Facebook Comments Box
ပုလင်းစပါးလာဘ်တွေပွါး

ပုလင်းစပါးလာဘ်တွေပွါး

အရင်နေ့တွေက ငွေဝင်ဖို့ ငွေရဖို့အစီအမံတွေ
ပုတီးစိပ်ဖို့တွေပေးပြီးသွားပါပြီ
သို့သော်…လာဘ်အင်မတန်ပိတ်နေပြီဆိုရင် ငွေရဖို့
အထစ်အငေါ့တွေဖြစ်မယ်…တေ့လွဲတွေလွဲပြီး
စိတ်ဖိစီးမှုတွေများတတ်ပါတယ်…ပါးစပ်ပေါက်ရောက်ခါနီးမှပြုတ်ကျရတယ်ဆိုပြီး မချိတင်ကဲဖြစ်ရတတ်ပါတယ်..
ဒါကြောင့်ငွေကြေးလာဘ်လာဘနဲ့ပတ်သက်ပြီး
အထစ်အငေါ့တွေ တေ့လွဲ လွဲနေသူများအတွက်
ဒီအစီအမံလေးသာလုပ်လိုက်ပေတော့ဗျို့…
လွယ်ကူထိရောက်လှပါတယ် ပွဲတွေ့ပါ

အစီအမံပြုလုပ်ပုံ
အဝကျယ်ပုလင်းတစ်လုံးထဲကို စပါးအပြည့်ထည့်ပြီး အိမ်ရှေ့ အမိုးအကာအောက်မှာ ချပေးထားလိုက်ရုံပါပဲ..အဲဒီလိုချတဲ့အခါ "နမောတဿ ဘဂဝတော အရဟတော သံမ္မာသံဗုဒ္ဓဿ" ဟုရွတ်ဆို၍
ချပါ ပြီးလျှင်ငွေကြေးလာဘ်လာဘနဲ့ပတ်သက်၍
အထစ်အငေါ့ တေ့လွဲများမှလွတ်မြောက်ပါစေလို့
ဆုတောင်းလိုက်ရုံပါပဲ…

ရှင်းလင်းချက်
ဒီနေရာမှာတစ်ချို့ကမေးချင်ကြမယ် ပုလင်းအစား
လင်ဗန်းမရဘူးလားလို့ စပါးမဟုတ်ဘဲ ဆန်ထည့်လို့
ရလားလို့မေးလာနိုင်ပါတယ် "မရပါ" ဘာလို့လဲ?
လင်ဗန်း(၄+၅=၉)နဲ့ပုလင်း(၅+၄=၉)ကွဲပြားပုံကိုတော့ အခွင့်အခါသင့်ရင်ရှင်းပြပေးပါမယ်
စာရှည်မှာစိုးလို့ပါ…
ဒီနေရာမှာ လူလိုမှနတ်လို နတ်လိုမှဂြိုလ်မ ဆိုတာကို
တော့ကြားဖူးကြမှာပါ လူနဲ့နတ်နဲ့သဟဇာတဖြစ်ရင်
လုပ်သမျှအရာရာအောင်မြင်ကြပါတယ်
ဒါကြောင့်ဂြိုလ်သက်တွေအရ…
ပုလင်း စပါး
၁၉+၁၇+၈+၁၉=၆၃(နဝင်း)
ပုလင်း
၁၉+၁၇=၃၆(စိတ်နဝင်း)
စပါး
၈+၁၉=၂၇( ငွေနဝင်း )
လာဘ်ဆိုတာငွေပါပဲ ဒါကြောင့်ငွေနဝင်းကိုပါအောင်
သုံးထားတာပါ..
ဒီလောက်ဆိုရင်တော့သဘောပေါက်လောက်မယ်
ထင်ပါတယ်နော်…။

မိတ်ဆွေအားလုံးလာဘ်လာဘတွေပွင့်လန်းပါစေအထစ်အငေါ့တေ့လွဲမှန်သမျှကျော်ဖြတ်နိုင်ပါစေ
အ-ဗျာပဇ္ဇာဟောန္တု-
ဆရာအုန်းချစ်မြိုင်
မရမ်းတလင်းယတြာအောင်မြေ

ပုလင္းစပါးလာဘ္ေတြပြါး

အရင္ေန႔ေတြက ေငြဝင္ဖို႔ ေငြရဖို႔အစီအမံေတြ
ပုတီးစိပ္ဖို႔ေတြေပးၿပီးသြားပါၿပီ
သို႔ေသာ္…လာဘ္အင္မတန္ပိတ္ေနၿပီဆိုရင္ ေငြရဖို႔
အထစ္အေငါ့ေတြျဖစ္မယ္…ေတ့လြဲေတြလြဲၿပီး
စိတ္ဖိစီးမႈေတြမ်ားတတ္ပါတယ္…ပါးစပ္ေပါက္ေရာက္ခါနီးမွျပဳတ္က်ရတယ္ဆိုၿပီး မခ်ိတင္ကဲျဖစ္ရတတ္ပါတယ္..
ဒါေၾကာင့္ေငြေၾကးလာဘ္လာဘနဲ႔ပတ္သက္ၿပီး
အထစ္အေငါ့ေတြ ေတ့လြဲ လြဲေနသူမ်ားအတြက္
ဒီအစီအမံေလးသာလုပ္လိုက္ေပေတာ့ဗ်ိဳ႕…
လြယ္ကူထိေရာက္လွပါတယ္ ပြဲေတြ႕ပါ

အစီအမံျပဳလုပ္ပုံ
အဝက်ယ္ပုလင္းတစ္လုံးထဲကို စပါးအျပည့္ထည့္ၿပီး အိမ္ေရွ႕ အမိုးအကာေအာက္မွာ ခ်ေပးထားလိုက္႐ုံပါပဲ..အဲဒီလိုခ်တဲ့အခါ "နေမာတႆ ဘဂဝေတာ အရဟေတာ သံမၼာသံဗုဒၶႆ" ဟု႐ြတ္ဆို၍
ခ်ပါ ၿပီးလွ်င္ေငြေၾကးလာဘ္လာဘနဲ႔ပတ္သက္၍
အထစ္အေငါ့ ေတ့လြဲမ်ားမွလြတ္ေျမာက္ပါေစလို႔
ဆုေတာင္းလိုက္႐ုံပါပဲ…

ရွင္းလင္းခ်က္
ဒီေနရာမွာတစ္ခ်ိဳ႕ကေမးခ်င္ၾကမယ္ ပုလင္းအစား
လင္ဗန္းမရဘူးလားလို႔ စပါးမဟုတ္ဘဲ ဆန္ထည့္လို႔
ရလားလို႔ေမးလာႏိုင္ပါတယ္ "မရပါ" ဘာလို႔လဲ?
လင္ဗန္း(၄+၅=၉)နဲ႔ပုလင္း(၅+၄=၉)ကြဲျပားပုံကိုေတာ့ အခြင့္အခါသင့္ရင္ရွင္းျပေပးပါမယ္
စာရွည္မွာစိုးလို႔ပါ…
ဒီေနရာမွာ လူလိုမွနတ္လို နတ္လိုမွၿဂိဳလ္မ ဆိုတာကို
ေတာ့ၾကားဖူးၾကမွာပါ လူနဲ႔နတ္နဲ႔သဟဇာတျဖစ္ရင္
လုပ္သမွ်အရာရာေအာင္ျမင္ၾကပါတယ္
ဒါေၾကာင့္ၿဂိဳလ္သက္ေတြအရ…
ပုလင္း စပါး
၁၉+၁၇+၈+၁၉=၆၃(နဝင္း)
ပုလင္း
၁၉+၁၇=၃၆(စိတ္နဝင္း)
စပါး
၈+၁၉=၂၇( ေငြနဝင္း )
လာဘ္ဆိုတာေငြပါပဲ ဒါေၾကာင့္ေငြနဝင္းကိုပါေအာင္
သုံးထားတာပါ..
ဒီေလာက္ဆိုရင္ေတာ့သေဘာေပါက္ေလာက္မယ္
ထင္ပါတယ္ေနာ္…။

မိတ္ေဆြအားလုံးလာဘ္လာဘေတြပြင့္လန္းပါေစအထစ္အေငါ့ေတ့လြဲမွန္သမွ်ေက်ာ္ျဖတ္ႏိုင္ပါေစ
အ-ဗ်ာပဇၨာေဟာႏၲဳ-
ဆရာအုန္းခ်စ္ၿမိဳင္
မရမ္းတလင္းယၾတာေအာင္ေျမ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box