၂၀၂၂ ခုနှစ်မှာ သင်ဘာလုပ်ငန်းနဲ့ အောင်မြင်ကြီးပွားနိုင်သလဲ ဆိုတာဖတ်ကြည့်ပါ
၁ ဂဏန်းသမားများသည် -
ပြိုင်ဆိုင်စွန့်စားရသောအလုပ်၊ တစ်ရပ်တစ်ကျေးတွင် သွားရောက်လုပ်ကိုင်သောအလုပ်၊ သယ်ယူပို့ဆောင်ရေး ယာဉ်ရထားဆိုင်ရာအလုပ်များ၌ ကံစပ် ကြီးပွားနိုင်ပေသည်။
၂ ဂဏန်းသမားများသည် -
ကျန်းမာရေး ကုသရေးဆိုင်ရာနှင့် ဆေးဝါးလုပ်ငန်း၊
ရှေးဟောင်းပစ္စည်း၊ တွင်းထွက်ပစ္စည်းဆိုင်ရာအလုပ်များ၊ တရားဥပဒေရေးရာနှင့်ဆက်နွယ်သော
အလုပ်များ၌ ကံစပ် ကြီးပွားနိုင်ပေသည်။
၃ ဂဏန်းသမားများသည် -
ကုန်သွယ်ရေးလုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ တောင်တန်းကုန်းမြင့်ဒေသမှလုပ်ငန်းများ၊
လျှပ်စစ်ပစ္စည်းလုပ်ငန်းများ၊ ငွေစုဆောင်းခြင်းဆိုင်ရာလုပ်ငန်းများနှင့်ဆက်နွယ်၍ ကံစပ် ကြီးပွားနိုင်ပေသည်။
၄ ဂဏန်းသမားများသည် -
ကူးသန်းသွားလာရသောအလုပ်များ၊ လုပ်ငန်းသစ်၊ နယ်မြေသစ်များ၊
စက်မှုလုပ်ငန်း၊ စာအုပ်စာပေ စာရေးကိရိယာလုပ်ငန်း၊ အိမ်ခြံမြေနှင့်ဆက်နွယ်သော
အလုပ်များ၌ ကံစပ် ကြီးပွားနိုင်ပေသည်။
၅ ဂဏန်းသမားများသည် -
စပ်တူရှယ်ယာလုပ်ငန်းများ၊ ဥပဒေရေးရာနှင့်ပတ်သက်သောအလုပ်များ၊ ဌာနဆိုင်ရာတို့နှင့်
ချိတ်ဆက်လုပ်ကိုင်သော လုပ်ငန်းများ၊ အဝယ်အရောင်း အကျိုးဆောင်အလုပ်များ၌ ကံစပ် ကြီးပွားနိုင်ပေသည်။
၆ ဂဏန်းသမားများသည် -
လုပ်ငန်းဟောင်းများ ပြန်လည်လုပ်ကိုင်ခြင်း၊ လုပ်လက်စအလုပ်များကို တိုးချဲ့ခြင်း၊
ရေထွက်ကုန်လုပ်ငန်းများ၊ သစ်သီးဝလံ အသီးအနှံအလုပ်များ၌ ကံစပ် ကြီးပွားနိုင်ပေသည်။
၇ ဂဏန်းသမားများသည် -
လုပ်ငန်းသစ်ကူးပြောင်းခြင်း၊ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ခြင်း၊ လုပ်ငန်းတစ်ခုတည်း၌
အားမပြုဘဲ အခြေအနေ အချိန်အခါအလိုက် အလုပ်များ ပြောင်းလဲလုပ်ကိုင်ခြင်းဖြင့် ကံစပ် ကြီးပွားနိုင်ပေသည်။
၈ ဂဏန်းသမားများသည် -
အဖျော်ယမကာ စားသောက်ကုန်၊ ရေသန့်၊ အချိုရည်လုပ်ငန်းများ၊ အကျိုးဆောင် လုပ်ငန်းများ၊
ငွေကြေးလုပ်ငန်းများ၊ ပေါင်နှံချေးငှားခြင်းဆိုင်ရာအလုပ်များ၊ ကြားဝင်စေ့စပ်ခြင်းဆိုင်ရာ အလုပ်များ၌ ကံစပ် ကြီးပွားနိုင်ပေသည်။
၉ ဂဏန်းသမားများသည် -
သစ်ပင်သစ်တောဆိုင်ရာလုပ်ငန်းများ၊ ဘာသာရေး ကိုးကွယ်ယုံကြည်မှုနှင့်ဆက်နွယ်သော
လုပ်ငန်းများ ၊ အဆောက်အဦ၊ ပရိဘောဂလုပ်ငန်းများ၌ အလုပ်များ၌ ကံစပ် ကြီးပွားနိုင်ပေသည်။
ဇင်ယော်နီ
Be the first to comment