Facebook Comments Box
ဆရာငြိမ်း၏ (11.Nov.2021 မှ 17.Nov.2021) အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

ဆရာငြိမ်း၏ (11.Nov.2021 မှ 17.Nov.2021) အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
ဒီအပတ်ထဲ အပြောင်းအလဲဆိုတာမျိုးတွေကြုံရတတ်ပါတယ်။ အလုပ်ပြောင်းနေရာပြောင်း၊ရုံးခန်းပြောင်း တွေကြုံရလေ့ရှိပါတယ်။ အလုပ်တစ်ခုကနေထွက်ပြီးအသစ်ပျိုးလုပ်ရတာမျိုးတွေကြုံရတတ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး မိသားစုကြောင့်ငွေကုန်ကြေးကျများရတတ်ပါတယ်။မိဘအတွက်ငွေကုန်ရတာမျိုးတွေဖြစ်တတ်ပါ တယ်။အလုပ်နဲ့ပတ်သက်တဲ့ အခက်အခဲတွေက ကိုယ့်ကြောင့်ထက် ကိုယ့်အထက်လူကြီးကြောင့် ဖြစ်ရတာများပါ လိမ့်မယ်။ ရပ်ဝေးက ကိစ္စတော်တော်များများ အခက်အခဲတွေများရတတ်ပါတယ်။ အကြံအစည်စိတ်ကူးကောင်း တွေကို မိမိအနေနဲ့ အများကိုထုတ်မပြောလိုက်ပါနဲ့။သူတစ်ပါးက မိမိအကြံကို မိမိမလုပ်ခင် အကောင်အထည်ဖော် သွားတတ်ပါတယ်။ အလိုလိုနေရင်းစိတ်ညစ်နေလိမ့်မယ်။ ဟိုဟာလုပ်ရကောင်းနိုးနိုး ၊ဒီဟာလုပ်ရကောင်းနိုးနိုးဖြစ် နေပါ လိမ့်မည်စိတ်ပန်းလူပန်းဖြစ်ရတတ်ပါတယ်။ ကျန်းမားရေးအားနည်းတဲ့ကာလတွေပါ။ ရေချိုးမှားခြင်း၊ အပူ ရှပ်ခြင်း၊ အအေးပတ်ခြင်းတွေဖြစ်လွယ်ပါတယ်။ အလုပ်ပြောင်း၊နေရာပြောင်းကြုံရတတ်သည်။ ခရီးကိစ္စပူပန်ရ တတ် သည်။ ချစ်သူဆီကအဆက်အသွယ်မလုပ်တာမျိုးကြုံရမည်။ နီးနေသူများချစ်သူ့၏ နွဲ့ဆိုးဆိုးခြင်း ခံရပါ လိမ့်မည်။ လင်မယားချင်းတော့ ပြဿ နာဖြစ် စကားများရပါလိမ့်မယ်။
အကျိုးပေးဂဏန်း.၂၊၇၊၉
အထူးဟော.ဗျာများရတတ်သည်။
ယတြာ.လမ်းပေါ်လျှောက်သွားနေသော အရူးတစ်ယောက်အား အာဟာရဒါနပြုပါ။

တနင်္လာ
ကံမြင့်မားနေတတ်ပြီး လုပ်ကိုင်ဆောင်ရွက်သမျှ အဆင်ပြေချောမွေ့တတ်ပါတယ်။ ချစ်လို့ခင်လို့ကူညီကြသူ တွေလဲ အများအပြားကြုံရတတ်ပါတယ်။ ရေလုပ်ငန်း၊ရေထွက်ကုန်နှင့် ကလေးပစ္စည်း အရောင်းဆိုင်များအရောင်း သွက်ပါလိမ့်မယ်။ အညွှန့်တလူလူ တက်နေတဲ့ကာလမို့ စီးပွားရေးအကြံအစည်သစ်တွေစတင်အကောင်အထည်ဖော် လို့ကောင်းတဲ့ကာလပါ။ မင်္ဂလာကိစ္စ၊ မေတ္တာရေးကိစ္စ၊အလှူအတန်းကိစ္စတွေ ဆွေးနွေးဆောင်ရွက်အကောင်အထည် ဖော်လို့သင့်တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။ အရင်ကတည်းက အားလုံးအပေါ်မေတ္တာထားသူတွေ ဒီကာလမှာပိုမို အဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။ ကံအကောင်းဆုံးကာလတွေပါပဲ။ စိတ်ချမ်းမြေ့စရာများပျော်ရွှင်စရာများကြုံ ရပါလိမ့်မယ်။ ဘာသာရေးကိစ္စ၊ပရဟိတကိစ္စ အထူးလုပ်ဖြစ်ပါလိမ့်မည်။ အလုပ်တိုးတတ်ခြင်း ၊တာဝန်ကြီးအပေးခံ ရခြင်းမျိုးကြုံရပါလိ့မ်မည်။ အထက်လူကြီး၏ ချစ်ခင်ခြင်းခံရမည်။ အရေးကြီးသောကိစ္စများ ဆောင်ရွက်သင့်တဲ့ အချိန်ပါပဲ။ ချစ်သူနှစ်ဦးအတွက် ဆွတ်ပျံ့ကြည်နူးစရာအကောင်းဆုံးအချိန်ပါ။လက်ဆောင်ရခြင်း ၊ ကံစမ်းမဲပေါက် ခြင်းတွေရှိပါလိမ့်မည်။ အိမ်ထောင်ရေးမှာ အဆင်ပြေပေမဲ့ ဆွေမျိုးတွေရဲ့ဒုက္ခပေးခြင်းခံရမယ်။ ကျန်းမာ‌ရေးမှာ တော့ ရေမှန်မှန်ချိုးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဦးစားပေးပါ။
အကျိုးပေးဂဏန်း .၂၊၆၊၈
အထူးဟော.စန်းပွင့်နေမည်
ယတြာ.နှင်းဆီ ၇ ပွင့်ဘုရားလှူပါ

အင်္ဂါ
စိတ်ကူးကောင်း၊အကြံအစည်ကောင်းတွေရလာတတ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်မှုတွေမှန်သမျှ မြန်မြန် ဆန်ဆန်နဲ့ ပြီးမြောက်မှုတွေကြုံရတတ်ပါတယ်။ အလုပ်အကြွေးတွေများနေသူများ စိတ်ချမ်းသာရမဲ့အချိန်ကာလပဲ ဖြစ်ပါတယ်။ အလုပ်ပိုတွေ၊ကိစ္စပိုတွေကို မိမိအောက်လက်ငယ်သားတွေအကူအညီနဲ့ဆောင်ရွက်နိုင်ပါလိမ့်မယ်။ လူချစ်လူခင်များနေတဲ့အတွက်မိတ်ဆွေတွေ၊ဖောက်သည်တွေ တိုးလာတတ်ပါတယ်။အလုပ်ကောင်း နေရာကောင်း တွေရလာတတ်ပါတယ်။ချစ်လို့နေရာပေးတာမျိုးတွေကြုံရတတ်ပါတယ်။ မိမိဝယ်ချင်တဲ့ စက်ပစ္စည်းတွေ၊ အိုင်တီ ပစ္စည်းတွေကို ဝယ်မယ်ဆို ဒီအပတ်မှာဝယ်ယူလို့အထူးကောင်းပါတယ်။ အချစ်ရေးကိစ္စ ရှုပ်ထွေးမဲ့ကာလပါ။ ငါးရံနှစ်ကောင်ဖမ်းချင်သူတွေအတွက် ဟိုမမှီ၊ဒီမမှီဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်များ စန်းပွင့်နေတဲ့အတွက် ဆင်ခြင်ပြီးနေမှတော်ကာကြပါလိမ့်မယ်။အလုပ်ထဲမှာ အမျိုးသမီးကြီးတစ်ဦး၏အကူအညီရမည်။ အိမ်ထောင်ဘက်နဲ့ စကားတကျက်ကျက်များရပါလိမ့်မယ်။ အလုပ်စီးပွားကတော့ အထူးကောင်းနေပါတယ်။ လုပ်ငန်းအသစ် တွေစတင်နိုင်ပါလိမ့်မယ်။ စာမေးပွဲ၊အင်တာဗျူး၊ပညာရေးကိစ္စများအခက်ကြုံရပါလိမ့်မယ်။ ဘုရားဖူးခရီးများ၊အလှူ မင်္ဂလာဆောင်နဲ့ သက်ဆိုင်သောခရီးများထွက်ရပါလိမ့်မယ်။ ကျန်းမာရေး ဂရုစိုက်ဖို့လိုအပ်တဲ့ကာလပဲဖြစ်ပါတယ်။
အကျိုးပေးဂဏန်း.၀၊၅၊၆
အထူးဟော.အဘက်ဘက်ကအဆင်ပြေနေမည်
ယတြာ.သစ်သီးယို ၆ မျိုးဘုရားလှူပါ

ဗုဒ္ဓဟူး/ရာဟု
ဒီအပတ်ထဲအခက်အခဲတွေ၊ဖိအားတွေများနေတာတွေ့ရပါတယ်။ အရင်ကတည်းကစိတ်ဓာတ်မာကြောသူ တွေအနေနဲ့ အေးအေးဆေးဆေးဖြတ်သန်းနိုင်ပါလိမ့်မယ်။ တစ်ခုသတိထားရမှာက ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ် တွေလုပ်ကြသူတွေကတော့သတိထားရမဲ့ကာလပါ။ ကြံစည်ထားတာလေးတွေ တေ့လွဲလွဲနေတတ်ပါတယ်။ ငွေကြေး အကူအညီတွေတော့ ရလာတတ်ပါတယ်။ ငွေကြေးချေးငှားရလွယ်ကူတတ်ပါတယ်။ စိတ်ကူးထားသမျှ အရာထင်အောင်မြင်ဖို့ ခဏတော့သည်းခံရလိမ့်မယ်။ ရွှေဝယ်တာမျိုးတော့ဒီအပတ်ထဲရှောင်စေချင်ပါတယ်။ သား သမီးအတွက် စိတ်ပူပန်ရတာမျိုးတွေဒီကာလမှာကြုံတွေ့နိုင်ပါတယ်။ ရည်မှန်းချက်တွေနှောင့်နှေးတတ်ပါတယ်။ မိမိစိတ်ကူးမိမိ မျှော်လင့်ချက်တွေအကောင်ထည်ဖော်ဖို့ကြန့်ကြာပါလိမ်မယ်။ ချစ်သူချင်းနာလည်မှု တွေလွဲနေတတ် တယ်။ အလုပ်ကိစ္စ၊အင်တာဗျူးကိစ္စတွေမှာ အခက်အခဲကြုံရပါလိမ့်မယ်။ အလုပ်ရှာနေသူများ အလုပ်ရဖို့ကြာလိမ့် မယ်။ဖခင်ကျန်းမာရေး ညံ့တတ်တဲ့အတွက်ဂရုစိုက်စေချင်ပါသည်။ အချစ်ရေးမှာ ပုံမှန်မဟုတ်ဘဲချစ်သူနဲ့ခိုးရာ လိုက်ချင်တာမျိုး စိတ်ကဖြစ်လာရင် မလုပ်ဖို့တားချင်ပါတယ်။ အခြေအနေအဆိုးတွေကြုံရတတ်ပါတယ်။
အကျိုးပေးဂဏန်း.၁၊၀၊၄
အထူးဟော.ကျန်းမာရေးညံ့နေသည်
ယတြာ.ခရီးသွားမည့်သူအားခရီးစရိတ် တတ်နိုင်သလောက်ထောက်ပံ့လိုက်ပါ။

ကြာသပတေး
လွတ်လပ်မှုပေါ့ပါးမှုတွေကို ခံစားရလိမ့်မယ်။ အပျော်ခရီးတွေသွားရတာ ဘုရားဖူးခရီးတွေသွားရတာမျိုး တွေကြုံရတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး ရပိုင်ခွင့်တွေရလာလိမ့်မယ်။ ထီပေါက်တာမျိုး၊ကံစမ်းမဲပေါက်တာ မျိုးတွေကြုံနေရတတ်ပါတယ်။ အမှုအခင်း၊အချုပ်အနှောင်ကြုံနေရသူတွေ ဒီကာလမှာဖြေရှင်းဖို့လွယ်ကူသွားပါ လိမ့်မယ်။ သတိထားရမှာက ဆရာအတုအယောင်တွေနဲ့တွေ့တတ်ပါတယ်။ မိမိကို ပိပိရိရိလိမ်လည်တာမျိုးတွေကြုံ ရတတ်ပါတယ်။ သားသမီးတွေ အဆင်မပြေလို့ ငွေကြေးထောက်ပံ့ရတာမျိုးတွေကြုံရတတ်ပါတယ်။ အောက်လက် ငယ်သားတွေရဲ့ ချစ်ခင်မှု၊လေးစားမှု၊အမိန့်နာခံမှုကို ခံစားရပါလိမ့်မယ်။ ရေစက်ချပွဲ ၊အလှူပွဲများကျင်းပနိုင်ပါလိမ့် မယ်။ချင့်ချိန် စဉ်းစားပြီးမှ ဘာမဆိုရှေးတိုးဆောင်ရွက်ပါ။ အရေးကြီးသောကိစ္စ ၊ စာချုပ်စာတမ်းကိစ္စ တွေအတွက် ရက်ရွေ့သင့်ပါတယ်။ လုပ်ငန်းစီးပွားအနှောက်အယှက်တွေ့လိမ့်မယ်။ လုပ်ငန်းပြိုင်တွေရဲ့သွားပုပ်လေလွင့် ပြောဆို ခြင်း ခံရမည်။ ငွေကုန်ကြေးကျများတတ်သည်။ မိမိစုဆောင်းထားသောငွေများ ထုတ်သုံးရသည်အထိ ငွေပြတ်သွား လိမ့်မည်။ ချစ်သူနဲ့မျက်နှာချင်းဆိုင်တာနဲ့စကားများရလိမ့်မည်။
အကျိုးပေးဂဏန်း. ၃၊၈၊၄
အထူးဟော.အကြံအစည်ပျက်တတ်သည်။
ယတြာ-သြဇာညွှန့် ၄ညွှန့် ဘုရားလှူပါ

သောကြာ
နားလည်ထားသမျှ၊ မိမိတက်ကျွမ်းသမျှတွေကို အစွမ်းကုန်ထုတ်သုံးပြီးအောင်မြင်အောင်လုပ်သင့်တဲ့ကာလ ပါပဲ။ ငွေကြေးနဲ့စာရင်းဇယားတွေကောင်းစွာကိုင်တွယ်နိုင်ပါလိမ့်မယ်။ အလုပ်စီးပွားတွေ တိုးတတ်နိုင်တာမို့ မိမိက အစွမ်းကုန်စိတ်နှစ်ပြီးလုပ်ကိုင်ဖို့လိုပါတယ်။ တစိမ်းအမျိုးသမီးတွေရဲ့ အကူအညီတွေရလာနိုင်ပါတယ်။ ဇိမ်ခံပစ္စည်း များလက်ဆောင်ရလာတတ်ပါတယ်။ ဝန်ထမ်းအလုပ်ရာထူးတိုးတတ်မည်။ လုပ်ငန်းများချဲ့ထွင် နိုင်မည်။အလုပ်မှ အကျိုးအမြတ် ရလိမ့်မယ်။ အဘက်ဘက်မှငွေဝင်လိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေနှင့် အဆင်ပြေမည်။ စိတ်ကူး ထား သော ၊ကြံစည်ထားသောကိစ္စများလက်တွေ့ အကောင်အထည်ဖော်သင့် တဲ့ ကာလ ထဲပါ။ အာမခံတာ ၊တာဝန် ယူတာ ၊အသင်းအဖွဲ့ ငွေတွေလက်ခံတာမျိုးမလုပ်ပါနဲ့ ပြဿနာတတ်ပါလိမ့်မယ်။ မိတ်ဆွေတွေရဲ့အကူအညီဖြင့် လုပ်ငန်းစီးပွားတိုးတတ်မည်။ အထက်လူကြီး၏ထောက်ခံမှုဖြင့် အလုပ်တွင်ရာထူး တိုးမည်။ အိမ်ထောင်ရေးသာယာ မည်။ အိမ်ထောင်သည် များခြေမရှုပ်ပါနှင့်။ ချစ်သူနဲ့ သွေး အေး နေလိမ့်မယ်။ ချစ်သူမရှိသေးသူများ/ချစ်သူနဲ့ဝေးနေ သူများ ချစ်သူသစ်ရ လိမ့်မည်။ စန်းပွင့်နေသောကြောင့် ချစ်ရေးဆိုခြင်းခံရလိမ့်မည်။ ထီဝါသနာပါသူများထီထိုး သင့် တဲ့ကာလပါပဲ။ ၂၊၄ များများပါသောထီဂဏန်းရွေးထိုးပါ။နှစ်ပေါင်းများစွာခွဲခွာနေရသော သူငယ်ချင်းနှင့်ပြန်ဆုံတတ် သည်။
အကျိုးပေးဂဏန်း.၂၊၈၊၄
အထူးဟော.ကံအထူးကောင်းနေပါလိမ့်မယ်
ယတြာ နံနက်စောစော အရုဏ်ဆွမ်းထလောင်းလှူပါ

စနေ
အကြံအစည်ပျက်လွယ်သည်။ကျန်းမားရေးအားနည်းနေသည်။ဗိုက်အောက်၊ဗိုက်နာဖြစ်တတ်ပါတယ်။ဘာကိစ္စပဲကြုံကြုံ အလျင်စလိုမဆုံးဖြတ်ပါနှင့်။ ကိုယ်တိုင်ဆုံးဖြတ်ခြင်းထက်သူများဆီကအကြံဉာဏ်ယူပြီး ဆုံးဖြတ်ရမဲ့ ကာလ ပါ။ ချစ်သူနဲ့စိတ်ဝမ်းကွဲပါလိမ့်မယ်။ ချစ်သူချင်း ခွဲခွာနေရတတ်ပါသည်။ အဆက်အသွယ်မလုပ်တဲ့ချစ်သူ ကြောင့် စိတ်ညစ်ရပါလိမ့်မယ်။ သတိရစရာ လွမ်းဆွတ်စရာတွေပြည့်နှက်နေမဲ့ကာလပါ။အလုပ်အသစ် မစတင်ပါ နှင့်။ အလုပ်ထဲမှာ မိမိကိုမနာလိုသူတွေ အုပ်စုဖွဲ့ချောက်ချတာမျိုးကြုံရတတ်တဲ့အတွက်သတိရှိပါ။ လှုပ်ရှား မှုများမဲ့ ကာလတွေပါ။ အငြိမ်မနေရဖြစ်ပါလိမ့်မယ်။ မိသားစုအတွင်း စိတ်ချမ်းသာစရာ ကိစ္စ များဖြစ်ပေါ်မည်။ အလုပ် ပိုတွေ ၊လူမှုရေးကိစ္စတွေကြောင့် မနားရမဲ့ကာလပါ။ ငွေမချေးပါနှင့်။ အားနာလို့၊ လူရင်း မို့လို့ဆိုပြီး ငွေ ချေးပါက ဆုံးတတ်ပါသည်။ အလုပ်ပြောင်းရ ၊ဌာနပြောင်း တာမျိုးကြုံရတတ်ပါတယ်။ လူရင်းတွေ ၊ အနီးကပ် မိတ်ဆွေ တွေရဲ့ဒုက္ခပေးခြင်းကိုခံရပါလိမ့်မယ်။သူတစ်ပါးပြဿနာကြားဝင် ဖြေရှင်း ရပါလိမ့်မည်။ အလုပ်နဲ့ ပတ် သက်ပြီး ခရီးယာယီကြုံရတတ်သည်။ မိသားစုအတွင်းတစ်ယောက်တစ်ပေါက် ဖြစ် နေလိမ့်မည်။ မောင်နှမ အချင်း ချင်းစိတ်ဝမ်းကွဲလိမ့်မည်။ မနိုင်ဝန်ထမ်းရမဲ့ကာလပါ။ အလုပ်ဝန်ပိနေပါလိမ့်မယ်။
အကျိုးပေးဂဏန်း.၃၊၆၊၇
အထူးဟော.ကံညံ့နေသည်
ယတြာ.ရဟန်းတစ်ပါးကို အားဆေးတစ်ဘူး လှူလိုက်ပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာၿငိမ္း၏ (11.Nov.2021 မွ 17.Nov.2021) အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ
ဒီအပတ္ထဲ အေျပာင္းအလဲဆိုတာမ်ိဳးေတြၾကဳံရတတ္ပါတယ္။ အလုပ္ေျပာင္းေနရာေျပာင္း၊႐ုံးခန္းေျပာင္း ေတြၾကဳံရေလ့ရွိပါတယ္။ အလုပ္တစ္ခုကေနထြက္ၿပီးအသစ္ပ်ိဳးလုပ္ရတာမ်ိဳးေတြၾကဳံရတတ္ပါတယ္။ ေငြေၾကးနဲ႔ ပတ္သက္ၿပီး မိသားစုေၾကာင့္ေငြကုန္ေၾကးက်မ်ားရတတ္ပါတယ္။မိဘအတြက္ေငြကုန္ရတာမ်ိဳးေတြျဖစ္တတ္ပါ တယ္။အလုပ္နဲ႔ပတ္သက္တဲ့ အခက္အခဲေတြက ကိုယ့္ေၾကာင့္ထက္ ကိုယ့္အထက္လူႀကီးေၾကာင့္ ျဖစ္ရတာမ်ားပါ လိမ့္မယ္။ ရပ္ေဝးက ကိစၥေတာ္ေတာ္မ်ားမ်ား အခက္အခဲေတြမ်ားရတတ္ပါတယ္။ အႀကံအစည္စိတ္ကူးေကာင္း ေတြကို မိမိအေနနဲ႔ အမ်ားကိုထုတ္မေျပာလိုက္ပါနဲ႔။သူတစ္ပါးက မိမိအႀကံကို မိမိမလုပ္ခင္ အေကာင္အထည္ေဖာ္ သြားတတ္ပါတယ္။ အလိုလိုေနရင္းစိတ္ညစ္ေနလိမ့္မယ္။ ဟိုဟာလုပ္ရေကာင္းနိုးနိုး ၊ဒီဟာလုပ္ရေကာင္းနိုးနိုးျဖစ္ ေနပါ လိမ့္မည္စိတ္ပန္းလူပန္းျဖစ္ရတတ္ပါတယ္။ က်န္းမားေရးအားနည္းတဲ့ကာလေတြပါ။ ေရခ်ိဳးမွားျခင္း၊ အပူ ရွပ္ျခင္း၊ အေအးပတ္ျခင္းေတြျဖစ္လြယ္ပါတယ္။ အလုပ္ေျပာင္း၊ေနရာေျပာင္းၾကဳံရတတ္သည္။ ခရီးကိစၥပူပန္ရ တတ္ သည္။ ခ်စ္သူဆီကအဆက္အသြယ္မလုပ္တာမ်ိဳးၾကဳံရမည္။ နီးေနသူမ်ားခ်စ္သူ႔၏ ႏြဲ႕ဆိုးဆိုးျခင္း ခံရပါ လိမ့္မည္။ လင္မယားခ်င္းေတာ့ ျပႆ နာျဖစ္ စကားမ်ားရပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း.၂၊၇၊၉
အထူးေဟာ.ဗ်ာမ်ားရတတ္သည္။
ယၾတာ.လမ္းေပၚေလၽွာက္သြားေနေသာ အ႐ူးတစ္ေယာက္အား အာဟာရဒါနျပဳပါ။

တနလၤာ
ကံျမင့္မားေနတတ္ၿပီး လုပ္ကိုင္ေဆာင္ရြက္သမၽွ အဆင္ေျပေခ်ာေမြ႕တတ္ပါတယ္။ ခ်စ္လို႔ခင္လို႔ကူညီၾကသူ ေတြလဲ အမ်ားအျပားၾကဳံရတတ္ပါတယ္။ ေရလုပ္ငန္း၊ေရထြက္ကုန္ႏွင့္ ကေလးပစၥည္း အေရာင္းဆိုင္မ်ားအေရာင္း သြက္ပါလိမ့္မယ္။ အညႊန႔္တလူလူ တက္ေနတဲ့ကာလမို႔ စီးပြားေရးအႀကံအစည္သစ္ေတြစတင္အေကာင္အထည္ေဖာ္ လို႔ေကာင္းတဲ့ကာလပါ။ မဂၤလာကိစၥ၊ ေမတၱာေရးကိစၥ၊အလႉအတန္းကိစၥေတြ ေဆြးေႏြးေဆာင္ရြက္အေကာင္အထည္ ေဖာ္လို႔သင့္တဲ့ကာလတစ္ခုပဲျဖစ္ပါတယ္။ အရင္ကတည္းက အားလုံးအေပၚေမတၱာထားသူေတြ ဒီကာလမွာပိုမို အဆင္ေျပနိုင္တာကိုေတြ႕ရပါတယ္။ ကံအေကာင္းဆုံးကာလေတြပါပဲ။ စိတ္ခ်မ္းေျမ့စရာမ်ားေပ်ာ္ရႊင္စရာမ်ားၾကဳံ ရပါလိမ့္မယ္။ ဘာသာေရးကိစၥ၊ပရဟိတကိစၥ အထူးလုပ္ျဖစ္ပါလိမ့္မည္။ အလုပ္တိုးတတ္ျခင္း ၊တာဝန္ႀကီးအေပးခံ ရျခင္းမ်ိဳးၾကဳံရပါလိ့မ္မည္။ အထက္လူႀကီး၏ ခ်စ္ခင္ျခင္းခံရမည္။ အေရးႀကီးေသာကိစၥမ်ား ေဆာင္ရြက္သင့္တဲ့ အခ်ိန္ပါပဲ။ ခ်စ္သူႏွစ္ဦးအတြက္ ဆြတ္ပ်ံ႕ၾကည္ႏူးစရာအေကာင္းဆုံးအခ်ိန္ပါ။လက္ေဆာင္ရျခင္း ၊ ကံစမ္းမဲေပါက္ ျခင္းေတြရွိပါလိမ့္မည္။ အိမ္ေထာင္ေရးမွာ အဆင္ေျပေပမဲ့ ေဆြမ်ိဳးေတြရဲ့ဒုကၡေပးျခင္းခံရမယ္။ က်န္းမာ‌ေရးမွာ ေတာ့ ေရမွန္မွန္ခ်ိဳးပါ။ တစ္ကိုယ္ေရသန႔္ရွင္းေရးဦးစားေပးပါ။
အက်ိဳးေပးဂဏန္း .၂၊၆၊၈
အထူးေဟာ.စန္းပြင့္ေနမည္
ယၾတာ.ႏွင္းဆီ ၇ ပြင့္ဘုရားလႉပါ

အဂၤါ
စိတ္ကူးေကာင္း၊အႀကံအစည္ေကာင္းေတြရလာတတ္ပါတယ္။ လုပ္ကိုင္ေဆာင္ရြက္မႈေတြမွန္သမၽွ ျမန္ျမန္ ဆန္ဆန္နဲ႔ ၿပီးေျမာက္မႈေတြၾကဳံရတတ္ပါတယ္။ အလုပ္အေႂကြးေတြမ်ားေနသူမ်ား စိတ္ခ်မ္းသာရမဲ့အခ်ိန္ကာလပဲ ျဖစ္ပါတယ္။ အလုပ္ပိုေတြ၊ကိစၥပိုေတြကို မိမိေအာက္လက္ငယ္သားေတြအကူအညီနဲ႔ေဆာင္ရြက္နိုင္ပါလိမ့္မယ္။ လူခ်စ္လူခင္မ်ားေနတဲ့အတြက္မိတ္ေဆြေတြ၊ေဖာက္သည္ေတြ တိုးလာတတ္ပါတယ္။အလုပ္ေကာင္း ေနရာေကာင္း ေတြရလာတတ္ပါတယ္။ခ်စ္လို႔ေနရာေပးတာမ်ိဳးေတြၾကဳံရတတ္ပါတယ္။ မိမိဝယ္ခ်င္တဲ့ စက္ပစၥည္းေတြ၊ အိုင္တီ ပစၥည္းေတြကို ဝယ္မယ္ဆို ဒီအပတ္မွာဝယ္ယူလို႔အထူးေကာင္းပါတယ္။ အခ်စ္ေရးကိစၥ ရႈပ္ေထြးမဲ့ကာလပါ။ ငါးရံႏွစ္ေကာင္ဖမ္းခ်င္သူေတြအတြက္ ဟိုမမွီ၊ဒီမမွီျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္မ်ား စန္းပြင့္ေနတဲ့အတြက္ ဆင္ျခင္ၿပီးေနမွေတာ္ကာၾကပါလိမ့္မယ္။အလုပ္ထဲမွာ အမ်ိဳးသမီးႀကီးတစ္ဦး၏အကူအညီရမည္။ အိမ္ေထာင္ဘက္နဲ႔ စကားတက်က္က်က္မ်ားရပါလိမ့္မယ္။ အလုပ္စီးပြားကေတာ့ အထူးေကာင္းေနပါတယ္။ လုပ္ငန္းအသစ္ ေတြစတင္နိုင္ပါလိမ့္မယ္။ စာေမးပြဲ၊အင္တာဗ်ဴး၊ပညာေရးကိစၥမ်ားအခက္ၾကဳံရပါလိမ့္မယ္။ ဘုရားဖူးခရီးမ်ား၊အလႉ မဂၤလာေဆာင္နဲ႔ သက္ဆိုင္ေသာခရီးမ်ားထြက္ရပါလိမ့္မယ္။ က်န္းမာေရး ဂ႐ုစိုက္ဖို႔လိုအပ္တဲ့ကာလပဲျဖစ္ပါတယ္။
အက်ိဳးေပးဂဏန္း.၀၊၅၊၆
အထူးေဟာ.အဘက္ဘက္ကအဆင္ေျပေနမည္
ယၾတာ.သစ္သီးယို ၆ မ်ိဳးဘုရားလႉပါ

ဗုဒၶဟူး/ရာဟု
ဒီအပတ္ထဲအခက္အခဲေတြ၊ဖိအားေတြမ်ားေနတာေတြ႕ရပါတယ္။ အရင္ကတည္းကစိတ္ဓာတ္မာေၾကာသူ ေတြအေနနဲ႔ ေအးေအးေဆးေဆးျဖတ္သန္းနိုင္ပါလိမ့္မယ္။ တစ္ခုသတိထားရမွာက ဥပေဒနဲ႔မလြတ္ကင္းတဲ့အလုပ္ ေတြလုပ္ၾကသူေတြကေတာ့သတိထားရမဲ့ကာလပါ။ ႀကံစည္ထားတာေလးေတြ ေတ့လြဲလြဲေနတတ္ပါတယ္။ ေငြေၾကး အကူအညီေတြေတာ့ ရလာတတ္ပါတယ္။ ေငြေၾကးေခ်းငွားရလြယ္ကူတတ္ပါတယ္။ စိတ္ကူးထားသမၽွ အရာထင္ေအာင္ျမင္ဖို႔ ခဏေတာ့သည္းခံရလိမ့္မယ္။ ေရႊဝယ္တာမ်ိဳးေတာ့ဒီအပတ္ထဲေရွာင္ေစခ်င္ပါတယ္။ သား သမီးအတြက္ စိတ္ပူပန္ရတာမ်ိဳးေတြဒီကာလမွာၾကဳံေတြ႕နိုင္ပါတယ္။ ရည္မွန္းခ်က္ေတြေႏွာင့္ေႏွးတတ္ပါတယ္။ မိမိစိတ္ကူးမိမိ ေမၽွာ္လင့္ခ်က္ေတြအေကာင္ထည္ေဖာ္ဖို႔ၾကန႔္ၾကာပါလိမ္မယ္။ ခ်စ္သူခ်င္းနာလည္မႈ ေတြလြဲေနတတ္ တယ္။ အလုပ္ကိစၥ၊အင္တာဗ်ဴးကိစၥေတြမွာ အခက္အခဲၾကဳံရပါလိမ့္မယ္။ အလုပ္ရွာေနသူမ်ား အလုပ္ရဖို႔ၾကာလိမ့္ မယ္။ဖခင္က်န္းမာေရး ညံ့တတ္တဲ့အတြက္ဂ႐ုစိုက္ေစခ်င္ပါသည္။ အခ်စ္ေရးမွာ ပုံမွန္မဟုတ္ဘဲခ်စ္သူနဲ႔ခိုးရာ လိုက္ခ်င္တာမ်ိဳး စိတ္ကျဖစ္လာရင္ မလုပ္ဖို႔တားခ်င္ပါတယ္။ အေျခအေနအဆိုးေတြၾကဳံရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း.၁၊၀၊၄
အထူးေဟာ.က်န္းမာေရးညံ့ေနသည္
ယၾတာ.ခရီးသြားမည့္သူအားခရီးစရိတ္ တတ္နိုင္သေလာက္ေထာက္ပံ့လိုက္ပါ။

ၾကာသပေတး
လြတ္လပ္မႈေပါ့ပါးမႈေတြကို ခံစားရလိမ့္မယ္။ အေပ်ာ္ခရီးေတြသြားရတာ ဘုရားဖူးခရီးေတြသြားရတာမ်ိဳး ေတြၾကဳံရတတ္ပါတယ္။ေငြေၾကးနဲ႔ပတ္သက္ၿပီး ရပိုင္ခြင့္ေတြရလာလိမ့္မယ္။ ထီေပါက္တာမ်ိဳး၊ကံစမ္းမဲေပါက္တာ မ်ိဳးေတြၾကဳံေနရတတ္ပါတယ္။ အမႈအခင္း၊အခ်ဳပ္အေႏွာင္ၾကဳံေနရသူေတြ ဒီကာလမွာေျဖရွင္းဖို႔လြယ္ကူသြားပါ လိမ့္မယ္။ သတိထားရမွာက ဆရာအတုအေယာင္ေတြနဲ႔ေတြ႕တတ္ပါတယ္။ မိမိကို ပိပိရိရိလိမ္လည္တာမ်ိဳးေတြၾကဳံ ရတတ္ပါတယ္။ သားသမီးေတြ အဆင္မေျပလို႔ ေငြေၾကးေထာက္ပံ့ရတာမ်ိဳးေတြၾကဳံရတတ္ပါတယ္။ ေအာက္လက္ ငယ္သားေတြရဲ့ ခ်စ္ခင္မႈ၊ေလးစားမႈ၊အမိန႔္နာခံမႈကို ခံစားရပါလိမ့္မယ္။ ေရစက္ခ်ပြဲ ၊အလႉပြဲမ်ားက်င္းပနိုင္ပါလိမ့္ မယ္။ခ်င့္ခ်ိန္ စဥ္းစားၿပီးမွ ဘာမဆိုေရွးတိုးေဆာင္ရြက္ပါ။ အေရးႀကီးေသာကိစၥ ၊ စာခ်ဳပ္စာတမ္းကိစၥ ေတြအတြက္ ရက္ေရြ႕သင့္ပါတယ္။ လုပ္ငန္းစီးပြားအေႏွာက္အယွက္ေတြ႕လိမ့္မယ္။ လုပ္ငန္းၿပိဳင္ေတြရဲ့သြားပုပ္ေလလြင့္ ေျပာဆို ျခင္း ခံရမည္။ ေငြကုန္ေၾကးက်မ်ားတတ္သည္။ မိမိစုေဆာင္းထားေသာေငြမ်ား ထုတ္သုံးရသည္အထိ ေငြျပတ္သြား လိမ့္မည္။ ခ်စ္သူနဲ႔မ်က္ႏွာခ်င္းဆိုင္တာနဲ႔စကားမ်ားရလိမ့္မည္။
အက်ိဳးေပးဂဏန္း. ၃၊၈၊၄
အထူးေဟာ.အႀကံအစည္ပ်က္တတ္သည္။
ယၾတာ-ၾသဇာညႊန႔္ ၄ညႊန႔္ ဘုရားလႉပါ

ေသာၾကာ
နားလည္ထားသမၽွ၊ မိမိတက္ကၽြမ္းသမၽွေတြကို အစြမ္းကုန္ထုတ္သုံးၿပီးေအာင္ျမင္ေအာင္လုပ္သင့္တဲ့ကာလ ပါပဲ။ ေငြေၾကးနဲ႔စာရင္းဇယားေတြေကာင္းစြာကိုင္တြယ္နိုင္ပါလိမ့္မယ္။ အလုပ္စီးပြားေတြ တိုးတတ္နိုင္တာမို႔ မိမိက အစြမ္းကုန္စိတ္ႏွစ္ၿပီးလုပ္ကိုင္ဖို႔လိုပါတယ္။ တစိမ္းအမ်ိဳးသမီးေတြရဲ့ အကူအညီေတြရလာနိုင္ပါတယ္။ ဇိမ္ခံပစၥည္း မ်ားလက္ေဆာင္ရလာတတ္ပါတယ္။ ဝန္ထမ္းအလုပ္ရာထူးတိုးတတ္မည္။ လုပ္ငန္းမ်ားခ်ဲ႕ထြင္ နိုင္မည္။အလုပ္မွ အက်ိဳးအျမတ္ ရလိမ့္မယ္။ အဘက္ဘက္မွေငြဝင္လိမ့္မယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြႏွင့္ အဆင္ေျပမည္။ စိတ္ကူး ထား ေသာ ၊ႀကံစည္ထားေသာကိစၥမ်ားလက္ေတြ႕ အေကာင္အထည္ေဖာ္သင့္ တဲ့ ကာလ ထဲပါ။ အာမခံတာ ၊တာဝန္ ယူတာ ၊အသင္းအဖြဲ႕ ေငြေတြလက္ခံတာမ်ိဳးမလုပ္ပါနဲ႔ ျပႆနာတတ္ပါလိမ့္မယ္။ မိတ္ေဆြေတြရဲ့အကူအညီျဖင့္ လုပ္ငန္းစီးပြားတိုးတတ္မည္။ အထက္လူႀကီး၏ေထာက္ခံမႈျဖင့္ အလုပ္တြင္ရာထူး တိုးမည္။ အိမ္ေထာင္ေရးသာယာ မည္။ အိမ္ေထာင္သည္ မ်ားေျခမရႈပ္ပါႏွင့္။ ခ်စ္သူနဲ႔ ေသြး ေအး ေနလိမ့္မယ္။ ခ်စ္သူမရွိေသးသူမ်ား/ခ်စ္သူနဲ႔ေဝးေန သူမ်ား ခ်စ္သူသစ္ရ လိမ့္မည္။ စန္းပြင့္ေနေသာေၾကာင့္ ခ်စ္ေရးဆိုျခင္းခံရလိမ့္မည္။ ထီဝါသနာပါသူမ်ားထီထိုး သင့္ တဲ့ကာလပါပဲ။ ၂၊၄ မ်ားမ်ားပါေသာထီဂဏန္းေရြးထိုးပါ။ႏွစ္ေပါင္းမ်ားစြာခြဲခြာေနရေသာ သူငယ္ခ်င္းႏွင့္ျပန္ဆုံတတ္ သည္။
အက်ိဳးေပးဂဏန္း.၂၊၈၊၄
အထူးေဟာ.ကံအထူးေကာင္းေနပါလိမ့္မယ္
ယၾတာ နံနက္ေစာေစာ အ႐ုဏ္ဆြမ္းထေလာင္းလႉပါ

စေန
အႀကံအစည္ပ်က္လြယ္သည္။က်န္းမားေရးအားနည္းေနသည္။ဗိုက္ေအာက္၊ဗိုက္နာျဖစ္တတ္ပါတယ္။ဘာကိစၥပဲၾကဳံၾကဳံ အလ်င္စလိုမဆုံးျဖတ္ပါႏွင့္။ ကိုယ္တိုင္ဆုံးျဖတ္ျခင္းထက္သူမ်ားဆီကအႀကံဉာဏ္ယူၿပီး ဆုံးျဖတ္ရမဲ့ ကာလ ပါ။ ခ်စ္သူနဲ႔စိတ္ဝမ္းကြဲပါလိမ့္မယ္။ ခ်စ္သူခ်င္း ခြဲခြာေနရတတ္ပါသည္။ အဆက္အသြယ္မလုပ္တဲ့ခ်စ္သူ ေၾကာင့္ စိတ္ညစ္ရပါလိမ့္မယ္။ သတိရစရာ လြမ္းဆြတ္စရာေတြျပည့္ႏွက္ေနမဲ့ကာလပါ။အလုပ္အသစ္ မစတင္ပါ ႏွင့္။ အလုပ္ထဲမွာ မိမိကိုမနာလိုသူေတြ အုပ္စုဖြဲ႕ေခ်ာက္ခ်တာမ်ိဳးၾကဳံရတတ္တဲ့အတြက္သတိရွိပါ။ လႈပ္ရွား မႈမ်ားမဲ့ ကာလေတြပါ။ အၿငိမ္မေနရျဖစ္ပါလိမ့္မယ္။ မိသားစုအတြင္း စိတ္ခ်မ္းသာစရာ ကိစၥ မ်ားျဖစ္ေပၚမည္။ အလုပ္ ပိုေတြ ၊လူမႈေရးကိစၥေတြေၾကာင့္ မနားရမဲ့ကာလပါ။ ေငြမေခ်းပါႏွင့္။ အားနာလို႔၊ လူရင္း မို႔လို႔ဆိုၿပီး ေငြ ေခ်းပါက ဆုံးတတ္ပါသည္။ အလုပ္ေျပာင္းရ ၊ဌာနေျပာင္း တာမ်ိဳးၾကဳံရတတ္ပါတယ္။ လူရင္းေတြ ၊ အနီးကပ္ မိတ္ေဆြ ေတြရဲ့ဒုကၡေပးျခင္းကိုခံရပါလိမ့္မယ္။သူတစ္ပါးျပႆနာၾကားဝင္ ေျဖရွင္း ရပါလိမ့္မည္။ အလုပ္နဲ႔ ပတ္ သက္ၿပီး ခရီးယာယီၾကဳံရတတ္သည္။ မိသားစုအတြင္းတစ္ေယာက္တစ္ေပါက္ ျဖစ္ ေနလိမ့္မည္။ ေမာင္ႏွမ အခ်င္း ခ်င္းစိတ္ဝမ္းကြဲလိမ့္မည္။ မနိုင္ဝန္ထမ္းရမဲ့ကာလပါ။ အလုပ္ဝန္ပိေနပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း.၃၊၆၊၇
အထူးေဟာ.ကံညံ့ေနသည္
ယၾတာ.ရဟန္းတစ္ပါးကို အားေဆးတစ္ဘူး လႉလိုက္ပါ။
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးနိုင္ၾကပါေစ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box