နေတတ်အောင် နေပါ
အဆင်မပြေတိုင်း သိပ်မဖော်ပြနဲ့....။
မင်းခံစားရတာကို ကြည့်ပြီး.....
ကြိတ်ပျော်နေတဲ့သူတွေ ရှိတတ်တယ် ။
အောင်မြင်တိုင်းလည်း ဝင့်ကြွားမပြနဲ့....။
မင်းပျော်ရွှင်နေတာကို ကြည့်ပြီး....
မနာလို ဖြစ်နေသူတွေရှိတယ် ။
မင်းသိလားသူငယ်ချင်း…… ???
ကြိုးစားနေတဲ့အချိန်မှာ လက်ခုပ်တီးပြီး အားပေးသူတွေ...ရှားတယ်ဆိုတာ…
မင်းလဲကျနေချိန်တော့ မင်းကို အပြစ်တင်ဝေဖန်
ရှုံ့ချဖို့ အကွက်ကိုကြည့်နေတယ် ဆိုတာ…။
ကြုံဖူး ဆုံဖူးခဲ့ပြီးပြီ……!!!!
ဆွဲထူမလိုလိုနဲ့ တွန်းချလိုက်တဲ့ သူမျိုးတွေ...
ကိုယ်ကောင်းသလောက် ကိုယ့်အပေါ် တန်ပြန်
ရောက်မလာတဲ့ သူမျိူးတွေ....
ကိုယ်စေတနာထားသလောက် ကိုယ့်အပေါ်
မေတ္တာမထားတဲ့ သူမျိုးတွေ...
ကိုယ့်အရှေ့မှာ ကောင်းသလိုလိုနဲ့ ကိုယ့်နောက်ကွယ်
မှာ ကိုယ့်အကြောင်း အတင်းတုပ်နေတတ်တဲ့ သူမျိုးတွေ....
ကိုယ်ချစ်သလောက် ကိုယ့်အပေါ်
အမုန်းပွားနေတတ်တဲ့ သူမျိုးတွေ......
ကိုယ် တန်ဖိုးထားသလောက် ကိုယ့်အပေါ်
ဒဏ်ရာတွေ ပေးတတ်တဲ့ သူမျိုးတွေ ဆုံဖူး ကြုံဖူးခဲ့
လို့ အခုဆို တစ်ယောက်တည်းလည်း နေတတ်ခဲ့ပါပြီ ။
ရှိတာလေးနဲ့ လှအောင် ဝတ်တယ်......
ရတာလေးနဲ့ ငှအောင် စားတယ်.....
ဘဝဆိုတာ နေတတ်ရင် အေးချမ်းပါတယ် ။
ဒါကြောင့် အဆင်မပြေတိုင်းလည်း ထုတ်မပြနဲ့....
ဆင်းရဲလို့လည်း ကိုယ့်ဘဝကို အပြစ်မတင်နဲ့...
ကိုယ့်ဘဝ ကိုယ် ကယ်တင်ပါ ။
ကိုယ့်ဒဏ်ရာ ကိုယ့်ဘာသာ ဖာထေးပါ ။
တစ်ယောက်တည်းလည်း နေတတ်အောင်
ကြိုးစားပါ ။
ဘဝခွန်အားတိုးစေမယ့် စာပေ
နေတတ်အောင် နေပါ
မင်းသိလားသူငယ်ချင်း……???
ရောက်မလာတဲ့ သူမျိုးတွေ....
ကြိုးစားပါ ။
Be the first to comment