Facebook Comments Box
( The sun Line )

(Unicode)

( The sun Line )

အောင်မြင်ရေးလမ်းကြောင်းခေါ် တနင်္ဂနွေလမ်းကြောင်း
ယနေ့ခေတ်လူငယ်လူလတ်ပိုင်းစ လက်ဝါးတိုင်းလိုလိုမှာ အတွေ့ရများလာပါတယ် ယ‌ခင်ကလည်းတွေ့ရများပါတယ်ယနေ့ခေတ် လူ၁၀ ယောက်တွင် ၄ယောက်မှ ၈ယောက်ထိ ပါ၀င်နိုင်ပါတယ် ‌ထိုတနင်္ဂနွေလမ်းသည် လက်ကောက်၀တ်မှလာသည့်လမ်း‌ တနင်္လာဂြိုလ်ခုံမှလာ သော လမ်းများကိုမဆိုလိုပါ တနင်္ဂနွေဂြိုလ်အင်အားရ တာခြင်းတူတူ ကံအခြေအနေခြင်းအတော့်ကိုကွဲပြားနိုင်ပါတယ် ယခုဖော်ပြမည့် တနင်္ဂနွေလမ်းကြောင်းသည် နှလုံးလမ်းကြောင်းအပေါ် လက်သန်းကြွယ်အောက်ခြေတွင်ရှိနေတက်သော လမ်းကြောင်းလေးကိုဆိုလိုခြင်းဖြစ်ပါတယ်(အချို့ထိုသို့လမ်းကြောင်းများ၂ခုကနေ ၆ခုလောက်အထိပါရှိတက်ပါတယ်) ထိုလမ်းကြောင်းသည်တွေ့ရဖို့မရှားသော်လည်း သန့်ရှင်းပြီးအပြစ်အနာကင်းပြီး အရောင်တောက်ပနေသော လမ်းကြောင်းမျိုးတော့ တွေ့ရဖို့ခက်ပါတယ် ထိုလမ်းကြောင်းထိပ်တွင် နစ်ခွသုံးခွဖြစ်နေခြင်းများလည်းရှိတက်ပါတယ် အချို့လမ်းကြောင်းများပေါင်းစပ်ပြီး အောင်လံတခွန် မျိုးဖြစ်သွားတက်ပါတယ် အချို့ဆိုကြယ်ပုံသဏ္ဍန် နီးနီးဖြစ်နေသည်ကိုလည်းတွေ့ရပါတယ် မည်သို့‌ဖြစ်စေ ထိုလမ်းကြောင်းအနည်းငယ်လေးဖြစ်စေပါရှိပါက မိမိဘ၀တစ်လျောက်လုံး စိတ်အားငယ်မူစိတ်ဖိစီးမူများကြာကြာလက်မခံထားသင့်ပါ လမ်းကြောင်းအာနိသင်ကိုက ကျော်ကြားတောက်ပမူအရှိန်ဩဇာရှိမူငွေကြေးကံအထောက်အပံ့များ ရှိနေသည့်အတွက် ထိုလမ်းကြောင်းပါသူများသည် ဘ၀တစ်လျောက်လုံး မိမိစိတ်‌မလေမိအောင်သတိထား ပြီးမိမိကိုကိုယုံကြည်စိတ်ချ သင့်ပါတယ် မည်သို့ပင်ဖြစ်စေ ထိုလမ်းကြောင်းပါရှိသူဖြစ်ပါက သက်ဆိုင်ရာနယ်ပယ်အ သေးအကြီးအလိုက် ပင်ကိုနာမည်ရှိသူ ‌ထင်ပေါ်ကျော်ကြားလူသိများလွယ်သူဟု ယေဘုရအားဖြင့်သတ်မှတ်နိုင်ပါတယ်

(ထိုလမ်းကြောင်းသည် ကောင်းသည့်နာမည်ရှိမူပတ်၀န်းကျင်တွင်ထင်ပေါ်မူ ကိုအားပေးသောကြောင့် မိမိလက်ဖဝါးတွင်ပါရှိပါက မည်မျှအကြပ်အတည်းရှိစေ စိတ်ဓာတ်မကျအောင် သတိပြုပေးပါ မိမိကိုယ်ကိုယုံကြည်စိတ်ချသူတစ်ယောက်ဖြစ်အောင်သတိပြုပေးပါ လမ်းကြောင်းအရောင်အထူးတောက်ပလာပါလိမ့်မယ်

ဆရာလင်းရောင်ရှိန်

(Zawgyi)

( The sun Line )



ဆရာလင်းရောင်ရှိန်

" pagelayer-tag="pl_text">

Be the first to comment

Leave a Reply

Your email address will not be published.

*

Facebook Comments Box