Facebook Comments Box
လက်ဖဝါးပြင်မှ အလွန်အရေးကြီးသော မာခြင်း-ပျော့ခြင်း၊ထူခြင်း-ပါးခြင်း နှင့် အရောင်အသွေးများ

လက်ဖဝါးပြင်မှ အလွန်အရေးကြီးသော မာခြင်း-ပျော့ခြင်း၊ထူခြင်း-ပါးခြင်း နှင့် အရောင်အသွေးများ

လက်ဖဝါးပြင်ကို လေ့လာရာတွင် လက်ဖဝါးပြင်ပေါ်တွင်ပါရှိသော လမ်းကြောင်းများ၊ဂြိုဟ်ခုံများကို အဓိကထားပြီး ကြည့်ကြသည်ကများပေသည်။ သို့သော်လည်း ထို့လမ်းကြောင်းများ၊ထူးခြားအမှတ်အသားများ၊ဂြိုဟ်ခုံတို့ကို အထောက် အကူပြုလျှက်ရှိသော လက်ဖဝါးပြင်၏ ပုံသဏ္ဍာန်၊အရောင်အသွေး၊အပူအအေး၊အမာအပျော၊့အထူအပါး တို့သည်လည်း အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိရာ ထိုအချက်များကို အခြေခံအားဖြင့် ကြေညက်နေမှသာ လက်ဖဝါးပေါ်မှ လမ်းကြောင်းများ၊ထူးခြားအမှတ်အသားများကိုကြည့်ပြီး ဟောချက်ထုတ်သည့်အခါ ချင့်ချိန်နိုင်ပြီး မှန်ကန်တိကျသော ဟောချက်တစ်ခုရရှိမည့်ဖြစ်ပေသည်။

လက်ဖဝါးပြင်သည် ပျော့အိသောလက်ဖဝါးပိုင်ရှင်ဖြစ်ပါက ထိုသူတို့သည် အများအားဖြင့် ကဗျာဆန်တတ်ကြသည်၊ အနုပညာကို ခံစားတတ်သူများဖြစ်ကြပေသည်။ စိတ်ကူယဉ်ဆန်တတ်ကြပြီး စိတ်နုသူ ၊စိတ်ခံစားချက်ကို ရှေ့တန်းတင်တတ်ကြသူများဖြစ်ကြသည်။ ငိုရမည့်ကိစ္စဆိုလျှင် ငိုလိုက်ပြီး ရယ်ရမည့်ကိစ္စဆိုလျှင် ဟန်ဆောင်မနေဘဲ စိတ်တွင်ဖြစ်ပေါ်သည့်အတိုင်း ရယ်လိုက်တတ်သည်။ စိတ်ကူးနှင့် ပျော်နေတတ်သူများဖြစ်သောကြောင့် လက်တွေ့ အားနည်းသူများဟု အကြမ်းအားဖြင့် သုံးသပ်နိုင်သည်။လက်အသားကြေနေခြင်းနှင့် မှားယွင်းကြည့် တတ်ကြသည်။ လက်အသားပျော့အိလွန်းခြင်းနှင့် အသားများကြေမွနေခြင်းက မတူကြပါ။ အသားကြေနေပါက မကောင်းသော စိတ်အတွေးများဘက်ကို ရောက်သွားတတ်သည်၊ မူးယစ်ဆေးဝါးများကို နှစ်သက်တတ်ပြီး မူးယစ်ဆေးနှင့် စိတ်အာရုံကို လွင့်မျော်နေတတ်သူများဖြစ်ကြပေသည်။ ပျင်းရိတတ်ကြပြီး အချောင်ခိုချင်သည့်စိတ်ရှိနေတတ်သည်။ တစ်ကိုယ်ကောင်း ဆန်သူ၊ အတ္တကြီးသူတွေမှာလည်း လက်အသားကြေနေသည့်ပုံစံကို တွေ့ရတတ်သည်။လက်ကလေးက ပျော့အိပြီး လက်အသားတွေကြေနေသူသည် မေတ္တာကြီးမားလိုက်မည်မဟုတ်၊ ရက်စက်တတ်သူသာဖြစ်ပေလိမ့်မည်။ သစ္စာမဲ့သူ၊ လိမ်လည်တတ်သူ၊မိမိအကျိုးအတွက် သူတပါးအကျိုး ဖျက်ဆီးတတ်သူများတွင်လည်း လက်အသား ကြေနေသည်ကို တွေ့ရတတ်သည်။ အသားကြေနေသည်ကို ကိုင်ကြည့်ပါက အဝတ်စကို ကိုင်ရသလို ကြေနေတတ်ကြပေသည်။

လက်အသားမာသောလက်အမျိုးအစားသည် ဘယ်အရာကိုမဆို ကိုယ်ထိလက်ရောက်လုပ်ကိုင်လိုစိတ်ရှိသူများ ဖြစ်သည်။လက်တွေ့လုပ်ကိုင်ရသည်ကို ကြေနပ်ကြသည်၊အကြောင်းအရာတစ်ခုကို နက်နက်နဲနဲတွေးတောဆင်ခြင်းမှု့ အားနည်းတတ်ကြပြီး၊လူအများနှင့်ဆက်ဆံသည်အခါ ဘွင်းဘွင်းကြီးပြောတတ်သဖြင့် အဆင်မပြေဖြစ်တတ်ကြသည်။ အလုပ်ကို ကြိုးစားလုပ်ကိုင်တတ်သလို မဟုတ်မခံစိတ်ရှိတတ်သည် ၊ကျိုးကျိုးနွံနွံ လုပ်ကိုင်တတ်သဖြင့် အလုပ်ရှင် သဘောကျသူများဖြစ်သည်။ထိုလက်အသားမာသူ အများစုသည် သစ္စာရှိပြီး စိတ်ချရသူများဖြစ်ကြသည်။ ထိုလက်အသားမာသူတို့ အသက်ကြီးလာသည့်အခါ အသွေးအသားခမ်းခြောက်ပြီး အရိုးပေါ်အရေတင်နေသည့် အခြေအနေဖြစ်နေတတ်သည်။ ဒီနေရာမှာ ရှိသင်တဲ့ မာခြင်းအဆင့်ထက် ပိုပြီးမာကြောသော လက်အသားပိုင်ရှင်တို့လည်း ရှိပါသေးသည်။ အလွန်မာလွန်းသော လက်ပိုင်ရှင်တို့သည် ပင်ကိုယ်အသိညဏ်မရှိ၊ဆင်ခြင်ညဏ်နည်းပါးလှပြီး မိုက်ဂုဏ်ပြချင်သောသူများဖြစ်သည်။ လူအချင်းချင်းရက်စက်ရသည်ကို သဘောကျတတ်သူ၊ အသားငါး၊အရက်၊ မူးယစ်ဆေးကြိုက်နှစ်သက်သူ၊ အများအားဖြင့် ကာမအရာတွင် စည်းမရှိသူများဖြစ်တတ်သည်။ လက်အသားစိုင်သည် မာလွန်းလည်းမကောင်း၊ပျော့လွန်းလည်းမကောင်းဖြစ်တတ်ကြောင့် လေ့လာမှတ်သားရပေသည်။

လက်ဖဝါးပြင်သည် အလွန်ထူးလွန်းသူဖြစ်ပြီး ပျော့အိသောအသားစိုင်ရှိပါက ထိုသူသည်ကာမအရာတွင် အလွန်မက်မောပြီး ဇိမ်ခံလိုစိတ်ကြီးသူများဖြစ်လာသည်။ ကိုယ့်ကိုကိုအထင်ကြီးလွန်းခြင်း ၊စိတ်ထိခိုက်လွယ်ခြင်း၊ယုံကြည်မှု့ လွန်ကဲခြင်းတို့ ဖြစ်တတ်ပေသည်။ လက်ဖဝါးပြင်ထူပြီး မာသောအသားစိုင်ရှိခဲ့ပါက ဘဝတွင် လက်လုပ်လက်စားဖြင့် ပင်ပန်းရတတ်ပြီး သူတပါးနောက်လိုက်ဖြစ်သည်။ ထိုသူတို့ ဦးဆောင်သူဖြစ်ခြင်း အလွန်ရှားပါးလှပေသည်။အကယ်၍ ထူပြီး မာသောအသားစိုင်ရှိသူ၏လက်သည် လက်ပုံစံညံ့ပြီး ရာဇဝတ်နှင့်ဆိုင်သောအမှတ်အသားများပါရှိပါက ရာဇဝတ်ဥပဒေအရ အရေးယူခံရပြီး ထောင်ကျတတ်သည်။ အကြမ်းအားဖြင့် လက်အသားစိုင် ထူးသူများသည် မပျင်းမရိအလုပ် လုပ်နိုင်မှတော်ခါကျပါ့မယ်။ပျင်းရိနေပါက ဘဝ၏အောက်ဆုံးအဆင့်အတန်းထိ ရောက်ရှိနိုင်သည့် အတွက်ဖြစ်သည်။

လက်ဖဝါးပြင်ဟာ ပါးလွှာနေပြီး အရိုးပေါ်အရည်တင်နေသည့်အခြေအနေရှိခြင်း၊ သွယ်သော လက်ချောင်းကလေးများရှိပြီး လက်ချောင်းကလေးများဟာလည်း အရိုးပေါ်အရည်တင်သည့်အနေအထား ရှိခြင်းတို့တွေ့ရပါက လက္ခဏာရှင်ဟာ သရဲဘောကြောင်ခြင်း၊ရှေ့ရေးနောက်ရေးမတွေးတတ်ခြင်း၊စိတ်မညိမ်ခြင်း၊ ပူပင်တတ်ခြင်း၊ကပ်စေးနဲခြင်း ၊သူတပါးကို မှီခိုလိုခြင်း၊ သံသယစိတ်များခြင်း၊ မူးယစ်ဆေးကို နှစ်သက်တတ်ခြင်း တို့ဖြစ်တတ်ကြောင်း တွေ့ရပေသည်။ ထိုသို့ လက်အသားပါးလွန်းသူဖြစ်ပြီး ပျော့လွန်း မာလွန်းသည့်အခြေအနေများပါ ပေါင်းစပ်နေပါက လက္ခဏာဆရာသည် ပေါင်းစပ်သုံးသပ်ပြီး ဟောရပေလိမ့်မည်။

လက်ဖဝါးပြင်ကို လေ့လာသည့်အခါ လက်၏ အရောင်အသွေးသည်လည်း အရေးပါလှသည်။ လက်သည် အပန်းရောင်ဖြစ်နေပါက ကုသိုလ်ကံကောင်းသူဖြစ်ခြင်းကို ညွန်းပြနေသည်။ အနီးရောင်ဘက်အားများသွားပါက ဒေါသကြီးခြင်းနှင့် သွေးတိုးကဲ့သို့ရောဂါရရှိခြင်းကိုဖော်ပြတတ်သည်။ အဝါရောင်ရှိသောလက်ဖြစ်ပါက ထိုသူသည် အမျိုးသားဖြစ်ခဲ့လျှင် ပန်းသေ၊ပန်းညိုးရောဂါဖြစ်တတ်ကြောင်း ဖော်ပြသည်၊အမျိုးသမီးတို့အတွက် အစာအိမ်နှင့် သားအိမ်ရောဂါရရှိတတ်သည့်အမှတ်အသားဖြစ်သည်။ လက်၏အရောင်သည် ဖြူဖတ်ဖြူရော်ဖြစ်ခြင်းနှင့် အနက်ရောင်ဘက်သို့ပါသည့် ညစ်ထေးထေးအရောင်ဖြစ်နေခြင်းတို့သည် ဆင်ရဲတတ်ပြီး စိတ်သောကရောက်ရခြင်းကို ဖော်ပြတတ်သည်။ကျန်းမာရေးညံ့နေသူတို့တွင်လည်း အဆိုပါအရောင်အသွေးဖြစ်ပေါ်တတ်သည်။လက်သည် ပြာနမ်းနမ်းအရောင်ဖြစ်နေပြီး လက်အသားလည်း ကြေမွနေပါက မူးယစ်ဆေးကို အလွန်နှစ်သက်ခြင်းနှင့် အပျော်အပါး၊စိတ်ကူးယဉ်ခြင်းတွင် အချိန်ဖြုံးတတ်သူဖြစ်နေတတ်ပေသည်။

ကျွန်ုပ်တို့ လက္ခဏာလေ့လာသည့်အခါ လက်ဖဝါးပေါ်မှ လမ်းကြောင်းများနှင့် ထူးခြားအမှတ်အသားများ၊ဂြိုဟ်ခုံများကိုသာကြည့်ပြီး အဖြေထုတ်ခြင်းထက် ထိုလမ်းကြောင်းများမှရရှိလာသည့် အဖြေကို အခြေခံကျသည့် လက်ဖဝါးအမာ-အပျော့၊အထူ-အပါး၊အရောင်အသွေးတို့ကို ပေါင်းစပ်ချင့်ချိန်ဟောချက်ထုတ်ပါက ပိုပြီးတိကျမှန်ကန်သည့် အဖြေကို ရရှိနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကင်္ကသူ

လက္ဖဝါးျပင္မွ အလြန္အေရးႀကီးေသာ မာျခင္း-ေပ်ာ့ျခင္း၊ထူျခင္း-ပါးျခင္း ႏွင့္ အေရာင္အေသြးမ်ား

လက္ဖဝါးျပင္ကို ေလ့လာရာတြင္ လက္ဖဝါးျပင္ေပၚတြင္ပါရွိေသာ လမ္းေၾကာင္းမ်ား၊ၿဂိဳဟ္ခုံမ်ားကို အဓိကထားၿပီး ၾကည့္ၾကသည္ကမ်ားေပသည္။ သို႔ေသာ္လည္း ထို႔လမ္းေၾကာင္းမ်ား၊ထူးျခားအမွတ္အသားမ်ား၊ၿဂိဳဟ္ခုံတို႔ကို အေထာက္ အကူျပဳလွ်က္ရွိေသာ လက္ဖဝါးျပင္၏ ပုံသ႑ာန္၊အေရာင္အေသြး၊အပူအေအး၊အမာအေပ်ာ၊့အထူအပါး တို႔သည္လည္း အလြန္အေရးႀကီးေသာ အခန္းက႑မွ ပါဝင္လွ်က္ရွိရာ ထိုအခ်က္မ်ားကို အေျခခံအားျဖင့္ ေၾကညက္ေနမွသာ လက္ဖဝါးေပၚမွ လမ္းေၾကာင္းမ်ား၊ထူးျခားအမွတ္အသားမ်ားကိုၾကည့္ၿပီး ေဟာခ်က္ထုတ္သည့္အခါ ခ်င့္ခ်ိန္ႏိုင္ၿပီး မွန္ကန္တိက်ေသာ ေဟာခ်က္တစ္ခုရရွိမည့္ျဖစ္ေပသည္။

လက္ဖဝါးျပင္သည္ ေပ်ာ့အိေသာလက္ဖဝါးပိုင္ရွင္ျဖစ္ပါက ထိုသူတို႔သည္ အမ်ားအားျဖင့္ ကဗ်ာဆန္တတ္ၾကသည္၊ အႏုပညာကို ခံစားတတ္သူမ်ားျဖစ္ၾကေပသည္။ စိတ္ကူယဥ္ဆန္တတ္ၾကၿပီး စိတ္ႏုသူ ၊စိတ္ခံစားခ်က္ကို ေရွ႕တန္းတင္တတ္ၾကသူမ်ားျဖစ္ၾကသည္။ ငိုရမည့္ကိစၥဆိုလွ်င္ ငိုလိုက္ၿပီး ရယ္ရမည့္ကိစၥဆိုလွ်င္ ဟန္ေဆာင္မေနဘဲ စိတ္တြင္ျဖစ္ေပၚသည့္အတိုင္း ရယ္လိုက္တတ္သည္။ စိတ္ကူးႏွင့္ ေပ်ာ္ေနတတ္သူမ်ားျဖစ္ေသာေၾကာင့္ လက္ေတြ႕ အားနည္းသူမ်ားဟု အၾကမ္းအားျဖင့္ သုံးသပ္ႏိုင္သည္။လက္အသားေၾကေနျခင္းႏွင့္ မွားယြင္းၾကည့္ တတ္ၾကသည္။ လက္အသားေပ်ာ့အိလြန္းျခင္းႏွင့္ အသားမ်ားေၾကမြေနျခင္းက မတူၾကပါ။ အသားေၾကေနပါက မေကာင္းေသာ စိတ္အေတြးမ်ားဘက္ကို ေရာက္သြားတတ္သည္၊ မူးယစ္ေဆးဝါးမ်ားကို ႏွစ္သက္တတ္ၿပီး မူးယစ္ေဆးႏွင့္ စိတ္အာ႐ုံကို လြင့္ေမ်ာ္ေနတတ္သူမ်ားျဖစ္ၾကေပသည္။ ပ်င္းရိတတ္ၾကၿပီး အေခ်ာင္ခိုခ်င္သည့္စိတ္ရွိေနတတ္သည္။ တစ္ကိုယ္ေကာင္း ဆန္သူ၊ အတၱႀကီးသူေတြမွာလည္း လက္အသားေၾကေနသည့္ပုံစံကို ေတြ႕ရတတ္သည္။လက္ကေလးက ေပ်ာ့အိၿပီး လက္အသားေတြေၾကေနသူသည္ ေမတၱာႀကီးမားလိုက္မည္မဟုတ္၊ ရက္စက္တတ္သူသာျဖစ္ေပလိမ့္မည္။ သစၥာမဲ့သူ၊ လိမ္လည္တတ္သူ၊မိမိအက်ိဳးအတြက္ သူတပါးအက်ိဳး ဖ်က္ဆီးတတ္သူမ်ားတြင္လည္း လက္အသား ေၾကေနသည္ကို ေတြ႕ရတတ္သည္။ အသားေၾကေနသည္ကို ကိုင္ၾကည့္ပါက အဝတ္စကို ကိုင္ရသလို ေၾကေနတတ္ၾကေပသည္။

လက္အသားမာေသာလက္အမ်ိဳးအစားသည္ ဘယ္အရာကိုမဆို ကိုယ္ထိလက္ေရာက္လုပ္ကိုင္လိုစိတ္ရွိသူမ်ား ျဖစ္သည္။လက္ေတြ႕လုပ္ကိုင္ရသည္ကို ေၾကနပ္ၾကသည္၊အေၾကာင္းအရာတစ္ခုကို နက္နက္နဲနဲေတြးေတာဆင္ျခင္းမႈ႕ အားနည္းတတ္ၾကၿပီး၊လူအမ်ားႏွင့္ဆက္ဆံသည္အခါ ဘြင္းဘြင္းႀကီးေျပာတတ္သျဖင့္ အဆင္မေျပျဖစ္တတ္ၾကသည္။ အလုပ္ကို ႀကိဳးစားလုပ္ကိုင္တတ္သလို မဟုတ္မခံစိတ္ရွိတတ္သည္ ၊က်ိဳးက်ိဳးႏြံႏြံ လုပ္ကိုင္တတ္သျဖင့္ အလုပ္ရွင္ သေဘာက်သူမ်ားျဖစ္သည္။ထိုလက္အသားမာသူ အမ်ားစုသည္ သစၥာရွိၿပီး စိတ္ခ်ရသူမ်ားျဖစ္ၾကသည္။ ထိုလက္အသားမာသူတို႔ အသက္ႀကီးလာသည့္အခါ အေသြးအသားခမ္းေျခာက္ၿပီး အ႐ိုးေပၚအေရတင္ေနသည့္ အေျခအေနျဖစ္ေနတတ္သည္။ ဒီေနရာမွာ ရွိသင္တဲ့ မာျခင္းအဆင့္ထက္ ပိုၿပီးမာေၾကာေသာ လက္အသားပိုင္ရွင္တို႔လည္း ရွိပါေသးသည္။ အလြန္မာလြန္းေသာ လက္ပိုင္ရွင္တို႔သည္ ပင္ကိုယ္အသိညဏ္မရွိ၊ဆင္ျခင္ညဏ္နည္းပါးလွၿပီး မိုက္ဂုဏ္ျပခ်င္ေသာသူမ်ားျဖစ္သည္။ လူအခ်င္းခ်င္းရက္စက္ရသည္ကို သေဘာက်တတ္သူ၊ အသားငါး၊အရက္၊ မူးယစ္ေဆးႀကိဳက္ႏွစ္သက္သူ၊ အမ်ားအားျဖင့္ ကာမအရာတြင္ စည္းမရွိသူမ်ားျဖစ္တတ္သည္။ လက္အသားစိုင္သည္ မာလြန္းလည္းမေကာင္း၊ေပ်ာ့လြန္းလည္းမေကာင္းျဖစ္တတ္ေၾကာင့္ ေလ့လာမွတ္သားရေပသည္။

လက္ဖဝါးျပင္သည္ အလြန္ထူးလြန္းသူျဖစ္ၿပီး ေပ်ာ့အိေသာအသားစိုင္ရွိပါက ထိုသူသည္ကာမအရာတြင္ အလြန္မက္ေမာၿပီး ဇိမ္ခံလိုစိတ္ႀကီးသူမ်ားျဖစ္လာသည္။ ကိုယ့္ကိုကိုအထင္ႀကီးလြန္းျခင္း ၊စိတ္ထိခိုက္လြယ္ျခင္း၊ယုံၾကည္မႈ႕ လြန္ကဲျခင္းတို႔ ျဖစ္တတ္ေပသည္။ လက္ဖဝါးျပင္ထူၿပီး မာေသာအသားစိုင္ရွိခဲ့ပါက ဘဝတြင္ လက္လုပ္လက္စားျဖင့္ ပင္ပန္းရတတ္ၿပီး သူတပါးေနာက္လိုက္ျဖစ္သည္။ ထိုသူတို႔ ဦးေဆာင္သူျဖစ္ျခင္း အလြန္ရွားပါးလွေပသည္။အကယ္၍ ထူၿပီး မာေသာအသားစိုင္ရွိသူ၏လက္သည္ လက္ပုံစံညံ့ၿပီး ရာဇဝတ္ႏွင့္ဆိုင္ေသာအမွတ္အသားမ်ားပါရွိပါက ရာဇဝတ္ဥပေဒအရ အေရးယူခံရၿပီး ေထာင္က်တတ္သည္။ အၾကမ္းအားျဖင့္ လက္အသားစိုင္ ထူးသူမ်ားသည္ မပ်င္းမရိအလုပ္ လုပ္ႏိုင္မွေတာ္ခါက်ပါ့မယ္။ပ်င္းရိေနပါက ဘဝ၏ေအာက္ဆုံးအဆင့္အတန္းထိ ေရာက္ရွိႏိုင္သည့္ အတြက္ျဖစ္သည္။

လက္ဖဝါးျပင္ဟာ ပါးလႊာေနၿပီး အ႐ိုးေပၚအရည္တင္ေနသည့္အေျခအေနရွိျခင္း၊ သြယ္ေသာ လက္ေခ်ာင္းကေလးမ်ားရွိၿပီး လက္ေခ်ာင္းကေလးမ်ားဟာလည္း အ႐ိုးေပၚအရည္တင္သည့္အေနအထား ရွိျခင္းတို႔ေတြ႕ရပါက လကၡဏာရွင္ဟာ သရဲေဘာေၾကာင္ျခင္း၊ေရွ႕ေရးေနာက္ေရးမေတြးတတ္ျခင္း၊စိတ္မညိမ္ျခင္း၊ ပူပင္တတ္ျခင္း၊ကပ္ေစးနဲျခင္း ၊သူတပါးကို မွီခိုလိုျခင္း၊ သံသယစိတ္မ်ားျခင္း၊ မူးယစ္ေဆးကို ႏွစ္သက္တတ္ျခင္း တို႔ျဖစ္တတ္ေၾကာင္း ေတြ႕ရေပသည္။ ထိုသို႔ လက္အသားပါးလြန္းသူျဖစ္ၿပီး ေပ်ာ့လြန္း မာလြန္းသည့္အေျခအေနမ်ားပါ ေပါင္းစပ္ေနပါက လကၡဏာဆရာသည္ ေပါင္းစပ္သုံးသပ္ၿပီး ေဟာရေပလိမ့္မည္။

လက္ဖဝါးျပင္ကို ေလ့လာသည့္အခါ လက္၏ အေရာင္အေသြးသည္လည္း အေရးပါလွသည္။ လက္သည္ အပန္းေရာင္ျဖစ္ေနပါက ကုသိုလ္ကံေကာင္းသူျဖစ္ျခင္းကို ၫြန္းျပေနသည္။ အနီးေရာင္ဘက္အားမ်ားသြားပါက ေဒါသႀကီးျခင္းႏွင့္ ေသြးတိုးကဲ့သို႔ေရာဂါရရွိျခင္းကိုေဖာ္ျပတတ္သည္။ အဝါေရာင္ရွိေသာလက္ျဖစ္ပါက ထိုသူသည္ အမ်ိဳးသားျဖစ္ခဲ့လွ်င္ ပန္းေသ၊ပန္းညိဳးေရာဂါျဖစ္တတ္ေၾကာင္း ေဖာ္ျပသည္၊အမ်ိဳးသမီးတို႔အတြက္ အစာအိမ္ႏွင့္ သားအိမ္ေရာဂါရရွိတတ္သည့္အမွတ္အသားျဖစ္သည္။ လက္၏အေရာင္သည္ ျဖဴဖတ္ျဖဴေရာ္ျဖစ္ျခင္းႏွင့္ အနက္ေရာင္ဘက္သို႔ပါသည့္ ညစ္ေထးေထးအေရာင္ျဖစ္ေနျခင္းတို႔သည္ ဆင္ရဲတတ္ၿပီး စိတ္ေသာကေရာက္ရျခင္းကို ေဖာ္ျပတတ္သည္။က်န္းမာေရးညံ့ေနသူတို႔တြင္လည္း အဆိုပါအေရာင္အေသြးျဖစ္ေပၚတတ္သည္။လက္သည္ ျပာနမ္းနမ္းအေရာင္ျဖစ္ေနၿပီး လက္အသားလည္း ေၾကမြေနပါက မူးယစ္ေဆးကို အလြန္ႏွစ္သက္ျခင္းႏွင့္ အေပ်ာ္အပါး၊စိတ္ကူးယဥ္ျခင္းတြင္ အခ်ိန္ၿဖဳံးတတ္သူျဖစ္ေနတတ္ေပသည္။

ကြၽႏ္ုပ္တို႔ လကၡဏာေလ့လာသည့္အခါ လက္ဖဝါးေပၚမွ လမ္းေၾကာင္းမ်ားႏွင့္ ထူးျခားအမွတ္အသားမ်ား၊ၿဂိဳဟ္ခုံမ်ားကိုသာၾကည့္ၿပီး အေျဖထုတ္ျခင္းထက္ ထိုလမ္းေၾကာင္းမ်ားမွရရွိလာသည့္ အေျဖကို အေျခခံက်သည့္ လက္ဖဝါးအမာ-အေပ်ာ့၊အထူ-အပါး၊အေရာင္အေသြးတို႔ကို ေပါင္းစပ္ခ်င့္ခ်ိန္ေဟာခ်က္ထုတ္ပါက ပိုၿပီးတိက်မွန္ကန္သည့္ အေျဖကို ရရွိႏိုင္ပါေၾကာင္း တင္ျပလိုက္ရပါသည္။
ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box