ဒီအမှတ်အသားပါရင် သတိထား ဒုက္ခ၊ သောက၊ ဥပစ္ဆဒေက ကံတရားပြ အမှတ်အသား
ကျွန်ုပ်ထံလက္ခဏာမေးမြန်းသော မိတ်ဆွေအများစုအနေဖြင့် သူတို့ဘဝ၏ ကြီးပွားရေး၊ချမ်းသာရေး၊ ရာထူးဂုဏ်သတင်းများ ကျော်ကြားခြင်း၊စသည့် လူ့ဘဝအခြေအနေမြင့်မားရေးကိုသာ အဓိကထားမေးမြန်းကြလေသည်။ မိမိဘဝအတွက် တိုးတက်ရန်ကြိုးစားချိန်လမ်းခုလပ်တွင် ရင်ဆိုင်ရမည့် အခက်အခဲများ၊ဒုက္ခများ၊ သောကများ၊ မတော်တဆဖြစ်သော ဥပစ္ဆဒေကကံပါရှိခြင်းတို့ကိုမူ သိပ်စိတ်ဝင်စားခြင်းမရှိတတ်ကြပေ။ သို့သော်လည်း လက္ခဏာဆရာတို့မည်သည် မိတ်ဆွေ၏ ဘဝတိုးတက်ရန်ကြိုးစားနေချိန်တွင် မထင်မှတ်ဘဲ ဖြစ်ပေါ်လာတတ်သော မကောင်းသောကံတရားများကိုလည်း ချစ်ခြင်း၊မုန်းခြင်း ကင်းကင်းနှင့် ပြောပြအကြံပြုရန် တာဝန်ရှိသဖြင့် ထိုကံတရားတို့ကို သေချာစစ်ဆေးပြီး ဟောပြောရပေသည်။ ထို့သို့စစ်ဆေးရာတွင် များပြားလှစွာသော အချက်အလက်များမှ ကံလမ်းကြောင်းနှင့်ဆိုင်သော အကြောင်းအရာများကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။
ကံလမ်းကြောင်း (ထီးရိုး) ကောင်းမွန်ခြင်းက ကံကောင်းခြင်းကို ဖြစ်ပေါ်စေသည်၊အစစအရာရာကံ၏ အထောက်အပံ့ကောင်းများရရှိပြီး အောင်မြင်ခြင်း၊တိုးတက်ခြင်းတို့ကောင်းစွာဖြစ်ထွန်းသည် ဆိုသည့် အလွယ်ကောက်ချက် ချခြင်းများမပြုလုပ်သင့်ပေ။ အချို့သော ကံလမ်းကြောင်းမပါရှိသူများပင် ကံလမ်းကြောင်းပါရှိသူထက် ကံကောင်းနေသူများ လောကတွင် များစွာရှိပါတယ်။ကံလမ်းကြောင်းဟာ ကောင်းမွန်သော ကံလမ်းကြောင်းဖြစ်ရန် လိုပါတယ်၊ ကံလမ်းကြောင်းပါရှိပြီး မသန့်ရှင်းသော ကံလမ်းကြောင်းက မကောင်းသောအကျိုး တရားများကို ဖော်ပြခြင်းဖြစ်သောကြောင့် အထူးသတိထားရပါတယ်။မကောင်းသောကံလမ်းကြောင်းပါရှိခြင်းထက် ကံလမ်းကြောင်းမပါရှိခြင်းက ပိုကောင်းလေသည်။
ကံလမ်းကြောင်းရဲ့ အဆုံးသတ် စနေဂြိုဟ်ခုံတွင် ကျွန်းဖြင့်အဆုံးသတ်သော ကံလမ်းကြောင်းပါရှိပါက ထိုလက္ခဏာရှင်သည် အသက်ကြီးပိုင်း (ခန့်မှန်အသက် ၅၅ နှစ်အထက်) သို့ရောက်သောအခါ လောကရဲ့ ဒုက္ခနဲ့ စတင်ရင်ဆိုင်ရတတ်ပါတယ်။ သက်ကြီးကံဆိုးတယ်လို့ပြောရမယ်၊ ဒီအမှတ်အသားပါတဲ့သူတွေဟာ အသက်ငယ်စဉ်က ရှာဖွေစုဆောင်းထားတဲ့ဥစ္စာတွေဟာ အသက်ကြီးမှ အကြောင်းအမျိုးမျိုးကြောင့် ကုန်ဆုံးသွားတတ်တယ်၊ ရာဇဝတ်မှု့ကြုံရပြီး ထောင်တန်းကျတတ်တယ်(ထောင်အမှတ်အသားတွေကိုလည်း ကြည့်ရပါတယ်) ၊မတရား ဖမ်းဆီးခံရတာမျိုး၊ စွတ်စွဲပြစ်တင်ခံရတာမျိုးဖြစ်တတ်တယ်။ ရာထူးရှိသူတွေဆိုရင် အလွန်သတိထားရတယ်၊ ရုတ်တရက် ရာထူးကပြုတ်ပြီး ထောင်ကျရတဲ့ အဖြစ်တွေဖြစ်တတ်တယ်၊(သေချာသုတေသနပြုထားတာရှိပါတယ်၊ ထောင်ထဲမှာ ရာထူးကြီးတွေ ထောင်ကျတဲ့အခါ သွားပြီးသုတေသနလုပ်တဲ့အခါ တွေ့နိုင်ပါတယ်) အိမ်ထောင်ရေးနဲ့ပါတ်သက်ပြီး အသက်ကြီးမှ ကြုံမကောင်းကြားမကောင်းကိစ္စတွေဖြစ်ပြီး ဂုဏ်သိက္ခာကျဆင်းသွားတတ်တယ်၊ ပါတ်ဝန်းကျင်က ပြစ်ပယ်တာခံရတတ်တယ်။ ကျန်းမာရေးအရလည်း အလွန်းညံ့လာမယ်၊ ကုသရခက်တဲ့ရောဂါတွေရရှိနေတတ်ပြီး အတော်ဒုက္ခများသွားတတ်တယ်၊ ဒါကြောင့် ကံလမ်းကြောင်းအဆုံးသတ်နေရာက ကျွန်းအမှတ်အသားဟာ အလွန်ကြောက်စရာကောင်းတဲ့ ကံတရားကို ပေးတာဖြစ်တယ်။ အောင်မြင်ရေးလမ်းကြောင်းအဆုံးမှာ ကျွန်းပါရှိခဲ့ရင်တော့ ဒီဒုက္ခတွေဟာ ရာနှုံန်းပြည့် ခံစားရမှာပါ။ ကျွန်းအမှတ်အသားနဲ့ ကြာဖူးအမှတ်အသားကို သေချာကွဲကွဲပြားပြားသိရှိဖို့အထူးလိုအပ်ပါတယ်။ တစ်ကယ်သုတေသနပြုနေသူတွေအတွက်ကတော့ ကျွန်းနဲ့ကြာဖူးဟာ အလွန်ကွဲပြားခြားနားပါတယ်။
ကံလမ်းကြောင်းအဆုံးသတ်ဟာ ကြက်ခြေအမှတ်အသားနဲ့ အဆုံးသတ်နေမယ်ဆိုရင်တော့ ရာဇဝတ်မှု့ တစ်ခုခုနဲ့ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ ထောင်တန်းနှစ်ရှည်ကျတတ်ပါတယ်၊ကိုယ်မကျူးလွန်ရင်တောင်မှ အထင်မှားစွတ်စွဲခံရပြီး စီရင်ခံရတာမျိုးဖြစ်တတ်တယ်။ ပြစ်မှု့ထင်ရှား စီရင်ခံရရင် သေဒဏ်အထိ စီရင်ခံရနိုင်တယ်။ တစ်ကယ်လို့ ဒီလိုအစီရင်မခံရရင်လည်း ကြီးမားတဲ့ မတော်တဆဖြစ်စဉ်မှာပါဝင်ပြီး အသက်ဆုံးရမှာဖြစ်တယ်၊ ဥပစ္ဆဒေကကံ ပါရှိတယ်လို့ပြောရမယ်၊ ကြိုးပေးကွက်မျက်ခံရတာ၊ ခေါင်းဖြတ်ကွက်မျက်ခံရတာတွေဟာ ဒီအမှတ်အသားနဲ့ သက်ဆိုင်နေတယ်၊ ဒါကြောင်းအလွန်သတိထားရတဲ့အဖြစ်ပါဘဲ။ ဘယ်အချိန်မှာ ဘယ်လိုအကြောင်းတရားကြောင့် ဖြစ်မယ်ဆိုတာကိုတော့ အခြားသောလမ်းကြောင်းအမှတ်အသားတွေနဲ့ လက်ပုံစံ၊ရေစာ၊ဂြိုဟ်ခုံတွေ၊ ထူးခြားအမှတ်အသားတွေကို စစ်ဆေးရပါလိမ့်မယ်။
ကံလမ်းကြောင်းရဲ့ တစ်နေရာရာမှာ ကျွန်းပါရှိနေရင် အဲဒီကျွန်းပါရှိနေတဲ့ နေရာရဲ့ အသက်အပိုင်းအခြားတစ်ခုမှာ လုပ်နေတဲ့ လုပ်ငန်းတွေပျက်နေတတ်တယ်၊ရပ်သွားမယ်၊ မိမိကိုမလိုသူတွေရဲ့ တိုက်ခိုက်ဖျက်ဆီးတာခံရတတ်တယ်၊ ဒီအချိန်အသက်အရွယ်မှာ ကြိုးစားထားတာတွေအရာမထင်ဖြစ်နေမယ်၊ လိုချင်တဲ့ပန်းတိုင်မရောက်တော့ဘူး၊ လိုက်လေဝေးလေဖြစ်တတ်တယ်၊ ဝန်ထမ်းတွေ၊အရာရှိတွေဆိုရင် ဒီအချိန်မှာ အမှားတစ်ခုခုဖြစ်ပေါ်တတ်ပြီး ရာထူးချခံရတာမျိုးဖြစ်တတ်ပါတယ်။ ကျွန်းရဲ့သတ္တိပြတဲ့ အသက်အပိုင်းအခြားက ကျော်လွန်ခဲ့ရင်တော့ ပြန်ပြီးအဆင်ပြေနိုင်ပါတယ်။ ဒီကျွန်းလိုဘဲ ကံလမ်းကြောင်းတစ်နေရာရာမှာ ပြတ်နေရင်၊ဥပါဒ်လမ်းကြောင်းတစ်ခုခုက ကံလမ်းကြောင်းထက်အားကြီးတဲ့ ပုံစံနဲ့ အပေါ်က ဝင်ဖြတ်လိုက်တာမျိုး၊ ကံလမ်းကြောင်း တိကနဲ့ ပြတ်နေတာမျိုးတွေကလည်း ကောင်းကျိုးမပေးပါဘူး။ တစ်ခုနဲ့တစ်ခု ပုံစံမတူသလို အဟောလည်း အနည်းငယ်ကွဲပြားပါတယ်။
ကံလမ်းကြောင်းကို နှလုံးလမ်းကြောင်းမှ အောက်ဘက်ကို ထွက်ပေါ်လာတဲ့ လမ်းကြောင်းငယ်လေးက မဟာစတုဂံလွင်ပြင်မှာ ဝင်ရောက်ဖြတ်တောက်ထားခဲ့ရင်တော့ အချစ်စိတ်ဇောတွေ၊အချစ်၊အိမ်ထောင်ရေးကိစ္စတွေက ဘဝကိုလွမ်းမိုးသွားတဲ့အတွက် ဘဝရဲ့ တိုးတက်ကြီးပွားအောင်မြင်ခြင်းတွေ ပျက်စီးကုန်တတ်ပါတယ်၊ အိမ်ထောင်ရေး၊ အချစ်ရေးကိစ္စတွေနဲ့ဘဲ အချိန်တွေကုန်ပြီး စီးပွားပျက်တဲ့ အနေအထားပါ။ ဖြတ်လိုက်တဲ့ အသက်အရွယ်နဲ့ ဖြတ်နေတဲ့ လမ်းကြောင်းရဲ့ အားတွေကို ချိန်ဆဖို့တော့လိုပါတယ်။
ကံလမ်းကြောင်းပါတယ်ဆိုပေမယ့် ကံလမ်းကြောင်းရဲ့ ကောင်းခြင်းတွေကို ဖျက်ဆီးတတ်တဲ့ အမှတ်အသားတွေ၊လမ်းကြောင်းတွေ၊မကောင်းတဲ့ အမှတ်အသားတွေကင်းရှင်းဖို့ အထူးလိုပါတယ်၊ ဘဝရဲ့ အသက်အရွယ်တစ်ခုမှာ အကောင်းဆုံကံတရားတွေ ရှိနေခဲ့မယ်ဆိုရင်တောင် ကံလမ်းကြောင်းရဲ့ အနည်းချက်၊မကောင်းတဲ့ အမှတ်တစ်ခုကြောင့် အဆုံးသတ်မှာ မကောင်းတဲ့ကံတခုနဲ့ အဆုံးသတ်ရတတ်တယ်၊ အချို့သော ကမ္ဘာကျော်ပုဂ္ဂိုဟ်များကို လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ဘဝနေဝင်ချိန်တွေ မကောင်းတာကိုတွေ့ရတယ်၊ လုပ်ကြံခံရလို့ ကွယ်လွန်ရသူတွေ၊ရာထူးလက်လွတ်ပြီး တရားရင်ဆိုင် ထောင်ကျခဲ့ရသူတွေ ကမ္ဘာမှာအများကြီးရှိနေပါတယ်။ ဒါကြောင့် ဒီကံတရားတွေကိုကြိုသိလို့ ပြင်ဆင်နိုင်တာတွေကို ကြိုင်တင်ပြဆင်နိုင်ဖို့ လက္ခဏာပညာရှင်ကောင်းတွေနဲ့ တိုင်ပင်အကြံပြုချက်တွေ ရယူထားသင့်တယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။
ကင်္ကသူ
ဒီအမွတ္အသားပါရင္ သတိထား ဒုကၡ၊ ေသာက၊ ဥပစၦေဒက ကံတရားျပ အမွတ္အသား
ကြၽႏ္ုပ္ထံလကၡဏာေမးျမန္းေသာ မိတ္ေဆြအမ်ားစုအေနျဖင့္ သူတို႔ဘဝ၏ ႀကီးပြားေရး၊ခ်မ္းသာေရး၊ ရာထူးဂုဏ္သတင္းမ်ား ေက်ာ္ၾကားျခင္း၊စသည့္ လူ႔ဘဝအေျခအေနျမင့္မားေရးကိုသာ အဓိကထားေမးျမန္းၾကေလသည္။ မိမိဘဝအတြက္ တိုးတက္ရန္ႀကိဳးစားခ်ိန္လမ္းခုလပ္တြင္ ရင္ဆိုင္ရမည့္ အခက္အခဲမ်ား၊ဒုကၡမ်ား၊ ေသာကမ်ား၊ မေတာ္တဆျဖစ္ေသာ ဥပစၦေဒကကံပါရွိျခင္းတို႔ကိုမူ သိပ္စိတ္ဝင္စားျခင္းမရွိတတ္ၾကေပ။ သို႔ေသာ္လည္း လကၡဏာဆရာတို႔မည္သည္ မိတ္ေဆြ၏ ဘဝတိုးတက္ရန္ႀကိဳးစားေနခ်ိန္တြင္ မထင္မွတ္ဘဲ ျဖစ္ေပၚလာတတ္ေသာ မေကာင္းေသာကံတရားမ်ားကိုလည္း ခ်စ္ျခင္း၊မုန္းျခင္း ကင္းကင္းႏွင့္ ေျပာျပအႀကံျပဳရန္ တာဝန္ရွိသျဖင့္ ထိုကံတရားတို႔ကို ေသခ်ာစစ္ေဆးၿပီး ေဟာေျပာရေပသည္။ ထို႔သို႔စစ္ေဆးရာတြင္ မ်ားျပားလွစြာေသာ အခ်က္အလက္မ်ားမွ ကံလမ္းေၾကာင္းႏွင့္ဆိုင္ေသာ အေၾကာင္းအရာမ်ားကို ေကာက္ႏုတ္ေဖာ္ျပလိုက္ရပါတယ္။
ကံလမ္းေၾကာင္း (ထီး႐ိုး) ေကာင္းမြန္ျခင္းက ကံေကာင္းျခင္းကို ျဖစ္ေပၚေစသည္၊အစစအရာရာကံ၏ အေထာက္အပံ့ေကာင္းမ်ားရရွိၿပီး ေအာင္ျမင္ျခင္း၊တိုးတက္ျခင္းတို႔ေကာင္းစြာျဖစ္ထြန္းသည္ ဆိုသည့္ အလြယ္ေကာက္ခ်က္ ခ်ျခင္းမ်ားမျပဳလုပ္သင့္ေပ။ အခ်ိဳ႕ေသာ ကံလမ္းေၾကာင္းမပါရွိသူမ်ားပင္ ကံလမ္းေၾကာင္းပါရွိသူထက္ ကံေကာင္းေနသူမ်ား ေလာကတြင္ မ်ားစြာရွိပါတယ္။ကံလမ္းေၾကာင္းဟာ ေကာင္းမြန္ေသာ ကံလမ္းေၾကာင္းျဖစ္ရန္ လိုပါတယ္၊ ကံလမ္းေၾကာင္းပါရွိၿပီး မသန႔္ရွင္းေသာ ကံလမ္းေၾကာင္းက မေကာင္းေသာအက်ိဳး တရားမ်ားကို ေဖာ္ျပျခင္းျဖစ္ေသာေၾကာင့္ အထူးသတိထားရပါတယ္။မေကာင္းေသာကံလမ္းေၾကာင္းပါရွိျခင္းထက္ ကံလမ္းေၾကာင္းမပါရွိျခင္းက ပိုေကာင္းေလသည္။
ကံလမ္းေၾကာင္းရဲ႕ အဆုံးသတ္ စေနၿဂိဳဟ္ခုံတြင္ ကြၽန္းျဖင့္အဆုံးသတ္ေသာ ကံလမ္းေၾကာင္းပါရွိပါက ထိုလကၡဏာရွင္သည္ အသက္ႀကီးပိုင္း (ခန႔္မွန္အသက္ ၅၅ ႏွစ္အထက္) သို႔ေရာက္ေသာအခါ ေလာကရဲ႕ ဒုကၡနဲ႔ စတင္ရင္ဆိုင္ရတတ္ပါတယ္။ သက္ႀကီးကံဆိုးတယ္လို႔ေျပာရမယ္၊ ဒီအမွတ္အသားပါတဲ့သူေတြဟာ အသက္ငယ္စဥ္က ရွာေဖြစုေဆာင္းထားတဲ့ဥစၥာေတြဟာ အသက္ႀကီးမွ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကုန္ဆုံးသြားတတ္တယ္၊ ရာဇဝတ္မႈ႕ႀကဳံရၿပီး ေထာင္တန္းက်တတ္တယ္(ေထာင္အမွတ္အသားေတြကိုလည္း ၾကည့္ရပါတယ္) ၊မတရား ဖမ္းဆီးခံရတာမ်ိဳး၊ စြတ္စြဲျပစ္တင္ခံရတာမ်ိဳးျဖစ္တတ္တယ္။ ရာထူးရွိသူေတြဆိုရင္ အလြန္သတိထားရတယ္၊ ႐ုတ္တရက္ ရာထူးကျပဳတ္ၿပီး ေထာင္က်ရတဲ့ အျဖစ္ေတြျဖစ္တတ္တယ္၊(ေသခ်ာသုေတသနျပဳထားတာရွိပါတယ္၊ ေထာင္ထဲမွာ ရာထူးႀကီးေတြ ေထာင္က်တဲ့အခါ သြားၿပီးသုေတသနလုပ္တဲ့အခါ ေတြ႕ႏိုင္ပါတယ္) အိမ္ေထာင္ေရးနဲ႔ပါတ္သက္ၿပီး အသက္ႀကီးမွ ႀကဳံမေကာင္းၾကားမေကာင္းကိစၥေတြျဖစ္ၿပီး ဂုဏ္သိကၡာက်ဆင္းသြားတတ္တယ္၊ ပါတ္ဝန္းက်င္က ျပစ္ပယ္တာခံရတတ္တယ္။ က်န္းမာေရးအရလည္း အလြန္းညံ့လာမယ္၊ ကုသရခက္တဲ့ေရာဂါေတြရရွိေနတတ္ၿပီး အေတာ္ဒုကၡမ်ားသြားတတ္တယ္၊ ဒါေၾကာင့္ ကံလမ္းေၾကာင္းအဆုံးသတ္ေနရာက ကြၽန္းအမွတ္အသားဟာ အလြန္ေၾကာက္စရာေကာင္းတဲ့ ကံတရားကို ေပးတာျဖစ္တယ္။ ေအာင္ျမင္ေရးလမ္းေၾကာင္းအဆုံးမွာ ကြၽန္းပါရွိခဲ့ရင္ေတာ့ ဒီဒုကၡေတြဟာ ရာႏႈံန္းျပည့္ ခံစားရမွာပါ။ ကြၽန္းအမွတ္အသားနဲ႔ ၾကာဖူးအမွတ္အသားကို ေသခ်ာကြဲကြဲျပားျပားသိရွိဖို႔အထူးလိုအပ္ပါတယ္။ တစ္ကယ္သုေတသနျပဳေနသူေတြအတြက္ကေတာ့ ကြၽန္းနဲ႔ၾကာဖူးဟာ အလြန္ကြဲျပားျခားနားပါတယ္။
ကံလမ္းေၾကာင္းအဆုံးသတ္ဟာ ၾကက္ေျခအမွတ္အသားနဲ႔ အဆုံးသတ္ေနမယ္ဆိုရင္ေတာ့ ရာဇဝတ္မႈ႕ တစ္ခုခုနဲ႔ျဖစ္ေစ၊ အျခားအေၾကာင္းေၾကာင့္ျဖစ္ေစ ေထာင္တန္းႏွစ္ရွည္က်တတ္ပါတယ္၊ကိုယ္မက်ဴးလြန္ရင္ေတာင္မွ အထင္မွားစြတ္စြဲခံရၿပီး စီရင္ခံရတာမ်ိဳးျဖစ္တတ္တယ္။ ျပစ္မႈ႕ထင္ရွား စီရင္ခံရရင္ ေသဒဏ္အထိ စီရင္ခံရႏိုင္တယ္။ တစ္ကယ္လို႔ ဒီလိုအစီရင္မခံရရင္လည္း ႀကီးမားတဲ့ မေတာ္တဆျဖစ္စဥ္မွာပါဝင္ၿပီး အသက္ဆုံးရမွာျဖစ္တယ္၊ ဥပစၦေဒကကံ ပါရွိတယ္လို႔ေျပာရမယ္၊ ႀကိဳးေပးကြက္မ်က္ခံရတာ၊ ေခါင္းျဖတ္ကြက္မ်က္ခံရတာေတြဟာ ဒီအမွတ္အသားနဲ႔ သက္ဆိုင္ေနတယ္၊ ဒါေၾကာင္းအလြန္သတိထားရတဲ့အျဖစ္ပါဘဲ။ ဘယ္အခ်ိန္မွာ ဘယ္လိုအေၾကာင္းတရားေၾကာင့္ ျဖစ္မယ္ဆိုတာကိုေတာ့ အျခားေသာလမ္းေၾကာင္းအမွတ္အသားေတြနဲ႔ လက္ပုံစံ၊ေရစာ၊ၿဂိဳဟ္ခုံေတြ၊ ထူးျခားအမွတ္အသားေတြကို စစ္ေဆးရပါလိမ့္မယ္။
ကံလမ္းေၾကာင္းရဲ႕ တစ္ေနရာရာမွာ ကြၽန္းပါရွိေနရင္ အဲဒီကြၽန္းပါရွိေနတဲ့ ေနရာရဲ႕ အသက္အပိုင္းအျခားတစ္ခုမွာ လုပ္ေနတဲ့ လုပ္ငန္းေတြပ်က္ေနတတ္တယ္၊ရပ္သြားမယ္၊ မိမိကိုမလိုသူေတြရဲ႕ တိုက္ခိုက္ဖ်က္ဆီးတာခံရတတ္တယ္၊ ဒီအခ်ိန္အသက္အ႐ြယ္မွာ ႀကိဳးစားထားတာေတြအရာမထင္ျဖစ္ေနမယ္၊ လိုခ်င္တဲ့ပန္းတိုင္မေရာက္ေတာ့ဘူး၊ လိုက္ေလေဝးေလျဖစ္တတ္တယ္၊ ဝန္ထမ္းေတြ၊အရာရွိေတြဆိုရင္ ဒီအခ်ိန္မွာ အမွားတစ္ခုခုျဖစ္ေပၚတတ္ၿပီး ရာထူးခ်ခံရတာမ်ိဳးျဖစ္တတ္ပါတယ္။ ကြၽန္းရဲ႕သတၱိျပတဲ့ အသက္အပိုင္းအျခားက ေက်ာ္လြန္ခဲ့ရင္ေတာ့ ျပန္ၿပီးအဆင္ေျပႏိုင္ပါတယ္။ ဒီကြၽန္းလိုဘဲ ကံလမ္းေၾကာင္းတစ္ေနရာရာမွာ ျပတ္ေနရင္၊ဥပါဒ္လမ္းေၾကာင္းတစ္ခုခုက ကံလမ္းေၾကာင္းထက္အားႀကီးတဲ့ ပုံစံနဲ႔ အေပၚက ဝင္ျဖတ္လိုက္တာမ်ိဳး၊ ကံလမ္းေၾကာင္း တိကနဲ႔ ျပတ္ေနတာမ်ိဳးေတြကလည္း ေကာင္းက်ိဳးမေပးပါဘူး။ တစ္ခုနဲ႔တစ္ခု ပုံစံမတူသလို အေဟာလည္း အနည္းငယ္ကြဲျပားပါတယ္။
ကံလမ္းေၾကာင္းကို ႏွလုံးလမ္းေၾကာင္းမွ ေအာက္ဘက္ကို ထြက္ေပၚလာတဲ့ လမ္းေၾကာင္းငယ္ေလးက မဟာစတုဂံလြင္ျပင္မွာ ဝင္ေရာက္ျဖတ္ေတာက္ထားခဲ့ရင္ေတာ့ အခ်စ္စိတ္ေဇာေတြ၊အခ်စ္၊အိမ္ေထာင္ေရးကိစၥေတြက ဘဝကိုလြမ္းမိုးသြားတဲ့အတြက္ ဘဝရဲ႕ တိုးတက္ႀကီးပြားေအာင္ျမင္ျခင္းေတြ ပ်က္စီးကုန္တတ္ပါတယ္၊ အိမ္ေထာင္ေရး၊ အခ်စ္ေရးကိစၥေတြနဲ႔ဘဲ အခ်ိန္ေတြကုန္ၿပီး စီးပြားပ်က္တဲ့ အေနအထားပါ။ ျဖတ္လိုက္တဲ့ အသက္အ႐ြယ္နဲ႔ ျဖတ္ေနတဲ့ လမ္းေၾကာင္းရဲ႕ အားေတြကို ခ်ိန္ဆဖို႔ေတာ့လိုပါတယ္။
ကံလမ္းေၾကာင္းပါတယ္ဆိုေပမယ့္ ကံလမ္းေၾကာင္းရဲ႕ ေကာင္းျခင္းေတြကို ဖ်က္ဆီးတတ္တဲ့ အမွတ္အသားေတြ၊လမ္းေၾကာင္းေတြ၊မေကာင္းတဲ့ အမွတ္အသားေတြကင္းရွင္းဖို႔ အထူးလိုပါတယ္၊ ဘဝရဲ႕ အသက္အ႐ြယ္တစ္ခုမွာ အေကာင္းဆုံကံတရားေတြ ရွိေနခဲ့မယ္ဆိုရင္ေတာင္ ကံလမ္းေၾကာင္းရဲ႕ အနည္းခ်က္၊မေကာင္းတဲ့ အမွတ္တစ္ခုေၾကာင့္ အဆုံးသတ္မွာ မေကာင္းတဲ့ကံတခုနဲ႔ အဆုံးသတ္ရတတ္တယ္၊ အခ်ိဳ႕ေသာ ကမာၻေက်ာ္ပုဂၢိဳဟ္မ်ားကို ေလ့လာၾကည့္တဲ့အခါ သူတို႔ရဲ႕ဘဝေနဝင္ခ်ိန္ေတြ မေကာင္းတာကိုေတြ႕ရတယ္၊ လုပ္ႀကံခံရလို႔ ကြယ္လြန္ရသူေတြ၊ရာထူးလက္လြတ္ၿပီး တရားရင္ဆိုင္ ေထာင္က်ခဲ့ရသူေတြ ကမာၻမွာအမ်ားႀကီးရွိေနပါတယ္။ ဒါေၾကာင့္ ဒီကံတရားေတြကိုႀကိဳသိလို႔ ျပင္ဆင္ႏိုင္တာေတြကို ႀကိဳင္တင္ျပဆင္ႏိုင္ဖို႔ လကၡဏာပညာရွင္ေကာင္းေတြနဲ႔ တိုင္ပင္အႀကံျပဳခ်က္ေတြ ရယူထားသင့္တယ္ဆိုတာကို တင္ျပလိုက္ရပါတယ္။
ကကၤသူ
Be the first to comment