ကတ်လေးတွေကပြောပြပေးမယ့် သင့်အကြောင်းက ဘာဖြစ်မလဲ
နံပါတ် ၁
နံပါတ် ၁ ကတ်ကတော့ ပျော်ရွှင်ခြင်းကတ်လို့ ခေါ်ပါတယ်။ ဒီကတ်လေးကို ရွေးချယ်ခဲ့မယ်ဆိုရင် သင့်အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပျော်ရွှင်မှုတွေကို လက်ဝယ်ပိုင်ဆိုင်နိုင်မှာပါ။ တချို့အခြေအနေတွေမှာ သင်ဟာ စိတ်ဓာတ်ကျပြီး ဝမ်းနည်းမှုတွေကို ကြုံရနိုင်ပေမယ့် သင့်ဘက်က အားမလျှော့ပဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်မယ်ဆိုရင် တစ်ချိန်ကျရင် အဲဒီအဖြစ်အပျက်တွေက သင့်အတွက် ဟာသတစ်ပုဒ်လို ဖြစ်သွားပါလိ့မ်မယ်။ နေမင်းကြီးက နောက်တစ်နေ့မှာ အားမာန်အသစ်နဲ့ ပြန်နိုးထလာသလို သင်ကလည်း အတိတ်က အဖြစ်အပျက်တွေကို အတိတ်မှာပဲထားခဲ့ပြီး နောက်တစ်နေ့ကို မျှော်လင့်ချက်အသစ်တွေ၊ ရည်မှန်းချက်အသစ်တွေ၊ အားအင်အသစ်တွေနဲ့ တက်တက်ကြွကြွ ဖြတ်သန်းနိုင်အောင် ကြိုးစား ပါ။.
နံပါတ် ၂
နံပါတ် ၂ ကတ်ကတော့ စီးဆင်းခြင်းကတ်လို့ ခေါ်ပါတယ်။ ဘဝဆိုတာ မြစ်တစ်ဆင်းလိုဖြစ်နေပြီး သင့်အနေနဲ့ မြစ်ရေစီးကြောင်းအတိုင်း အလိုက်သင့်လေး မျောသွားမလား? ဒါမှမဟုတ် မြစ်ရေကို ဆန်ပြီးကူးမလားဆိုတာ သင့်ကို သတိပေးနေတဲ့ကတ်လေးပါ။ ပြောချင်တာက ဘဝမှာ ကြုံတွေ့ရတဲ့ ဘယ်လိုအဖြစ်အပျက်မဆို အကြောင်းရှိလို့ အကျိုးဖြစ်လာတဲ့အတွက် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သင့်အပေါ်မူတည်နေတာမျိုးပေါ့။ သင့်ရဲ့အဓိက စိန်ခေါ်မှုတစ်ရပ်က အတိတ်ကို ပြန်တမ်းတပြီး နောင်တရနေတာက အကျိုးမရှိဘူးဆိုတာ နားလည်စေဖို့ပါ။ လက်ရှိအချိန်မှာ ချစ်ခြင်းမေတ္တာတွေ၊ ခွင့်လွှတ်သည်းခံခြင်းတွေ၊ ကြင်နာမှုတွေနဲ့ သင့်ဘဝကို ပျော်ရွှင်အောင် တည်ဆောက်နိုင်မှ အနာဂတ်မှာ နောင်တရစရာတွေနဲ့ မကြုံတွေ့ရမှာပါ။
နံပါတ် ၃
နံပါတ် ၃ ကတ်ကတော့ ညီမျှခြင်းကတ်လို့ ခေါ်ပါတယ်။ သင့်ဘက်က မိမိရဲ့အချိန်တွေ၊ စွမ်းအင်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ကြင်နာမှုတွေ၊ ကူညီမှုရိုင်းပင်းမှုတွေနဲ့ တဖက်သားအပေါ် အများကြီးပေးဆပ်ခဲ့ပေမယ့်လည်း သူတို့ဘက်က သင့်ကိုလိုသုံးတစ်ယောက်လိုသာ ပြောဆိုဆက်ဆံလေ့ရှိပါတယ်။ ဒါကြောင့် ဒီကတ်လေးက သတိပေးချင်တာက လူတိုင်းကို အများကြီးမပေးဆပ်သင့်ပဲ တစ်ခါတစ်ရံ ကိုယ့်အတွက်ကိုယ် ပြန်ကြည့်သင့်တယ် ဆိုတာကိုပါ။ ဒါမှသာလျှင် ပိုမိုပျော်ရွှင်ပြီး အောင်မြင်တဲ့ဘဝတစ်ခုကို သင်ပိုင်ဆိုင်ခွင့် ရရှိမှာပါ။
နံပါတ် ၄
နံပါတ် ၄ ကတ်ကတော့ မျှော်လင့်ခြင်းကတ်လို့ ခေါ်ပါတယ်။ လောကကြီးမှာ ဘယ်အရာမဆို သူ့အချိန်အခါရောက်မှသာ အောင်မြင်မှုရရှိမယ်ဆိုတာ သင့်အနေနဲ့ နားလည်းထားသင့်တယ်လို့ ကတ်လေးက သတိပေးထားပါတယ်။ တစ်ခါတစ်လေ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ကျဆုံးသွားတဲ့အခါ အားမလျှော့ပဲ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဆက်လက်လျှောက်လှမ်းမှသာ ပြီးပြည့်စုံတဲ့ရလဒ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။ သင့်ရဲ့အစွမ်းအစ၊ အရည်အချင်းတွေနဲ့ လုပ်နိုင်စွမ်းတွေကို ရဲရဲဝံ့ဝံ့ယုံကြည်ပြီး အကောင်းမြင်စိတ်လေးနဲ့ အလုပ်တစ်ခုကို လုပ်ဆောင်မယ်ဆိုရင် သင့်ရဲ့ပန်းတိုင်ကို အောင်အောင်မြင်မြင် ရောက်ရှိနိုင်မှာပါ။
credit
ကတ္ေလးေတြကေျပာျပေပးမယ့္ သင့္အေၾကာင္းက ဘာျဖစ္မလဲ
နံပါတ္ ၁
နံပါတ္ ၁ ကတ္ကေတာ့ ေပ်ာ္႐ႊင္ျခင္းကတ္လို႔ ေခၚပါတယ္။ ဒီကတ္ေလးကို ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ သင့္အေနနဲ႔ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ေပ်ာ္႐ႊင္မႈေတြကို လက္ဝယ္ပိုင္ဆိုင္ႏိုင္မွာပါ။ တခ်ိဳ႕အေျခအေနေတြမွာ သင္ဟာ စိတ္ဓာတ္က်ၿပီး ဝမ္းနည္းမႈေတြကို ႀကဳံရႏိုင္ေပမယ့္ သင့္ဘက္က အားမေလွ်ာ့ပဲ ရဲရဲဝံ့ဝံ့ ရင္ဆိုင္မယ္ဆိုရင္ တစ္ခ်ိန္က်ရင္ အဲဒီအျဖစ္အပ်က္ေတြက သင့္အတြက္ ဟာသတစ္ပုဒ္လို ျဖစ္သြားပါလိ့မ္မယ္။ ေနမင္းႀကီးက ေနာက္တစ္ေန႔မွာ အားမာန္အသစ္နဲ႔ ျပန္ႏိုးထလာသလို သင္ကလည္း အတိတ္က အျဖစ္အပ်က္ေတြကို အတိတ္မွာပဲထားခဲ့ၿပီး ေနာက္တစ္ေန႔ကို ေမွ်ာ္လင့္ခ်က္အသစ္ေတြ၊ ရည္မွန္းခ်က္အသစ္ေတြ၊ အားအင္အသစ္ေတြနဲ႔ တက္တက္ႂကြႂကြ ျဖတ္သန္းႏိုင္ေအာင္ ႀကိဳးစားပါ။
နံပါတ္ ၂
နံပါတ္ ၂ ကတ္ကေတာ့ စီးဆင္းျခင္းကတ္လို႔ ေခၚပါတယ္။ ဘဝဆိုတာ ျမစ္တစ္ဆင္းလိုျဖစ္ေနၿပီး သင့္အေနနဲ႔ ျမစ္ေရစီးေၾကာင္းအတိုင္း အလိုက္သင့္ေလး ေမ်ာသြားမလား? ဒါမွမဟုတ္ ျမစ္ေရကို ဆန္ၿပီးကူးမလားဆိုတာ သင့္ကို သတိေပးေနတဲ့ကတ္ေလးပါ။ ေျပာခ်င္တာက ဘဝမွာ ႀကဳံေတြ႕ရတဲ့ ဘယ္လိုအျဖစ္အပ်က္မဆို အေၾကာင္းရွိလို႔ အက်ိဳးျဖစ္လာတဲ့အတြက္ ဘယ္လိုတုံ႔ျပန္ရမလဲဆိုတာ သင့္အေပၚမူတည္ေနတာမ်ိဳးေပါ့။ သင့္ရဲ႕အဓိက စိန္ေခၚမႈတစ္ရပ္က အတိတ္ကို ျပန္တမ္းတၿပီး ေနာင္တရေနတာက အက်ိဳးမရွိဘူးဆိုတာ နားလည္ေစဖို႔ပါ။ လက္ရွိအခ်ိန္မွာ ခ်စ္ျခင္းေမတၱာေတြ၊ ခြင့္လႊတ္သည္းခံျခင္းေတြ၊ ၾကင္နာမႈေတြနဲ႔ သင့္ဘဝကို ေပ်ာ္႐ႊင္ေအာင္ တည္ေဆာက္ႏိုင္မွ အနာဂတ္မွာ ေနာင္တရစရာေတြနဲ႔ မႀကဳံေတြ႕ရမွာပါ။
နံပါတ္ ၃
နံပါတ္ ၃ ကတ္ကေတာ့ ညီမွ်ျခင္းကတ္လို႔ ေခၚပါတယ္။ သင့္ဘက္က မိမိရဲ႕အခ်ိန္ေတြ၊ စြမ္းအင္ေတြ၊ ခ်စ္ျခင္းေမတၱာေတြ၊ ၾကင္နာမႈေတြ၊ ကူညီမႈ႐ိုင္းပင္းမႈေတြနဲ႔ တဖက္သားအေပၚ အမ်ားႀကီးေပးဆပ္ခဲ့ေပမယ့္လည္း သူတို႔ဘက္က သင့္ကိုလိုသုံးတစ္ေယာက္လိုသာ ေျပာဆိုဆက္ဆံေလ့ရွိပါတယ္။ ဒါေၾကာင့္ ဒီကတ္ေလးက သတိေပးခ်င္တာက လူတိုင္းကို အမ်ားႀကီးမေပးဆပ္သင့္ပဲ တစ္ခါတစ္ရံ ကိုယ့္အတြက္ကိုယ္ ျပန္ၾကည့္သင့္တယ္ ဆိုတာကိုပါ။ ဒါမွသာလွ်င္ ပိုမိုေပ်ာ္႐ႊင္ၿပီး ေအာင္ျမင္တဲ့ဘဝတစ္ခုကို သင္ပိုင္ဆိုင္ခြင့္ ရရွိမွာပါ။
နံပါတ္ ၄
နံပါတ္ ၄ ကတ္ကေတာ့ ေမွ်ာ္လင့္ျခင္းကတ္လို႔ ေခၚပါတယ္။ ေလာကႀကီးမွာ ဘယ္အရာမဆို သူ႔အခ်ိန္အခါေရာက္မွသာ ေအာင္ျမင္မႈရရွိမယ္ဆိုတာ သင့္အေနနဲ႔ နားလည္းထားသင့္တယ္လို႔ ကတ္ေလးက သတိေပးထားပါတယ္။ တစ္ခါတစ္ေလ စိန္ေခၚမႈေတြ၊ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရၿပီး က်ဆုံးသြားတဲ့အခါ အားမေလွ်ာ့ပဲ မိမိကိုယ္ကို ယုံၾကည္မႈအျပည့္နဲ႔ ဆက္လက္ေလွ်ာက္လွမ္းမွသာ ၿပီးျပည့္စုံတဲ့ရလဒ္တစ္ခုကို ပိုင္ဆိုင္ႏိုင္မွာပါ။ သင့္ရဲ႕အစြမ္းအစ၊ အရည္အခ်င္းေတြနဲ႔ လုပ္ႏိုင္စြမ္းေတြကို ရဲရဲဝံ့ဝံ့ယုံၾကည္ၿပီး အေကာင္းျမင္စိတ္ေလးနဲ႔ အလုပ္တစ္ခုကို လုပ္ေဆာင္မယ္ဆိုရင္ သင့္ရဲ႕ပန္းတိုင္ကို ေအာင္ေအာင္ျမင္ျမင္ ေရာက္ရွိႏိုင္မွာပါ။
credit
Be the first to comment