သမိုင်းကြောင်း သာမညဖလအခါတော်နေ့ (တန်ဆောင်မုန်းလပြည့်)..
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း
လပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို
ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်း
လပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ်
သတ်မှတ်ကျင်းပခဲ့ကြလေသည်။
“သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏
အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို
ဟောကြားသောနေ့ဖြစ်ခြင်းကြောင့်
တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”
ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။
သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊
သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များ
အတွက် ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။
ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်သည်။ သာမညဖလသုတ်သည်
လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။
မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏
ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို
ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်သည်။
အဇာတသတ်မင်းသားလေးသည် အသိဉာဏ်
နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကို
ခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ
ကိုးကွယ်ဆည်းကပ်မိလေသည်။
ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက်
ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင်
ဘုရင်ဗိမ္ဗိသာရကို သတ်မိသည်အထိ
အမှားကြီးမှားမိတော့သည်။ ဆင်းတု၊စေတီ၊
ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြား
ဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးထိမှာ
ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ်
တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည်
ကို သတိပြုရမည်ဖြစ်သည်။
အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို
သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော
ရောဂါဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို
လှံချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်း
ခံရသလို ဝေဒနာခံစားရသည်။ ထို ဝေဒနာကို
ပျောက်ကင်းအောင် မည်သည့်သမားတော်၊
မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။
တန်ဆောင်မုန်းလပြည့် ညတစ်ညမှာ
အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့်
ညီလာခံသဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်း
မြူတိမ်သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့်
ကြည်နူးသာယာဖွယ်ကောင်းလှသည့် တန်ဆောင်မုန်း
လပြည့် ညအလှကို ကြည့်ရှုခံစားပြီး
“မွေးလျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊
အလွန်လှပသော ညတစ်ညပါတကား ရှုချင်စဖွယ်
ကောင်းလှသော ညတစ်ညပါတကား”
ဟု တန်ဆောင်မုန်းလပြည့်ညအလှကို ချီးကျူးလေသည်။
အဇာတသတ်လည်း တကယ်တော့ အလှအပကို
ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။
အဇာတသတ်မင်းက “ယခုကဲ့သို့ သာယာလှပသော
ညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကို
ချည်းကပ်ရလျှင် ကိုယ်တော်မြတ် စိတ်တော်
ကြည်လင်နိုင်မည်နည်းး” ဟု မေးသောအခါ
မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီး
ခြောက်ယောက်နာမည်တွေကို ပြောပြကြသည်။
ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ
မဟုတ်ကြဆိုတာကို သတိပြုမိသည်။
✦ပုရာဏကဿပဆရာကြီးက အကိရိယဝါဒ=
ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။
မလုပ် ၊မရှုပ် ၊မပြုတ်ဟူသော ဝါဒနှင့်တူသည်။
✦အဇိတကေသကမ္ဗလဆရာကြီးက နတ္ထိကဝါဒ=
ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။
✦မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ=
ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။
✦ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ=
မပြုမပြင် ဝါဒသမား ဖြစ်သည်။
ပြုလည်းမပြု ၊ ပြင်လည်းမပြင်သူ ဖြစ်သည်။
✦သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ=
ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။
✦နိကဏ္ဌနာဋပုတ္တဆရာကြီးက စာတုယာမသံဝရဝါဒ=
စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော
ဂျိန်းဝါဒဖြစ်သည်။
အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို
လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏
အကြံပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန်
ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက
ဘုရင့်အနီးမှာ ယောက်ျားကိုယ်ရံတော် တစ်ယောက်မျှ
မထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို
ယောက်ျားအသွင် ဝတ်ဆင်စေပြီး လိုက်ပါစေသည်။
ဆင်မယဉ်သာ ငါးရာပေါ်၌ သက်တော်စောင့်အဖြစ်
အမျိုးသမီးစစ်သည်တော် ငါးရာကို လိုက်ပါ
စောင့်ရှောက်စေပြီး ဘုရားကျောင်းတော်သို့
သွားရန် စီစဉ်ပေးသည်။
အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော
အချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်
ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့
အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။
ဘုရားကျောင်း တော်သို့သွားသောအခါ
-ညအခါ ဖြစ်သည်ကတစ်ကြောင်း၊
-တောရိပ်၊သစ်ရိပ် ဖုံးအုပ် နေသဖြင့်
အမှောင်ဖုံးနေသည်က တစ်ကြောင်း၊
ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးး
မီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။
မီးရှူးမီးတိုင်ကို ပေါရာဏ ဝေါဟာရအားဖြင့်
“တန်ဆောင်(တန်ဆောင်တိုင်)” ဟုခေါ်ဝေါ်သည်။
အဇာတသတ်နှင့် အခြံရံပရိသတ်တို့ တန်ဆောင်မုန်း
လပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ
ကြသကဲ့သို့ ဖြစ်သည်။
အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီး
သူသိလိုသော အကြောင်းအရာများကို လျှောက်ထား
လေသည်။
“ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီး
ဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက်
လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။
ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုး
တရားကို ခံစားရရှိနိုင်ပါသလား ဘုရား။
တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။
သူတို့အားလုံးက သူတို့ဝါဒကိုသာ တင်ပြ၍
ဝေ့လည်ချောင်ပတ် လုပ်ကြပါသည်ဘုရား။”
ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက်
လက်ငင်းအကျိုးကိုမေးလျှောက်သည်။
ဘုရားရှင်၏အဖြေကို ချုပ်၍တင်ပြရလျှင်
“ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သော
အကျိုး” တို့မှာ-
(၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ
ကင်းလွတ်ရခြင်းအကျိုး၊
(၂)။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊
(၃)။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်လေးပါးမှ ကင်းဝေးရခြင်း အကျိုး၊
(၄)။ ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း အကျိုး၊
(၅)။ ပွဲသဘင်အမျိုးမျိုး၊ကစားပွဲအမျိုးမျိုး၊
မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခတွေမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့်
ပြည့်စုံရခြင်း အကျိုး၊
(၆)။ နက္ခတ် ဗေဒင် ယတြာ ဆေးကုပေးခြင်း စသည်တို့မှ
ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍
မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊
(၇)။ ဣနြေ္ဒခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း အကျိုး၊
(၈)။ သတိနှင့်ပြည့်စုံခြင်း အကျိုး၊
(၉)။ သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊
(၁ဝ)။ သန္တောသ-စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊
(၁၁)။ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊
(၁၂)။ စျာန်တရားတွေ ရနိုင်ခြင်းအကျိုး၊
(၁၃)။ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး၊
အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ်
ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော
အကျိုးတရားတို့ဖြစ်ကြသည်။
အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို
နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ
လုံးဝပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ်
နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။
ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။
ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊
ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ
ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌
“ဝိဇိတာဝီ အမည်ြဖင့် ပစ္စေကဗုဒ္ဓါတစ်ပါး” ဖြစ်ရမည်။
အဇာတသတ်မင်းသည် ပထမသံဂါယနာတင်
ဒကာအဖြစ် ခံယူရသည်။ ဘုရားရှင်၏ဓာတ်တော်များကို
စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး
တည်ထားခဲ့သည်။ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ
သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို
အတိအကျသုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏
ကျေးဇူးဖြစ်သည်။ နောင်အခါ သီရိဓမ္မာသောက
မင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်း
ထားသော ဓာတ်တော်များကို ရှာဖွေ၍ စေတီပေါင်း
ရှစ်သောင်းလေးထောင် တည်ထားကိုးကွယ်
သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓ
ဘာသာဝင်များဖူးမြော်ကြရသည်။
မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက်
တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော
ပွဲတော်များသည်
-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍
ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည်
ရိုးးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
credit
သမိုင္းေၾကာင္း သာမညဖလအခါေတာ္ေန႔ (တန္ေဆာင္မုန္းလျပည့္)
ဘုရားရွင္သည္ အဇာတသတ္မင္းအား တန္ေဆာင္မုန္း
လျပည့္ေန႔တြင္ သာမညဖလသုတၱန္တရားကို
ေဟာၾကားေတာ္မူသည္။ ထို႔ေၾကာင့္ တန္ေဆာင္မုန္း
လျပည့္ေန႔ကို “သာမညဖလအခါေတာ္ေန႔”အျဖစ္
သတ္မွတ္က်င္းပခဲ့ၾကေလသည္။
“သာမညဖလ” ၏ အဓိပၸာယ္မွာ “ရဟန္းျပဳရျခင္း၏
အက်ိဳး” ဟု အဓိပၸာယ္ရသည္။ရဟန္းျပဳျခင္း၏အက်ိဳးကို
ေဟာၾကားေသာေန႔ျဖစ္ျခင္းေၾကာင့္
တန္ေဆာင္မုန္းလျပည့္ေန႔ကို “သံဃာေတာ္မ်ားေန႔”
ဟု ေခၚဆိုလၽွင္လည္း ရနိုင္သည္။
သာမညဖလသုတ္ေတာ္သည္ ဒီဃနိကာယ္၊
သီလခႏၶဝဂၢပါဠိေတာ္၌ လာရွိသည္။
သာမညဖလသုတ္ေတာ္သည္ ရဟန္းသံဃာေတာ္မ်ား
အတြက္ ေၾကးမုံမွန္ခ်ပ္ႀကီးတစ္ခုသဖြယ္ျဖစ္သည္။
ကိုယ္က်င့္သီလရွိသည္၊ မရွိသည္ကို ဤသုတ္ျဖင့္
ထင္ဟပ္ေစနိုင္သည္။ သာမညဖလသုတ္သည္
လူဒါယကာမ်ားအတြက္ ျပဒါးခ်ိန္ႀကီးသဖြယ္ျဖစ္သည္။
မိမိတို႔ ကိုးကြယ္ေနေသာ ဆရာသမားတို႔၏
က်င့္ႀကံမႈ ဟုတ္၊ မဟုတ္၊ မွန္၊ မမွန္ကို
ဤသုတၱန္ျဖင့္ ခ်ိန္ကိုက္ၾကည့္နိုင္သည္။
အဇာတသတ္မင္းသားေလးသည္ အသိဉာဏ္
ႏုနယ္စဥ္အခ်ိန္ အရွင္ေဒဝဒတ္၏ စည္း႐ုံးမႈကို
ခံရ၍ အရွင္ေဒဝဒတ္ကို အထင္ႀကီးကာ
ကိုးကြယ္ဆည္းကပ္မိေလသည္။
ဆရာကုန္မွားေတာ့ တစ္သံသရာလုံးေမွာက္
ဆိုသည့္အတိုင္း ဆရာတင္မွားမႈေၾကာင့္ ဖခင္
ဘုရင္ဗိမၺိသာရကို သတ္မိသည္အထိ
အမွားႀကီးမွားမိေတာ့သည္။ ဆင္းတု၊ေစတီ၊
ေဟာတရား စသည့္ကိုးကြယ္မႈေတြ မ်ားျပား
ေဖာင္းပြလြန္းေသာ ယခုလိုေခတ္ႀကီးထိမွာ
ကိုးကြယ္မႈဘက္က ေဖာင္းပြလၽွင္ ကုသိုလ္
တရားဘက္က ၾကဳံ႕သြား၊ က်စ္သြားတတ္သည္
ကို သတိျပဳရမည္ျဖစ္သည္။
အဇာတသတ္သည္ ဖခင္ဘုရင္ဗိမၺိသာရကို
သတ္မိသည့္အခ်ိန္မွစ၍ ညတိုင္အိပ္မေပ်ာ္ေသာ
ေရာဂါေဝဒနာ စြဲကပ္ေတာ့သည္။ သူ႔မ်က္လုံးေတြကို
လွံခ်က္ေပါင္း အရာအေထာင္မက ထိုးဆြျခင္း
ခံရသလို ေဝဒနာခံစားရသည္။ ထို ေဝဒနာကို
ေပ်ာက္ကင္းေအာင္ မည္သည့္သမားေတာ္၊
မည္သည့္ေဆးစြမ္းေကာင္းမွ မစြမ္းနိုင္ျဖစ္ေနသည္။
တန္ေဆာင္မုန္းလျပည့္ ညတစ္ညမွာ
အဇာတသတ္မင္းသည္ မႉးမတ္ေပါင္းစုံညီျဖင့္
ညီလာခံသဘင္ ဆင္ယင္က်င္းပေနစဥ္ ဆီးႏွင္း
ျမဴတိမ္သူရိန္မီးခိုး ညစ္မ်ိဳးငါးဝ ကင္းစင္ပသျဖင့္
ၾကည္ႏူးသာယာဖြယ္ေကာင္းလွသည့္ တန္ေဆာင္မုန္း
လျပည့္ ညအလွကို ၾကည့္ရႈခံစားၿပီး
“ေမြးေလ်ာ္ဖြယ္ေကာင္းလွေသာ ညတစ္ညပါတကား၊
အလြန္လွပေသာ ညတစ္ညပါတကား ရႈခ်င္စဖြယ္
ေကာင္းလွေသာ ညတစ္ညပါတကား”
ဟု တန္ေဆာင္မုန္းလျပည့္ညအလွကို ခ်ီးက်ဴးေလသည္။
အဇာတသတ္လည္း တကယ္ေတာ့ အလွအပကို
ခံစားတတ္သူတစ္ဦးျဖစ္တာကို ေတြ႕ရ၏။
အဇာတသတ္မင္းက “ယခုကဲ့သို႔ သာယာလွပေသာ
ညခ်မ္းမွာ အဘယ္ပညာရွိ ရဟန္းပုဏၰားကို
ခ်ည္းကပ္ရလၽွင္ ကိုယ္ေတာ္ျမတ္ စိတ္ေတာ္
ၾကည္လင္နိုင္မည္နည္းး” ဟု ေမးေသာအခါ
မႉးႀကီးမတ္ႀကီးေတြက သူတို႔နီးစပ္ရာ တိတၳိဆရာႀကီး
ေျခာက္ေယာက္နာမည္ေတြကို ေျပာျပၾကသည္။
ဘုရင္အတိုင္ပင္ခံ ပုဂၢိဳလ္အမ်ားစုသည္ သမၼာဒိ႒ိေတြ
မဟုတ္ၾကဆိုတာကို သတိျပဳမိသည္။
✦ပုရာဏကႆပဆရာႀကီးက အကိရိယဝါဒ=
ဘာမွလုပ္စရာမလိုဟူေသာ ဝါဒသမားျဖစ္သည္။
မလုပ္ ၊မရႈပ္ ၊မျပဳတ္ဟူေသာ ဝါဒႏွင့္တူသည္။
✦အဇိတေကသကမၺလဆရာႀကီးက နတၳိကဝါဒ=
ဘာမွမရွိ ဟူေသာ ဝါဒသမားျဖစ္သည္။
✦မကၡလိေဂါသာလဆရာႀကီးက အေဟတုကဝါဒ=
ေၾကာင္းက်ိဳးပယ္ ဝါဒသမား ျဖစ္သည္။
✦ပကုဓ ကစၥာယနဆရာႀကီးက အကတဝါဒ=
မျပဳမျပင္ ဝါဒသမား ျဖစ္သည္။
ျပဳလည္းမျပဳ ၊ ျပင္လည္းမျပင္သူ ျဖစ္သည္။
✦သဥၥယေဗလ႒ဆရာႀကီးက အမရာဝိေကၡပဝါဒ=
ေဝ့လည္ေခ်ာင္ပတ္ ဝါဒသမားျဖစ္သည္။
✦နိကဏၭနာဋပုတၱဆရာႀကီးက စာတုယာမသံဝရဝါဒ=
ေစာင့္စည္းမႈေလးမ်ိဳးျဖင့္ ကံသုံးပါးကို ထိန္းထားေသာ
ဂ်ိန္းဝါဒျဖစ္သည္။
အဇာတသတ္မင္းသည္ အမတ္ႀကီးတို႔၏ တင္ျပခ်က္ကို
လက္မခံဘဲ ဆရာဇီဝကကို ေမးေတာ္မူရာ ဆရာဇီဝက၏
အႀကံေပးခ်က္အရ ဘုရားရွင္အထံသို႔ ခ်ဥ္းကပ္ဖို႔ရန္
ဆရာဇီဝကကို စီစဥ္ေစသည္။ ဆရာဇီဝကက
ဘုရင့္အနီးမွာ ေယာက္်ားကိုယ္ရံေတာ္ တစ္ေယာက္မၽွ
မထားရွိဘဲ အမ်ိဳးသမီးကိုယ္ရံေတာ္တပ္ကို
ေယာက္်ားအသြင္ ဝတ္ဆင္ေစၿပီး လိုက္ပါေစသည္။
ဆင္မယဥ္သာ ငါးရာေပၚ၌ သက္ေတာ္ေစာင့္အျဖစ္
အမ်ိဳးသမီးစစ္သည္ေတာ္ ငါးရာကို လိုက္ပါ
ေစာင့္ေရွာက္ေစၿပီး ဘုရားေက်ာင္းေတာ္သို႔
သြားရန္ စီစဥ္ေပးသည္။
အဇာတသတ္မင္း ဘုရားရွင္ထံ ဖူးေျမာ္ရန္သြားေသာ
အခ်ိန္သည္ တန္ေဆာင္မုန္းလျပည့္ေန႔ ညခ်မ္းအခ်ိန္
ျဖစ္သည္။ ထိုအခ်ိန္က ဘုရားရွင္သည္ ရာဇၿဂိဳလ္ၿမိဳ႕
အနီး ဇီဝကသရက္ဥယ်ာဥ္၌ သီတင္းသုံးလ်က္ရွိသည္။
ဘုရားေက်ာင္း ေတာ္သို႔သြားေသာအခါ
-ညအခါ ျဖစ္သည္ကတစ္ေၾကာင္း၊
-ေတာရိပ္၊သစ္ရိပ္ ဖုံးအုပ္ ေနသျဖင့္
အေမွာင္ဖုံးေနသည္က တစ္ေၾကာင္း၊
ထိုႏွစ္ခ်က္ေၾကာင့္ လိုက္ပါသူအားလုံး မီးရႉးး
မီးတိုင္ ကိုယ္စီထြန္းညႇိၿပီး သြားၾကရသည္။
မီးရႉးမီးတိုင္ကို ေပါရာဏ ေဝါဟာရအားျဖင့္
“တန္ေဆာင္(တန္ေဆာင္တိုင္)” ဟုေခၚေဝၚသည္။
အဇာတသတ္ႏွင့္ အၿခံရံပရိသတ္တို႔ တန္ေဆာင္မုန္း
လျပည့္ည၌ တန္ေဆာင္တိုင္မီးထြန္းပြဲ က်င္းပ
ၾကသကဲ့သို႔ ျဖစ္သည္။
အဇာတသတ္ဘုရင္က ဘုရားရွင္ထံ ခြင့္ပန္ၿပီး
သူသိလိုေသာ အေၾကာင္းအရာမ်ားကို ေလၽွာက္ထား
ေလသည္။
“ရွင္ေတာ္ျမတ္ဘုရား..ေလာကမွာ အတတ္ႀကီး
ဆယ့္ရွစ္ရပ္စေသာ အတတ္ပညာတို႔သည္ မ်က္ေမွာက္
လက္ငင္း အက်ိဳးတရားကို ခံစားရရွိနိုင္ပါသည္။
ရဟန္းျပဳျခင္းျဖင့္ မ်က္ေမွာက္လက္ငင္း အက်ိဳး
တရားကို ခံစားရရွိနိုင္ပါသလား ဘုရား။
တိတၳိဆရာႀကီးေျခာက္ဦးကို ေမးဖူးပါသည္။
သူတို႔အားလုံးက သူတို႔ဝါဒကိုသာ တင္ျပ၍
ေဝ့လည္ေခ်ာင္ပတ္ လုပ္ၾကပါသည္ဘုရား။”
ဟု သာမညဖလ-ရဟန္းျပဳျခင္း၏ မ်က္ေမွာက္
လက္ငင္းအက်ိဳးကိုေမးေလၽွာက္သည္။
ဘုရားရွင္၏အေျဖကို ခ်ဳပ္၍တင္ျပရလၽွင္
“ရဟန္းျပဳသျဖင့္ မ်က္ေမွာက္လက္ငင္း ရနိုင္ေသာ
အက်ိဳး” တို႔မွာ-
(၁)။ မင္းခစားဘဝႏွင့္ မင္းျပစ္မင္းဒဏ္မွ
ကင္းလြတ္ရျခင္းအက်ိဳး၊
(၂)။ အခြန္ထမ္းေဆာင္ျခင္းမွ ကင္းလြတ္ရျခင္းအက်ိဳး၊
(၃)။ ပါတိေမာကၡသံဝရသီလႏွင့္ ျပည့္စုံသျဖင့္
အပါယ္ေလးပါးမွ ကင္းေဝးရျခင္း အက်ိဳး၊
(၄)။ ဒုစရိုက္တရားတို႔ကိုေရွာင္ၾကဥ္သျဖင့္ ဒုစရိုက္ဒုကၡမွ
ကင္းလြတ္၍ စူဠသီလႏွင့္ ျပည့္စုံရျခင္း အက်ိဳး၊
(၅)။ ပြဲသဘင္အမ်ိဳးမ်ိဳး၊ကစားပြဲအမ်ိဳးမ်ိဳး၊
မေကာင္းေသာ စကားအမ်ိဳးမ်ိဳးတို႔မွ ေရွာင္ၾကဥ္သျဖင့္
ထိုဒုကၡေတြမွ ကင္းလြတ္၍ မဇၩိမသီလႏွင့္
ျပည့္စုံရျခင္း အက်ိဳး၊
(၆)။ နကၡတ္ ေဗဒင္ ယၾတာ ေဆးကုေပးျခင္း စသည္တို႔မွ
ေရွာင္ၾကဥ္သျဖင့္ အာဇီဝပါရိသုဒၶိသီလႏွင့္ ညီညြတ္၍
မဟာသီလႏွင့္ ျပည့္စုံရျခင္းအက်ိဳး၊
(၇)။ ဣေျႏၵေျခာက္ပါးလုံး အကုသိုလ္မျဖစ္ေအာင္
ေစာင့္စည္းနိုင္ျခင္း အက်ိဳး၊
(၈)။ သတိႏွင့္ျပည့္စုံျခင္း အက်ိဳး၊
(၉)။ သမၸဇဥ္ေခၚ ဆင္ျခင္တုံတရားႏွင့္ ျပည့္စုံျခင္းအက်ိဳး၊
(၁ဝ)။ သေႏၲာသ-စားဝတ္ေနေရး ေရာင့္ရဲနိုင္ျခင္းအက်ိဳး၊
(၁၁)။ နီဝရဏငါးပါးမွ ကင္းလြတ္ရျခင္းအက်ိဳး၊
(၁၂)။ စ်ာန္တရားေတြ ရနိုင္ျခင္းအက်ိဳး၊
(၁၃)။ ဝိဇၨာဉာဏ္ရွစ္ပါးႏွင့္ျပည့္စုံ၍ မဂ္ဖိုလ္ရျခင္းအက်ိဳး၊
အထက္ပါအက်ိဳးတရားတို႔သည္ သာမညဖလေခၚ
ရဟန္းျပဳသျဖင့္ မ်က္ေမွာက္လက္ငင္းရရွိနိုင္ေသာ
အက်ိဳးတရားတို႔ျဖစ္ၾကသည္။
အဇာတသတ္မင္းသည္ သာမညဖလတရားေတာ္ကို
နာၾကားရသည့္အတြက္ အိပ္မေပ်ာ္ေသာေရာဂါ
လုံးဝေပ်ာက္ကင္းသြားေတာ့သည္။ ရတနာသုံးပါးအေပၚ
ႏွစ္ႏွစ္ကာကာ ယုံၾကည္သြားေတာ့သည္။
ပုထုဇဥ္တို႔တြင္ ရတနာသုံးပါးကို အၾကည္ညိဳဆုံး
ပုဂၢိဳလ္အျဖစ္ ဧတဒဂ္ေပးမွတ္တမ္းတင္ျခင္းခံရသည္။
ဒုကၡႀကီးေလးေသာ မဟာအဝီစိငရဲ၌ မက်ေတာ့ဘဲ၊
ဒုကၡေပါ့ပါးေသာ ေလာဟကုမၻီငရဲငယ္၌သာ
ခံစားရေတာ့မည္။ ေနာင္အနာဂတ္ကာလ၌
“ဝိဇိတာဝီ အမည္ျဖင့္ ပေစၥကဗုဒၶါတစ္ပါး” ျဖစ္ရမည္။
အဇာတသတ္မင္းသည္ ပထမသံဂါယနာတင္
ဒကာအျဖစ္ ခံယူရသည္။ ဘုရားရွင္၏ဓာတ္ေတာ္မ်ားကို
စုေဆာင္းသိမ္းဆည္း၍ ဓာတ္ေတာ္တိုက္ႀကီး
တည္ထားခဲ့သည္။ ဗုဒၶသာသနာႏွစ္ကို အတိအက်
သတ္မွတ္ခဲ့သည္။ ဗုဒၶဘာသာဝင္တို႔ သာသနာႏွစ္ကို
အတိအက်သုံးစြဲခြင့္ ရရွိေနသည္မွာ အဇာတသတ္မင္း၏
ေက်းဇူးျဖစ္သည္။ ေနာင္အခါ သီရိဓမၼာေသာက
မင္းႀကီးသည္ အဇာတသတ္မင္း၏ စုေဆာင္း
ထားေသာ ဓာတ္ေတာ္မ်ားကို ရွာေဖြ၍ ေစတီေပါင္း
ရွစ္ေသာင္းေလးေထာင္ တည္ထားကိုးကြယ္
သာသနာျပဳခဲ့ေသာေၾကာင့္ ေႏွာင္းေခတ္ဗုဒၶ
ဘာသာဝင္မ်ားဖူးေျမာ္ၾကရသည္။
ျမန္မာ့ရိုးရာ ဆယ့္ႏွစ္လရာသီပြဲေတာ္မ်ား အနက္
တန္ေဆာင္မုန္းလတြင္ ျပဳလုပ္က်င္းပေလ့ရွိေသာ
ပြဲေတာ္မ်ားသည္
-တန္ေဆာင္တိုင္ မီးထြန္းပြဲေတာ္၊
-ကထိန္သကၤန္း အလႉပြဲေတာ္၊
-မသိုးသကၤန္း ရက္လုပ္ပြဲေတာ္၊
-မဲဇလီဖူးသုပ္ ေဝငွေသာပြဲေတာ္၊
-က်ီးမနိုး ပြဲေတာ္၊
-သာမညဖလအခါေတာ္ေန႔ ပြဲေတာ္မ်ား ဟူ၍
ခုႏွစ္မ်ိဳးခန္႔ရွိသျဖင့္ တန္ေဆာင္မုန္းလသည္
ရိုးးရာပြဲေတာ္ အမ်ားဆုံးလဟု ဆိုရေပေတာ့မည္။ ။
-【စာရိုက္ပူေဇာ္သူ - Admin Team of
Young Buddhist Association】
【အရွင္သံဝရာလကၤာရ-ဓမၼပိယဆရာေတာ္】
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
credit
Be the first to comment