Facebook Comments Box
ဘယ်လိုပြောင်းလဲမူတွေ လုပ်ရင် သင့်ဘဝအတွက် အကျိုးရှိလာမလဲ?

ဘယ်လိုပြောင်းလဲမူတွေ လုပ်ရင် သင့်ဘဝအတွက် အကျိုးရှိလာမလဲ?

(၁) ချိုးငှက်စာအိတ်
ချိုးငှက်လေးပါတဲ့စာအိတ်ကို ရွေးချယ်ခဲ့ရင်တော့ သင့်ရဲ့ကိုယ်ကျင့်တရားကို ပြောင်းလဲဖို့လိုအပ်နေပြီဆိုတာကို ပြောနေပါတယ်။ ဖြစ်နိုင်တာက သင့်ရဲ့ကိုယ်ကျင့်တရားဟာ တစ်ခြားလူအပေါ်မှာ ထိခိုက်စေတာမျိုးတွေ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အပြုအမူတွေကိုပြောင်းလဲပြီး တစ်ခြားသူတွေအပေါ်မှာ သစ္စာစောင့်ထိန်းပါ။ ပြောရရင် သူငယ်ချင်းအပေါ်၊ မိသားစုအပေါ် နဲ့ ရည်းစားအပေါ်သစ္စာစောင့်သိပါ။

(၂) ဒင်္ဂါးစာအိတ်
ဒင်္ဂါးပါတဲ့စာအိတ်ကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ ငွေရေးကြေးရေးနဲ့ပတ်သတ်တဲ့ ပြောင်းလဲမူမျိုး လုပ်ဖို့လိုအပ်နေပြီဆိုတာကို ပြောနေပါတယ်။ သင်ဟာ အသုံးအဖြုန်းကြမ်းတဲ့သူမျိုးဆိုရင် ငွေကိုမလိုအပ်တဲ့နေရာမှာ မသုံးတာမျိုး၊ ကပ်စီးနဲတဲ့သူမျိုးဆိုရင်လည်း မနဲသင့်တဲ့နေရာမှာ မနဲပဲသုံးစွဲတာမျိုး၊ ပိုက်ဆံစုဆောင်းတဲ့အကျင့်လေးတွေလုပ်တာမျိုး အစရှိတဲ့ငွေကြေးနဲ့ပတ်သတ်တဲ့ ပြောင်းလဲမူလေးတွေ လုပ်ပေးသင့်ပါတယ်။

(၃) နှင်းဆီပန်းစာအိတ်
နှင်းဆီပန်းပါတဲ့စာအိတ်ကို ရွေးချယ်ခဲ့ရင်တော့ သင့်ရဲ့နေထိုင်မူပုံစံကို ပြောင်းလဲဖို့ လုပ်ဖို့လိုအပ်နေပြီဆိုတာကို ပြောနေပါတယ်။ လူတွေနဲ့ပြောဆိုဆက်ဆံရတာမျိုးတွေ၊ သူငယ်ချင်းအသစ်တွေဖွဲ့ရတာမျိုးတွေ လုပ်သင့်ပါတယ်။ သင့်ရဲ့နေထိုင်မူပုံစံကို ပြောင်းလဲပြီးနေထိုင်လိုက်မယ်ဆိုရင် ဖူးစာရှင်နဲ့လည်းဆုံကောင်း ဆုံနိုင်ပါလိမ့်မယ်။

(၄) နှင်းပွင့်စာအိတ်
နှင်းပွင့်ပါတဲ့စာအိတ်ကို ရွေးချယ်ခဲ့ရင်တော့ သင့်ရဲ့စီးပွားရေးအမြင်တွေ၊ လုပ်ဆောင်ချက်တွေနဲ့ အချစ်ရေးအပေါ်ထားတဲ့ စိတ်နေစိတ်ထားတွေကို ပြောင်းလဲဖို့ လုပ်ဖို့လိုအပ်နေပြီဆိုတာကို ပြောနေပါတယ်။ သင့်ရဲ့စီးပွားရေးနဲ့ အချစ်ရေးမှာ အဆင်ပြေအောင် ကြိုးစားလုပ်ဆောင်နေတာထက် ကိုယ်ဘာတွေလိုအပ်နေလဲဆိုတာကို ပြန်ကြည့်ဖို့လိုအပ်နေပါတယ်။

lotaya quiz


(၁) ချိုးငှက်စာအိတ်

(၂) ဒင်္ဂါးစာအိတ်

(၃) နှင်းဆီပန်းစာအိတ်

(၄) နှင်းပွင့်စာအိတ်

lotaya quiz

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box