဲဒီတော့ တခါတလေ ယောင်လို့ သောက်မိရင် ညမှာ အိပ်ရေးမဝတော့ ဘူး၊ အိပ်ပျော်ရင်လည်း နှစ်နှစ်ခြိုက် ခြိုက်မဟုတ်ဘူး၊ ဆိုတော့ နောက်တရက်မှာ လန်းလန်းဆန်းဆန်းမရှိ တော့ဘူးပေါ့။
ဒါကြောင့် ညမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမဲ့ နည်းလမ်း တွေကို စိတ်ဝင်စားပါတယ်။
ညအိပ်ရာမဝင်မီ ငှက်ပျောသီးဖျော်သောက်တာ၊ နွားနို့ပူပူသောက် တာ စတာတွေလုပ်ဘူးသလို၊ ညနေပိုင်းမှာ နာရီဝက် တနာရီ လမ်း လျှောက်တာ စတာတွေလည်း လုပ်ဘူးပါတယ်။ သူ့နည်းနဲ့သူ အတိုင်းအတာတခုထိ အောင်မြင်ပါတယ်။
ဒါပေမဲ့ စိတ်ထဲမှာ သိပ်ကျေနပ် အားရတာမျိုးတော့မဟုတ်ပါဘူး။ကရိကထများတာကြောင့် မလုပ်ဖြစ် တာလည်းပါတာပေါ့။
ဒါကြောင့် တခြားအသစ် အသစ် ဖတ်မှတ်သိရှိလာတဲ့ နည်းတွေကိုလည်း ဆက်လက်စမ်းသပ်ကြည့်တာ မှာ အခုနောက်ဆုံး တွေ့ရှိတဲ့နည်းက
” Legs up the wall 20 minutes ” ဘဲဖြစ်ပါတယ်။ ဒီနည်းက လွယ်ကူ တဲ့အပြင် ဘာမှလည်း တကူးတက လုပ်ရတာမဟုတ်ပါဘူး။ခြေထောက်နှစ်ချောင်း ကို နံရံကပ်မိုးပေါ် ထောင်တဲ့ နည်းပါ။
ပုံမှာပြထားသလို အိပ်ယာဝင်ချိန်မှာ ခြေထောက် ၂ ချောင်းကို နံရံကပ်မိုးပေါ်ထောင်ပါ။ ခေါင်းအောက်မှာ ခေါင်းအုံးမခုပါနဲ့။ မိနစ် ၂၀ မှ ၃၀ ကြာအောင်ထားပြီး ခြေထောက်က သွေးတွေ ကိုယ်ခန္ဓာ နဲ့ ဦးနှောက်ဖက်ကို စီးဆင်းပါစေ။
အချိန်ပြည့်ရင် ဘယ်ကိုမှ မသွားတော့ဘဲ တခါထဲ ခြေထောက်အောက် ပြန်ချပြီး အိပ်လိုက်ပါတော့။မကြာခင်မှာဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်။ည.. ည အိပ်မရသူတွေအိပ်ပျော်နှိုင်ကြပါစေ။
U Ye Tun
ညညအိပ္မေပ်ာ္ရင္ ဒီလိုေလးလုပ္ၾကည့္ပါ
အိပ္ေဆး
ညည အိပ္မေပ်ာ္ႏႈိင္သူေတြအတြက္ အသုံးဝင္ႏိုင္မယ့္ ကိုယ္ေတြ႕အိပ္ေဆး တခုကိုေျပာျပခ်င္ပါတယ္ ။
က်ေနာ္က ေန႔လည္ ၁၂ နာရီေနာက္ ပိုင္း လဘက္ရည္ခ်ိဳျဖစ္ေစ၊ လဘက္ ရည္ခါးျဖစ္ေစ တခြက္ေလာက္ ေသာက္မိရင္ ညမွာ ေကာင္းေကာင္း အိပ္မေပ်ာ္တတ္ပါဘူး။
အဲဒီေတာ့ တခါတေလ ေယာင္လို႔ ေသာက္မိရင္ ညမွာ အိပ္ေရးမဝေတာ့ ဘူး၊ အိပ္ေပ်ာ္ရင္လည္း ႏွစ္ႏွစ္ၿခိဳက္ ၿခိဳက္မဟုတ္ဘူး၊ ဆိုေတာ့ ေနာက္တရက္မွာ လန္းလန္းဆန္းဆန္းမရွိ ေတာ့ဘူးေပါ့။
ဒါေၾကာင့္ ညမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစမဲ့ နည္းလမ္း ေတြကို စိတ္ဝင္စားပါတယ္။
ညအိပ္ရာမဝင္မီ ငွက္ေပ်ာသီးေဖ်ာ္ေသာက္တာ၊ ႏြားႏို႔ပူပူေသာက္ တာ စတာေတြလုပ္ဘူးသလို၊ ညေနပိုင္းမွာ နာရီဝက္ တနာရီ လမ္း ေလွ်ာက္တာ စတာေတြလည္း လုပ္ဘူးပါတယ္။ သူ႔နည္းနဲ႔သူ အတိုင္းအတာတခုထိ ေအာင္ျမင္ပါတယ္။
ဒါေပမဲ့ စိတ္ထဲမွာ သိပ္ေက်နပ္ အားရတာမ်ိဳးေတာ့မဟုတ္ပါဘူး။ကရိကထမ်ားတာေၾကာင့္ မလုပ္ျဖစ္ တာလည္းပါတာေပါ့။
ဒါေၾကာင့္ တျခားအသစ္ အသစ္ ဖတ္မွတ္သိရွိလာတဲ့ နည္းေတြကိုလည္း ဆက္လက္စမ္းသပ္ၾကည့္တာ မွာ အခုေနာက္ဆုံး ေတြ႕ရွိတဲ့နည္းက
” Legs up the wall 20 minutes ” ဘဲျဖစ္ပါတယ္။ ဒီနည္းက လြယ္ကူ တဲ့အျပင္ ဘာမွလည္း တကူးတက လုပ္ရတာမဟုတ္ပါဘူး။ေျခေထာက္ႏွစ္ေခ်ာင္း ကို နံရံကပ္မိုးေပၚ ေထာင္တဲ့ နည္းပါ။
ပုံမွာျပထားသလို အိပ္ယာဝင္ခ်ိန္မွာ ေျခေထာက္ ၂ ေခ်ာင္းကို နံရံကပ္မိုးေပၚေထာင္ပါ။ ေခါင္းေအာက္မွာ ေခါင္းအုံးမခုပါနဲ႔။ မိနစ္ ၂၀ မွ ၃၀ ၾကာေအာင္ထားၿပီး ေျခေထာက္က ေသြးေတြ ကိုယ္ခႏၶာ နဲ႔ ဦးေႏွာက္ဖက္ကို စီးဆင္းပါေစ။
အခ်ိန္ျပည့္ရင္ ဘယ္ကိုမွ မသြားေတာ့ဘဲ တခါထဲ ေျခေထာက္ေအာက္ ျပန္ခ်ၿပီး အိပ္လိုက္ပါေတာ့။မၾကာခင္မွာဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားပါလိမ့္မယ္။ည.. ည အိပ္မရသူေတြအိပ္ေပ်ာ္ႏႈိင္ၾကပါေစ။
U Ye Tun
Be the first to comment