သင်ရွေးချယ်လိုက်တဲ့ အိမ်လေးကတစ်ဆင့် သင့်ရဲ့ထူးခြားတဲ့စရိုက်လက္ခဏာကို ပြောပြမယ်
နံပတ် ၁
သင့်ရဲ့ထူးခြားတဲ့ စရိုက်လက္ခဏာကတော့ နည်းလမ်းတကျ တွေးခေါ်စဉ်းစားတတ်ပြီး နည်းစနစ်တကျ လုပ်ဆောင်တတ်တာပါပဲ။ အလုပ်တစ်ခုမလုပ်ခင် အစီအစဉ်တွေဆွဲပြီးမှ သေချာလုပ်ဆောင်တတ်ပြီး ကြုံရာကျပန်း ဖြစ်သလို လုပ်တတ်တဲ့အကျင့်ကို သဘောမကျပါဘူး။ ကြိုတင်စီစဉ်ပြီး နည်းစနစ်တကျ လုပ်ဆောင်မှသာ ရလဒ်ကောင်းတစ်ခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
နံပါတ် ၂
သင့်ရဲ့ထူးခြားတဲ့ စရိုက်လက္ခဏာကတော့ စွန့်စားမှုတွေ၊ စိန်ခေါ်မှုတွေကို အလွန်သဘောကျပြီး စိတ်အားထက်မှုအပြည့်နဲ့ ပျော်ပျော်နေတတ်တာပါ။ ဘဝမှာ ပျော်ရွှင်တဲ့အမှတ်တရတွေကို ဖန်တီးပြီး ပျော်ပျော်နေရမယ်လို့ ယုံကြည်ထားတဲ့အတွက် ခရီးသွားခြင်း၊ အားကစားလုပ်ခြင်းနဲ့ သင့်ကိုအမှတ်ရစေမယ့် လုပ်ငန်းဆောင်တာတွေမှာ တတ်တတ်ကြွကြွ ပါဝင်လှုပ်ရှားလေ့ရှိပါတယ်။.
နံပါတ် ၃
သင့်ရဲ့ထူးခြားတဲ့ စရိုက်လက္ခဏာကတော့ သွက်သွက်လက်လက်နဲ့ တတ်တတ်ကြွကြွနေပြီး အောင်မြင်မှုတွေကို ဖန်တီးနိုင်တာပါ။ ပြောချင်တာက မိမိလိုချင်တဲ့ပန်းတိုင်ကို ကောင်းစွာသိပြီး အဲဒီပန်းတိုင်ရောက်စေမယ့် နည်းလမ်းတွေကိုပါ သေချာနားလည်ထားတဲ့အတွက် စိတ်ဖိစီးမှုမရှိပဲ ဖြေးဖြေးမှန်မှန်လေးနဲ့ ရအောင်သွားတတ်ပါတယ်။ ဒါ့အပြင် တခြားလူတွေနဲ့ မိမိအပေါ်မှာ ဖြစ်စေချင်တဲ့ဆန္ဒတွေ အရမ်းများနေတတ်ပြီး အဲဒါကပဲ သင့်ကိုစိန်ခေါ်မှုကြီး ဖြစ်နေတတ်ပါတယ်။
နံပါတ် ၄
သင့်ရဲ့ထူးခြားတဲ့ စရိုက်လက္ခဏာကတော့ အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်နေတတ်ပြီး သည်းခံတတ်တာပါ။ ဒါ့အပြင် တဖက်သားအပေါ် နားလည်မှုအပြည့်ရှိပြီး လေးစားတတ်ပါတယ်။ အေးချမ်းစိတ်ငြိမ်မှုကိုသာ မျှော်လင့်ပြီး ရန်ပွဲတွေကို မုန်းတီးတဲ့အတွက် ရန်လိုတတ်တဲ့ လူတွေနဲ့ အတတ်နိုင်ဆုံး မပတ်သက်မိအောင် ဝေးဝေးမှာ နေတတ်ပါတယ်။ မိမိဘဝ၊ မိမိပတ်ဝန်းကျင်နဲ့၊ ကမ္ဘာကြီးမှာ အေးချမ်းတည်ငြိမ်မှုတွေပဲ လိုလားနေသူတစ်ယောက်ပေါ့။
နံပါတ် ၅
သင့်ရဲ့ထူးခြားတဲ့ စရိုက်လက္ခဏာကတော့ နူးညံ့တဲ့နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ စိတ်ခံစားချက်လွယ်သူတစ်ယောက်ပါ။ ဘာမဟုတ်တဲ့ သေးငယ်တဲ့ကိစ္စလေးကအစ ရင်နှင်အမျှ ခံစားနေတဲ့အတွက် သူများတွေထက် နာကျင်မှုတွေကို ပိုရရှိတတ်ပြီး အများနဲ့တန်းတူ ပျော်ရွှင်မှုတွေကိုပိုင်ဆိုင်ခွင့်မရတတ်ပါဘူး။
credit to lotaya
သင္ေ႐ြးခ်ယ္လိုက္တဲ့ အိမ္ေလးကတစ္ဆင့္ သင့္ရဲ႕ထူးျခားတဲ့စ႐ိုက္လကၡဏာကို ေျပာျပမယ္
နံပတ္ ၁
သင့္ရဲ႕ထူးျခားတဲ့ စ႐ိုက္လကၡဏာကေတာ့ နည္းလမ္းတက် ေတြးေခၚစဥ္းစားတတ္ၿပီး နည္းစနစ္တက် လုပ္ေဆာင္တတ္တာပါပဲ။ အလုပ္တစ္ခုမလုပ္ခင္ အစီအစဥ္ေတြဆြဲၿပီးမွ ေသခ်ာလုပ္ေဆာင္တတ္ၿပီး ႀကဳံရာက်ပန္း ျဖစ္သလို လုပ္တတ္တဲ့အက်င့္ကို သေဘာမက်ပါဘူး။ ႀကိဳတင္စီစဥ္ၿပီး နည္းစနစ္တက် လုပ္ေဆာင္မွသာ ရလဒ္ေကာင္းတစ္ခုကို ဖန္တီးႏိုင္မယ္လို႔ ယုံၾကည္ထားပါတယ္။
နံပါတ္ ၂
သင့္ရဲ႕ထူးျခားတဲ့ စ႐ိုက္လကၡဏာကေတာ့ စြန႔္စားမႈေတြ၊ စိန္ေခၚမႈေတြကို အလြန္သေဘာက်ၿပီး စိတ္အားထက္မႈအျပည့္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္တာပါ။ ဘဝမွာ ေပ်ာ္႐ႊင္တဲ့အမွတ္တရေတြကို ဖန္တီးၿပီး ေပ်ာ္ေပ်ာ္ေနရမယ္လို႔ ယုံၾကည္ထားတဲ့အတြက္ ခရီးသြားျခင္း၊ အားကစားလုပ္ျခင္းနဲ႔ သင့္ကိုအမွတ္ရေစမယ့္ လုပ္ငန္းေဆာင္တာေတြမွာ တတ္တတ္ႂကြႂကြ ပါဝင္လႈပ္ရွားေလ့ရွိပါတယ္။
နံပါတ္ ၃
သင့္ရဲ႕ထူးျခားတဲ့ စ႐ိုက္လကၡဏာကေတာ့ သြက္သြက္လက္လက္နဲ႔ တတ္တတ္ႂကြႂကြေနၿပီး ေအာင္ျမင္မႈေတြကို ဖန္တီးႏိုင္တာပါ။ ေျပာခ်င္တာက မိမိလိုခ်င္တဲ့ပန္းတိုင္ကို ေကာင္းစြာသိၿပီး အဲဒီပန္းတိုင္ေရာက္ေစမယ့္ နည္းလမ္းေတြကိုပါ ေသခ်ာနားလည္ထားတဲ့အတြက္ စိတ္ဖိစီးမႈမရွိပဲ ေျဖးေျဖးမွန္မွန္ေလးနဲ႔ ရေအာင္သြားတတ္ပါတယ္။ ဒါ့အျပင္ တျခားလူေတြနဲ႔ မိမိအေပၚမွာ ျဖစ္ေစခ်င္တဲ့ဆႏၵေတြ အရမ္းမ်ားေနတတ္ၿပီး အဲဒါကပဲ သင့္ကိုစိန္ေခၚမႈႀကီး ျဖစ္ေနတတ္ပါတယ္။
နံပါတ္ ၄
သင့္ရဲ႕ထူးျခားတဲ့ စ႐ိုက္လကၡဏာကေတာ့ ေအးေအးေဆးေဆးနဲ႔ တည္တည္ၿငိမ္ၿငိမ္ေနတတ္ၿပီး သည္းခံတတ္တာပါ။ ဒါ့အျပင္ တဖက္သားအေပၚ နားလည္မႈအျပည့္ရွိၿပီး ေလးစားတတ္ပါတယ္။ ေအးခ်မ္းစိတ္ၿငိမ္မႈကိုသာ ေမွ်ာ္လင့္ၿပီး ရန္ပြဲေတြကို မုန္းတီးတဲ့အတြက္ ရန္လိုတတ္တဲ့ လူေတြနဲ႔ အတတ္ႏိုင္ဆုံး မပတ္သက္မိေအာင္ ေဝးေဝးမွာ ေနတတ္ပါတယ္။ မိမိဘဝ၊ မိမိပတ္ဝန္းက်င္နဲ႔၊ ကမာၻႀကီးမွာ ေအးခ်မ္းတည္ၿငိမ္မႈေတြပဲ လိုလားေနသူတစ္ေယာက္ေပါ့။
နံပါတ္ ၅
သင့္ရဲ႕ထူးျခားတဲ့ စ႐ိုက္လကၡဏာကေတာ့ ႏူးညံ့တဲ့ႏွလုံးသားကို ပိုင္ဆိုင္ထားတဲ့ စိတ္ခံစားခ်က္လြယ္သူတစ္ေယာက္ပါ။ ဘာမဟုတ္တဲ့ ေသးငယ္တဲ့ကိစၥေလးကအစ ရင္ႏွင္အမွ် ခံစားေနတဲ့အတြက္ သူမ်ားေတြထက္ နာက်င္မႈေတြကို ပိုရရွိတတ္ၿပီး အမ်ားနဲ႔တန္းတူ ေပ်ာ္႐ႊင္မႈေတြကိုပိုင္ဆိုင္ခြင့္မရတတ္ပါဘူး။
credit to lotaya
Be the first to comment