Facebook Comments Box
ဘဝမှာ ငွေအစုလိုက်အပုံလိုက် မကြာခဏရတတ်တဲ့ လဏ္ခာ

ဘဝမှာ ငွေအစုလိုက်အပုံလိုက် မကြာခဏရတတ်တဲ့ လဏ္ခာ
ကံကြမ္မာလမ်းကြောင်းမှ အခက်ငယ်လေးများ နှင့် သင့်ကံကြမ္မာ

ကံကြမ္မာလမ်းကြောင်း (ထီးရိုး)ဟုဆိုလျှင် လက်ဖဝါးပြင်မှ ကံလမ်းကြောင်းကို မိတ်ဆွေများအားလုံး ပြေးမြင်ကြပြီးဖြစ်မှာပါ။ ဒီကံလမ်းကြောင်းဟာ လက္ခဏာရှင်ရဲ့ ဘဝတစ်သက်တာအတွက် ချမ်းသာခြင်း၊ဆင်းရဲခြင်း၊ ကံကောင်းခြင်း၊ကြမ္မာကောင်းခြင်း၊ ရာထူးကိစ္စ၊ တိုးတက်ခြင်း၊အောင်မြင်ခြင်း၊ကျဆုံးခြင်း၊တို့ကို ဖော်ပြသဖြင့် ကံလမ်းကြောင်းသည် အလွန်အရေးပါလှတယ်။ ဒီကံလမ်းကြောင်းရဲ့ တည်နေပုံ၊စတင်ထွက်ပေါ်ပုံ၊အဆုံးသတ်ပုံ၊ ကံလမ်းကြောင်းတွင် ကျွန်းပါရှိခြင်း၊ အပြတ်အတောက်ရှိခြင်း၊ဥပါဒ်လမ်းဖြတ်ခြင်း၊ စသည့်အချက်များစွာတို့အပေါ် ဟောချက်များရှိပြီး ထိုဟောချက်များစွာတို့အတိုင်း လက္ခဏာရှင်တို့သည်လည်း ကံဇတ်ဆရာအလိုကျ လိုက်ပါနေရသည်ပင်ဖြစ်ရာ လူ့ဘဝရပ်တည်ချက်အတွက် ကံတရားကို ဖော်ပြသော ကံလမ်းကြောင်းသည် အလွန်ရေးပါလှသည်။ ယခုတင်ပြလိုသည်မှာ ကံလမ်းကြောင်းမှ အခက်ငယ်ကလေးများ ဖြာထွက်နေခြင်းကို တင်ပြမည်ဖြစ်သည်။

ကံလမ်းကြောင်းမှ ဖြာထွက်နေသည့်အခက်ကလေးများကို လေ့လာသည့်အခါ အထက်သို့ဖြာထွက်သော အခက်အလက်များနှင့် အောက်ဘက်သို့ ဖြာဆင်းနေသော အခက်အလက်ကလေးများဆိုပြီး ၂ ပိုင်းလေ့လာရမည်ဖြစ်သည်။ အပေါ်ကို ဖြာတက်နေသော အခက်အလက်လေးများကိုတွေ့ရမယ်ဆိုရင်တော့..

(ပုံ-၁)
ဘဝမှာ ငွေအစုလိုက်အပုံလိုက် မကြာခဏရတတ်တယ်၊အတက်လေးတွေထွက်နေတဲ့အသက်ပိုင်းတွေမှာ ရာထူးတိုးတာ၊မင်းချီးမြင့်တာခံရတတ်တယ်၊ မမျှော်လင့်တဲ့ အမွေရတာမျိုးကြုံရမယ်၊ ကံနဲ့စပ်တဲ့အလုပ်တွေမှာ ကံကောင်းပြီး အောင်မြင်မယ်(ဥပမာ-ကျောက်စိမ်ဖြတ်လို့အောင်တာမျိုး) အခြေခံဘဝကနေ မဟာဘီလျှံနာကြီးဖြစ်သွားတဲ့အထိ ရောက်နိုင်တယ်၊ ကူညီမစမယ့်သူတွေပေါ်လာတတ်တယ်။ ရွေးကောက်ခံရတတ်တယ်၊ ရွေးကောက်ခံရပြီး နိုင်ငံအဆင့် ရာထူးတွေပါ ထမ်းဆောင်ရမယ်၊ အမျိုးသမီးများလက်ဖဝါးမှာပါခဲ့ရင် လင်ကောင်းသားကောင်းရမယ်၊ အိမ်ထောင်ဘက်ရဲ့ကျေးဇူးကို ခံစားရမယ်၊ မင်းကတော်ဖြစ်လာမယ်။ ဒီလိုကံကြမ္မာလမ်းကြောင်းကထွက်ပေါ်နေတဲ့ အထက်ကိုတက်နေသော အခက်အလက်တွေများရင် များသလို အကျိုးခံစားရတာတွေရှိတယ်၊ ဒီအခက်အလက်တွေက ဘယ်ဂြိုဟ်ခုံတွေကို ဦးတည်နေတာလည်းဆိုတဲ့အပေါ်မှာမူတည်ပြီး ကောင်းခြင်းတွေကို အသေးစိတ်ခွဲခြားနိုင်သလို အသက်ပိုင်းပြီးလည်း ဘယ်အသက်မှာ ဘယ်လိုကိစ္စကိုအကြောင်းပြုပြီး တိုးတက်အောင်မြင်မယ်ဆိုတာကိုလည်း သေချာအနု စိတ်ပြောနိုင်ပါသေးတယ်။အိုဇာတာအလွန်ကောင်းသူပါ။(ပုံ-၁)

(ပုံ-၂)
ကံကြမ္မာလမ်းကြောင်းကနေ အောက်ဘက်ကို ဖြာဆင်းနေတဲ့ အခက်အလက်တွေကို တွေ့ရမယ်ဆိုရင်တော့-
ဘဝမှာ ငယ်စဉ်အချိန်ကစပြီး အဆင်မပြေတာများတယ်၊ လုပ်လိုက်တဲ့အလုပ်တွေဟာ အခက်အလက်ထွက်ပေါ်နေတဲ့ အသက်ပိုင်းခြားကိုရောက်တဲ့အခါ ပျက်စီးရတတ်တယ်၊ ငွေကြေးတွေ ဆုံးရမယ်။မကြာခဏ လူလိမ်ခံရတတ်သလို ကိုယ်တိုင်ကလည်း လိမ်သလိုဖြစ်ပြီး နာမည်ပျက်မယ်။ ငွေကြေး၊အလုပ်ကိုအကြောင်းပြုပြီး မကြာခဏ သိက္ခာကျဆင်းရမယ်။သူတပါးပြောတိုင်းယုံကြည်တတ်လို့ ဒုက္ခတွေ့ရတာများတယ်၊ဥစ္စာပစ္စည်ကို စောင့်ရှောက် တတ်တာမျိုးမရှိဘူး။ အောက်ဘက်ကိုဆင်းနေတဲ့ အခက်အလက်တွေထွက်ပေါ်တဲ့ အသက်ပိုင်းခြားကိုရောက်တဲ့အခါ ရာထူးချခံရမယ်၊အလုပ်ပြုတ်တတ်သလို ထောင်လည်းကျတတ်ပါသေးတယ်။ဝမ်းစာအတွက် နဖူးကချွေး ခြေမကျအောင် လုပ်ကိုင်ရတတ်တယ်။အိမ်ထောင်ရေးမှာအဆင်မပြေကွဲရတတ်တယ်။ သူတပါး နောက်လိုက်ဖြစ်ပြီး သူများစိတ်နဲ့ မိမိဘဝကို ရောက်ရတတ်တယ်။ကံနဲ့စပ်တဲ့ လုပ်ငန်းမှန်သမျှအကုန်ညံ့နေမယ်၊ လောင်းကစားကြောင့် ဘဝပျက်မယ်။စိတ်ဓါတ်ကျပြီး ခြောက်ခြားနေရမယ်၊ အိုဇာတာအလွန်ညံ့တယ်ပြောရမယ်၊ မထင်မရှားနဲ့ ဘဝနိဂုံးချုပ်ရမယ်။(ပုံ-၂)

လူဘဝဟာ ခဏလေးဆိုပေမယ့် ဒီခဏလေးကို ဖြတ်သန်းကျော်ဖြတ်တဲ့အခါ လူတိုင်းက စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး အရာရာအဆင်ပြေလိုကြတာပါ။ဒီလိုအဆင်ပြေမလား မပြေဘူးလားဆိုရင်တော့ သူ့မှာပါလာတဲ့ ကံကြမ္မာကိုဘဲ ရိုးမယ်ဖွဲ့ရလိမ့်မယ်။ ဒီကံကြမ္မာကိုဖော်ပြနေတာက ကံလမ်းကြောင်းဖြစ်ပြီး ကံလမ်းကြောင်းနဲ့ပါတ်သက်တဲ့ လက္ခဏာဆိုင်ရာ အချက်အလက်ပေါင်းများစွာရှိပါတယ်။ ဒီအချက်အလက်တွေထဲက အထက်ကတင်ပြခဲ့တဲ့ ကံကြမ္မာလမ်းကြောင်းကထွက်ပေါ်လာတဲ့ အခက်အလက်တွေဟာ အပေါ်ကို တက်နေလား၊အောက်ကို ဆင်းနေလားဆိုတဲ့အပေါ်မူတည်ပြီး မိုးနဲ့မြေလိုကွာခြားသွားတဲ့ ဘဝတွေရှိလာတာပါ။ ဒီလိုကံတရားကို ကြိုပြီးသိရတဲ့အခါ မိမိအနေနဲ့ ကောင်းခဲ့ရင်လည်း ပိုကောင်းအောင်၊ မကောင်းခဲ့ရင်လည်း ပိုမဆိုးဘဲ တည်ငြိမ်တဲ့အခြေအနေကို ရအောင် ဘယ်လိုနေထိုင်ဆောင်ရွက်ရမယ်၊ ဘာတွေဆောင်လို့ ဘာတွေရှောင်ရမယ်ဆိုတဲ့အချက်တွေကို တတ်သိနားလည်တဲ့ လက္ခဏာပညာရှင်ကောင်းများထံကို မေးမြန်းအကြံပြုချက် ရယူသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ကင်္ကသူ

ဘဝမွာ ေငြအစုလိုက္အပုံလိုက္ မၾကာခဏရတတ္တဲ့ လဏၡာ
ကံၾကမၼာလမ္းေၾကာင္းမွ အခက္ငယ္ေလးမ်ား ႏွင့္ သင့္ကံၾကမၼာ

ကံၾကမၼာလမ္းေၾကာင္း (ထီးရိုး)ဟုဆိုလၽွင္ လက္ဖဝါးျပင္မွ ကံလမ္းေၾကာင္းကို မိတ္ေဆြမ်ားအားလုံး ေျပးျမင္ၾကၿပီးျဖစ္မွာပါ။ ဒီကံလမ္းေၾကာင္းဟာ လကၡဏာရွင္ရဲ့ ဘဝတစ္သက္တာအတြက္ ခ်မ္းသာျခင္း၊ဆင္းရဲျခင္း၊ ကံေကာင္းျခင္း၊ၾကမၼာေကာင္းျခင္း၊ ရာထူးကိစၥ၊ တိုးတက္ျခင္း၊ေအာင္ျမင္ျခင္း၊က်ဆုံးျခင္း၊တို႔ကို ေဖာ္ျပသျဖင့္ ကံလမ္းေၾကာင္းသည္ အလြန္အေရးပါလွတယ္။ ဒီကံလမ္းေၾကာင္းရဲ့ တည္ေနပုံ၊စတင္ထြက္ေပၚပုံ၊အဆုံးသတ္ပုံ၊ ကံလမ္းေၾကာင္းတြင္ ကၽြန္းပါရွိျခင္း၊ အျပတ္အေတာက္ရွိျခင္း၊ဥပါဒ္လမ္းျဖတ္ျခင္း၊ စသည့္အခ်က္မ်ားစြာတို႔အေပၚ ေဟာခ်က္မ်ားရွိၿပီး ထိုေဟာခ်က္မ်ားစြာတို႔အတိုင္း လကၡဏာရွင္တို႔သည္လည္း ကံဇတ္ဆရာအလိုက် လိုက္ပါေနရသည္ပင္ျဖစ္ရာ လူ႔ဘဝရပ္တည္ခ်က္အတြက္ ကံတရားကို ေဖာ္ျပေသာ ကံလမ္းေၾကာင္းသည္ အလြန္ေရးပါလွသည္။ ယခုတင္ျပလိုသည္မွာ ကံလမ္းေၾကာင္းမွ အခက္ငယ္ကေလးမ်ား ျဖာထြက္ေနျခင္းကို တင္ျပမည္ျဖစ္သည္။

ကံလမ္းေၾကာင္းမွ ျဖာထြက္ေနသည့္အခက္ကေလးမ်ားကို ေလ့လာသည့္အခါ အထက္သို႔ျဖာထြက္ေသာ အခက္အလက္မ်ားႏွင့္ ေအာက္ဘက္သို႔ ျဖာဆင္းေနေသာ အခက္အလက္ကေလးမ်ားဆိုၿပီး ၂ ပိုင္းေလ့လာရမည္ျဖစ္သည္။ အေပၚကို ျဖာတက္ေနေသာ အခက္အလက္ေလးမ်ားကိုေတြ႕ရမယ္ဆိုရင္ေတာ့..

(ပုံ-၁)
ဘဝမွာ ေငြအစုလိုက္အပုံလိုက္ မၾကာခဏရတတ္တယ္၊အတက္ေလးေတြထြက္ေနတဲ့အသက္ပိုင္းေတြမွာ ရာထူးတိုးတာ၊မင္းခ်ီးျမင့္တာခံရတတ္တယ္၊ မေမၽွာ္လင့္တဲ့ အေမြရတာမ်ိဳးၾကဳံရမယ္၊ ကံနဲ႔စပ္တဲ့အလုပ္ေတြမွာ ကံေကာင္းၿပီး ေအာင္ျမင္မယ္(ဥပမာ-ေက်ာက္စိမ္ျဖတ္လို႔ေအာင္တာမ်ိဳး) အေျခခံဘဝကေန မဟာဘီလၽွံနာႀကီးျဖစ္သြားတဲ့အထိ ေရာက္နိုင္တယ္၊ ကူညီမစမယ့္သူေတြေပၚလာတတ္တယ္။ ေရြးေကာက္ခံရတတ္တယ္၊ ေရြးေကာက္ခံရၿပီး နိုင္ငံအဆင့္ ရာထူးေတြပါ ထမ္းေဆာင္ရမယ္၊ အမ်ိဳးသမီးမ်ားလက္ဖဝါးမွာပါခဲ့ရင္ လင္ေကာင္းသားေကာင္းရမယ္၊ အိမ္ေထာင္ဘက္ရဲ့ေက်းဇူးကို ခံစားရမယ္၊ မင္းကေတာ္ျဖစ္လာမယ္။ ဒီလိုကံၾကမၼာလမ္းေၾကာင္းကထြက္ေပၚေနတဲ့ အထက္ကိုတက္ေနေသာ အခက္အလက္ေတြမ်ားရင္ မ်ားသလို အက်ိဳးခံစားရတာေတြရွိတယ္၊ ဒီအခက္အလက္ေတြက ဘယ္ၿဂိဳဟ္ခုံေတြကို ဦးတည္ေနတာလည္းဆိုတဲ့အေပၚမွာမူတည္ၿပီး ေကာင္းျခင္းေတြကို အေသးစိတ္ခြဲျခားနိုင္သလို အသက္ပိုင္းၿပီးလည္း ဘယ္အသက္မွာ ဘယ္လိုကိစၥကိုအေၾကာင္းျပဳၿပီး တိုးတက္ေအာင္ျမင္မယ္ဆိုတာကိုလည္း ေသခ်ာအႏု စိတ္ေျပာနိုင္ပါေသးတယ္။အိုဇာတာအလြန္ေကာင္းသူပါ။(ပုံ-၁)

(ပုံ-၂)
ကံၾကမၼာလမ္းေၾကာင္းကေန ေအာက္ဘက္ကို ျဖာဆင္းေနတဲ့ အခက္အလက္ေတြကို ေတြ႕ရမယ္ဆိုရင္ေတာ့-
ဘဝမွာ ငယ္စဥ္အခ်ိန္ကစၿပီး အဆင္မေျပတာမ်ားတယ္၊ လုပ္လိုက္တဲ့အလုပ္ေတြဟာ အခက္အလက္ထြက္ေပၚေနတဲ့ အသက္ပိုင္းျခားကိုေရာက္တဲ့အခါ ပ်က္စီးရတတ္တယ္၊ ေငြေၾကးေတြ ဆုံးရမယ္။မၾကာခဏ လူလိမ္ခံရတတ္သလို ကိုယ္တိုင္ကလည္း လိမ္သလိုျဖစ္ၿပီး နာမည္ပ်က္မယ္။ ေငြေၾကး၊အလုပ္ကိုအေၾကာင္းျပဳၿပီး မၾကာခဏ သိကၡာက်ဆင္းရမယ္။သူတပါးေျပာတိုင္းယုံၾကည္တတ္လို႔ ဒုကၡေတြ႕ရတာမ်ားတယ္၊ဥစၥာပစၥည္ကို ေစာင့္ေရွာက္ တတ္တာမ်ိဳးမရွိဘူး။ ေအာက္ဘက္ကိုဆင္းေနတဲ့ အခက္အလက္ေတြထြက္ေပၚတဲ့ အသက္ပိုင္းျခားကိုေရာက္တဲ့အခါ ရာထူးခ်ခံရမယ္၊အလုပ္ျပဳတ္တတ္သလို ေထာင္လည္းက်တတ္ပါေသးတယ္။ဝမ္းစာအတြက္ နဖူးကေခၽြး ေျခမက်ေအာင္ လုပ္ကိုင္ရတတ္တယ္။အိမ္ေထာင္ေရးမွာအဆင္မေျပကြဲရတတ္တယ္။ သူတပါး ေနာက္လိုက္ျဖစ္ၿပီး သူမ်ားစိတ္နဲ႔ မိမိဘဝကို ေရာက္ရတတ္တယ္။ကံနဲ႔စပ္တဲ့ လုပ္ငန္းမွန္သမၽွအကုန္ညံ့ေနမယ္၊ ေလာင္းကစားေၾကာင့္ ဘဝပ်က္မယ္။စိတ္ဓါတ္က်ၿပီး ေျခာက္ျခားေနရမယ္၊ အိုဇာတာအလြန္ညံ့တယ္ေျပာရမယ္၊ မထင္မရွားနဲ႔ ဘဝနိဂုံးခ်ဳပ္ရမယ္။(ပုံ-၂)

လူဘဝဟာ ခဏေလးဆိုေပမယ့္ ဒီခဏေလးကို ျဖတ္သန္းေက်ာ္ျဖတ္တဲ့အခါ လူတိုင္းက စိတ္ခ်မ္းသာ၊ကိုယ္က်န္းမာၿပီး အရာရာအဆင္ေျပလိုၾကတာပါ။ဒီလိုအဆင္ေျပမလား မေျပဘူးလားဆိုရင္ေတာ့ သူ႔မွာပါလာတဲ့ ကံၾကမၼာကိုဘဲ ရိုးမယ္ဖြဲ႕ရလိမ့္မယ္။ ဒီကံၾကမၼာကိုေဖာ္ျပေနတာက ကံလမ္းေၾကာင္းျဖစ္ၿပီး ကံလမ္းေၾကာင္းနဲ႔ပါတ္သက္တဲ့ လကၡဏာဆိုင္ရာ အခ်က္အလက္ေပါင္းမ်ားစြာရွိပါတယ္။ ဒီအခ်က္အလက္ေတြထဲက အထက္ကတင္ျပခဲ့တဲ့ ကံၾကမၼာလမ္းေၾကာင္းကထြက္ေပၚလာတဲ့ အခက္အလက္ေတြဟာ အေပၚကို တက္ေနလား၊ေအာက္ကို ဆင္းေနလားဆိုတဲ့အေပၚမူတည္ၿပီး မိုးနဲ႔ေျမလိုကြာျခားသြားတဲ့ ဘဝေတြရွိလာတာပါ။ ဒီလိုကံတရားကို ႀကိဳၿပီးသိရတဲ့အခါ မိမိအေနနဲ႔ ေကာင္းခဲ့ရင္လည္း ပိုေကာင္းေအာင္၊ မေကာင္းခဲ့ရင္လည္း ပိုမဆိုးဘဲ တည္ၿငိမ္တဲ့အေျခအေနကို ရေအာင္ ဘယ္လိုေနထိုင္ေဆာင္ရြက္ရမယ္၊ ဘာေတြေဆာင္လို႔ ဘာေတြေရွာင္ရမယ္ဆိုတဲ့အခ်က္ေတြကို တတ္သိနားလည္တဲ့ လကၡဏာပညာရွင္ေကာင္းမ်ားထံကို ေမးျမန္းအႀကံျပဳခ်က္ ရယူသင့္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။
ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box