Facebook Comments Box
အောက်လမ်းပညာဖြင့်ဆေးခပ်ခံရလျှင်

အောက်လမ်းပညာဖြင့်ဆေးခပ်ခံရလျှင်

ယနေ့ခေတ်တွင် အောက်လမ်းပညာများတစ်ဖန်ပြန်ခေတ်စားလာတာတွေ့နေရသည် အများအားဖြင့်ထိုင်းဘက်ကကူးစက်လာသောပညာရပ်များဖြစ်ကြသည်
ငယ်ရွယ်သူများပိုခံရတာတွေ့ရပါတယ် အထူးသဖြင့်နှလုံးသားရေးရာကိစ္စများမှာ ချစ်ချင်းမေတ္တာကိုအတ္တဖြင့်ပိုင်ဆိုင်လိုသူများ ပိုင်းလုံးလုပ်သူများပိုသုံးတတ်ကြပါတယ်
အလုပ်ခံရသူတွေဟာ ငူတူတူငေါင်တောင်တောင်နဲ့ ဖုတ်အသွှင်းခံထားရသူတွေလိုပါပဲ အရောင်အဝါတွေလည်းကျလာတတ်ပါတယ်
ဆရာအလုပ်ဖြင့်အသက်မွေးပြီးငယ်ရွယ်ချောမောသူများလည်းအများဆုံးဆေးခပ်ခံရတတ်ပါတယ် တစ်ချို့ရူးသလိုလိုအထိဖြစ်သွားကြပါတယ်
အမှန်တော့ အောက်လမ်းဆရာများမှအောက်လမ်းဆန်ဆန်စီရင်ပြီး စားတဲ့အထဲမသိမသာထည့်ခိုင်းကြတာပါ အများအားဖြင့်လက်ဖက်သုပ်ထဲထည့်တတ်ကြပါတယ်
စီရင်မူ့များက သွေးပုပ်လိုဟာမျိုးအထိပါတတ်ပါတယ်

ဒါကြောင့် သူများပေးကျွေးတဲ့အစားအစာတွေစားတဲ့အခါ သတိလက်လွတ်မစားမိပါစေနဲ့ သရဏဂုံရွတ်ပြီးမှစားပါ
စာရေးသူကိုယ်တိုင် ငယ်ရွယ်နုပျိုစဥ်အခါကဆေးခပ်ခံခဲ့ရဖူးပါတယ် ညနေဘက်တွေဆိုရင်လူဟာငူတူတူငေါင်တောင်တောင်ဖြစ်လာပါတယ်
နောက်တော့မသင်္ကာလို့ ဂိုဏ်းဆရာနဲ့စစ်တော့ ပေါ်တော့တာပဲ လိမ်လို့မရတန်းပေါ်ပါတယ်
အဲဒါနဲ့ ကိုယ်လုံအကာထိုးလိုက်မှသက်သာသွားပါတယ် ဆရာအလုပ်လုပ်သူတိုင်း အကာကိုယ်လုံထိုးထားသင့်ပါတယ် မထိုးထားရင်ခံရတတ်ပါတယ်
နယ်တွေရွာတွေဘက်သွားရင်ပိုဆိုးပါတယ် ပညာစမ်းတာခံရတတ်ပါတယ် ကိုယ့်မှာသာကိုယ်လုံအကာမထိုးထားရင် ရူးပါသွားနိူင်ပါတယ်
ယနေ့ခေတ်မှာတော့ အချစ်ရေးကိစ္စတွေမှာ သုံးလာကြတာတွေ့တွေ့နေရပါတယ် သမုဒယလွန်ကဲပေးဆပ်မူ့ကြမ်းပြီးမှ လိုချင်တာလည်းရရော ဟိုက ရူးချင်ယောင်ဆောင် အလာကြဲ အဲဒီမှာ အောက်လမ်းဆေးနည်းတွေသုံး ငွေကလည်းတောင်းသမျှပေးရ အဲဒီမှာဟိုကောင်လည်းဆေးမိတာနဲ့ ငူတူတူငေါင်တောင်တောင်ရူးကြောင်ကြောင်ဖြစ်တော့တာပါပဲ
ဆရာကောင်းနဲ့တွေ့ရင်တော့ပျောက်တာပေါ့ ဆရာလိမ်နဲ့တွေ့ရင်တော့ ရသမျှချူစားတာပေါ့

ယနေ့ခေတ်လူငယ်တွေsexကိစ္စမှာငယ်ငယ်ရွယ်ရွယ်နှင့်ပင်ဆရာကြီးဆရာမကြီးတွေဖြစ်နေကြသည် တစ်ခါတစ်လေဆေးဆိုင်ဆေးသွားဝယ်ရင်း တစ်ချို့ချာတိတ်မလေးတွေ ရှိလှမှ16 17 လာဝယ်တဲ့ဆေးက တားဆေး ပေါ်တင်ပဲ
အိမ်ထောင်တွေလည်းမမြဲကြတော့ ညားပြီး၂နှစ်၃နှစ်ဆိုရင် ငယ်ကျိုးငယ်နာဖော် ရန်ဖြစ်ကြ ကွဲကြ ခလေးတွဲလောင်းနဲ့ကျန်ခဲ့ကြ ဖခင်ကလည်းတာဝန်မဲ့ နောက်တစ်ယောက်ထပ်ယူ ဒီလိုနဲ့ မကြာခဏမြင်နေကြားနေရတဲ့ဇာတ်လမ်းတွေပါ
အထိန်းအကွပ်အားနည်းတဲ့မိဘတွေကြောင့် သားသမီးတွေဘဝဟာလည်းဖရိုဖရဲ
အဲဒီသားသမီးတွေကမိဘပြန်ဖြစ်ရင်စဥ်းစားကြည့်
ကဲ ထားပါတော့ အခုပြောပြမှာက အဲဒီလိုကိုယ့်သား ကိုယ့်သမီး ဆေးခပ်ခံရတယ်လို့ထင်ရင် လုပ်ရမယ့်နည်းလေးပါ

တံစက်လက်ပြန်ရေလုပ်နည်း
တံစက်မြိတ်ကိုကျောပေး၍ရပ်နေပါ လက်ထဲတွင်ရေထည့်ထားသောရေခွက်ကိုကိုင်ထားပါ ပြီးလျှင် ထိုရေခွက်ထဲကရေကို တံစက်မြိတ်ပေါ်ပက်တင်လိုက်ပါ
တံစက်မြိတ်ကပြန်ကျလာသောရေကို နောက်ပြန်မလှည့်ဘဲ ခုနကရေခွက်ဖြင့်လက်နောက်ပြန်ခံယူပါ ရသလောက်ယူပါ
အဲဒီရေကို ပုလင်းတစ်ခုထဲထည့်ပြီးရေပါထပ်ထည့်ပြီးပွားထားပါ
ဘုရားစင်ရှေ့မှာ အဲဒီပုလင်းကိုအဖုံးဖွင့်ပါးစပ်နားကပ်ပြီး သရဏဂုံအပြန်ကို၁၁ခေါက်ရွတ်ခါ ဆေးမိထားသူအားတိုက်တိုက်ပေးပါ နေ့တိုင်းတိုက်ပါ
သရဏဂုံအပြန်
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဂစ္ဆာမိ ဗုဒ္ဓံသရဏံ
ဓမ္မံသရဏံ ဂစ္ဆာမိ
ဂစ္ဆာမိ ဓမ္မံသရဏံ
သံဃံသရဏံ ဂစ္ဆာမိ
ဂစ္ဆာမိ သံဃံသရဏံ

သူများကျွေးတဲ့အစားအစာမစားခင်လည်း ပန်းကန်ကိုလက်ဖြင့်ထိ၍ တစ်ခေါက်ရွတ်ပြီးမှစားပါ
စီးပွားရေးသမားများလည်းသတိထားပါ အပြိုင်အဆိုင်ရှိလာတဲ့အခါ အတိုက်အခိုက်ခံရတတ်ပါတယ်
မယုံမရှိနဲ့
Please(Share)
ပယောဂမကုပါ
ကျော်ဘိုဘိုဟိန်း

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box