လူ့ဘဝတိုးတက်အောင်မြင်းခြင်းနှင့် အောင်မြင်ရေးလမ်းကြောင်းတို့ ဆက်စပ်ခြင်း
အောင်မြင်ကြီးပွားတိုးတက်ခြင်းကို ကျွန်ုပ်တို့အားလုံး အလိုရှိကြသည်ပင်ဖြစ်သည်၊ ထို့အတွက်ကြောင့် အောင်မြင်ကြီးပွားတိုးတက်ရန်လမ်းစများကိုလည်း ရှာဖွေနေကြသည်ပင်ဖြစ်သည်။ ကြိုးစားသမျှ ဘဝတွင် အမှန်တစ်ကယ် အောင်မြင်မလား၊တိုးတက်မလား၊ ဘယ်လောက်အတိုင်းအတာကြိုးစားရမလည်း၊ ဘယ်အချိန်မှာ အောင်မြင်မလည်း ဆိုသည့်အချက်များကို ဘဝတိုးတက်ဖို့ရည်ရွယ်ပြီး ကြိုးစားနေသူတိုင်း သိချင်ကြမည်ဖြစ်သည်။ ထိုအချက်များကို မိမိတို့ လက်ဖဝါးပြင်ရှိ အောင်မြင်ရေးလမ်းကြောင်းက တိတိကျကျအဖြေပေး နိုင်ပါတယ်။
အောင်မြင်ရေးလမ်းကြောင်းကို တနင်္ဂနွေလမ်းကြောင်းလို့လည်း အချို့ကျမ်းများမှာရေးသားကြတယ်၊ တနင်္ဂနွေဂြိုဟ်ခုံဆီကို တက်သွားတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။ ကံလမ်းကြောင်းနဲ့ ဘေးချင်းယှင်ပြီးတက်တဲ့ ထောင်လိုက်လမ်းကြောင်းဖြစ်ပါတယ်၊ ဒီလမ်းကြောင်းဟာ လက္ခဏာရှင်အတွက် အောင်မြင်ခြင်း၊ထင်ပေါ်ကျော်ကြားခြင်း၊ ပါတ်ဝန်ကျင်းအသိုင်းအဝိုင်းမှာ မျက်နာရခြင်း၊လူအများလေးစားချစ်ခင်ခြင်း၊တို့ကိုဖော်ပြပြီး လက္ခဏာရှင် လုပ်သမျှလုပ်ငန်း များ အလွယ်တစ်ကူ အောင်မြင်ခြင်း၊တိုးတက်ခြင်း၊ကူညီမစမည့်သူများ ပေါ်ပေါက်ခြင်း၊ ရန်များကို ကာကွယ်ပေးခြင်း တို့နှင့်လည်းသက်ဆိုင်လျှက်ရှိပေသည်။ကံလမ်းကြောင်းတွင် အနာအဆရှိစေကာမူ ထိုအသက်အရွယ်တွင် အောင်မြင်ရေး လမ်းကြောင်းအလွန်ကောင်းပါက ကံမကောင်းခြင်းများမှာ များစွာသိသာလိမ့်မည်မဟုတ်ပေ။ထို့ကြောင့် အောင်မြင်ရေး လမ်းကြောင်းသည် လက္ခဏာရှင်အတွက် အလွန်အရေးကြီးလှပေသည်။အောင်မြင်ရေးလမ်းကြောင်းမကောင်းတဲ့အခါ ကံကောင်းနေပေမယ့် အလုပ်မဖြစ်တတ်ပါဘူး၊ ဥပမာပေးရရင် သိန်းသောင်းချီတန်တဲ့ ကျောက်စိမ်းကြီးတွေ့တာက ကံကောင်းလို့ပါဘဲ အောင်မြင်ရေးလမ်းမကောင်းတော့ အဲဒီကျောက်ကို ရတဲ့စျေးနဲ့ သူများကို ရောင်းလိုက်မိတာမျိုးဖြစ်တယ်။ ကံတော့ကောင်းခဲ့ပေမယ့် အဲဒီအကျိုးခံစားစံစားခွင့်ရတာမျိုးမရှိတာပါ။
အောင်မြင်ရေးလမ်းကြောင်းဟာ ကောင်းခြင်းဆိုးခြင်းထက် အောင်မြင်ခြင်း၊ထင်ပေါ်ခြင်းကို အဓိကပေးတဲ့ လမ်းကြောင်းဖြစ်တယ်။ ဒါကြောင့် လမ်းကြောင်းပိုင်ရှင်ရဲ့ မူလလက်ပုံစံ၊လက်မအနေအထားကလည်း အရေးကြီးပါတယ်၊ လက္ခဏာရှင်ရဲ့မူလစိတ်ထားဟာလည်း အရေးကြီးတယ်၊အခြေခံစိတ်ထား မကောင်းတဲ့သူအတွက် အောင်မြင်ရေးလမ်းကြောင်းဟာ မကောင်းတဲ့ သူ့ရဲ့လုပ်ရပ်တွေကို အောင်မြင်စေမှာဖြစ်သလို မကောင်းသတင်းနဲ့ ကျော်ဇောစေတာမျိုးကိုလည်း ဖြစ်စေတတ်ကြောင်း သုတေသနပြုချက်တွေကဖော်ပြနေတတ်ပါတယ်။ ဒါကို သတိပြုဖို့လည်း လိုအပ်ပါတယ်။ အောင်မြင်ရေးလမ်းကြောင်းပါတဲ့သူတွေဟာ စာပေ၊အနုပညာ၊ဂီတ စတဲ့အခြေအနေတွေမှာ အောင်မြင်နိုင်တယ်၊ရသမြောက်တယ်လို့ ဆိုသော်လည်း ထိုကဲ့သို့ တစ်ထစ်ချဟောပြောခြင်ကို အစောတလျှင်မပြုလုပ် သင့်ပါဘူး၊ လက်ပုံစံ၊ဂြိုဟ်ခုံများနှင့် အခြားသော လမ်းကြောင်းတွေနဲ့ ချိန်ဆပြီးမှ ပြောသင့်ပါတယ်။ အောင်မြင်ရေးလမ်းကြောင်းဟာ အလွန်အပြားထူနေတာမျိုး၊ကျွန်း၊အဖျက်မှတ်များပါရှိနေရင်လည်း ထင်သလောက်မ ပေါက်နိုင်ဘဲ ရှိနေတတ်ပါတယ်။လမ်းကြောင်းရဲ့ အရောင်အဆင်းဟာလည်း အရေးကြီးပါတယ်။
အောင်မြင်ရေးလမ်းကြောင်းဟာ လက်ကောက်ဝတ်ကနေ တနင်္ဂနွေဂြိုဟ်ခုံကို တက်သွားတဲ့လမ်းကြောင်းလို့ ဆိုပေမယ့် ဒီလိုထင်ထင်ရှားရှားတက်သွားတဲ့ လမ်းကြောင်းမျိုးကတော့ အလွန်ရှားတယ်၊ အပြတ်အတောက်အနေနဲ့ တက်နေတဲ့ လမ်းကြောင်းမျိုးနဲ့ တွေ့ရတာများပါတယ်၊ အောင်မြင်ရေးလမ်းကြောင်းရဲ့ အစမျိုးတဲ့ နေရာတွေကို လေ့လာတဲ့အခါ သောကြာဂြိုဟ်ခုံမှ တနင်္လာဂြိုဟ်ခုံအထိ နေရာစုံကနေ စတင်ထွက်ပေါ်တတ်သလို ဦးခေါင်းလမ်းကြောင်း၊ နှလုံးလမ်းကြောင်းတို့ကနေလည်း ထွက်ပေါ်တတ်ပါတယ်၊ ဒီလိုဘဲ အောင်မြင်ရေးလမ်းကြောင်းအဆုံး သတ်နေရာတွေဟာလည်း မတူညီကြပါဘူး၊ အချို့က ဦးခေါင်းလမ်းကြောင်းမှာ အဆုံးသတ်သလို အချို့ကလည်း နှလုံးလမ်းကြောင်းမှာ အဆုံးသတ်နေတာမျိုးတွေ ရှိတယ်၊ တနင်္ဂနွေဂြိုဟ်ခုံမှာ အဆုံးသတ်မှ အောင်မြင်ရေးလမ်းကြောင်းဖြစ်တာမဟုတ်ဘူးလို့ သိထားသင့်ပါတယ်။
အောင်မြင်ရေးလမ်းကြောင်းဟာ အောက်ဘက်ကနေတက်လာပြီး ဦးခေါင်းလမ်းကြောင်းမှာ အဆုံးသတ်နေတာမျိုး ကိုတွေ့ရရင် လုပ်ကိုင်တဲ့ အလုပ်မှန်သမျှဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့် ဆုံးရှုံးရတာမျိုးကို ပြတာဖြစ်တယ်၊လူလတ်ပိုင်း အသက် (၃၅) ဝန်ကျင်လောက်ကနေစပြီး အောင်မြင်ခြင်းတွေဟာ တစ်ဖြေးဖြေးကျဆုံး ကုန်တာမျိုးဖြစ်တတ်ပါတယ်။ တစ်ကယ်လို့ နှလုံးလမ်းကြောင်းမှာ အဆုံးသတ်နေမယ်ဆိုရင်တော့ သူ့ရဲ့အောင်မြင်ခြင်း မှန်သမျှဟာ သူ့ရဲ့သနားကြင်တာတတ်တဲ့စိတ်(သို့) အချစ်အတွက် ပေးဆပ်လိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်၊ အောင်မြင်ခြင်းတွေဟာ ဆန့်ကျင်ဘက်လိင်ကြောင့် ဆုံးရှုံးရတတ်ပြီး အရှက်တကွဲဖြစ်တတ်တယ် အသက် (၅၃) နှစ်ကျော်တဲ့အချိန်ကစပြီး အောင်မြင်ခြင်းတွေဟာ မေးမှိန်လာတတ်တဲ့သဘောဖြစ်တယ်။ ဒါက အောင်မြင်ရေးလမ်းကြောင်း အဆုံးသတ်တွေထဲက အချို့ကို ကောက်နုတ်တင်ပြတာဖြစ်တယ်။
အောင်မြင်ရေးလမ်းကြောင်းဟာ ဦးခေါင်းလမ်းကြောင်းကနေ အစပျိုးထွက်ပေါ်လာပြီး တနင်္ဂနွေဂြိုဟ်ခုံကို တက်ရောက်သွားတဲ့အခါ ဒီလိုပုဂ္ဂိုဟ်မျိုးဟာ သူတပါးကိုအားမကိုးဘဲ ကိုယ့်ဒူးကိုယ်ချွန်လုပ်ကိုင်မယ် အသက်(၃၅) လောက်ရောက်တဲ့အခါ ရင့်ကျက်ပြီး အောင်မြင်ခြင်းတွေစတင်တဲ့သဘောဖြစ်တယ်၊ ဒီအချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက် တွေချမှတ်နိုင်လို့ ဘဝအတွက် အာမခံကောင်းတွေနဲ့ စတင်အောင်မြင်ချိန်လို့ ပြောရမှာဖြစ်တယ်၊ ထူးခြားတဲ့ ဂုဏ်သတင်းတွေနဲ့ ထင်ပေါ်လာပြီး လူအများကလည်း သူ့ရဲ့အောင်မြင်ခြင်းကို အသိအမှတ်ပြုကြတာဖြစ်တယ်။ နှလုံးလမ်းကြောင်းကနေ အစပျိုးပြီး တနင်္ဂနွေဂြိုဟ်ခုံကို ထိုးတက်နေတဲ့ အောင်မြင်ရေးလမ်းကြောင်းကိုတွေ့ရရင်တော့ ဒီလိုလူဟာ အိုဇာတာကောင်းသူတစ်ယောက်ဖြစ်တယ်လို့ ပြောကြပါတယ်၊ အသက်(၅၃) နှစ်ရဲ့အထက်မှာ လိုလေးသေးမရှိ စီးပွားဥစ္စချမ်းသာပြီး ဆန်ကျင်ဘက်လိင်နဲ့ မိသားစုရဲ့ အစောင့်အရှောက်ကို ခံရတဲ့ သူမျိုးဖြစ်တယ်၊ ကြီးမှ ဂုဏ်သတင်းတွေမွေးရတယ်၊ ငယ်စဉ်က ကြိုးစားခဲ့သမျှ ဒီအချိန်မှာ ထင်ပေါ်ကျော်ကြားပြီး အဲီးအကျိုးခံစားရတယ်၊ စာပေးပညာရှင်များလည်း ဖြစ်တတ်တယ်၊ အဆုံးသတ် တနင်္ဂနွေဂြိုဟ်ခုံမှာ အင်္ဂလိပ်အက္ခရာဝိုင်ပုံ(Y) ဖြစ်နေမယ်ဆိုရင် အသိပညာ၊အတတ်ပညာနှစ်မျိုးနဲ့ ကျော်ကြားတတ်တယ်။
အောင်မြင်ရေးလမ်းကြောင်းရဲ့ အောင်မြင်းခြင်းတွေကို ဖျက်ဆီးမယ့်အရာတွေကတော့ လမ်းကြောင်းမထင် မရှားဖြစ်တာ၊ဥပါဒ်လမ်းတစ်ကြောင်းကဖြတ်လိုက်တာ၊ မှဲအနက်တစ်လုံးလမ်းကြောင်းပေါ်ပါရှိနေတာမျိုး၊ ကျွန်းခံနေတာ အစက်အပျောက်ဖြစ်နေတာမျိုးတွေကတော့ အောင်မြင်ရေလမ်းကြောင်းကို ဖျက်ဆီးသလို အပြင်လောကမှာလည်း အောင်မြင်ခြင်းတွေကို ဖျက်ဆီးတတ်ပါတယ်။ထင်ရှားတဲ့အောင်မြင်ရေးလမ်းကြောင်းဟာ တိတိရိရိပြတ်နေတာမျိုး ကိုတွေ့ရတဲ့အခါ အသက်လမ်းကြောင်းနဲ့ တွဲစစ်သင့်တယ်၊ ဘာကြောင့်လည်းဆိုတော့ အောင်မြင်ခြင်းတွေ တိတိရိရိပြတ် ချိန်ဟာ လက္ခဏာရှင် သေဆုံးချိန်နဲ့ တိုက်ဆိုင်နေတာတွေကိုလည်း သတိထားသုတေသနပြု ထားတာမျိုးရှိပါတယ်။ အောင်မြင်ရေးလမ်းကြောင်းရဲ့ အဆုံးမှာ ကျွန်းရှိနေရင်တော့ သူ့ဘဝတစ်သက်တာမှာ ငွေကြေးဂုဏ်သိက္ခာတွေ ဆုံးရှုံးရခြင်းကို ပြတယ်၊ဒီလိုဘဲ မှဲ့နက်တစ်လုံး ပါရင်လည်း သိက္ခာကျတဲ့ အဖြစ်တွေနဲ့ ဘဝမှာ ရပ်တည်ရတတ်ပါတယ်။
အောင်မြင်ရေးလမ်းကြောင်းဟာ လူတစ်ယောက်အတွက် အလွန်(အလွန်) အရေးကြီးလှပါတယ်၊ အောင်မြင်ခြင်း ဟာ ကံကောင်းခြင်းနဲ့မတူပါဘူး ဒါကို သေချာတွေးကြည့်ရင်သိနိုင်ပါတယ်။လောကမှာ ကံကောင်းတိုင်း အောင်မြင် ကျော်ကြားနေတာမဟုတ်ပါဘူး၊ဒါကြောင့် အောင်မြင်ရေးလမ်းကြောင်းဟာ လူတစ်ယောက်ရဲ့ အောင်မြင်ချမ်းသာခြင်း၊ ကျော်ကြားခြင်း၊ဂုဏ်သိက္ခာကြီးမားခြင်းကို ပြတာဖြစ်လို့ လူ့ဘဝတိုးတက်အောင်မြင်ခြင်းဟာ လက္ခဏာပေါ်က အောင်မြင်ရေးလမ်းကြောင်းနဲ့ တိုက်ရိုက်ဆက်စပ်လျှက်ရှိပါကြောင်းတင်ပြရပါတယ်။
ကင်္ကသူ
လူ႔ဘဝတိုးတက္ေအာင္ျမင္းျခင္းႏွင့္ ေအာင္ျမင္ေရးလမ္းေၾကာင္းတို႔ ဆက္စပ္ျခင္း
ေအာင္ျမင္ႀကီးပြားတိုးတက္ျခင္းကို ကြၽႏ္ုပ္တို႔အားလုံး အလိုရွိၾကသည္ပင္ျဖစ္သည္၊ ထို႔အတြက္ေၾကာင့္ ေအာင္ျမင္ႀကီးပြားတိုးတက္ရန္လမ္းစမ်ားကိုလည္း ရွာေဖြေနၾကသည္ပင္ျဖစ္သည္။ ႀကိဳးစားသမွ် ဘဝတြင္ အမွန္တစ္ကယ္ ေအာင္ျမင္မလား၊တိုးတက္မလား၊ ဘယ္ေလာက္အတိုင္းအတာႀကိဳးစားရမလည္း၊ ဘယ္အခ်ိန္မွာ ေအာင္ျမင္မလည္း ဆိုသည့္အခ်က္မ်ားကို ဘဝတိုးတက္ဖို႔ရည္႐ြယ္ၿပီး ႀကိဳးစားေနသူတိုင္း သိခ်င္ၾကမည္ျဖစ္သည္။ ထိုအခ်က္မ်ားကို မိမိတို႔ လက္ဖဝါးျပင္ရွိ ေအာင္ျမင္ေရးလမ္းေၾကာင္းက တိတိက်က်အေျဖေပး ႏိုင္ပါတယ္။
ေအာင္ျမင္ေရးလမ္းေၾကာင္းကို တနဂၤေႏြလမ္းေၾကာင္းလို႔လည္း အခ်ိဳ႕က်မ္းမ်ားမွာေရးသားၾကတယ္၊ တနဂၤေႏြၿဂိဳဟ္ခုံဆီကို တက္သြားတဲ့ လမ္းေၾကာင္းလည္း ျဖစ္ပါတယ္။ ကံလမ္းေၾကာင္းနဲ႔ ေဘးခ်င္းယွင္ၿပီးတက္တဲ့ ေထာင္လိုက္လမ္းေၾကာင္းျဖစ္ပါတယ္၊ ဒီလမ္းေၾကာင္းဟာ လကၡဏာရွင္အတြက္ ေအာင္ျမင္ျခင္း၊ထင္ေပၚေက်ာ္ၾကားျခင္း၊ ပါတ္ဝန္က်င္းအသိုင္းအဝိုင္းမွာ မ်က္နာရျခင္း၊လူအမ်ားေလးစားခ်စ္ခင္ျခင္း၊တို႔ကိုေဖာ္ျပၿပီး လကၡဏာရွင္ လုပ္သမွ်လုပ္ငန္း မ်ား အလြယ္တစ္ကူ ေအာင္ျမင္ျခင္း၊တိုးတက္ျခင္း၊ကူညီမစမည့္သူမ်ား ေပၚေပါက္ျခင္း၊ ရန္မ်ားကို ကာကြယ္ေပးျခင္း တို႔ႏွင့္လည္းသက္ဆိုင္လွ်က္ရွိေပသည္။ကံလမ္းေၾကာင္းတြင္ အနာအဆရွိေစကာမူ ထိုအသက္အ႐ြယ္တြင္ ေအာင္ျမင္ေရး လမ္းေၾကာင္းအလြန္ေကာင္းပါက ကံမေကာင္းျခင္းမ်ားမွာ မ်ားစြာသိသာလိမ့္မည္မဟုတ္ေပ။ထို႔ေၾကာင့္ ေအာင္ျမင္ေရး လမ္းေၾကာင္းသည္ လကၡဏာရွင္အတြက္ အလြန္အေရးႀကီးလွေပသည္။ေအာင္ျမင္ေရးလမ္းေၾကာင္းမေကာင္းတဲ့အခါ ကံေကာင္းေနေပမယ့္ အလုပ္မျဖစ္တတ္ပါဘူး၊ ဥပမာေပးရရင္ သိန္းေသာင္းခ်ီတန္တဲ့ ေက်ာက္စိမ္းႀကီးေတြ႕တာက ကံေကာင္းလို႔ပါဘဲ ေအာင္ျမင္ေရးလမ္းမေကာင္းေတာ့ အဲဒီေက်ာက္ကို ရတဲ့ေစ်းနဲ႔ သူမ်ားကို ေရာင္းလိုက္မိတာမ်ိဳးျဖစ္တယ္။ ကံေတာ့ေကာင္းခဲ့ေပမယ့္ အဲဒီအက်ိဳးခံစားစံစားခြင့္ရတာမ်ိဳးမရွိတာပါ။
ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ ေကာင္းျခင္းဆိုးျခင္းထက္ ေအာင္ျမင္ျခင္း၊ထင္ေပၚျခင္းကို အဓိကေပးတဲ့ လမ္းေၾကာင္းျဖစ္တယ္။ ဒါေၾကာင့္ လမ္းေၾကာင္းပိုင္ရွင္ရဲ႕ မူလလက္ပုံစံ၊လက္မအေနအထားကလည္း အေရးႀကီးပါတယ္၊ လကၡဏာရွင္ရဲ႕မူလစိတ္ထားဟာလည္း အေရးႀကီးတယ္၊အေျခခံစိတ္ထား မေကာင္းတဲ့သူအတြက္ ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ မေကာင္းတဲ့ သူ႔ရဲ႕လုပ္ရပ္ေတြကို ေအာင္ျမင္ေစမွာျဖစ္သလို မေကာင္းသတင္းနဲ႔ ေက်ာ္ေဇာေစတာမ်ိဳးကိုလည္း ျဖစ္ေစတတ္ေၾကာင္း သုေတသနျပဳခ်က္ေတြကေဖာ္ျပေနတတ္ပါတယ္။ ဒါကို သတိျပဳဖို႔လည္း လိုအပ္ပါတယ္။ ေအာင္ျမင္ေရးလမ္းေၾကာင္းပါတဲ့သူေတြဟာ စာေပ၊အႏုပညာ၊ဂီတ စတဲ့အေျခအေနေတြမွာ ေအာင္ျမင္ႏိုင္တယ္၊ရသေျမာက္တယ္လို႔ ဆိုေသာ္လည္း ထိုကဲ့သို႔ တစ္ထစ္ခ်ေဟာေျပာျခင္ကို အေစာတလွ်င္မျပဳလုပ္ သင့္ပါဘူး၊ လက္ပုံစံ၊ၿဂိဳဟ္ခုံမ်ားႏွင့္ အျခားေသာ လမ္းေၾကာင္းေတြနဲ႔ ခ်ိန္ဆၿပီးမွ ေျပာသင့္ပါတယ္။ ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ အလြန္အျပားထူေနတာမ်ိဳး၊ကြၽန္း၊အဖ်က္မွတ္မ်ားပါရွိေနရင္လည္း ထင္သေလာက္မ ေပါက္ႏိုင္ဘဲ ရွိေနတတ္ပါတယ္။လမ္းေၾကာင္းရဲ႕ အေရာင္အဆင္းဟာလည္း အေရးႀကီးပါတယ္။
ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ လက္ေကာက္ဝတ္ကေန တနဂၤေႏြၿဂိဳဟ္ခုံကို တက္သြားတဲ့လမ္းေၾကာင္းလို႔ ဆိုေပမယ့္ ဒီလိုထင္ထင္ရွားရွားတက္သြားတဲ့ လမ္းေၾကာင္းမ်ိဳးကေတာ့ အလြန္ရွားတယ္၊ အျပတ္အေတာက္အေနနဲ႔ တက္ေနတဲ့ လမ္းေၾကာင္းမ်ိဳးနဲ႔ ေတြ႕ရတာမ်ားပါတယ္၊ ေအာင္ျမင္ေရးလမ္းေၾကာင္းရဲ႕ အစမ်ိဳးတဲ့ ေနရာေတြကို ေလ့လာတဲ့အခါ ေသာၾကာၿဂိဳဟ္ခုံမွ တနလၤာၿဂိဳဟ္ခုံအထိ ေနရာစုံကေန စတင္ထြက္ေပၚတတ္သလို ဦးေခါင္းလမ္းေၾကာင္း၊ ႏွလုံးလမ္းေၾကာင္းတို႔ကေနလည္း ထြက္ေပၚတတ္ပါတယ္၊ ဒီလိုဘဲ ေအာင္ျမင္ေရးလမ္းေၾကာင္းအဆုံး သတ္ေနရာေတြဟာလည္း မတူညီၾကပါဘူး၊ အခ်ိဳ႕က ဦးေခါင္းလမ္းေၾကာင္းမွာ အဆုံးသတ္သလို အခ်ိဳ႕ကလည္း ႏွလုံးလမ္းေၾကာင္းမွာ အဆုံးသတ္ေနတာမ်ိဳးေတြ ရွိတယ္၊ တနဂၤေႏြၿဂိဳဟ္ခုံမွာ အဆုံးသတ္မွ ေအာင္ျမင္ေရးလမ္းေၾကာင္းျဖစ္တာမဟုတ္ဘူးလို႔ သိထားသင့္ပါတယ္
ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ ေအာက္ဘက္ကေနတက္လာၿပီး ဦးေခါင္းလမ္းေၾကာင္းမွာ အဆုံးသတ္ေနတာမ်ိဳး ကိုေတြ႕ရရင္ လုပ္ကိုင္တဲ့ အလုပ္မွန္သမွ်ဟာ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္အမွားေတြေၾကာင့္ ဆုံးရႈံးရတာမ်ိဳးကို ျပတာျဖစ္တယ္၊လူလတ္ပိုင္း အသက္ (၃၅) ဝန္က်င္ေလာက္ကေနစၿပီး ေအာင္ျမင္ျခင္းေတြဟာ တစ္ေျဖးေျဖးက်ဆုံး ကုန္တာမ်ိဳးျဖစ္တတ္ပါတယ္။ တစ္ကယ္လို႔ ႏွလုံးလမ္းေၾကာင္းမွာ အဆုံးသတ္ေနမယ္ဆိုရင္ေတာ့ သူ႔ရဲ႕ေအာင္ျမင္ျခင္း မွန္သမွ်ဟာ သူ႔ရဲ႕သနားၾကင္တာတတ္တဲ့စိတ္(သို႔) အခ်စ္အတြက္ ေပးဆပ္လိုက္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္၊ ေအာင္ျမင္ျခင္းေတြဟာ ဆန႔္က်င္ဘက္လိင္ေၾကာင့္ ဆုံးရႈံးရတတ္ၿပီး အရွက္တကြဲျဖစ္တတ္တယ္ အသက္ (၅၃) ႏွစ္ေက်ာ္တဲ့အခ်ိန္ကစၿပီး ေအာင္ျမင္ျခင္းေတြဟာ ေမးမွိန္လာတတ္တဲ့သေဘာျဖစ္တယ္။ ဒါက ေအာင္ျမင္ေရးလမ္းေၾကာင္း အဆုံးသတ္ေတြထဲက အခ်ိဳ႕ကို ေကာက္ႏုတ္တင္ျပတာျဖစ္တယ္။
ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ ဦးေခါင္းလမ္းေၾကာင္းကေန အစပ်ိဳးထြက္ေပၚလာၿပီး တနဂၤေႏြၿဂိဳဟ္ခုံကို တက္ေရာက္သြားတဲ့အခါ ဒီလိုပုဂၢိဳဟ္မ်ိဳးဟာ သူတပါးကိုအားမကိုးဘဲ ကိုယ့္ဒူးကိုယ္ခြၽန္လုပ္ကိုင္မယ္ အသက္(၃၅) ေလာက္ေရာက္တဲ့အခါ ရင့္က်က္ၿပီး ေအာင္ျမင္ျခင္းေတြစတင္တဲ့သေဘာျဖစ္တယ္၊ ဒီအခ်ိန္မွာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ ေတြခ်မွတ္ႏိုင္လို႔ ဘဝအတြက္ အာမခံေကာင္းေတြနဲ႔ စတင္ေအာင္ျမင္ခ်ိန္လို႔ ေျပာရမွာျဖစ္တယ္၊ ထူးျခားတဲ့ ဂုဏ္သတင္းေတြနဲ႔ ထင္ေပၚလာၿပီး လူအမ်ားကလည္း သူ႔ရဲ႕ေအာင္ျမင္ျခင္းကို အသိအမွတ္ျပဳၾကတာျဖစ္တယ္။ ႏွလုံးလမ္းေၾကာင္းကေန အစပ်ိဳးၿပီး တနဂၤေႏြၿဂိဳဟ္ခုံကို ထိုးတက္ေနတဲ့ ေအာင္ျမင္ေရးလမ္းေၾကာင္းကိုေတြ႕ရရင္ေတာ့ ဒီလိုလူဟာ အိုဇာတာေကာင္းသူတစ္ေယာက္ျဖစ္တယ္လို႔ ေျပာၾကပါတယ္၊ အသက္(၅၃) ႏွစ္ရဲ႕အထက္မွာ လိုေလးေသးမရွိ စီးပြားဥစၥခ်မ္းသာၿပီး ဆန္က်င္ဘက္လိင္နဲ႔ မိသားစုရဲ႕ အေစာင့္အေရွာက္ကို ခံရတဲ့ သူမ်ိဳးျဖစ္တယ္၊ ႀကီးမွ ဂုဏ္သတင္းေတြေမြးရတယ္၊ ငယ္စဥ္က ႀကိဳးစားခဲ့သမွ် ဒီအခ်ိန္မွာ ထင္ေပၚေက်ာ္ၾကားၿပီး အဲီးအက်ိဳးခံစားရတယ္၊ စာေပးပညာရွင္မ်ားလည္း ျဖစ္တတ္တယ္၊ အဆုံးသတ္ တနဂၤေႏြၿဂိဳဟ္ခုံမွာ အဂၤလိပ္အကၡရာဝိုင္ပုံ(Y) ျဖစ္ေနမယ္ဆိုရင္ အသိပညာ၊အတတ္ပညာႏွစ္မ်ိဳးနဲ႔ ေက်ာ္ၾကားတတ္တယ္။
ေအာင္ျမင္ေရးလမ္းေၾကာင္းရဲ႕ ေအာင္ျမင္းျခင္းေတြကို ဖ်က္ဆီးမယ့္အရာေတြကေတာ့ လမ္းေၾကာင္းမထင္ မရွားျဖစ္တာ၊ဥပါဒ္လမ္းတစ္ေၾကာင္းကျဖတ္လိုက္တာ၊ မွဲအနက္တစ္လုံးလမ္းေၾကာင္းေပၚပါရွိေနတာမ်ိဳး၊ ကြၽန္းခံေနတာ အစက္အေပ်ာက္ျဖစ္ေနတာမ်ိဳးေတြကေတာ့ ေအာင္ျမင္ေရလမ္းေၾကာင္းကို ဖ်က္ဆီးသလို အျပင္ေလာကမွာလည္း ေအာင္ျမင္ျခင္းေတြကို ဖ်က္ဆီးတတ္ပါတယ္။ထင္ရွားတဲ့ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ တိတိရိရိျပတ္ေနတာမ်ိဳး ကိုေတြ႕ရတဲ့အခါ အသက္လမ္းေၾကာင္းနဲ႔ တြဲစစ္သင့္တယ္၊ ဘာေၾကာင့္လည္းဆိုေတာ့ ေအာင္ျမင္ျခင္းေတြ တိတိရိရိျပတ္ ခ်ိန္ဟာ လကၡဏာရွင္ ေသဆုံးခ်ိန္နဲ႔ တိုက္ဆိုင္ေနတာေတြကိုလည္း သတိထားသုေတသနျပဳ ထားတာမ်ိဳးရွိပါတယ္။ ေအာင္ျမင္ေရးလမ္းေၾကာင္းရဲ႕ အဆုံးမွာ ကြၽန္းရွိေနရင္ေတာ့ သူ႔ဘဝတစ္သက္တာမွာ ေငြေၾကးဂုဏ္သိကၡာေတြ ဆုံးရႈံးရျခင္းကို ျပတယ္၊ဒီလိုဘဲ မွဲ႔နက္တစ္လုံး ပါရင္လည္း သိကၡာက်တဲ့ အျဖစ္ေတြနဲ႔ ဘဝမွာ ရပ္တည္ရတတ္ပါတယ္။
ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ လူတစ္ေယာက္အတြက္ အလြန္(အလြန္) အေရးႀကီးလွပါတယ္၊ ေအာင္ျမင္ျခင္း ဟာ ကံေကာင္းျခင္းနဲ႔မတူပါဘူး ဒါကို ေသခ်ာေတြးၾကည့္ရင္သိႏိုင္ပါတယ္။ေလာကမွာ ကံေကာင္းတိုင္း ေအာင္ျမင္ ေက်ာ္ၾကားေနတာမဟုတ္ပါဘူး၊ဒါေၾကာင့္ ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ လူတစ္ေယာက္ရဲ႕ ေအာင္ျမင္ခ်မ္းသာျခင္း၊ ေက်ာ္ၾကားျခင္း၊ဂုဏ္သိကၡာႀကီးမားျခင္းကို ျပတာျဖစ္လို႔ လူ႔ဘဝတိုးတက္ေအာင္ျမင္ျခင္းဟာ လကၡဏာေပၚက ေအာင္ျမင္ေရးလမ္းေၾကာင္းနဲ႔ တိုက္႐ိုက္ဆက္စပ္လွ်က္ရွိပါေၾကာင္းတင္ျပရပါတယ္။
ကကၤသူ
Be the first to comment