Facebook Comments Box
2022 ခုနှစ်အတွက် ဗေဒင် ဟောစတမ်းကြီး

2022 ခုနှစ်အတွက် ဗေဒင် ဟောစတမ်းကြီး.
( စိတ်ခိုင်မှ ဖတ်ပါရန် )
အင်္ဂလိပ်ရက် (၁) ရက် ၊ (၁၀) ရက် ၊ (၁၉) ရက် ၊ (၂၈) ရက်မွေးဖွားသောမိတ်ဆွေများသည်
ခရစ်သက္ကရာဇ်၂၀၂၂ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …

အပြောင်းအလဲကြီးကြီးမားမားဖြစ်အံ့။အစစအရာရာ အဖက်ဖက်ကနေ တအားကောင်းနိုင်သလို တအားလည်းဆိုးသွားအံ့။
လူ့ဘဝဆိုတာ စိတ်ညစ်စရာတွေကို ခါးစည်းခံပြီး ပျော်မွေ့စရာတွေနဲ့တွေ့တဲ့အခါမှာ ယစ်မူးမေ့လျော့ပစ်ရတာမျိုး မဟုတ်လား။ အတိတ်က တင်ရှိခဲ့တဲ့ဝဋ်ကြွေးလို သဘောထားလိုက်ပါ။

မမျှော်လင့်ဘဲ အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရတတ်သလို ရုတ်တရက် ကျန်းမာရေးလည်း ညံ့သွားတတ်ပါတယ်။
.
စိတ်မကောင်းစရာတွေ အားပျက်စရာတွေကို ကြိုတင်ပြီးမပြောချင်ပါဘူး။ ဒါပေမယ့်မကောင်းတာတွေကို မကောင်းဘူးလို့ပြောမှ သစ္စာစကားဖြစ်လိမ့်မယ်။ အထူးသတိထားပါ။
.
အဆုံးရှုံး၊အထိခိုက်၊အနစ်နာတွေကြုံရတတ်တဲ့နှစ်ဖြစ်ပါတယ်။ ထိမိ ခိုက်မိတာ ၊ အပူလောင်တာ ၊ ခလုတ်တိုက်လဲတာ တွေကိုလည်း သတိထားသင့်ပါတယ်။
.
စိတ်ညစ်စရာတွေ တခုပြီးတခုလာပါလိမ့်မယ်။ ဘုရင့်မကိုဠ်တစ်ခုလုံး ဆန်ဆေးပလုံး ဖြစ်သွား ရတယ်ဆိုတာ ဒီလိုကိန်းမျိုးပါပဲ။ ဒါပေမယ့်အားမလျော့စေချင်ဘူး။ ကြောက်စရာလည်းမလိုဘူး။သတိထားပြီးဖြတ်သန်းနိုင်ဖို့ အရေးကြီးပါတယ်။
.
သင့်အဖို့ ဒီအချိန်ဟာ တောမျောက်အုပ် ဝင်ပြီးအဖျင်ခံရတဲ့ ငှက်ပျောပင်လိုပဲ။ အခြေနေတွေ အားလုံးဖရို ဖရဲဖြစ်သွားလိမ့် မယ်။ အကြံစည်တွေ အားလုံး လွဲချော်ကုန်မယ်။ မျှော်လင့်ချက်တွေ မှုန် ရီဝေသွားလိမ့်မယ်။
.
ရှေ့တိုးလို့လဲမရ နောက်ဆုတ် လို့လဲမဖြစ် ဆိုတဲ့ အချိန်မျိုးပဲ။ ဘေးကြပ်နံကြပ် အခက်ခဲတွေတွေ့ရလိမ့်မယ်။ ဘဝတစ်ခုလုံး အရှုံး ပေးချင်လောက်အောင် စိတ်ပျက်စရာတွေတွေ့လိမ့်မယ်။
.
ငွေတွေပစ္စည်းတွေမကုန်သင့်ဘဲကုန် မထွက်သင့်ဘဲ ထွက်နေလိမ့်မယ်။ အစစအရာရာ အလေအလွင့် အပျက်အစီး များနေတတ်ပါတယ်။
.
ဒါပေမယ့် စိတ်ကိုတင်းထားပါ။ သန်းခေါင် ကျော်ရင်မိုးလင်းတတ်မြဲ မဟုတ်ပါလား။
ဒီဒုက္ခတွေခံစားပြီး ချမ်းသာကြွယ်ဝမှုတွေ မုချရလာမှာပါ။ အဲ့ဒီအတွက်လည်း ပြုလုပ်ရမယ့်ယ တြာတွေ ဖော်ပြထားပါတယ်။
.
လောလောဆယ်မှာတော့ ပေါင်းသင်းဆက် ဆံနေသူတွေကိုလည်း သတိထားပါ။ မထင်သူတွေ ကဒုက္ခပေးသွားလိမ့်မယ်။ လုပ်ငန်းတွေလည်း အလွဲ လွဲအချော်ချော် ဖြစ်နေလိမ့်မယ်။
.
ငွေရေးကြေးရေး - တောင်းကိုမှောက်ပြီး သွန်လိုက်သလို ကုန်းကောက်စရာမရှိအောင်ဖြစ်သွားတတ်ပါတယ် …။ (ယတြာတွေသေချာချေပါ) အိတ်ပေါက်နဲ့ဖားကောက်သလို ဝင်သမျှငွေတွေဟာ မမြဲပဲပြန်ထွက်နေတတ်ပါတယ် … ။ငွေကြေးကိစ္စတွေ မစွန့်စားသင့်ပါဘူး …။ သေချာမှ ပိုင်မှလုပ်ပါ … ။
.
အချစ်ရေး - ဆိုးနေတဲ့သူများ ကောင်းလာနိုင်သလို … ကောင်းနေတဲ့သူများလည်း ဆိုးသွားတတ်တဲ့အတွက် သတိထားသင့်ပါတယ် … ။ အဲ့လိုပဲ ဆိုးနေတဲ့သူများ ဆိုးသထက်ဆိုးသွားနိုင်သလို … ကောင်းနေတဲ့သူများလည်း ကောင်းသထက်ကောင်းသွားနိုင်ပါတယ် … ။ အမှိုက်ကစ ပြဿာဒ်မီးလောင် ဆိုသလို အသေးအဖွဲကိစ္စလေးတွေကနေစပြီး ကြီးကြီးမားမားဒုက္ခပေးတတ်ပါတယ် ….။ နှစ်ဦးစလုံးက ရင်ချင်းအပ် ကျောခင်းကပ်ပြီး စိတ်တူကိုယ်တူ နဲ့ အစစအရာရာ သတိကြီးစွားဖြတ်သန်းသင့်ပါတယ် …။


.
အိမ်ထောင်ရေး - အိမ်ထောင်ဖက်အပေါ်စိတ်တိုင်းမကျ အားမရဖြစ်နေတတ်ပါတယ် …။ အမြင်တွေ အယူအဆဆွေကွဲလွဲနေမယ် … ။ အသေးအဖွဲပြဿနာလေးတွေကနေစပြီး ကြီးကြီးမားမားပြဿနာတွေဖြစ်လာတတ်တဲ့အတွက် နှစ်ဦးစလုံးက တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုအပြည့်နဲ့ အထူးသတိထားဖြတ်သန်းသင့်တဲ့နှစ်ဖြစ်ပါတယ် … ။
အနှစ်ချုပ်ခြုံပြီးဟောရပါမူ ငြိမ်ငြိမ်နေလျှင် ညံ့သောအပြောင်းအလဲများဖြစ်အံ့။ လှုပ်လှုပ်ရှားရှားနေလျှင် ကောင်းသောအပြောင်းအလဲဖြစ်အံ့။ ဒါကြောင့် မကြာခဏ အိပ်ယာပြောင်းအိပ်ပေးပါ။မရောက်ဖူးသေးတဲ့ နေရာဒေသတွေကို ခရီးခဏခဏထွက်ပေးပါ။အဝတ်အစားအသစ်တွေများများဝတ်ပါ။အရင်ကထက် ဘာသာရေးပိုလုပ်ပေးပါ။ ဒါဆိုရင်တော့ ကောင်းသောအပြောင်းအလဲများ တွေ့ကြုံခံစားရပါလိမ့်မယ်။
၁။ ခရီးစဉ် အချို့ပျက်သွားတတ်
၂။ ဆရာအတုအယောင်များနှင့်တွေ့ရတတ်
၃။ အိမ်တွင်းရေးမသာမယာ ဖြစ်တတ်
၄။ ဆွေမျိုးဧည့်သည်များ ညအိပ်ရောက်လာပြီးနောက် စီးပွားတတ် အံ့
၅။ အပေါက်ရှာပြီး ငွေကုန်စရာများ ပေါ်လာတတ်
၆။ ရုတ်တရက် ခါးမျက် ခါးနာ ဖြစ်တတ်
၇။ မိတ်ဆွေတစ်ဦးက မိမိအပေါ် အထင်လွဲတတ်
၈။ မုတ်ဆိုးဖို မုတ်ဆိုးမ တစ်ဦးဦး အိမ်သို့လာရောက် တည်းခိုပြီးနောက် စိတ်ညစ်စရာ စကားပြောငြင်းခုန်ရတာ ကြုံတတ်
၉။ အလုပ်နဲ့ ပတ်သက်ပြီး ရန်အတိုက်အခံများ မကြာခဏပေါ်တတ်
၁၀။ အိမ်အနီနားဝန်းကျင်မှာ မီးလန့်ရှော့ဖြစ် ကြုံရတတ်
ကျိုးပေးအဆောင် - ကြောင်ကျောက် ၊ ပုလဲ ၊ ငွေ
အကျိုးပေးအရောင် - အစိမ်း အဖြူ အဝါ အရောင်မှိုင်း
သင့်တော်သည့် ဓါတ်စာ - သခွါး မှို ပန်းသီး စပျစ်
သတိ ထားသင့်သည့် အန္တရာယ် - ရေဘေး
သတိထားသင့်သည့် ရောဂါ - အရေပြား အားအင်ကုန်ခမ်းခြင်း
နေ့ကောင်း - တနင်္ဂနွေ ၊ တနင်္လာ
ရက်သာ (ထီဂဏန်း) - ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅
ယတြာ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် အိပ်ယာ၊နေရာ၊အလုပ် လုပ်တဲ့နေရ ၊ ပစ္စည်းတွေကို မကြာခဏအပြောင်းအလဲလုပ်လိုက်ပါ။
.
အထူးယတြာ။ ။ ကံတအားညံ့ရင် မိမိမွေးနေ့ည ဝတ်အိပ်ထားတဲ့ အဝတ်အစားတစ်စုံလုံးကို နောက်နေ့မနက် စီးနေတဲ့ရေထဲသွားမျှောလိုက်ပါ။ ငါ့မှာရှိတဲ့ မကောင်းတဲ့ ကံအခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ။
မှတ်ချက်။ ။ စိုးရိမ် စိတ်ပူစရာမလိုပါ …။ ပေထားတဲ့ယတြာတွေကို မကြာခဏချေပေးခြင်းအားဖြင့် မကောင်းတဲ့ကံအညံ့တွေပြေပျောက်ပြီး ကံကောင်းခြင်းများ ကောင်းကျိုးချမ်းသာများကို ရရှိခံစားရပါလိမ့်မယ်…။
.
.
.
.

အင်္ဂလိပ်ရက် (၂) ရက် ၊ (၁၁) ရက် ၊ (၂၀) ရက် ၊ (၂၉) ရက် မွေးဖွားသောမိတ်ဆွေများသည်
ခရစ်သက္ကရာဇ်၂၀၂၂ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …

.
.
အံံ့သြစရာကောင်းလောက်အောင် ကောင်းစားမယ့် နှစ်ကိုရောက်ပြီ။ ဘယ်လိုပြဿနာတွေပဲတွေ့တွေ့ ကိုယ်ကတောင်ဖြေရှင်းစရာမလိုဘူး။ သူ့အလိုလိုပြီး သွားမယ်။
.
အလွန်ဝမ်းသာစရာကောင်းတဲ့နှစ်ဖြစ်ပါတယ်။ မိတ်ဆွေမျှော်လင့်ထားတာထက်တောင် ပိုပြီးတော့ အခြေအနေက ကောင်းလာပါလိမ့်မယ်။ဝမ်းသာစရာ၊ပျော်ရွှင်စရာ ကြီးကြီးမားမားတွေပေါ်ပေါက်လာပါလိမ့်မယ်။ အဖိုးတန်ပစ္စည်းနဲ့ပက်သက်တဲ့ အောင်မြင်မှုတွေလည်း ကြုံနိုင်ပါတယ်။
.
ရည်ရွယ်တာတွေ ဖြစ်လာတော့မယ် ။ စီးပွားရေး ၊ငွေကြေး ၊ အလုပ်အကိုင် ၊ ဘဝအဆင့်အတန်း ၊ အခြေနေတွေ တမဟုတ်ခြင်း မြင့်တက်သွားမယ်။
.
ဒီနှစ်ထဲမှာ ဘာကိုမှ ပူစရာမလိုတော့ပါ။ ရှေ့ရေးအတွက် ပူစရာလုံးဝမလိုတော့တဲ့ အချိန်ပါပဲ။ ငါဖြစ်ချင်တာတွေ ဖြစ်ရပြီဟေ့ … လို့ လောကကြီးကို ကြွေးကြော်လိုက်စမ်းပါ။
.
ငြိမ်းချမ်းခြင်းနဲ့ တရားဓမ္မကို လိုခြင်သလား ။ တန်ခိုးသြဇာရှိခြင်းနဲ့ ရာထူးဌာနန္တရကို လိုခြင်သလား ။ ဘာကိုပဲလိုချင်လိုချင် မုချရရှိမယ့်နှစ်ကို ရောက်ရှိလာပါပြီ။ စီးပွားဥစ္စာတွေ တိုးတက်တော့မယ်။
.
လုပ်ငန်းစီးပွားတွေကို အရှိန်ဟုန်နဲ့တိုးချဲ့ပါ။ အကြံအစည်ရည်ရွယ်ချက်တွေကို လက်တွေ့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပါ။ အဆက်သွယ် အသစ်တွေရှာပါ။ ရည်ရွယ်ထားသမျှ လုပ်ဖြစ်အောင် ရဲရဲလုပ်လိုက်စမ်းပါ။ ကံတရားဟာ မိမိဘက်မှာ ရာနှုန်းပြည့်ရှိနေပါပြီ။
.
ငွေရေးကြေးရေး - ထီပေါက်သလို ငွေအစုလိုက်အပုံလိုက်နှစ်ကြိမ်ရအံ့ … ။ လက်ဖျားတွင် ငွေသီးနေအံ့ … ။ အမျိုးသမီးတစ်ယောက်ကိုအကြောင်းပြုပြီး ငွေရအံ့ … ။ အဝင်ကြမ်း အထွက်ကြမ်းနေအံ့ …။ ငွေကြေးအကြံအစည်များအောင်မြင်အံ့ …။ ငွေကြေးနှင့်ပက်သက်ပြီး စိတ်ပူစရာများ အခက်အခဲများရှိနေပါက အမျိုးသမီးတစ်ယောက်ကိုအကြောင်းပြုပြီး ပြေလည်အံ့ … ။ ငွေဝင်ပြီး အကြွေးတင်နေတတ်တာကိုတော့ သတိထားသင့် … ။
.
အချစ်ရေး - အတိတ်ဘဝက ရေစက်ရှိသော ဆုတောင်းရှိသော ပဌန်းဆက်ရှိသော ဖူးစာရှင်နှင့်ဆုံရတတ် …။ ချစ်သူမရှိသေးသူများ ချစ်သူအသစ်ရအံ့ …။ချစ်သူနှင့် ရေနားနီးသောခရီးသွားရတတ် …။ အချစ်၏ သာယာပျော်ရွှင်ကြည်နူးမှု အသီးအပွင့်များကို ခံစားရလတ္တံ့ …။ အမျိုးသမီးတစ်ယောက် ကြားဝင်ရှုပ်တတ်တာကိုတော့ သတိထားသင့် … ။
.
အိမ်ထောင်ရေး - မိမိတို့နှစ်ဦး၏ ရည်မှန်းချက် ရည်ရွယ်ချက်အချို့ ပြည့်မြောက်အောင်မြင်အံ့ …။ သားသမီးမရှိသေးသူများ သားကောင်းသမီးရတနာထွန်းကားအံ့ … ။ ငွေအသုံး အဖြုန်းများနေအံ့ …။ အမျိုးသမီးတစ်ယောက် ကြားဝင်ရှုပ်တတ်တာကိုတော့ သတိထားသင့် … ။
.
အထူးသတိထားသင့်တဲ့အချက်တွေကတော့ … အတိတ်ရဲ့ခြောက်လှန့် မှုတွေကြောင့် အနာဂါတ်ကို မမြင်မစမ်းနဲ့ လမ်းလျောက်နေရသလို ဖြစ်နေပြီး မလုပ်သင့်မလုပ် ထိုက်တာတွေ အကောင်းထင်ပြီးလုပ်မိတတ်တာကိုတော့ အထူးသတိထားရပါမယ် … ။


.
မကြံစည်သင့်တာတွေကို ကြံမိတတ်တယ်။ မပေါင်း သင့်တဲ့လူတွေနဲ့ ပေါင်းမိတတ်တယ်။ မိတ်ဆွေကို ရန်သူထင်နေတတ်တယ်။ သင်ယုံကြည်နေတဲ့ လူတွေက သစ္စာဖောက်တတ်ပါတယ် …။
လိမ်ညာခံရခြင်း၊သူများရဲ့ဒုက္ခ ကိုယ့်ဒုက္ခဖြစ်လာခြင်း၊ပြသနာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ရောက်လာခြင်းစတဲ့ လောကကြီးရဲ့မာယာ ကွန် ယက်အောက်မှာ စုံးစုံးနစ်မြှပ်သွားတတ်…။ အဲ ဒါတွေကိုတော့ သတိနဲ့ကြိုတင်ကာကွယ်တွန်းလှန်ပြီး ဖြတ်သန်းသင့်ပါတယ် …။
၁။ အမျိုးသမီးတစ်ယောက်အကူအညီ ကြီးကြီးမားမားရတတ် … ။
၂။ နာမည်ကြီး ထမင်းငတ် ဖြစ်နေတတ်
၃။ လျှပ်စစ်ပစ္စည်း ဒုက္ခပေးတတ်
၄။ အခွင့်အလမ်း အကူအညီ အဆက်အသွယ်များ နှစ်ခု နှစ်ခါ နှစ်ကြိမ် ပြိုင်တူပေါ်လာတတ် … ။
၅။ သွေးသားနှင့်ပတ်သက်တဲ့ရောဂါများ သတိထားပါ
၆။ လူပွေလူရှုပ်များ အိမ်ကိုရောက်လာတတ်
၇။ မိတ်ကောင်းဆွေကောင်းနှစ်ဦး တစ်ပြိုင်တည်းရတတ်
၈။ ထူးဆန်းသော ပညာထူးအသိထူးရတတ်
၉။ စိတ်ညစ်စရာ နှစ်ခါကြုံ
၁၀။ စိတ်မပါပဲခရီးနှစ်ခါသွားရတတ်
၁၁။ အလှူ မင်္ဂလာကိစ္စများ စကားပြောစီစဉ်ရတတ်
၁၂။ သတင်းကောင်းကြား ကောင်းသောခရီးသွားရတတ်
၁၃။ နာမည်ဂုဏ်သတင်း ကျော်ဇောထင်ရှား
၁၄။ မိသားစု ကျန်းမာရေးညံ့တတ်
၁၅ ။ ဆေးရုံ ဆေးခန်းများနှင့် ပက်သက်ရတတ်
ကျိုးပေးအဆောင် - ပုလဲနက် ၊ စိန်နက် ၊ ကျောက်မီးသွေး ခဲပုပ်
အကျိုးပေးအရောင် - အနက် ၊ အပြာရင့် ၊ ခရမ်းရင့်
သင့်တော်သည့် ဓါတ်စာ - မုန်လာ ငှက်ပျော ဂမုန်း
သတိ ထားသင့်သည့် အန္တရာယ် = လေဘေး
သတိထားသင့်သည့် ရောဂါ - အသည်း ၊ သည်းခြေ ၊ အစာဟောင်းအိမ် ၊ သွေး ၊ ထုံကျင်
နေ့ကောင်း - စနေ
ရက်သာ (ထီဂဏန်း) - ၈ ၊ ၁၇ ၊ ၂၆
ယတြာ။ ။ သောက်တော်ရေ (၃)ခွက် ၊ ပန်းအဖြူ(၇)ပွင့် ၊ ဖယောင်းတိုင်(၃) တိုင် အိမ်ဘုရားမှာ မကြာခဏလှူဒါန်းပြီး အလိုရှိရာများကို ဆုတောင်းပါ … ။
.
အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် ကန်နှစ်ကန်မှရေးကိုရောပြီး မကြာခဏရေချိုးရင်းဆုတောင်းပါ …။ ရေနှင့်နီးသည့်နေရာများသို့ မကြာခဏခရီးထွက်ပေးပါ …။ ရေသန့်မကြာခဏလှူပေးပါ … ။ ပညာရေးအတွက် လှူဒါန မကြာခဏပြုလုပ်ပေးပါ … ။
.
.
.

အင်္ဂလိပ်ရက် (၃) ရက် ၊ (၁၂) ရက် ၊ (၂၁) ရက် ၊ (၃၀) ရက် မွေးဖွားသောမိတ်ဆွေများသည်
ခရစ်သက္ကရာဇ်၂၀၂၂ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …

.
.
ကူညီမယ့်သူတွေထက် ဒုက္ခပေးမယ့်သူတွေနဲ့ပဲ ဆုံရတတ်ပါတယ်။ ရေနစ်တဲ့သူကို ဝါးကူထိုး ဆိုသလိုမျိုး ကူညီမလိုလိုနဲ့ ဒုက္ခပေးနေတတ်ပါတယ်။
.
လူလိမ်ခံရတာ၊မတော်မတရားပြောခံရတာ၊အုပ်စုဖွဲ့အနိုင်ကျင့်ခံရတာ စတဲ့ လူမှုဆက်ဆံရေး အန္တရယ်တွေ ကိုပါကြုံတွေ့ရတတ်။ရှိတာတွေ ဆုံးရှုံးလက်လွှတ်သွားရတဲ့ အဖြစ်နဲ့ကြုံတွေ့ရတတ်။
.
သူတစ်ပါးမကောင်းပြောတာ၊မတရားပြောတာ မျိုးတွေ ခံရတတ်။ ငွေကြေးဆုံးပါးတတ်။ ကျိန်းသေရမယ့်ငွေတွေ လွဲသွားတတ်တယ်။ ဘယ်လောက်ပဲ ကောင်းအောင်လုပ်ထားလုပ်ထား အကောင်းပြောမခံရတတ်။
.
ကံတရားက ကိုယ့်ဖက်မှာရှိမနေပါဘူး … ။ ဒါကြောင့် မိမိအလိုရှိတဲ့အရာများကို ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဟန် နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ၊ ဉာဏ်နီဉာဏ်နက်တွေထုတ်ပြီး ဇွတ်အတင်းလုပ်ယူမှ အောင်မြင်မှုတွေရရှိနိုင်မယ့်နှစ်ဖြစ်ပါတယ်။ မိမိဖြစ်ချင်တာတွေကို ဇွတ်လုပ်ယူပါ။
.
အလွန့်ကိုရန်များတဲ့ နှစ်ဖြစ်အံ့။သွေးထွက်သံယိုအထိ ဖြစ်တတ်။အပူလောင်တတ်တယ်။ ထိခိုက်မိတတ်။ရေ၊မြေ၊လေ၊မီး စတဲ့ သဘာဝဘေးအန္တရာယ်များလည်းကြုံရတတ်။
.
မထင်မှတ်တဲ့ အနှောက်အယှက်တွေ၊အတိုက်အခံတွေ၊ စိတ်ညစ်စရာ ၊စိတ်ရှုပ်စရာတွေ စတဲ့ ကံတရားကလွှတ်လိုက်တဲ့ အန္တရာယ်တွေကြုံရတတ်။
ဒါကြောင့် အစစအရာရာ သတိထားပြီး ၊ မိမိအလိုရှိရာတွေကို ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဟန် နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ၊ ဉာဏ်နီဉာဏ်နက်တွေထုတ်ပြီး ၊ ပရိယာယ်သုံးပြီး ဇွတ်အတင်းလုပ်ယူပါလို့ တိုက်တွန်းအကြံပေးလိုက်ပါတယ်။
.
ငွေရေးကြေးရေး - ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်တတ် …။ သူများပြဿနာကြားဝင်ပါရတတ် …။ ရစရာပေးစရာ ငွေများကြန့်ကြန်နေတတ် … ။ အကြွေးတင်တတ် …။ ငွေအတွက် စိတ်ပူရတတ် …။ ငွေလိမ်ခံရတတ် …။ ငွေ မဝင်ခင်ကတည်းက ကုန်စရာတွေက စောင့်ကြိုနေအံ့ …။ ( မိမိကိုယ်တိုင်ကလည်းသတိထားပြီး ၊ ယတြာတွေကိုလည်း ဖိချေပါ )
.
အချစ်ရေး - လူသုံးယောက်ဝင်နှောက်ယှက်တတ် …။ အဆင်မသင့်ရင် လမ်းခွဲ ပြတ်စဲရတတ် … ။ ချစ်သူ၏ လိမ်လည်လှည့်ဖျားခြင်းကိုလည်း ခံရတတ် … ။ ကြည်နူးပျော်ရွှင်စရာတွေထက် စိတ်ပူ စိတ်ညစ်စရာတွေများနေရတတ် … ။ လူရင်းများ သစ္စာဖောက်တတ် … ။ သစ္စာရှိရှိ နားလည်မှုရှိရှိနဲ့ သတိထားဖြတ်သန်းသင့် … ။
.
အိမ်ထောင်ရေး - မတည်မငြိမ်ဖြစ်အံ့ …။ ဘေးလူဝင်ရှုပ်တတ် … ။ အနှောက်အယှက်အတိုက်အခံများအံ့ … ။ စိတ်တူကိုယ်တူ နားလည်မှုရှိရှိ သစ္စာရှိရှိနှင့် သတိကြီးစွာထားပြီး ကျော်ဖြတ်လျှင် အိမ်ထောင်ရေး သာယာလတ္တံ့ … ။


.
၁။ အိမ်နေရာထိုင်ခင်း ပြဿနာပေါ်တတ်
၂။ သားသမီး အောက်လက်ငယ်သားအတွက် စိတ်ညစ်ရတတ်
၃။ ငွေကြေးကိစ္စများ မစွန့်စားသင့်
၄။ တောင်အရပ်သို့ ခရီးသွားရတတ် ပြည်တွင်း ပြည်ပ ခရီးများလည်းပေါ်လာတတ်
၅။ ဘာသာရေးပစ္စည်းများ လက်ဆောင်ရရင်ထီထိုးပါ (စိတ်ညစ်စရာ စိတ်ပူစရာတွေကြားမှ ထီဆုကြီးပေါက်တတ်)
၆။ အနီးကပ်ရန်သူများရှိနေအံ့ …။
၇။ ခြေထောက် ခါး နာတတ်
၈။ နေရာထိုင်ခင်း ပြုပြင်ရတတ် အသစ်ရတတ် ။ အလုပ်အပြောင်းလဲ နေရာအပြောင်းလဲ ကြုံတတ်
၉။ ခြေရင်းဘက် နောက်ကျောဘက်တွင် မီးလန့်ရှော့ဖြစ် ကြုံတတ် သို့မဟုတ် လူတစ်ယောက် အပူလောင်ကြုံတတ် ထိုသို့ဖြစ်လျှင် အဝတ်ဟောင်း တစ်ထည်ကို စွန့်ပြီးထီထိုးပါ ဆယ်ပုံတစ်ပုံကို လှူပါမည်ဟု အဓိဌာန် ပြုပါ။
၁၀။ တွေ့နေမြင်နေကျ ဆိုင်းဘုတ်တစ်ခု မတွေ့တော့လျှင် မုဆိုးမ တစ်ဦးကို ထီသွားထိုးခိုင်းပါ ထီပေါက်သလို ငွေရတတ်
ကျိုးပေးအဆောင် - ပတ္တမြား ၊ သံ ၊ အနီရောင် ၊ ကျောက်
အကျိုးပေးအရောင် - အနီရောင် ကြက်သွေးရောင်
သင့်တော်သည့် ဓါတ်စာ - ကြက်သွန်ဖြူ နီ ၊ ဂျင်း ၊ ငရုတ်ကောင်း
သတိထားသင့်သည့်အန္တရာယ် - မီး လျှပ်စစ် ပေါက်ကွဲမှု
သတိထားသင့်သည့် ရောဂါ - အဖျားကြီး ၊ ကူးစက်ရောဂါ
နေ့ကောင်း - အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ
ရက်သာ ( ထီဂဏန်း ) - ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၆ ၊ ၁၅ ၊ ၂၄ ၊ ၉ ၊ ၁၈ ၊ ၂၇
အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက်။ ။ ဂဏန်း ၊ ငှက် ၊ ငါး မကြာခဏ ဘေးမဲ့လွှတ်ပေးပါ … ။ လမ်းဘေးမှာရှိတဲ့ ခွေးလေခွေးလွင့်များကို မကြာခဏ အစာအာဟာရဒါနလုပ်ပေးပါ။ တိရိစ္ဆာန်ဂေဟာအတွက် မကြာခဏ အလှူအတန်းလုပ်ပေးပါ။
.
အထူးယတြာ။ ။ ကံတအားညံ့လျှင် မွေးမေ့ညဝတ်အိပ်ထားတဲ့ အဝတ်တစ်စုံကို နောက်နေ့မနက် ရေထဲမျှောပေးပါ …။ ငါ့မှာရှိတဲ့ မကောင်းတဲ့ ကံအခိုက်အညံ့တွေ ပါသွားပါစေလို့ ဆုတောင်းပါ…။
.
မှတ်ချက်။ ။ စိုးရိမ် စိတ်ပူစရာမလိုပါ …။ ပေထားတဲ့ယတြာတွေကို မကြာခဏချေပေးခြင်းအားဖြင့် မကောင်းတဲ့ကံအညံ့တွေပြေပျောက်ပြီး ကံကောင်းခြင်းများ ကောင်းကျိုးချမ်းသာများကို ရရှိခံစားရပါလိမ့်မယ်…။
.
.
.

အင်္ဂလိပ်ရက် (၄) ရက် ၊ (၁၃) ရက် ၊ (၂၂) ရက် (၃၁) ရက် မွေးဖွားသောမိတ်ဆွေများသည်
ခရစ်သက္ကရာဇ်၂၀၂၂ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …

.
.
အရင်နှစ်တွေက နလန်မထူနိုင်အောင် ဖြစ်နေစမ်းပါစေ။ ကုန်းကောက်စရာမရှိလောက်အောင် မွဲချင်တိုင်းမွဲနေစမ်းပါစေ။ ဒီနှစ်ထဲမှာတော့ မျက်လှည့်ပြလိုက်သလို ဖျက်ကနဲပြောင်းပြီး ဂွပ်ကနဲကောင်း စားမယ့်အချိန်နှစ်ကိုရောက်လတ္တံ့။
.
ဘဝတစ်ဆစ်ချိုးပြောင်းလဲမြင့်တက်မယ့် အခြေအနေကောင်း အခွင့်အလမ်းကောင်း အဆက်အသွယ်ကောင်းတွေပေါ်လာအံ့။ လက်ရှိအဆင့်ထက် အဆမတန် မြင့်တတ်သွားအံ့။ ပျော်စရာအကောင်းဆုံး၊စိတ်ဝင်စားစရာ အကောင်းဆုံးနှစ်ဖြစ်အံ့။
.
အောင်မြင်ခြင်း ၊ စိတ်ချမ်းသာပျော်ရွှင်ခြင်း ၊ သြဇာအာဏာတိုးတက်ခြင်း ၊ အရိုအသေပေးခံရခြင်း ၊ အထင်ကြီးလေးစားခံရခြင်း ၊ မုန်းနေတဲ့သူများက ပြန်ချစ်လာခြင်း ၊ နှိမ်ထားတဲ့သူများက နေရာပြန်ပေးခြင်း စသည်တို့ကြုံရလတ္တံ့။
.
အဖက်ဖက်ကနေ စိတ်ချမ်းသာစရာတွေပေါ်လာအံ့။ အကူအညီကောင်း၊အပံ့ပိုးကောင်း၊အဆက်အသွယ်တွေလည်းပေါ်လာအံ့။ သတင်းကောင်းတွေကြားရတာ၊ဝမ်းသာစရာဧည့်သည်တွေရောက်လာတာလည်း ကြုံရအံ့။
ရတနာပုံဆိုက်တယ် ၊ စိုင်ကော်လို့ချုံပေါ်ရောက်တယ် ဆိုတဲ့ကိန်းမျိုးဟာ ဒီလိုနှစ်မျိုးကို ခေါ်တာဖြစ်တယ်။
.
နှိမ်ချင်တဲ့သူတွေက ဘယ်လောက်ပဲနှိမ်ထားနှိမ်ထား ကံတရားကတော့ မျက်နှာသာပေးပြီ။ အားလုံးက လက်ပိုက်ကြည့်နေရတော့မယ် မနာလိုတဲ့လူများရှိရင်တော့ သူတို့အနေနဲ့ လဲပြီးသေရုံကလွဲလို့ ဘာမှမတတ်နိုင်ကျတော့ဘူး။
.
ရှုံးနိမ့်တုန်းကခံထားတာတွေ ပေဖြစ်တုန်းကအထုခံထားရတာတွေ ခုတော့အနိုင်ရပြီ။ ပေမဟုတ်တော့ဘူး တူဖြစ်သွားပြီး။ စိတ်ကြိုက်သာထုပေတော့။ ဒီအချိန်ဟာ အတော့ကို အဖက်ဖက်က ကောင်းတော့မယ်လို့နားလည်ပါ။
.
ငွေရေးကြေးရေး - ထင်မှတ်ထားတာထက်ပိုမိုအောင်မြင်လတ္တံ့ …။ ငွေကြေးအကြံအစည်များ အောင်မြင်အံ့ …။ ငွေကြေးအခက်အခဲများမှ လွတ်မြောက်အံ့ … ။ ငွေရမည့်ခရီးများသွားရတတ် …။ ငွေပေးမည့်ဧည့်သည်များရောက်လာတတ် … ။ ငွေကြေးကိစ္စများ အနည်းငယ်စိတ်ပူပြီးမှ အောင်မြင်လတ္တံ့ …။
.
အချစ်ရေး - ဝမ်းသာကြည်နူးစရာ အလည်အပတ်ခရီးများသွားရတတ် …။ ချစ်သူနဲ့ပက်သက်ပြီး ဝမ်းသာစရာသတင်းကောင်းများကြားရတတ် …။ ချစ်သူထံမှ ဝမ်းသာစရာ လက်ဆောင်ပစ္စည်းရတတ် …။ ပန်းနုရောင်တွေ လွှမ်းမိုးနေအံ့ … ။ အရာအားလုံးသည် ကြည်နူး ကျေနပ် ပျော်ရွှင်စရာ အတိပြီးနေအံ့ … ။ စိတ်ပူစရာအချို့တော့ရောထွေးနေအံ့ … ။
.
အိမ်ထောင်ရေး - အိမ်ထောင်ရေးသုခ အပြည့်အ၀ ခံစားရတတ် … ။ သားသမီးမရှိသေးသူများ သားကောင်းသမီးရတနာထွန်းကားတတ် … ။ ဆွေမျိုးဝင်ရှုပ်တတ် …။ ကောင်းသောခရီးများသွားရတတ် …။ အိမ်ထောင်ဘက်ရဲ့အကျိုးကိုခံစားရတတ် … ။ မောင်တစ်ထမ်း မယ်တစ်ရွက် စိတ်တူ ကိုယ်တူ သဘောတူဖြင့် ကြည်ဖြူနေအံ့ … ။


.
၁။ ပညာအသစ်ရ သင်တန်းတက်ရတတ် ပညာရေးရည်မှန်းချက်များ အောင်မြင်မည်
၂။ စပ်တူလုပ်ငန်းများ အောင်မြင်မည်
၃။ အလုပ်အပြောင်းအလဲ နေရာအပြောင်းအလဲကြုံအံ့ …။ ( ကောင်းသောပြောင်းလဲခြင်း)
၄။ အောက်လက်ငယ်သားကို အကြောင်းပြုပြီး သတင်းကောင်းကြားရအံ့ …။ ဝမ်းသာပျော်ရွှင်ရအံ့ … ။ အကူအညီကောင်းရအံ့ … ။
၅။ ဘာပဲလုပ်လုပ် ရဲရဲလုပ်ပါ အောင်မြင်လတ္တ့ ံ။
၆။ ပြည်တွင်းပြည်ပ ခရီးများ အောင်မြင်အံ့ ။ ဝမ်းသာစရာဧည့်သည်များ ရောက်လာတတ်
၇။ လုပ်ငန်းစီးပွား ငွေကြေးတိုးတက်အံ့
၈။ မမျှော်လင့်သော သူထံမှ အကူညီကောင်းများ ရတတ်
၉။ ကြီးမားသော အောင်မြင်ခြင်းများ တွေ့ကြုံရတတ်
၁၀။ စွန့်စားရသောလုပ်ငန်းများ မုချအောင်မြင်မည်
၁၁။ ငွေကြေးကိစ္စ (၇) ဂဏန်း ဒုက္ခပေးတတ်
အကျိုးပေးအဆောင် - ပယင်း ၊ ဥဿဖယား ၊ အဝါရောင်စိန်
အကျိုးပေးအရောင် - ရွှေရောင် ၊ အဝါရောင် ၊ ကြေးဝါရောင် ၊ ရွှေညိုရောင်
သင့်တော်သည့်ဓါတ်စာ - စပျစ် ၊ လိမ္မော် ၊ ရှောက် ၊ သံပရာ ၊ ကျွဲကော ၊ လေးညှင်း ၊ ဂျင်း ၊ ပေါင်မုန့် ၊ ပျားရည်
သိထားသင့်သည့်အန္တရာယ် - မီး ၊ လျှပ်စစ် ၊ အပူ
သတိထားသင့်သည့် ရောဂါ - နှလုံး ၊ မျက်စိ ၊ သွေးတိုး
နေ့ကောင်း - တနင်္ဂနွေ ၊ တနင်္လာ
ရက်သာ (ထီဂဏန်း) - ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅ ရက်များ
ယတြာ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် မိမိအိပ်ခန်း၊ မိမိအလုပ် လုပ်သောနေရရာတွင် နေကြာပန်းပုံများချိတ်ထားပါ … ။ ကြွေပန်းကန်ပြားထဲမှာ နေကြာစေ့ထည့်ပြီး ဘုရားလှူဆုတောင်းပါ။ ကလေးများ ၊ သူငယ်ချင်းမိတ်ဆွေများကိုလည်း နေကြာစေ့ မကြာခဏဒါနလုပ်ပေးပါ။ မရောက်ဖူးသေးသော နေရာဒေသများသို့ မကြာခဏခရီးထွက်ပေးပါ …။
.
.
.
.

အင်္ဂလိပ်ရက် (၅) ရက် ၊ (၁၄) ရက် ၊ (၂၃) ရက် မွေးဖွားသောမိတ်ဆွေများသည်
ခရစ်သက္ကရာဇ်၂၀၂၂ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …

.
.
ဆုံးရှုံးနစ်နာခဲ့သမျှ အတိုးချပြီး အောင်မြင်တော့မှာဖြစ်ပါတယ်။ ကောင်းသောမျှော်လင့်ချက်တွေလည်း ပြန်လည်ရှင်သန်လာတေ့မှာဖြစ်ပါတယ်။
.
ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့ ၊ ဘယ်လောက်ပဲ ညံ့ခဲ့ညံ့ခဲ့ ဝမ်းသာပျော်ရွှင်ရမယ့် ကံကောင်းမယ့်နှစ်ကို ရောက်ရှိလာပါပြီ။
.
ဒီနှစ်မှာ မုချကြီးပွားတိုးတက်အောင်မြင်ချမ်းသာမယ် …။ အကြံအစည်ရည်ရွယ်ချက်များအောင်မြင်မယ် …။ မရောက်ဖူးသေးတဲ့နေရာဒေသတွေကို ရောက်သွားလိမ့်မယ်။ ကြိုးစားထားတဲ့အရာတွေ အကောင်ထည်ပေါ်လာမယ်။ စီးပွားရေးနဲ့ပြောရင် ဒီနှစ်ကစပြီး ချမ်းသာမှာဘဲ။
.
တရားဘက်ကိုလိုက်စားရင် ဒီနှစ်မှာတရား ရတတ်တယ်။ သာသနာပြုဖို့ စိတ်ကူရှိရင် ဒီနှစ်ထဲ မှာလုပ်ပါ။ မုချအောင်မြင်လိမ့်မယ်။
.
အရည်ချင်းတွေတောက်ပြောင်မယ်။ စည်းစိမ်ဥစာရတနာတွေတိုးတက်မယ်။ မျှော်လင့် ထားတာထက် ကောင်းစားမယ့်နှစ်ကိုရောက်ပြီ။
.
ညဏ်တွေ ဝီရိယတွေထုတ်ဖို့တောင်မလိုဘူး။ ကံကသိပ်ကောင်းနေတယ်။ ကျန်းမာရေးညံ့ရင်တောင် ဒီနှစ်မှာကောင်းသွားမယ်။ ဘယ်လိုအန္တရာယ်မျိုးမှမလာနိုင်ဘူး။
.
မရပ်ချင်ဘဲရပ်သွားရတဲ့ကိစ္စတွေ အလုပ်တွေရှိရင် ပြန်ပြီးလုပ်ခွင့်ရမယ်။ ဆုံးရှုံးသွားတာတွေလည်း ပြန်ပြီးဖြစ်လာမယ်။ ကိုယ်ကလက်တွဲမဖြုတ်ချင်ပဲ ဖြုတ်သွားတဲ့ မိတ်ဆွေတွေပဲဖြစ်ဖြစ် ၊ အဖော်ပဲဖြစ်ဖြစ် ဒီအချိန်မှာ မိမိဆီကိုပြန်ရောက်လာတတ်တယ်။ နှစ်ရှည်လများကွဲကွာနေသူတွေနဲ့ပြန်ပြီး ဆုံတွေ့ရတတ် တယ်။
.
လူမှုရေး ၊ ပရဟိတအလုပ်တွေများနေအံ့။ မိမိကိုယ်ကျိုးစီးပွားထက် သူများအကျိုးစီးပွားကို အနစ်နာပြီးကူညီဆောင်ပေးရမှုတွေများနေအံ့။ အောင်လည်း အောင်မြင်အံ့။
.
အကြံအစည် ရွယ်ရွယ်ချက်အသစ်များ ၊ ရည်မှန်းချက်အသစ်များ ပေါ်ပေါက်လာပြီး အသိထူးအမြင်ထူးများလည်း ပေါ်ပေါက်လာအံ့။
.
တခုသတိထားရမှာက ဒီနှစ်ထဲမှာ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့အချိန်ကုန်သွားတတ်တယ်။ တခုခုကို ဆုံးဖြတ်ချက်ချပြီး လုပ်ဖြစ်အောင်သာလုပ်လိုက်ပါ။ အောင်မြင်ဖို့ကသေချာပါတယ်။
.
ကံကောင်းတဲ့နှစ်ဆိုပြီး ဘာမမလုပ်ပဲနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ဆိုလိုတာက ကံတရားကမျက်နှာသာပေးတဲ့ အချိန်ဖြစ်တယ်။ မိမိအနေနဲ့ အလုပ် လုပ်ဖို့လိုတယ်။ ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင် ချနိုင်ဖို့ပဲလိုတယ်။ အထူးမှာချင်တာက ကံကကူမယ် လူကအလုပ်လုပ်ပါ။
.
ငွေရေးကြေးရေး - ဆုံးရှုံးမလိုဖြစ်နေတဲ့ ရွှေ ငွေ ပစ္စည်း အခွင့်အရေးများ ပြန်ရမည်။ ငွေကြေးအကြံအစည်အောင်မြင်မယ့် ငွေကြေးအခက်အခဲများမှလွတ်မြောက်မယ့် အခြေအနေကောင်း အခွင့်အလမ်းကောင်း အဆက်အသွယ်ကောင် အကူအညီကောင်းများပေါ်လာအံ့ … ။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်းဆောင်ရွက်ပါ … ။ ရည်မှန်းထားတာထက်ပိုမိုအောင်မြင်လတ္တံ့ … ။
.
အချစ်ရေး - အဆင်မပြေဖြစ်နေသူများ ပြန်လည်အဆင်ပြေအံ့ …။ ပြတ်မလို ကွဲမလိုဖြစ်နေသူများ ပြန်လည်ပေါင်းစည်းအဆင်ပြေအံ့ …။ ရည်းစားဟောင်းများနှင့် ပြန်ဆုံရတတ် …။ ပြဿနာဟောင်းပြန်ပေါ်တတ် … ။ချစ်သူမရှိသေးသူများ အတိတ်ဘဝက ရေစက်ရှိသူ ဆုတောင်းရှိသူ ပဌန်းဆက်ရှိသူနှင့် ဆုံတွေ့ရအံ့ …။ မျက်နှာပွင့်နေအံ့ … ။ အဟောင်းများ အသစ်များနှင့် ဝိုင်းဝိုင်းလည်နေအံ့ … ။
.
အိမ်ထောင်ရေး - အဆင်မပြေသူများ ပြန်လည်အဆင်ပြေအံ့ …။ အဆင်ပြေနေသူများ ပြေသထက်ပြေနေအံ့ … ။သားသမီးကိုအကြောင်းပြုပြီး စိတ်ချမ်းသာပျော်ရွှင်ရအံ့ … ။ကလေးမရသေးသူများ ကလေးရအံ့ … ။ မိမိတိ့နှစ်ဦးရဲ့ ရည်မှန်းချက် မျှော်လင့်ချက်များ ပြည့်မြောက်အောင်မြင်အံ့ …။ ပြဿနာဟောင်းများကို အကြောင်းပြုပြီး လင်မယားအဆင်မပြေဖြစ်တတ်တာကိုတော့ သတိထားပါ … ။


.
၁။ ကွဲကွာနေသော မိတ်ဟောင်းဆွေဟောင်း ရည်းစားဟောင်းအချစ်ဟောင်း အလုပ်ဟောင်း နေရာဟောင်းများနဲ့ ပြန်ပြီးပတ်သက်ရတတ်
၂။ ဆုံးရှုံးမလိုဖြစ်နေတဲ့ ရွှေငွေပစ္စည်း အခွင့်ရေးများ ပြန်ရတတ် ပျက်မလိုဖြစ်နေတဲ့အလုပ်များ အောင်မြင်တတ်
၃။ အနားဝန်းကျင်မှာ ကလေးမွေးတဲ့သတင်းကြားလျှင် စီးပွားတက်မည် ထီထိုးပါ
၄။ ဆွေမျိုးထဲက အမျိုးသမီးကြီးတစ်ယောက်အကူအညီ ကြီးကြီးမားမားရတတ်
၅။ အလှအပ အနုပညာ ရွှေရတနာ ပစ္စည်းများဝင်လာတတ်
၆။ ကောင်းသောခရီးသွားရတတ် မြှောက်အရပ်သို့သွားရတတ်
၇။ နာမည်ဂုဏ်သတင်း နေ့ခြင်းညခြင်းတိုးတက်
၈။ ထူးခြားသောစာအုပ် ဖတ်ရမည် ထိုစာအုပ်ထဲမှ အကြံဉာဏ်သစ်များ ရရှိတတ်
၉။ ဘာပဲလုပ်လုပ် ဉာဏ်မကွန့်ပါနဲ့ ။ ရိုရိုးသားသားလုပ်ပါ အောင်မြင်မည်
၁၀။ မျှော်လင့်ချက် ရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်လတ္တံ့။
.
အကျိုးပေးအဆောင် - ပုလဲ ၊ အစိမ်းရာင်ကျောက် ၊ ငွေ
အကျိုးပေးအရောင် - အစိမ်းရောင် ၊ အဖြူရောင် ၊ ငွေရောင်
သင့်တော်သည့် ဓါတ်စာ - ဂေါ်ဖီ ၊ သခွား ၊ ဖရဲ ၊ ငှက်ပျော
သတိ ထားသင့်သည့် အန္တရာယ် - ရေဘေး
သတိထားသင့်သည့် ရောဂါ - အစာအိမ် ၊ ဝမ်းရောဂါ
နေ့ကောင်း - တနင်္ဂနွေ ၊ တနင်္လာ ၊ သောကြာ
ရက်သာ (ထီဂဏန်း) - ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅ ၊ ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်များ
.
အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် ။ ။ ယတြာ။ ။ အိမ်ဘုရားမှာ မုန့်လုံးရေပေါ်(၁၀)လုံး (သို့) မုန့်အဝိုင်း (၁၀)ခု ၊ ဖယောင်းတိုင် (၅) တိုင် မကြာခဏလှူဒါန်းဆုတောင်းလိုက်ပါ။ ခိုစာကျွေးရင်း အလိုရှိရာတွေဆုတောင်းပါ။ အတောင်ပါသောသတ္တဝါများကို မကြာခဏ ဘေးမဲ့လွှတ်ပေးပါ။
.
.
.
.

အင်္ဂလိပ်ရက် (၆) ရက် ၊ (၁၅) ရက် ၊ (၂၄) ရက် မွေးဖွားသောမိတ်ဆွေများသည်
ခရစ်သက္ကရာဇ်၂၀၂၂ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …

.
.
ကံကြမ္မာဟာ အကောင်းမှအဆိုး ၊ အဆိုးမှအကောင်းသို့ ဇောက်ထိုးမိုးမျှော် ရောက်ရှိသွားအံ့။ အပြောင်းအလဲကြီးကြီးမားမားဖြစ်အံ့။ စီးပွားရေး၊ငွေကြေး ၊ လုပ်ငန်းဆောင်တာရည်ရွယ်ချက်များအတွင်လည်း တအားကောင်းနိုင်သလို တအားလည်းညံ့သွားအံ့။
.
သူတပါးအတွက် ဓါးစားခံဖြစ်တတ်။အစစအရာရာသတိထားပြီးဖြတ်သန်းသင့်။ မိမိရဲ့အောင်မြင်မှုတွေကို သူတစ်ပါး နှောက်ယှက်အံ့။ စိတ်ပူစရာ ၊ စိတ်အနှောက်အယှက်ဖြစ်စရာ ၊ အတိုက်အခံ ၊ အခက်အခဲများ ရောထွေးနေအံ့။
ခင်မင်ရင်းနှီးသောသူတွေနဲ့ စိတ်သဘော ထားမတိုက်ဆိုင်ပဲ လမ်းခွဲရတတ်။မိတ်ဆွေရင်း လူရင်းများက နောက်ကျောကိုဓါးဖြင့်ထိုးတတ်။အထူးသတိရှိပါ။
.
နှစ်စပိုင်းမှာ အစစအရာရာ တအားကြီးမကောင်းသေးပေမယ့် နောက်ပိုင်းမှာ ဖြေဖြေးချင်း ကောင်းလာပါလိမ့်မယ်။
.
ရှေ့မတိုးသာ၊နောက်မဆုတ်သာ ၊ ရှေ့တိုးရခက် ၊ နောက်ဆုတ်ရခက် အခြေအအေများကြုံတွေ့ရအံ့။ အကြံအစည် ရည်ရွယ်ချက်များလည်း ထစ်ငေါ့ကြန့်ကြာြ့ပီးမှအောင်မြင်လတ္တံ့။
.
မမျှော်လင့် ပဲအကြွေးကိစ္စ ၊ငွေကိစ္စ မျက်နှာပျက်စရာ ဖြစ်တတ်။သူတပါးအတွက် အာမခံပေးခဲ့တဲ့ ကိစ္စများအတွက် ကိုယ်ကတာဝန်ယူရတတ် …။ သူတစ်ပါး ချောက်တွန်းတာခံရတတ်။ ဒါကြောင့် ဒီနှစ်ထဲမှာ သူတပါးအတွက် အာမခံတာ၊သက်သေ လိုက်တာမျိုးတွေ မလုပ်သင့်ပါဘူး။
.
မိမိရမယ့် အခွင့်အရေးကောင်းတွေကို လည်း သူတပါးရှိသွားတတ်။ ဘယ်အလုပ်ကိုမဆို ၊ ဘယ်အခြေအနေကိုမဆို စိတ်ရှည်လက်ရှည်ခေါင်းအေးအေးနဲ့ဖြတ်သန်းပါ။
.
ငွေရေးကြေးရေး - ရစရာ ပေးစရာငွေများ ထစ်ငေါ့ကြန့်ကြာနေတတ် … ။ ငွေကြေးကိစ္စများ စိတ်ပူထစ်ငေါ့ပြီးမှ အောင်မြင်အံ့ … ။ ငွေကြေးကိစ္စများ မစွန့်စားသင့် …။ သူတပါးချောက်ချတာခံရတတ် …။ သူတပါးကို အနစ်နာခံကူညီရတတ် … ။
.
အချစ်ရေး - အဆင်ပြေသလိုလို မပြေသလိုလို တောမရောက် တောင်မရောက် ဖြစ်နေအံ့ … ။ ပြတ်မလို ကွဲမလိုဖြစ်နေသူများ လက်ရှိအခြေအနေအတိုင်း ကြန့်ကြာနေတတ် …။ ချစ်သူအပေါ်ကို အလိုလိုက် နားလည်ခွင့်လွှတ်ပေးနေရအံ့ …။ အနစ်နာခံပေးနေရတတ် … ။ ဟိုလိုလို ဒီလိုလို ဘာမှန်းမသိ အီလည်လည်ကြီးဖြစ်နေအံ့ … ။
.
အိမ်ထောင်ရေး - ကောင်းလည်းမကောင်း ဆိုးလည်းမဆိုး အခြေအနေရှိအံ့ …။ တစ်ခါတစ်ရံ တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ချင် မျက်နှာကြောမတည့်ဖြစ်နေအံ့ … ။ မိမိဘက်ကသာ နားလည်ခွင့်လွှတ် အလိုလိုက်ပေးနေရတတ် … ။ ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေများလည်း ကြုံရတတ် … ။


.
၁ ။ အလုပ်ကိုင်အကြံစည် ရည်ရွယ်ချက်များ ထစ်ငေါ့ကြန့်ကြာပြီးမှ အောင်မြင်တတ်
၂။ ငွေအဝင်များသောလည်း အဖတ်မတင်ဖြစ်နေတတ်
၃။ မိမိနေအိမ်ရဲ့ ခေါင်းရင်းဘက် မျက်နှာစာဘက်တွင် နာရေးပေါ်တတ် ။ မသွားသင့်။ မဖြစ်နေသွားရလျှင် တရော်ကင်ပွန်းနှင့်ခေါင်းလျှော်ပစ်ပါ။
၄။ အငြိမ်နေရတာမရှိဘဲ လှုပ်ရှားနေရတတ်
၅။ ကျန်းမာရေးတစ်ခုပြီးတစ်ခု ညံ့တတ် ။သွေးထွက်သံယို ဖြစ်တတ် သတိထားသင့်
၆။ မြေအတွက် အမွေအတွက် စကားအကြီးကျယ်ပြောရတတ်
၇။ ဗုဒ္ဓဟူးနံ ယ၊ရ၊လ၊၀ အကြောင်းပြုပြီးငွေးကြေး အကျိုးမြတ်များ ရတတ်
၈။ သူတစ်ပါး၏ အကြောင်းမဲ့ စွပ်စွဲ ပြောဆိုခြင်းခံရတတ်
၉။ အလှူအတန်းလုပ်ရတတ် မင်္ဂလာကိစ္စများ စကားပြောရတတ်
၁၀။ ဟိုလိုလို ဒီလိုလိုနဲ့ အချိန်တွေကုန်သွားတတ်
၁၁။ လုပ်ငန်းသစ် စီးပွားသစ် လုပ်ကိုင်ဖို့ အကြောင်းတွေပေါ်လာတတ်
၁၂။ ပစ္စည်းများကို ထုခွဲရောင်းချပြီး လုပ်ငန်းသစ် လုပ်ချင်စိတ်ပေါ်နေတတ်
အကျိုးပေးအဆောင် - ဂေါ်မုတ်ကျောက် ၊ အနီရောင်ကျောက် ၊ ခဲမဖြူ ၊ ငွေ
အကျိုးပေးအရောင် - အနီရောင် ၊ ခရမ်းရောင် ၊ ကြက်သွေးရောင်
သင့်တော်သည့် ဓါတ်စာ - စတော်ဘယ်ရီ ၊ ဆီးဖြူ ၊ နာနတ် ၊ တည်သီး ၊ ဗန်ဒါ ၊ လေးညှင်း ၊ ဂျုံ
သတိထားသင့်သည့် အန္တရာယ် - မီးဘေး ၊ လျှပ်စစ် ၊ အပူလောင်
သတိထားသင့်သည့် ရောဂါ - အာရုံကြော ၊ အကြော ၊ အရေပြား
နေ့ကောင်း - ကြာသပတေး ၊ သောကြာ ၊ အင်္ဂါ
ရက်သာ(ထီဂဏန်း) - ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၆ ၊ ၁၅ ၊ ၂၄ ၊ ၉ ၊ ၁၈ ၊ ၂၇
ယတြာ ။ ။ ကျန်းမာရေးမကောင်းသူကို ဆေးဝါးဓါတ်စာ ၊ ငွေကြေးမာကာခဏ လှူဒါန်းပေးပါ …။
.
အဆင်မပြေမှုများ အခက်အခဲများ ကြုံတွေ့နေရပါလျှင် - မိမိရဲ့ဓါတ်ပုံကို နံရံမှာ ၁၂နာရီကြာအောင် ဇောက်ထိုးကပ်ထားလိုက်ပါ။ မကြာခဏလုပ်ပေးပါ။
.
အထူးယတြာ။ ။ ကံတအားညံ့လျှင် မွေးမေ့ညဝတ်အိပ်ထားတဲ့ အဝတ်တစ်စုံကို နောက်နေ့မနက် ရေထဲမျှောပေးပါ …။ ငါ့မှာရှိတဲ့ မကောင်းတဲ့ ကံအခိုက်အညံ့တွေ ပါသွားပါစေလို့ ဆုတောင်းပါ…။
.
မှတ်ချက်။ ။ စိုးရိမ် စိတ်ပူစရာမလိုပါ …။ ပေထားတဲ့ယတြာတွေကို မကြာခဏချေပေးခြင်းအားဖြင့် မကောင်းတဲ့ကံအညံ့တွေပြေပျောက်ပြီး ကံကောင်းခြင်းများ ကောင်းကျိုးချမ်းသာများကို ရရှိခံစားရပါလိမ့်မယ်…။
.
.
.

အင်္ဂလိပ်ရက် (၇) ရက် ၊ (၁၆) ရက် ၊ (၂၅) ရက် မွေးဖွားသောမိတ်ဆွေများသည်
ခရစ်သက္ကရာဇ်၂၀၂၂ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …

.
.
တဲပုတ်မှာ နေရတဲ့သူ တိုက်ပေါ်ကိုရောက်သွားရခြင်းဟာ ဒီလိုဗေဒင်ကိန်းခန်းရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်။ သာမန်အဆင့်ကနေ ကြီးမားတဲ့ရာထူးကြီးတွေ ရသွားရခြင်းမှာလည်း ဒီလိုကိန်းခန်းမျိုးရဲ့ကျေးဇူးပဲဖြစ်ပါတယ်။
.
ကောင်းခြင်းဆိုးခြင်းတွေ ပြီးဆုံးသွားပြီဆိုတဲ့သဘောပါဖြစ်နေပါတယ်။ ဆိုးတာတွေပြီးဆုံးသွားပြီဆိုတော့ ကောင်းတာတွေလာတော့မယ်။ ကောင်းတာတွေပြီးဆုံးသွားပြီဆိုရင်လည်း ဆိုးတာတွေရောက်လာတတ်တာကိုတော့ သတိထားသင့်ပါတယ် …။
.
ဒါကြောင့် ဒီနှစ်ထဲမှာ မုချတိုးတက်ပြောင်းလဲတော့မယ့် အခြေအနေကောင်း ၊ အခွင့်အလန်းကောင်းတွေ ပေါ်ပေါက်လာအံ့။
.
မရဖူးသေးတဲ့အခွင့်အရေးတွေရအံ့။ အဲဒီအခွင့်အရေးများကို အလွဲ သုံးစားမလုပ်မိဖို့သတိပြုပါ။အခွင့်အရေးကို အလွဲသုံးစားလုပ်မိပါက ညံ့သောအပြောင်းအလဲဖြစ်သွားတတ်တာကိုတော့ အထူးသတိပြုပါ။
.
ဒီနှစ်ထဲမှာ အစစအရာရာ အဖက်ဖက်ကနေပြီးတော့ မုချတိုးတက်အောင်မြင်အံ့။ ကိုယ်ရောစိတ်ပါ ချမ်းသာရအံ့။
.
အံ့သြစရာကောင်းလောက်အောင် ဘဝတစ်ဆစ်ချိုးပြောင်းလဲ့မြင့်တက်အံ့။စီးပွားတက်အံ့။ဘဝတစ်ခုလုံး ဆတ်ခနဲကောင်းပြီး ဖြတ်ခနဲပြောင်းသွားအံ့။
.
အချစ်ရေး - ရင်ခုန်သံတွေ ပြောင်းလဲသွားအံ့။ အချစ်တွေ အရောင်ပြောင်းသွားအံ့ ။ သံယောဇဉ် အနှောင်အဖွဲ့ အတွယ်အတာများ ယခင်ကထက်ပိုမိုလေးနက်ခိုင်မာသွားအံ့ ။ အချစ်ရဲ့ ချိုညမန်တဲ့အသီးအပွင့်များကို ဆွတ်ယူစားသုံးရအံ့ …။ ပြဿနာအသေးအဖွဲလေးကို အကြောင်းပြုပြီး လမ်းခွဲပြတ်စဲသွားတတ်တာကိုတော့ နှစ်ဦးစလုံး သတိထားဖြတ်သန်းသင့် … ။
.
အိမ်ထောင်ရေး - ဆိုးနေတဲ့သူများ ကောင်းလာလတ္တံ့။ ကောင်းနေတဲ့သူများ ဆိုးသွားတတ်တာကိုတော့ သတိထားသင့် … ။ နှစ်ဦးစလုံးရဲ့ ရေတိုရည်မှန်းချက်အချို့အောင်မြင်အံ့။ စိတ်ကူး အိပ်မက်တစ်ချို့ အကောင်အထည်ပေါ်လာအံ့။ အိမ်ထောင်ဘက်၏ ဆွေမျိုးထဲတွင် ကျန်းမာရေး သေလုမျောပါးညံ့တတ်။
.
ငွေရေးကြေးရေး - ငွေကြေးအကြံအစည်များ ရည်မှန်းထားတာထက် ပိုမိုအောင်မြင်လတ္တံ့။ မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်တဲ့ပုံစံမျိုးများနှင့်အောင်မြင်အံ့။ မထင်မှတ်တဲ့နေရာမှ ငွေရတတ်။ ငွေကြေး အခက်အခဲ အကြပ်အတည်းများမှကြုံနေရပါက အံ့သြစရာကောင်းလောက်အောင် လွတ်မြောက်သွားတတ်။


.
၁။ လုပ်ငန်းအကြံစည်အသစ်များ ပေါ်ပေါက်လာတတ်
၂။ ရင်းနှီးသောသူများ ဆေးရုံတက်ရတတ်
၃။ မြေဝင်ခြင်း အမွေရခြင်းကြုံတတ်
၄။ အမှု အချုပ်ထောင်ဂတ် ဆေးရုံများနှင့်ပတ်သက်ရတတ်
၅။ ရပ်ဝေးမှနာရေးသတင်းကြားရတတ်
၆။လက်ရှိအလုပ်ကို စိတ်မဝင်စားပဲ အလုပ်ထွက်ချင် ပြောင်းချင်စိတ်များပေါ်နေတတ်
၇။ ငွေရှာဖွေရလွယ်ကူနေတတ် ငွေအစုလိုက်အပုံလိုက်ရတတ်
၈။ အဖိုးတန်စက်ပစ္စည်းဝင်လာတတ် စက်ပစ္စည်းဝင်ပြီးထီပေါက်တတ်
၉။ မိမိထက် ကြီးကဲသူတစ်ယောက်နဲ့ စကားပြောငြင်းခုန်ရတတ်
၁၀။ ပညာအသစ်ရ သင်တန်းတတ်ရတတ်
၁၁။ မိတ်ဆွေရင်း ဆရာရင်းတွေရဲ့ အကူညီကောင်းများရတတ်
၁၂။ အသုဘပို့ခြင်း သင်းချိုင်းမြေ နင်းခြင်းရှောင်ပါ ။ မလွဲသာမရှောင်သာပို့ရလျှင် တရော်ကင်ပွန်း ဖြင့်ခေါင်းလျှော်ပါ
၁၃။ မျက်နှာပွင့် ဆန်းပွင့်နေတတ်
၁၄။ ကိုယ်ကျင့်တရားကို ထိန်းသိမ်းပါ
၁၅။ အမှုဖြစ်နေသူကိုငွေမချေးရ ။ အာမခံမလုပ်ရ ။ ကိုယ်ပါဒုက္ခ ရောက်တတ်
၁၆။ ဆုံးဖြတ်ချက်အမှားချမိတတ်
၁၇။ သူတပါးချောက်တွန်းတာခံရတတ်
အကျိုးပေးအဆောင် - ရွှေ
အကျိုးပေးအရောင် - အဖြူ ၊ ရွှေရောင် ၊ အဝါရောင်
သင့်တော်သည့် ဓါတ်စာ - သံပရာ ၊ ကျွဲကော ၊ ဂျင်း ၊ လိမ္မော် ၊ ရှောက် ၊ ပေါင်မုန့် ၊ ပျားရည်
သတိ ထားသင့်သည့် အန္တရာယ် - မီး ၊ လျှပ်စစ် ၊ အပူ ၊ ပေါက်ကွဲမှု
သတိထားသင့်သည့် ရောဂါ - ရောဂါဆန်း ၊ စိတ် ၊ သွေး ၊ ကျောက်ကပ်
နေ့ကောင်း - တနင်္ဂနွေ ၊ တနင်္လာ ၊ စနေ
ရက်သာ (ထီဂဏန်း) - ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅
ယတြာ ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် မနက်စောစော အိမ်ဘုရားမှာ အနီရောင်ပန်း(၆)ပွင့် ၊ သစ်သီး(၆)လုံး ၊ သောက်တော်ရေ(၆)ခွက် လှူဒါန်းပြီး အလိုရှိရာများကို ကျကျနန ပြတ်ပြတ်သာသား အသံထွက်ဆုတောင်းပါ … ။ ချိုးမယ့်ရေထဲမှာ အုန်းဆီတစ်စက်နှစ်စက်ထည့် အနီရောင်ပန်း(၃)ပွင့်ထည့် ရေချိုးရင်းဆုတောင်းပါ …။ မိမိရဲ့ အနီးနားမှာရှိတဲ့ ပစ္စည်းတွေကို မကြာခဏနေရာပြောင်းရွှေ့ပေးပါ။ မကြာခဏအိပ်ယာပြောင်းအိပ်ပေးပါ။ မကြာခဏခရီးထွက်ပေးပါ …။
.
.
.
.
.


အင်္ဂလိပ်ရက် (၈) ရက် ၊ (၁၇) ရက် ၊ (၂၆) ရက် မွေးဖွားသောမိတ်ဆွေများသည်
ခရစ်သက္ကရာဇ်၂၀၂၂ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …

.
အပြောင်းအလဲ ကြီးကြီးမားမားဖြစ်အံ့။အပြောင်းအလဲများအားလုံးသည် အကောင်းတွေဖြစ်အံ့။
.
မိမိတစ်သက်လုံးယူဆထားတဲ့ အယူအဆတွေ ၊အတွေးအခေါ်၊ခံယူချက်တွေလည်းပြောင်းလဲသွားအံ့။ အလုပ်နေရာ အိမ်နေရာတွေလည်းပြောင်းလဲရအံ့။
.
အလိမ်ခံရတတ်။သတိထားပါ။ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို ကိုင်တွယ်ခြင်းလုံးဝမပြုသင့်။ သူတပါးဒုက္ခကြောင့် ဒုက္ခရောက်တတ်။ သဘာဝအန္တရယ်ဖြစ်တဲ့ မီး၊ဘေး၊ရေဘေး၊လေဘေး များကို သတိထားသင့်။
.
ဘာကိုပဲလုပ်လုပ် စိတ်ထိန်းပြီး အလုပ်လုပ်ပါ။ ဒီအချိန်မှာ စိတ်မထိန်းနိုင်တဲ့အဖြစ်အပျက်တွေ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်မိတာတွေကြုံရတတ်။ ကျန်းမာရေးနဲ့ပက်သက်လို့လဲ ဂရု စိုက်ဖို့လိုပါတယ်။အာရုံကြောနဲ့ပက်သက်တဲ့ရောဂါ တွေရတတ်ပါတယ်။
.
ငွေရေးကြေးရေး - ငွေရေးကြေးရေး စီးပွားရေး နဲ့ပက်သက်လို့ကတော့ ထင်မှတ်မထားလောက်အောင် အောင်မြင်မယ့်နှစ်ဖြစ်အံ့။ ပြေလည်ရာပြေလည်ကြောင်း၊ကောင်းရာကောင်းကြောင်း၊အေးရာအေးကြောင်း အခြေအနေတွေ ကြုံတွေ့ရပါလိမ့်မယ်။ ငွေကြေးအကြံအစည်တွေအောင်မြင်မယ် …။ ငွေကြေးအခက်အခဲ အကြပ်အတည်းက လွတ်မြောက်မယ် … ။
အချစ်ရေး - ရင်ခုန်သံတွေမြန်နေမယ် … ။ စိတ်လှုပ်ရှားမှုေတွေ များနေမယ် … ။ ချစ်သူအပေါ်ကို အရင်ကထက်ပိုပြီး သဝန်တွေတိုနေမယ် … စိတ်မချနိုင်ဖြစ်နေမယ် … ။ စိတ်ဆိုးလွယ် စိတ်ကောက်လွယ် စိတ်ပြေလွယ် … ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တွေ များနေမယ် …။ ကွဲမလိုပြတ်မလိုဖြစ်နေတယ်ဆိုရင် လက်ရှိအခြေအအနေအတိုင်း ကြန့်ကြာမြဲမြံနေပါလိမ့်မယ် … ။
.
အိမ်ထောင်ရေး - စိတ်ပူစရာတွေ ပျော်ရွှင်ကြည်နူးစရာတွေ ရောထွေးနေအံ့ … ။ တစ်ခါတရံ တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ချင် မျက်နှာကြောမတည့်ဖြစ်နေအံ့ …။ မကြာခဏ အယူအဆအမြင်များကွဲလွဲငြင်းခုန်ရအံ့ … ။ ကြီးကဲသူများ ဝင်ရှုတ်တတ် … ။ စိတ်တူကိုယ်တူ အကြံအစည်များ အောင်မြင်လတ္တံ့ …။


.
အနှစ်ချုပ်အားဖြင့် … ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံေနေပါစေ။ ဘယ်လောက်ပဲအဆင်မပြေမှုတွေကြုံတွေ့နေရပါစေ။နောက်ဆုံးမှာတော့ အားလုံးအဆင်ပြေသွားလတ္တံ့။
၁။ အလုပ်နေရာ အိမ်နေရာ ပြောင်းလဲရတတ်
၂။ အိမ်ပြင် အိမ်ဆောက် ပြုလုပ်ရတတ်
၃။ ရေလမ်းခရီး လေလမ်းခရီးမှ ဧည့်သည်များ မကြာခဏရောက်တတ်
၄။ ကားအသစ်ဝင်မည်
၅။ မကြာခဏ ခရီးထွက်ရတတ်
၆။ ရုတ်တရက် ရာထူးတိုးခြင်း စီးပွားတိုးတက်ခြင်း ကြုံရတတ်
၇။ မိတ်ဆွေရင်း တစ်ယောက်အတွက် စိတ်ပူရတတ်
၈။ အောက်လက်ငယ်သား သားသမီး အိမ်ကနေ ထွက်သွားတတ်
၉။ အိမ်တစ်လုံးတည်းတွင်မိသားစု နှစ်စု ပူးပေါင်းနေထိုင်ရတတ်
၁၀။ မကြာမှီ အိမ်ပိုင် သို့မဟုတ် မိမိ စိတ်တိုင်းကျအိမ်ရတတ်
၁၁ ။ ရင်ဘတ်အောင့်ရောဂါ ရတတ်
၁၂ ။ အောက်လက်ငယ်သား သားသမီး ရွှေရတနာအတွက် စိတ်ပူရတတ်
၁၃။ ယားနာဖြစ်တတ် ဆေးလိမ်းစရာမလို အလိုလို ပျောက်ကင်းအံ့
၁၄။ ငွေအစုလိုက် အပုံလိုက် ရတတ်
၁၅။ စက်ပစ္စည်းများ ပျက်အံ့ ။ အသစ်မဝယ်ဘဲ ပြင်သုံးပါ။
အကျိုးပေးအဆောင် - စိန် ၊ ငွေ ၊ ပလက်တီနမ်
အကျိုးပေးအရောင် - အဖြူ ၊ အဝါနု ၊ ဆင်စွယ်ရောင်
သင့်တော်သည့် ဓါတ်စာ - မုန်လာ ၊ ကရဝေး ၊ အခွံမာသစ်သီးများ ၊ သစ်ချ ၊ ပေါင်မုန့် ၊ ကွေကာအုပ်
သတိ ထားသင့်သည့် အန္တရာယ် - မြေပြို ၊ တွင်းပြို ၊ တောင်ပြို
သတိထားသင့်သည့် ရောဂါ - အကြော ၊ အိပ်မပျော် ၊ မျက်စိ
နေ့ကောင်း - ဗုဒ္ဓဟူး ၊ သောကြာ
ရက်သာ - ၅ ၊ ၁၄ ၊ ၂၃
.
ယတြာ ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် သစ်သီး (၅)လုံး ၊ သောက်တော်ရေ(၅)ခွက် ၊ ဖယောင်းတိုင် (၅)တိုင် အိမ်ဘုရားတွင် မကြာခဏလှူဒါန်းဆုတောင်းလိုက်ပါ။
သက်ကြီးရွယ်အို သူတောင်းစားတစ်ဦးကို ရေသန့်မကြာခဏလှူပါ…။ ရေ၊လေ၊အောက်စီဂျင်နှင့်ပက်သက်သော အလှူအတန်းများ မကြာခဏပြုလုပ်ပေးပါ။
.
.
.
.


အင်္ဂလိပ်ရက် (၉) ရက် ၊ (၁၈) ရက် ၊ (၂၇) ရက် မွေးဖွားသောမိတ်ဆွေများသည်
ခရစ်သက္ကရာဇ်၂၀၂၂ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …

.
ဒီနှစ်ထဲမှာ ကံအလွန်ကောင်းနေပြီ..။ ရည်ရွယ်ချက်ရှိသမျှ ရဲရဲလုပ်ပါ။မီးကုန်ယမ်းကုန်လုပ်ပါ။အကြံအစည်ရည်ရွယ်ချက်များကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်ပါ။
.
ဝိဇ္ဇာ မ တဲ့အချိန် ၊ နတ်ကောင်း နတ်မြတ်တွေ မ တဲ့နှစ်ဖြစ်ပါတယ် …။
ကံကောင်းတဲ့အချိန်ကိုရောက်ပြီ…။
အလုပ်ကိုင်အကြံစည်များ မြင့်မားတိုးတက် အောင်မြင်မယ်…။
အဖက်ဖက်ကနေ မုချတိုးတက်မှုတွေကြုံရမယ်…။
ပြီးခဲ့သောအချိန်ကာလတွေနဲ့မတူတော့ဘူး။ အခုကောင်းပြီ။ စီးပွားရေး အလုပ်အကိုင်၊အချစ်ရေး၊အိမ်ထောင် ရေး၊ခရီးသွားလာရေး ဘယ်အရေးမဆို အားလုံး ကောင်းနေမယ်…။
အောင်မြင်တဲ့အထိလုပ်ဖို့ စိတ်အား လူအား ပျော့ညံ့လျော့နည်းသွားတတ်တာကိုတော့ သတိထားပါ။
.
တစ်ခုသတိထားရမှာက စိတ်ညစ်စရာစိတ်ရှုပ်စရာတွေ၊ရှောင်လွှဲဖို့ခက်တဲ့အကျဉ်းအကြပ်တွေ၊တမင်သက်သက်ချောက်တွန်းခံရတာတွေကိုတော့ သတိထားသင့်။
မိမိနေထိုင်တဲ့ ၊ မိမိအလုပ်လုပ်တဲ့နေရာမှာ မကောင်းတဲ့အတတ်များ၊ပညာများရှိနေအံ့။မသန့်မရှင်းဖြစ်နေအံ့။ ရှာလကာရည်နှင့်ရေနှင့်ရောပြီး မကြာခဏ ပက်ဖြန်းပေးပါ။
တစ်ခါတလေ ရုတ်တရက် ချက်ခြင်း တစ္ဆေခြောက်ခံရသလို ဆိုးဝါးသောပြသနာများဝင်လာတတ်ပါတယ်။ မလုပ်ချင်တဲ့အလုပ်တွေကိုလုပ်ရတတ်တယ်။ ဒါကိုတော့သတိထားသင့်။
ဒီလိုအခါမှာလည်း ထိတ်လန့်ခြင်းမဖြစ်ပါနဲ့။ စိတ်အေးအေးထားပါ။ အဲ့ဒီမကောင်းတဲ့ ပြသနာတွေဟာ ဝိဇ္ဇာမသလို သူ့အလိုလို ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။
အခုလို ကံတရားက မျက်နှာသာ ပေးခိုက်မှာ အလုပ်တွေဖိပြီး လုပ်လိုက်စမ်းပါ။ ထင်ထားတာထက် အများကြီး အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်။ ရရှိခံစားရမယ့် အကျိုးမြတ်တွေနဲ့ယှဉ်လိုက်ရင် ကြုံတွေ့နေရတဲ့ အခက်ခဲတွေဆိုတာ မပြောပလောက်တော့ပါဘူး။
အချစ်ရေး - ချစ်ပင်တွေပျိုးပြီး ချစ်မိုးတွေရွာနေအံ့ … ။ အချစ်ရဲ့ ချိုမြိန်တဲ့အသီးအပွင့်များကို ခံစားရအံ့ … ။ သံယောဇဉ်တွေ ပိုမိုလေးနက်ခိုင်မာလာအံ့ …။ ကြားလူနှောက်ယှက်တတ် …။ အဆင်မပြေသူများ ပြန်လည် အဆင်ပြေအံ့ …။ ရုတ်တရက် ဆိုင်းမဆင့် ဗုံမဆင့် အိမ်ထောင်ကျတတ် …။ သူတစ်ပါးရဲ့ နှလုံးသားရေး၊အိမ်ထောင်ရေးကိစ္စတွေမှာလည်း ဝင်ပါရတတ်ပါတယ်။
အိမ်ထောင်ရေး - ကြားလူနှောက်ယှက်တတ် (သတိထားသင့်) …။ ကြားလူတစ်ယောက်ကိုအကြောင်းပြုပြီး လင်မယားအဆင်မပြေဖြစ်တတ် … ။ စိတ်ညစ်စရာတွေ ပျော်ရွှင်စရာတွေ နှစ်မျိုးစလုံး ရောထွေးနေအံ့ … ။ အိုးသစ်အိမ်သစ် နေရာသစ်ရတတ် …။ နှစ်ဦးစလုံးရဲ့အကြံအစည် ရည်ရွယ်ချက်များသည် စိတ်ပူ ထစ်ငေါ့ပြီးလျှင် အောင်မြင်လတ္တံ့ …။
ငွေရေးကြေးရေး - ငွေအစုလိုက် အပုံလိုက် နှစ်ခါရတတ် …။ ငွေကြေးကိစ္စများ စိတ်ပူထစ်ငေါ့ပြီးမှ အောင်မြင်အံ့ …။ ငွေကြေးအကြံအစည်များအောင်မြင်ရန် ငွေကြေးအခက်အခဲများမှ လွတ်မြောက်ရန် အနည်းဆုံး အခွင့်အလမ်း အဆက်အသွယ် အကူအညီနှစ်ခု တပြိုင်နက်တည်းပေါ်လာတတ် … ။
ထီထိုးရန် - သစ်ပစ်တစ်ကို နိမိတ်ကောက်ပြီး ထိုးပါ …။ ရုက္ခစိုးမင်းထံတွင် တိုင်တည်ဆုတောင်းပြီးထိုးပါ …။ ချစ်သူနှစ်ဦး ဒါမှမဟုတ် လင်မယားနှစ်ယောက်နှင့် စပ်ထိုးပါ … ။


၁။ အချစ်ရေး၊အိမ်ထောင်ရေး ပြဿနာများ ပေါ်ပေါက်လာတတ်
၂။ လေထိုးလေအောင့် ရောဂါဖြစ်တတ်
၃။ စကားများ ငြင်းခုန်ရတတ်
၄။ လက်ရှိနေသော မြေနေရာ အိမ်နေရာ မသန့်ပါ ။ မလှမ်းမကမ်းမှာ သရဲ ရှိနေတတ်
၅။ ထူးခြားသော ရုပ်ထုတစ်ခုရောက်လာတတ် ရောက်လာပြီးနောက် စနေသားသမီး တစ်ဦးဦးကို အကြောင်းပြုပြီးငွေရတတ်
၆။ တစ်ဘဝလုံးအသုံးဝင်မည့် ပညာရတတ်
၇။ မမျှော်လင့်ဘဲ မိတ်ကောင်းဆွေကောင်းတစ်ဦး ရရှိတတ်
၈။ အောက်လက်ငယ်သား ဒုက္ခပေးတတ် စိတ်ပူရတတ်
၉။ မျက်စိနာတတ်
၁၀။ ငွေပစ္စည်းပျောက်တတ်
၁၁။ ပြည်တွင်း ပြည်ပ ခရီးများသွားရတတ်
၁၂။ သူတစ်ပါးကို ဆေးဖိုးဝါးခ ငွေကြေးများကူညီရတတ်
၁၃။ အလုပ်ထွက်ဖို့ ပြောင်းဖို့ အကြောင်းတွေပေါ်လာတတ်
၁၄။ စကားနည်းနည်းပြောပြီး အလုပ်များများလုပ်သင့်
ကျိုးပေးအဆောင် - မြ ၊ အပြာရောင်ကျောက်
အကျိုးပေးအရောင် - အပြာရောင် ၊ နှင်းဆီရောင် ၊ ပန်းရောင်
သင့်တော်သည့် ဓါတ်စာ - ပဲအမျိုးမျိုး ၊ ပန်းသီး ၊ ဖရဲ ၊ သဖန်း ၊ သစ်ချ ၊ ဗန်ဒါ
သတိ ထားသင့်သည့် အန္တရာယ် - မြေပြို ၊ တွင်းပြို ၊ တောင်ပြို
သတိထားသင့်သည့် ရောဂါ - လည်ချောင်း ၊ နှာခေါင်း ၊ အဆုတ် ၊ နို့နာ
နေ့ကောင်း - သောကြာ ၊ အင်္ဂါ ကြာသပတေး
ရက်သာ - ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၆ ၊ ၁၅ ၊ ၂၄ ၊ ၉ ၊ ၁၈ ၊ ၂၇
ယတြာ ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် အိမ်ဘုရားမှာ သောက်တော်ရေ(၁)ခွက် ၊ သစ်သီး(၁)လုံး ၊ ဖယောင်းတိုင် (၁) တိုင်၊အမွှေးတိုင် (၁)တိုင် မကြာခဏလှူဒါန်းပြီး မိမိလိုရာများကို အသံထွက်ပြီးဆုတောင်းပါ။ မိမိနေသောနေရာကို ရှာလကာရည်နှင့်ရေနှင့်ရောပြီး မကြာခဏပက်ဖြန်းပေးပါ … ။
.

အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍ ၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ …. ။
.
မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော
.
မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)
Hony Doctor of (Ph.D) Astrology India (2019)
.
နှင်းမှုန်ဖွေးဖွေး မြောက်လေသွေးသည့် ဆွတ်ပျံ့ကြည်နူး စိတ်လှုပ်ရှားရင်ခုန်ဖွယ်ကောင်းလှသည့် ဆောင်းတွင်းကာလ ဒီဇင်ဘာလ၏နေ့ရက်များ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box