Facebook Comments Box
သင့်စိတ်ထဲမှာ အခိုင်မြဲဆုံးလို့ထင်ပြီး ရွေးချယ်ခဲ့တဲ့ကြိုးထုံးလေးကတစ်ဆင့် သင့်စရိုက်ကို ပြောပြမယ်

သင့်စိတ်ထဲမှာ အခိုင်မြဲဆုံးလို့ထင်ပြီး ရွေးချယ်ခဲ့တဲ့ကြိုးထုံးလေးကတစ်ဆင့် သင့်စရိုက်ကို ပြောပြမယ်

နံပါတ် ၁
သင်ဟာ မည်သူတစ်ဦးတစ်ယောက်ကိုမ ှမှီခိုအားကိုးခြင်းမရှိတဲ့ ကိုယ့်အားကိုယ်ကိုးသူတစ်ယောက်ပါ။ မိမိဘဝကို မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ရွေးချယ်မှုတွေနဲ့ ကိုယ်တိုင် ဦးဆောင်ရပ်တည်နေတတ်ပြီး ဘယ်သူကမှ သင့်ကို ထိန်းချုပ်တားမြစ်နိုင်စွမ်း မရှိပါဘူး။ ဒါ့အပြင် သင့်စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ တဖက်လူအနေနဲ့ အလွယ်တကူ ခန့်မှန်းလို့မရပါဘူး။ ပြောရရင် သင်ဟာ အရမ်းဟန်ဆောင်ကောင်းသူ တစ်ယောက်ပေါ့။ နောက်တစ်ချက်က သင်ဟာ စူးစမ်းလေ့လာစိတ်အပြည့်ရှိပြီး ပညာရပ်အသစ်တွေကို အခါအားလျှော်စွာ လေ့လာဆည်းပူးနေတတ်ပါ တယ်။

နံပါတ် ၂
သင်ဟာ အကောင်းမြင်စိတ် အပြည့်ရှိပြီး သနားကြင်နာတတ်သူတစ်ယောက်ပါ။ သင့်ဆီမှာ ဘယ်လိုဆိုးရွားတဲ့ အရာတွေနဲပဲ ရင်ဆိုင်ကြုံတွေ့နေရပါစေ အကောင်းဘက်က ဖြည့်တွေးပြီး ဖြေရှင်းတတ်ပါတယ်။ ဒါ့အပြင် လူတွေက သင့်အပေါ်ဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက်အသုံးချချ သနားကရုဏာသက်ပြီး နားလည်ခွင့်လွှတ်ပေးတတ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းကို အချစ်တွေ၊ မေတ္တာတွေပဲ ဖြန့်ဝေပေးတတ်တဲ့အတွက် စိတ်ထားလှပတဲ့ လူသားတစ်ယောက်လို့ လူအများရဲ့ မှတ်ချက်ပေးခြင်းကို ခံရလေ့ရှိပါတယ်။

နံပါတ် ၃
သင်ဟာ တတ်တတ်ကြွကြွနဲ့ သွက်သွက်လက်လက် နေတတ်ပြီး ပျော်တတ်တဲ့ စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ လူတွေရဲ့ အာရုံစိုက်စိတ်ဝင်စားခြင်းကို အထူးတလှယ် ခံရလေ့ရှိတဲ့အပြင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ပြီး ရောက်ရာအရပ်မှာ အလွယ်တကူ မိတ်ဆွေအပေါင်းအသင်း ဖွဲ့နိုင်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ အငြိုးတွေနဲ့ မုန်းတီးမနေတတ်ပဲ ဘဝဟာ တိုတိုလေးလို့ သတ်မှတ်ထားတဲ့အတွက် အခွင့်အရေးတိုင်းကို လက်လွှတ်မခံပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ဖြတ်သန်းလေ့ ရှိပါတယ်။

နံပါတ် ၄
သင်ဟာ စိတ်ငြိမ်အေးချမ်းမှုကို လိုလားသူတစ်ယောက်ပါ။ လုပ်ယူဖန်တီးနေရတဲ့ ဟန်ဆောင်မှုတွေကို မနှစ်သက်ပဲ အရာရာကို သဘာဝအတိုင်း နေထိုင်ဖြတ်သန်းလေ့ရှိပါတယ်။ မိမိပိုင်ဆိုင်ထားတဲ့အရာတွေကို ရောင့်ရဲတင်းတိမ်ပြီး ဒီထက်ပိုပြီး လိုချင်တပ်မက်တာမျိုးတွေ မရှိပါဘူး။ များများပိုင်ဆိုင်ထားရလေ များများပူလောင်ပြီး စိတ်ဆင်းရဲရလေလို့ သက်မှတ်ထားလို့ပါ။ ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ဖြစ်ပြီး ကိစ္စတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ ကာယကိုအားသုံးပြီး ဖြေရှင်းတာမျိုးထက် ဖြတ်ထိုးဉာဏ်သုံးပြီး ဖြေရှင်းလေ့ရှိပါတယ်။

သင့္စိတ္ထဲမွာ အခိုင္ၿမဲဆုံးလို႔ထင္ၿပီး ေ႐ြးခ်ယ္ခဲ့တဲ့ႀကိဳးထုံးေလးကတစ္ဆင့္ သင့္စ႐ိုက္ကို ေျပာျပမယ္

နံပါတ္ ၁
သင္ဟာ မည္သူတစ္ဦးတစ္ေယာက္ကိုမ ွမွီခိုအားကိုးျခင္းမရွိတဲ့ ကိုယ့္အားကိုယ္ကိုးသူတစ္ေယာက္ပါ။ မိမိဘဝကို မိမိရဲ႕ကိုယ္ပိုင္ဆုံးျဖတ္ခ်က္၊ ကိုယ္ပိုင္ေ႐ြးခ်ယ္မႈေတြနဲ႔ ကိုယ္တိုင္ ဦးေဆာင္ရပ္တည္ေနတတ္ၿပီး ဘယ္သူကမွ သင့္ကို ထိန္းခ်ဳပ္တားျမစ္ႏိုင္စြမ္း မရွိပါဘူး။ ဒါ့အျပင္ သင့္စိတ္ထဲမွာ ဘာေတြျဖစ္ေနလဲဆိုတာ တဖက္လူအေနနဲ႔ အလြယ္တကူ ခန႔္မွန္းလို႔မရပါဘူး။ ေျပာရရင္ သင္ဟာ အရမ္းဟန္ေဆာင္ေကာင္းသူ တစ္ေယာက္ေပါ့။ ေနာက္တစ္ခ်က္က သင္ဟာ စူးစမ္းေလ့လာစိတ္အျပည့္ရွိၿပီး ပညာရပ္အသစ္ေတြကို အခါအားေလွ်ာ္စြာ ေလ့လာဆည္းပူးေနတတ္ပါတယ္။

နံပါတ္ ၂
သင္ဟာ အေကာင္းျမင္စိတ္ အျပည့္ရွိၿပီး သနားၾကင္နာတတ္သူတစ္ေယာက္ပါ။ သင့္ဆီမွာ ဘယ္လိုဆိုး႐ြားတဲ့ အရာေတြနဲပဲ ရင္ဆိုင္ႀကဳံေတြ႕ေနရပါေစ အေကာင္းဘက္က ျဖည့္ေတြးၿပီး ေျဖရွင္းတတ္ပါတယ္။ ဒါ့အျပင္ လူေတြက သင့္အေပၚဘယ္ေလာက္ဆိုးဆိုး၊ ဘယ္ေလာက္အသုံးခ်ခ် သနားက႐ုဏာသက္ၿပီး နားလည္ခြင့္လႊတ္ေပးတတ္ပါတယ္။ ပတ္ဝန္းက်င္မွာရွိတဲ့ လူတိုင္းကို အခ်စ္ေတြ၊ ေမတၱာေတြပဲ ျဖန႔္ေဝေပးတတ္တဲ့အတြက္ စိတ္ထားလွပတဲ့ လူသားတစ္ေယာက္လို႔ လူအမ်ားရဲ႕ မွတ္ခ်က္ေပးျခင္းကို ခံရေလ့ရွိပါတယ္။

နံပါတ္ ၃
သင္ဟာ တတ္တတ္ႂကြႂကြနဲ႔ သြက္သြက္လက္လက္ ေနတတ္ၿပီး ေပ်ာ္တတ္တဲ့ စိတ္ေနစိတ္ထားကို ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ လူေတြရဲ႕ အာ႐ုံစိုက္စိတ္ဝင္စားျခင္းကို အထူးတလွယ္ ခံရေလ့ရွိတဲ့အျပင္ လူေတြနဲ႔ ေပါင္းသင္းဆက္ဆံေရး ေျပျပစ္ၿပီး ေရာက္ရာအရပ္မွာ အလြယ္တကူ မိတ္ေဆြအေပါင္းအသင္း ဖြဲ႕ႏိုင္ပါတယ္။ မည္သူတစ္ဦးတစ္ေယာက္ကိုမွ အၿငိဳးေတြနဲ႔ မုန္းတီးမေနတတ္ပဲ ဘဝဟာ တိုတိုေလးလို႔ သတ္မွတ္ထားတဲ့အတြက္ အခြင့္အေရးတိုင္းကို လက္လႊတ္မခံပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေနထိုင္ျဖတ္သန္းေလ့ ရွိပါတယ္။

နံပါတ္ ၄
သင္ဟာ စိတ္ၿငိမ္ေအးခ်မ္းမႈကို လိုလားသူတစ္ေယာက္ပါ။ လုပ္ယူဖန္တီးေနရတဲ့ ဟန္ေဆာင္မႈေတြကို မႏွစ္သက္ပဲ အရာရာကို သဘာဝအတိုင္း ေနထိုင္ျဖတ္သန္းေလ့ရွိပါတယ္။ မိမိပိုင္ဆိုင္ထားတဲ့အရာေတြကို ေရာင့္ရဲတင္းတိမ္ၿပီး ဒီထက္ပိုၿပီး လိုခ်င္တပ္မက္တာမ်ိဳးေတြ မရွိပါဘူး။ မ်ားမ်ားပိုင္ဆိုင္ထားရေလ မ်ားမ်ားပူေလာင္ၿပီး စိတ္ဆင္းရဲရေလလို႔ သက္မွတ္ထားလို႔ပါ။ ဉာဏ္ေကာင္းတဲ့ လူတစ္ေယာက္ျဖစ္ၿပီး ကိစၥတစ္ခုကို ေျဖရွင္းတဲ့ေနရာမွာ ကာယကိုအားသုံးၿပီး ေျဖရွင္းတာမ်ိဳးထက္ ျဖတ္ထိုးဉာဏ္သုံးၿပီး ေျဖရွင္းေလ့ရွိပါတယ္။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box