သင်ဟာဘယ်လိုလူမျိုးလဲဆိုတာသိရဖို့ ဒီလမင်း (၆) စင်းထဲက တစ်ခုကိုရွေးချယ်လိုက်ပါ။
ဒီမှာတော့ လမင်းပုံ (၆) ခုထဲကမှ ၅ စက္ကန့်အတွင်း သင့်စိတ်ကို ဖမ်းအစားနိုင်ဆုံး ပုံတစ်ပုံကိုရွေးပါ။ သင်ရွေးလိုက်တဲ့ ပုံကနေမှ သင်ဟာ ဘယ်လိုလူမျိုးဖြစ်မလဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
နံပါတ် (၁) ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့
သင်ဟာ ဖန်တီးမှုစွမ်းအားမြင့်တဲ့ သူတစ်ယောက်ပါပဲ။ ကြင်နာတတ်ပေမယ့် စိတ်ခံစားလွယ်တယ်။ လူတိုင်းကို ကူညီတတ် တာကြောင့် လူချစ်လူခင်ပေါ့များပါသေးတယ်။
သတိထားရမယ့် အချက်ကတော့ ဒီလို စိတ်သဘောကောင်းမှုကြောင့်ပဲ တချို့လူတွေရဲ့အသုံးချခြင်းကို မခံဖို့ပါပဲ။ ဒါကြောင့်အရာရာကို သေချာစဉ်းစားပြီးကာမှ ကူညီပါလို့။
နံပါတ် (၃) သာ သင့်ရဲ့အရွေးချယ်မှုဖြစ်ခဲ့မယ်ဆိုရင်
သင်ဟာဘဝရဲ့နေ့ရက်တိုင်းကို ခွန်အားအပြည့်နဲ့ ဖြတ်သန်းနေသူ တစ်ယောက်ပါ။ ဒီအပြင်သင်ဟာ သင့်ကို သစ္စာဖောက်မှာကို သေမတတ်ကြော် ကသူလည်းဖြစ် ပါတယ်။ ဒါပေမဲ့လည်း ကိုယ်ချစ်တဲ့ သူတွေရဲ့ သစ္စာဖောက်ခြင်းကိုပဲ ထပ်ခါထပ်ခါ ခံနေရတာပါပဲ။
ဒါကြောင့်လည်း တော်ရုံ သင့်အနားမှာ ရှိနေပေးဖို့ လက်မခံတတ်ကြတော့ ပါဘူးတဲ့။ မေတ္တာဆိုတာ ယောင်ပြန်ဟပ် ပါတယ်။ ကိုယ့်ဖက်ကသာ အပြည့်အဝ စိတ်နှစ်ကာ မေတ္တာပေးလိုက်ပါ။ အဲဒီ လူသစ္စာဖောက် သွားသည့် တိုင်အောင် သင်ပေးနေတဲ့ မေတ္တာတွေအတွက် ဒဏ်ခံရမှာပါပဲ။
နံပါတ် (၄) ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သင်ဟာ ထိလွယ်ရှလွယ်တယ်၊ နောက် ပြိုင်ဆိုင်လိုစိတ်လည်း ပြင်းပြကာ တစ်ကိုယ်ကောင်းဆန်တဲ့ သူတစ်ယောက်ပါ။ ဒါပေမဲ့ သင်ချစ်တဲ့လူတွေဆိုရင်တော့ အနစ်နာခံဖို့ အမြဲတမ်းအသင့်ပါပဲတဲ့။
စိတ်ကြီးဝင်နေတတ် တာကြောင့် သင်သတိထား ရမှာကတော့ ကိုယ့်ရဲ့အခြေအနေအမှန်ကို သုံးသပ်ပြီး တကယ် တိုးတက်မယ့် အရာတွေကို စလုပ်သင့်နေပြီ ဆိုတာ ပဲဖြစ် ပါတယ်။
နံပါတ် (၅) ကိုရွေးလိုက်ပြီဆိုရင်တော့
သင်ဟာ ငြိမ်းချမ်းခြင်းကို လိုလားတဲ့ သူတစ်ယောက် ပါ။ စိတ်ရှည်တယ်၊ တစ်ဖက်က မှားနေတယ်ဆိုတာ သိတာတောင်မှ ပဲ သည်းခံတယ် နောက် ကိုယ့်တန်ဖိုး ကိုယ်လည်း သိပြီး အမြဲတမ်းလေးစား တတ် တယ်။ စိတ်အေးချမ်း တာကြောင့် ဘဝမှာ သင့်ရဲ့နေ့ရက်တွေဟာလည်း အေချမ်းနေမှာ ပါပဲ။
Credit
Be the first to comment