ပုံမှန်လေ့ကျင့်ခန်းတော်တော်များများကတော့ ကာယခွန်အားအများကြီးစိုက်ထုတ်ရပြီး ချွေးထွက်မောပန်းရတာမျိုးတွေ များပါတယ် ။ ဒီလိုလေ့ကျင့်ခန်းတွေကြားထဲမှာမှ သက်သောင့်သက်သာနဲ့ ခန္ဓာကိုယ်အကျိုးကျေးဇူး
များစေမယ့် လေ့ကျင့်ခန်းလေးကိုဖော်ပြပေးချင်ပါတယ် ။ဒါကတော့ ခြေထောက်မြှောက်လေ့ကျင့်ခန်းပါ။ ခြေထောက်မြှောက်လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် (၂၀)နဲ့ ပုံမှန်ပြုလုပ်ပေးရင်ရရှိမယ့် အကျိုးကျေးဇူးတွေကတော့
(၁) ခြေထောက်ဖောတာ ၊ ရောင်တာ သက်သာမယ်
ဒီလေ့ကျင့်ခန်းက ခြေထောက်သွေးလှည့်ပတ်မှုကို အထူးကောင်းမွန်စေလို့ ကျောက်ကပ်ရောဂါ၊ အဝလွန်တာနဲ့ ၊ မှားယွင်းတဲ့ စားသောက်ပုံတွေကြောင့်ဖြစ်တဲ့ ခြေထောက်ဖောတာ ၊ ရောင်တာတွေကို လျော့ကျစေပြီခြေထောက် သွယ်လာစေပါတယ်။ ဒေါက်ဖိနပ်စီးရင်ဖြစ်တဲ့ နာကျင်မှုဒါဏ်တွေကိုလည်းသက်သာလာစေပါတယ်
(၂) အစာခြေစနစ် ကောင်းမွန်လာမယ်
ကိုယ်တွင်း အင်္ဂါတွေရဲ့ သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေတာကြောင့် အစာခြေစနစ်ကိုပိုမိုကောင်းမွန်လာစေပါတယ်။ အစာစုပြီး ဗိုက်ပူတာ၊ ဗိုက်အဆီစုတာတွေပါပျောက်ကင်းစေတာကြောင့် အဆီကျပြီး ခါးလေးပါသွယ်လာမှာပါ
(၃) စိတ်အတက်အကျများတာ လျော့ကျလာမယ်
ခြေထောက်မြှောက်လေ့ကျင့်ခန်းလုပ်ရင်း အသက်ရှူလေ့ကျင့်ခန်းပါလုပ်ပြီးသားဖြစ်တာကြောင့် ဦးနှောက်ထဲ အောက်ဆီဂျင်ပိုရောက်ပြီး စိတ်ကိုလန်းဆန်းစေပါတယ်။ စိတ်တည်ငြိမ်စေပြီး စိတ်လှုပ်ရှားမှု၊ လည်ပင်းနဲ့ဝမ်းဗိုက်ကြွက်သားတင်းရင်းမှုတွေကိုပါလျော့ကျစေပါတယ်။
(၄) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ်
သွေးလှည့်ပတ်မှုကောင်းမွန်စေတာကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်တွေကိုလည်း ပုံမှန်ပြန်ဖြစ်စေပြီး အိပ်ချိန်မှန်လာစေပါတယ်။
ခြေထောက်မြှောက်လေ့ကျင့်ခန်း ပြုလုပ်ပုံ
နံရံနားမှာ သက်သောင့်သက်သာဖြစ်မယ့် နေရာကိုရွေးပါ။ပြီးရင်တော့ အခင်းလေး တစ်ခုချပြီး(သို့) roller လုံးလေးကျောမှချပြီး လှဲလိုက်ပါ။ခြေထောက်ကို နံရံမှာ တည့်တည့်မြှောက်ပါ(90 degree) လက်တွေကိုတော့ ကြမ်းပြင်မှာ သက်သောင့်သက်သာချထားလို့ရပါတယ်။ ဒီအတိုင်း ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိလုပ်ပေးရပါမယ်။သတိပြုရမှာတွေ မလုပ်သင့်ပါဘူး ။
Be the first to comment