Facebook Comments Box
ဆရာမင်းသုခ၏ (၂) လပိုင်း တလစာ ဗေဒင်ဟောစတမ်း
၂ လပိုဆရာမင်းသုခ၏ (၂) လပိုင်း တလစာ ဗေဒင်ဟောစတမ်း

တနင်္ဂနွေသားသမီးများ

မြေကိစ္စ အဆင်ပြေအောင်မြင်မည်။ ရပ်ဝေးမှာသင်းကောင်းကြားရတတ်သည်။ မိတ်ဆွေများ ၏ ကူညီမှုရရှိမည်။ စပ်တူ လုပ်ငန်း များ လုပ်ရ ကိန်း ရှိပါတယ်။
ပညာရေး အဆင်ပြေခြင်း ၊ သင်တန်းတက်ရခြင်း ၊ ဆရာသမားလို ပုဂ္ဂိုလ် များ ကူညီစောင့် ရှောက်ခြင်း ခံရတတ်ပါသည်။ ရွှေလက်ကောက်ရှိလျှင် ထွက်တတ်ပါသည်။ အလုပ်များ၍ စိတ်များရှုပ်နေရတတ်ပါမည်။ ဗုဒ္ဓဟူး ၊ စနေသားသမီး ကြောင့် စိတ်အနှောက်အယှက်များ ကြုံရတတ်ပါသည်။ ဗုဒ္ဒဟူး ၊ စနေ သားသမီး လက်အောက်ငယ်သား၊အလုပ်သမားများရှိလျှင်ထွက်သွားတတ်ပါတယ်။ စက်ပစ္စည်း ၊ ကား ၊ ဖုန်း ၊ မြေ ဝင်ကိန်း ရှိပါသည်။
ငွေကတော့ အဝင်ကြမ်း အထွက်ကြမ်းဖြစ်နေတတ်ပါသည်။ လုပ်ငန်းကောင်းပါသည်။ အလုပ်များလို့ ပင်ပန်းနေမည်။ လူအများနှင့် လုပ်ရသော လုပ်ငန်း များ ရက်ချိန်းများ ကြံကြာခြင်းချိန်းထားသောရက် မပေးနိုင်ခြင်းများ ဖြစ်တတ်ပါသည်။
အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့်ပတ်သက်၍ စိတ်ရှုပ်ရတတ်ပါသည်။ ခရီးထွက်မည် ထွက်မည်ဆိုပြီး ခရီးရက်ရွှေ့ရခြင်း ၊ ကြံကြာခြင်းများ ကြုံရတတ်ပါသည်။ သူများ အမှုအခင်း ပြဿနာများကို အကြံပေးဖြေရှင်းပေးရတတ်ပါသည်။
ချစ်သူသမီးရည်းစားများ အနေနဲ့အချစ်ရေး ကံကောင်းနေမည်။
ချစ်သူ၏ ဂရုစိုက်ချစ်ခင်မှုကို ခံရတတ်ပါသည်။ ချစ်သူမရှိသေးသူများ အချစ်သစ်တွေ့တတ်ပါသည်။

ယတြာ ဘုရားမှာ တံခွန် (၉)လက်လှူပေးပါ။
ဘာသာရေးလုပ်တတ်သူများ ဂုဏ်တော် ၉ ပါး ကို တစ်နေ့ ၉ ပတ် စိတ်ပေးပါ။

❤️မိမိကံဇာတာနှင့် အချစ်ရေး/ အိမ်ထောင်ရေးမေးမြန်ချင်သူများ❤️

တနင်္လာသားသမီးများ

ဒီလတွေအတွင်းမှာ စိတ်ရူပ်ထွေးမှုများ ကြုံရတက်သည်။
သူများပြသနာ ကို့ထံလာတက်သည်။
ဟိုဟာလုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရ ကောင်းနိုးနိုးနဲ့
အချိန်သွားလိမ့်မယ်။ ဆုံးဖြတ်ရခက်တာတွေလည်း
ကြုံလာရတတ်ပါတယ်။ အမှားမှားအယွင်းယွင်းတွေ လုပ်မိ
ပြောမိတတ်တယ်။ အရေးကြီးတဲ့ကိစ္စများ တိုင်ပင်ပြီးမှ
လုပ်သင့်ပါတယ်။ ခရီးတိုတွေ တစ်ခုပြီးတစ်ခု သွားနေရမယ်။
ကိုယ့်ကိစ္စသာမက သူတစ်ပါးအတွက်ပါ ခရီးတွေသွားရမယ်။
ဘာသာရေးနဲ့ပတ်သက်တဲ့ အလုပ်တွေလည်း လုပ်ရတတ်ပါတယ်။
မိန်းမကြီးတစ်ယောက်ရဲ့ အကူအညီကောင်း ရရှိမယ်။ ဆွေမျိုး၊
မိတ်ဆွေတို့ရဲ့ ရာထူးတက်တဲ့သတင်း၊ ထီဆုကြီးပေါက်တဲ့သတင်း
စသည်ဖြင့် ဝမ်းသာစရာ ကြုံရ၊ ကြားရတတ်ပါတယ်။

ပစ္စည်းတစ်ခုအတွက် စကားများ ဖြေရှင်းရတတ်ပါတယ်။
အထင်လွဲ စွပ်စွဲခံရတာ၊ အတို့အထောင် ချောက်တွန်းခံရတာတွေ
ကြုံရတတ်ပါတယ်။ အိမ်ကိစ္စ၊ နေရာကိစ္စ အဆင်မပြေတာ၊ ထိတ်လန့်တုန်လှုပ်စရာ အိပ်မက်ဆိုးတွေမက်တာ၊ အောက်လက်ငယ်သားတို့၊ ကလေးတို့ကို အကြောင်းပြုပြီး ပြောဆိုဖြေရှင်းရတာတွေ ကြုံရတတ်ပါတယ်။
ကိုယ့်ကို လုပ်နေတဲ့လူ၊ ဒုက္ခပေးနေတဲ့လူ
ရပ်ဝေးကိုရောက်သွားမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးများမှာတော့ ညှိနှိုင်းမရတွေ ဖြစ်တတ်ပါတယ်။ လူကြီးတွေ ဝင်ရှုပ်လို့ အပူမီးတွေ ပိုတောက်တဲ့ကိန်း ဆိုက်သွားတတ်ပါတယ်။
ကံအကျိုးပေးဂဏန်း ၃/၄။

ယတြာ = မိမိမွေးနေ့တွင် စနေဂြိုဟ်နံဒေါင့်ဘုရားတွင် ဖယောင်းတိုင်အနီရောင်(10)တိုင်၊ အမွှေးတိုင်(10)တိုင်၊ ပန်းအနီရောင် (10)ပွင့်၊မနက် 10နာရီ တိတိတွင် ကပ်လှူထွန်းညှိပူဇော်ပေးပြီး လိုရာဆုတောင်းလိုက်ပါ။

အင်္ဂါသားသမီးများ

ဒီလအတွင်းမှာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသက်းကြောင့် စိတ်သောကရတက်ပါသည်။
ခရီးတွေ တစ်ခုပြီးတစ်ခု သွားဖြစ်မယ်။
ရပ်ဝေးအဆက်အသွယ်ကောင်း တွေလည်း ရတတ်ပါတယ်။
လုပ်ငန်းအစီအစဉ်သစ်တွေ ပေါ်လာမယ်။ အလုပ်မှာ အင်နဲ့အားနဲ့
တိုးချဲ့သင်တဲ့အချိန်ပါပဲ။ အောင်မြင်သလောက် ရန်များတတ်ပါတယ်။ တန်ဖိုးကြီးကြီးပစ္စည်းတွေဝင်မယ်။
မိတ်ဆွေ မောင်နှမများရဲ့ အချစ်ရေးကိစ္စ၊ မင်္ဂလာကိစ္စတွေမှာ
ဝင်ရောက်ကူညီရတတ်ပါတယ်။
နေရာထိုင်ခင်းကိစ္စ နဲ့ပတ်သက်တဲ့ကိစ္စ၊ အဆောက်အဦးကိစ္စတွေမှာ အဆင်ပြေအောင်မြင်မယ်။ ကောင်းသော အပြောင်း အရွှေ့တွေ
ကြုံတတ်ပါတယ်။ အိမ်သူအိမ်သားတစ်ယောက် ရပ်ဝေးကို
ခရီးထွက်တာ၊ အဝေးရောက်အိမ်သူအိမ်သားတွေ ပြန်ဝင်လာတာ၊
အလုပ်မှာ ပြဿနာခပ်ကြီးကြီးတစ်ခု ဖြေရှင်းရတာ၊
ငွေအခွင့်အရေးကောင်း လက်လွတ်သွားတာမျိုးတွေ ကြုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့တစ်ယောက်
အထင်အမြင် လွဲတတ်ပါတယ်။ ဘေးကဝင်ရှုပ်လို့
ပိုဆိုးသွားတတ်ပါတယ်။ မဖြစ်စလောက်ကိစ္စ လေးတွေကနေ ပြဿနာကြီးထွားသွားတတ်ပါတယ်။ ရောဂါဝေဒနာတစ်ခုကတော့ ပျောက်မှန်းမသိ ပျောက်သွားပါလိမ့်မယ်။ မိမိထက်ကြီးကဲသူ များရဲ့ အိမ်ထောင်ရေးအတွက် စိတ်ရှုပ်ရတတ်ပါတယ်။
ကံအကျိုးပေးဂဏန်း ၂/၃။

ယတြာ = အင်္ဂါဂြိုဟ်နံဒေါင့်ဘုရားမှာ ချိုချဉ် (21)လုံး ၊ ဖယောင်းတိုင် အဝါရောင် (21)တိုင် အမွှေးတိုင် (21)တိုင်၊ ရွက်လှ (21)ညွန့် ကပ်လှူပေးပါ။

ဗုဒ္ဓဟူးသားသမီးများ

ဒီလအတွင်းမှာ အရှေ့မြောက်ဒေါင့်ကို ဂရုစိုက်သင့်ပါသည်။
ဆုံးရှုံးထားတာတွေ ပြန်ရတတ်တယ်။
နစ်နာခဲ့သမျှ အခွင့်အရေးကောင်းတွေ ကြုံလာတတ်ပါတယ်။
အောက်လက်ငယ်သားရဲ့ အလုပ်ကိစ္စ၊ ပညာရေးကိစ္စတွေမှာလည်း
ဝမ်းသာစရာတွေ ကြုံလာမယ်။မီး၊ လျှပ်စစ်အန္တရာယ်ကြုံလာတယ်။
မတော်တဆထိမိခိုက်မိတာတွေတော့ သတိထားဖို့လိုပါ တယ်။
အဖိုးတန်ပစ္စည်းတွေလည်း ပျက်တတ်၊ ထွက်တတ်တယ်။
အိမ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စနဲ့ပတ်သက် တဲ့ အစီအစဉ်တွေ လွဲချော်သွားတတ်တယ်။ မဖြစ်စလောက်ကိစ္စနဲ့ ကြီးကြီးမားမား
ပြောဆိုဖြေရှင်းရတတ် ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အထစ်အငေါ့ဖြစ်နေတာတွေ အဆင်ပြေသွားမယ်။
ကောင်းသောအပြောင်းအလဲတွေ ဖြစ်လာမယ်။


လူကြီးမိဘဆရာသမားတွေဆီက ထိထိရောက်ရောက် အကူအညီ
ကောင်းတွေ ရတတ်တယ်။ အလုပ်အခွင့်အလမ်းကောင်းတွေ
ပေါ်လာမယ်။ လက်ရှိလုပ်ငန်းကိုတိုးချဲ့တာ၊ လုပ်ငန်းသစ်စတာတွေ လုပ်သင့်ပါတယ်။ ငွေရေးကြေးရေးကတော့ တော်တော်လေး အဆင်မပြေဖြစ်မယ်။ ငွေကိုအကြောင်းပြုပြီး တော် တော့ကို ရှင်းရလင်းရ၊
ငြင်းခုန်ရတွေ ဖြစ်တတ်ပါတယ်။
အထစ်အငေါ့ အနှောက်အယှက်တွေကြားထဲက တိုးတက်အောင်မြင်မှုတွေ ခံစားရမယ့်ကာလဖြစ်ပါတယ်။
ကံအကျိုးပေးဂဏန်း ၄/၅။

ယတြာ = မိမိမွေးနေ့ အပတ်တိုင်း (9)ပတ်တိတိကို ခြေလေးချောင်းသား ရှောင်းပေးပါ။ ဘုရား ရွှေဖလားဖြင့် သောက်တော်ရေ ၅ခွက် ကပ်လှူပေးပါ။

ကြာသပတေးသားသမီးများ

ဒီလအတွင်းမှာ အထက်လူကြီးပိုင်းနဲ့
ပက်သက်ပြီး စကားအပြောအဆို အမှားအယွင်းများဖြစ်တက်ပါသည်။
အောက်လက်ငယ်သားတွေအတွက်တော့ စိတ်ချမ်းသာစရာ ကြုံလာရတတ်ပါတယ်။ ပြဿနာဖြစ်နေသူတွေနဲ့ ပြန်ပြီးအဆင်ပြေသွားမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဝမ်းသာကြည်နူးစရာတွေ ကြုံလာမယ်။ ကောင်းသောခရီးတွေ သွားရတတ်ပါတယ်။
ကောင်းသောခွဲခွာခြင်းတွေနဲ့ ခွဲခွာရတတ်ပါတယ်။
ငွေရေးကြေးရေး အင်မတန်စိတ် ချမ်းသာရမယ်။
မထင်မှတ်တဲ့နေရာက ငွေတွေအများကြီးဝင်လာမယ်။
မိန်းမကြီးတစ်ယောက်ဆီက အကူအညီအကောင်းတွေ ရတတ်တယ်။ အလုပ်နှစ်မျိုး၊ ဝင်ငွေနှစ်မျိုးဖြစ်လာမယ်။ ထီပေါက်တတ်ပါ တယ်။
ပစ္စည်းတစ်ခု အရောင်းအဝယ်မှား ဖြစ်တတ်တယ်။
မိတ်ဆွေရင်းမောင်နှမတွေနဲ့ အဆင်မပြေ လမ်းခွဲရတတ်ပါတယ်။
မိတ်ဆွေအရင်းများထဲက စိတ်ဝေဒနာခံစားရတာ၊ အိမ်ကထွက်သွားတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဆရာသမား၊ ကြီးကဲသူတွေထဲက နာရေးကြုံတတ်တယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စတွေ အဆင်မပြေဖြစ်မယ်။ နေရာနှစ်ခုခွပြီး နေရတတ် ပါတယ်။
အောက်လက်ငယ်သားထဲက ခြေထောက်၊ ခါး ထိခိုက်မိတတ်တယ်။ တစ်မိသားစုလုံး ကျန်းမာရေး တရှောင်ရှောင်ဖြစ်တတ်တဲ့ရက်တွေပါပဲ။ စက်ကိစ္စ၊ စာချုပ်စာတမ်းကိစ္စ၊ စပ်တူကိစ္စတွေမှာလည်း
စိတ်ရှုပ်စရာတွေ ဖြစ်လာတတ်ပါတယ်။
ကံအကျိုးပေးဂဏန်း ၈/၇။

ယတြာ = မိမိအိမ်ဘုရားစဉ်၌ ထောပတ်ဆီမီးခွက် (5)ခွက်၊
အမွှေးတိုင် (5)တိုင်၊ ပန်း(17)ပွင့် ကပ်လှူပူဇော်ပေးပါ။

သောကြာသားသမီးများ

ဒီလအတွင်းမှာ နှိင်ငံရပ်ခြားနဲ့ပက်သက်ပြီးသွားရကိန်းရှိသည်။ မိတ်ဆွေအပေါင်းအသင်းများတမင်ရန်စ နှောက်ယှက်တာ၊
ဖျက်လိုဖျက်ဆီးလုပ်တာတွေ ခံရတတ်ပါတယ်။ အတို့အထောင်
ချောက်တွန်းခံရတတ် တယ်။
သူတစ်ပါးပြဿနာဟာ ကိုယ့်ပြဿနာဖြစ်သွားတတ်တဲ့ အချိန်မျိုးပါပဲ။
မြစ်နား၊ ချောင်းနား၊ ကန်နားကလူတွေကို သတိထားဖို့လိုပါတယ်။
မိသားစုအတွင်းမှာ ဘေးစကားကြောင့် သွေးကွဲရတတ်ပါတယ်။
လူကြီးသူမတွေက အထင်လွဲကြလိမ့်မယ်။
စိတ်ညစ်စရာဧည့်သည် ရောက်လာ တတ်ပါတယ်။
ခက်ခဲကြန့်ကြာနေတဲ့ အရောင်းအဝယ်ကိစ္စကတော့
အဆင်ပြေသွားလိမ့်မယ်။ ကုန်ရောင်းတာ၊ ကုန်ဝယ်တာ၊ ကုန်လှောင်တာတွေ အကျိုးအမြတ်များမယ့် အချိန်ပါပဲ။ လူရင်းထဲက
နိုင်ငံခြားခရီးစီစဉ်နေသူ အဆင်ပြေ အောင်မြင်မယ်။

ပညာရေးကိစ္စ၊
သင်တန်းကိစ္စတွေကတော့ မသေမချာဖြစ်ရတတ်တယ်။
စီးပွားရေး လုပ်ငန်းတွေမှာ ဘာအခက်အခဲပဲကြုံကြုံ တိုးချဲ့ပြီး
လုပ်သွားသင့်ပါတယ်။
ကျန်းမာရေးအတွက်တော့ ငွေကုန်ကြေးကျများတတ်တယ်။
အရေးအကြီး စာရွက်စာတမ်း တွေ ပျက်စီးပျောက်ဆုံးတတ်တယ်။
ငွေဆုံးတာပျောက်တာ ဖြစ်တတ်တယ်။ အလှူပွဲ၊ မင်္ဂလာပွဲတစ်ခုကို အကြောင်းပြုပြီး ပြဿနာတွေ ပေါ်လာတတ်ပါတယ်။
ကံအကျိုးပေးဂဏန်း ၂/၄။

ယတြာ = စွယ်တော်ရွက်(15)ရွက် ၊ အုန်းညွန်း(5)ညွန့် ၊
ဖယောင်းတိုင် (7)တိုင်၊ အမွှေးတိုင်(7)တိုင် ဘုရားမှာ ထွန်းညှိပူဇော်ပေးပါ၊၊

စနေသားသမီးများ

ဒီလအတွင်းမှာ
မိမိ၏ မိသားစု၊ ဆွေမျိုးနဲ့ပက်သက်ပြီး အပူများတက်ပါသည်။
နာမည်ဂုဏ်သတင်း တိုးတက်တာ၊ ရာထူးတက်သလိုမျိုးတွေ
ကြုံတတ်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်လို့ ပြင်ဆင်မွမ်းမံရတာတွေ
လုပ်ရတတ်ပါတယ်။
အဖိုးတန်ပစ္စည်းတွေ ပျက်တတ်ပျောက်တတ်ပါတယ်။
လူမှုရေး၊ စီးပွားရေး အလုပ်ကိစ္စတွေမှာ မိန်းမတစ်ယောက် ဝင်ရှုပ်လာတတ်တယ်။ အချစ်ရေးအိမ်ထောင်ရေးမှာလည်း တစ်ဦးနဲ့တစ်ဦး
စိတ်သဘောကြီးစွာ ကွဲတတ်ပါတယ်။
ကြီးကဲသူများ နဲ့ အဆင်မပြေဖြစ်ပြီးတဲ့နောက် အဆင်ပြေသွားမယ်။
ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာလည်း စိတ်နှစ် ခွဖြစ်စရာတွေ
မတင်မကျအခြေအနေတွေ ကြုံလာတတ်ပါတယ်။
နောက်ပိုင်းမှာတော့ အဆင်ပြေသွားမယ်။
ကွဲကွာနေတဲ့ မိတ်ဆွေမောင်နှမတွေနဲ့ အမှတ်မထင်ပြန်ဆုံမယ်။
အလုပ်နေရာ၊ အိမ်နေရာ ကောင်းသော ပြင်ဆင်ပြောင်းရွှေ့ရတတ်ပါတယ်။ အောက်လက်ငယ်သား မင်္ဂလာကိစ္စစီစဉ်ရတာ၊
အိမ်သူ အိမ်သားထဲက ထီပေါက်တာ၊ ငွေရေးကြေးရေးကိစ္စတွေ
တို့လို့တန်းလန်းဖြစ်တာ၊ ကျန်းမာရေးအတွက် ငွေကုန်များရတာတွေ
ကြုံရတတ်ပါတယ်။ သေသေချာချာ ကျကျနနစီစဉ်ထားတဲ့ အစီအစဉ်တစ်ခုကတော့ လွဲသွား၊ ပျက်သွားတတ် တယ်။ တစ်စုံတစ်ယောက်ရဲ့ မဆင်မခြင် မိုက်မဲမှုကြောင့် ကိုယ့်မှာ ထိခိုက်နစ်နာရတတ်ပါတယ်။
ကံအကျိုးပေးဂဏန်း ၆/၁။

ယတြာ = မိမိမွေးနေ့အပတ်တိုင်း(7)ပတ်တိတိ
သက်သတ်လွတ်စားပြီး ဘုရားမှာ ရွှေသင်္ကန်း ကပ်လှူပူဇော်ပေးပါ။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box