လူသေပြီးနောက် (၇)ရက် အိမ်မှာ ကပ်နေသည့် ဖြစ်ရပ်ဟာ ဘယ်က စခဲ့သလဲ…?
ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်က
တိဿ ဆိုတဲ့ ရဟန်းတစ်ပါး ရှိပါတယ်။
အဲဒီ ရဟန်းဟာ…
နှမတော်ဖြစ်သူ လှူထားတဲ့
သင်္ကန်းကို စွဲလန်းပြီး
သေခဲ့ရပြီးတော့
အဲဒီ သင်္ကန်းမှာ
သန်းကြီး ဖြစ်ရရှာတယ် "တဲ့။
တစ်နေ့မှာ…
" ဗုဒ္ဓမြတ်စွာဘုရားရှင်နဲ့ ကိုယ်တော်တွေဟာ
သူ့ကျောင်းကို ရောက်ပြီး
ပျံလွန်တော်မူသွားတဲ့ ကိုယ်တော်ရဲ့
ပစ္စည်းတွေကို သိမ်းဆည်းဖို့ အလာမှာ
အဲဒီ သန်းပြိတ္တာကြီးက….
သင်္ကန်းပေါ်မှာ
ပတ်ပြေးနေပြီး
ငါ့သင်္ကန်းကြီး မထိနဲ့၊
ငါ့သင်္ကန်းကြီး မယူနဲ့ ဆိုပြီး
ပတ်ချာလည် ပြေးလွှားနေတယ် " တဲ့။
အဲဒီ ဖြစ်စဉ်ကို
" ဗုဒ္ဓမြတ်စွာဘုရားရှင်က မြင်တော်မူပြီး
ရဟႏ္းတို့…
ထိုသင်္ကန်းကို လုံးဝမထိနဲ့။
(၇)ရက်ပြည့်ပြီးမှ ကိုင်ကြပါ " လို့
မိန့်ကြား လိုက်ပါတယ်။
သန်းတွေရဲ့အသက်ဟာ…
(၇)ရက်ပဲ ခံတာကြောင့်ရယ်.
(၇)ရက် မပြည့်ခင်
အဲဒီ သင်္ကန်းကို
အခြားကိုယ်တော်တွေက သွားထိမိရင်
သန်းပြိတ္တာကြီးက
သံဃာကို ပြစ်မှားမိတဲ့ ကံကြောင့်
အဝီစိ ကျမယ့်အရေးနဲ့၊
သင်္ကန်းဝတ်မိတဲ့ ကိုယ်တော်ကြောင့်
သန်းပြိတ္တာကြီး သေမယ့်အရေး
ဒါတွေကို ကြိုမြင်ခဲ့လို့
ဗုဒ္ဓမြတ်စွာဘုရားရှင်က
သင်္ကန်းကို (၇)ရက် ပြည့်ပြီးမှ
ကိုင်ကြပါလို့
မှာကြားခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး
လူတွေကလည်း
လူတွေ သေပြီးရင်
(၇)ရက်ပြည့်မှ
အိမ်က ထွက်တယ်တို့၊
သေပြီးရင် ကြားခံဘဝ
ဝိညာဉ်ကောင်၊
လိပ်ပြာကောင် ဘဝနဲ့
ရှိနေကြသေးတယ် စသဖြင့်
အယူ မှားတတ်ကြပါတယ်။
ဒီ အယူမြားဟာ…
မြန်မာလူမျိုးတွေ ကြားထဲမှာ
ပြန့်နှံ့ နေခဲ့တာ
ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ကြားခံဘဝ၊
ဝိညာဉ်ကောင်၊
လိပ်ပြာကောင် ဘဝ
ရှိနေသေးတယ် လို့ ယူဆရင်
သဿတဒိဋ္ဌိ ဖြစ်ပါတယ်။
သေပြီးသူမှ…
ကြားခံဘဝ၊
ဝိညာဉ်ဘဝဆိုတာမရှိပါဘူး။
နိဗ္ဗာန္ကိုမရခဲ့ပါက မိမိနဲ့ထိုက်တန်တဲ့
ဘဝအသစ်ကို
စက္ကန့်မခြားပဲ
ရောက်ကြရတာကြီးပါပဲ။ အိမ်အနီးအနားမှာ ရှိနေတယ်၊ တွေ့ရတယ် စသဖြင့်… ဒီလို တွေ့မြင်မိရင်တော့… အဲဒါ ပြိတ္တာဘဝ ရောက်သွားခြင်းပါ။ ကြားခံဘဝ မဟုတ်ပါဘူး။ " သေပြီးသူရဲ့ဝိညာဉ်ဟာ တစ်ခါတည်း ချုပ်ပျောက်ပြီး မတူထူးခြားတဲ့ နောက်ဘဝ တစ်ခုမှာ အခြားဝိညာဉ်နဲ့ အခြားသတ္တဝါ ချက်ချင်း ဖြစ်ရပါတယ်။ " " မူလဝိညာဉ်ဟာ သေဆုံးပြီးတာနဲ့ တစ်ခါတည်း ချုပ်ပျောက်ပါတယ်။ " ဝိဉာဏ် ဆိုသည်မှာ… ဝိဉာဏ ဆိုတဲ့ ပါဠိစကားက လာတာပါ။ ဝိ = မတူထူးခြားသော အနေအားဖြင့် ဉာဏ = သိတယ် ဒီလို အဓိပ္ပါယ် ရှိပါတယ်။ " သေပြီး(၇)ရက် အိမ်မှာ ရှိနေတယ် ဆိုတဲ့ အယူကို လက်ခံထားရင် ဗုဒ္ဓဘာသာစစ်စစ် မဖြစ်သေး ပါဘူး။ " သင်္ချိုင်းကနေ သစ်ကိုင်းလေးနဲ့ ခေါက်ပြီး လိပ်ပြာ ပြန်ခေါ်လာတာမျိုး၊ (၇)ရက် ပြည့်ရင် အိမ်လှေကားမှာ ပြာတို့၊ ဆန်တို့ ခံပြီး ခြေရာ ကျန်၊ မကျန် ကြည့်တာတို့ အပြင်မှာ သေတဲ့ မသာကို ရွာထဲ၊ ရပ်ကွက်ထဲ ရွာနာတယ် လို့ ယူဆမှားပြီး အဝင် မခံတာမျိုး၊ ဒါမျိုးတွေဟာ… (၅)ပါးသီလ ပျက်တာထက် ပိုအပြစ်ကြီးတဲ့ နိယတမိစ္ဆာဒိဋ္ဌိအယူဆိုးတွေပါ။
လူသေကို ရွာထဲ အဝင် မခံဘူး ဆိုရင်
နေ့စဉ် ကြက်မသာ၊ ဝက်မသာ တွေကျတော့…
ပါးစပ်ထဲတောင် သွင်းနေကြသေးတာပဲ။
လူမသာ ကိုမှ
ပိုကြောက်ကြတယ် ဆိုရင်ဖြင့်…
သေချာပါတယ်။
လောဘ၊ ဒေါသ၊
မောဟ ကြီးတဲ့ လူတွေဟာ
တိရစ္ဆာန်တွေထက်
ပိုကြောက်စရာ ကောင်းလို့ပဲ
ဖြစ်မှာပါ။
အသိ မှားတော့ …
အမှတ် မှားတယ်။
အမှတ် မှားတော့…
အယူ မှားတယ်။
အယူ မှားတော့…
တရား မှားတယ်။
တရား မှားပြီ ဆိုရင်တော့…
အပါယ်ဘုံသာ
သွားရမှာ ဖြစ်ပါတယ်။
ဂျပန်တွေက သေပြီးရင်
(၄၉)ရက်
အိမ်မှာ ကပ်နေတယ် လို့
ယူကြပါတယ်။
သူတို့က…
မဟာယာနတွေဖြစ်လို့ရှိစေတော့။
" ကိုယ့်ထေရဝါဒ
ဗုဒ္ဓဘာသာ_တွေကတော့…
တရားစစ်၊ တရားမှန်တွေ
ရှိပါလျက်နှင့် တရား မမှား၊
အယူ မမှား သင့်ပါ။ "
ကျေးဇူးရှင်
ပါချုပ် ဆရာတော်ဘုရားကြီး
လူေသၿပီးေနာက္ (၇)ရက္ အိမ္မွာ ကပ္ေနသည့္ ျဖစ္ရပ္ဟာ ဘယ္က စခဲ့သလဲ…?
ဗုဒၶျမတ္စြာဘုရားရွင္ လက္ထက္က
တိႆ ဆိုတဲ့ ရဟန္းတစ္ပါး ရွိပါတယ္။
အဲဒီ ရဟန္းဟာ…
ႏွမေတာ္ျဖစ္သူ လႉထားတဲ့
သကၤန္းကို စြဲလန္းၿပီး
ေသခဲ့ရၿပီးေတာ့
အဲဒီ သကၤန္းမွာ
သန္းႀကီး ျဖစ္ရရွာတယ္ "တဲ့။
တစ္ေန႔မွာ…
" ဗုဒၶျမတ္စြာဘုရားရွင္နဲ႔ ကိုယ္ေတာ္ေတြဟာ
သူ႔ေက်ာင္းကို ေရာက္ၿပီး
ပ်ံလြန္ေတာ္မူသြားတဲ့ ကိုယ္ေတာ္ရဲ႕
ပစၥည္းေတြကို သိမ္းဆည္းဖို႔ အလာမွာ
အဲဒီ သန္းၿပိတၱာႀကီးက…
သကၤန္းေပၚမွာ
ပတ္ေျပးေနၿပီး
ငါ့သကၤန္းႀကီး မထိနဲ႔၊
ငါ့သကၤန္းႀကီး မယူနဲ႔ ဆိုၿပီး
ပတ္ခ်ာလည္ ေျပးလႊားေနတယ္ " တဲ့။
အဲဒီ ျဖစ္စဥ္ကို
" ဗုဒၶျမတ္စြာဘုရားရွင္က ျမင္ေတာ္မူၿပီး
ရဟႏ္းတို႔…
ထိုသကၤန္းကို လုံးဝမထိနဲ႔။
(၇)ရက္ျပည့္ၿပီးမွ ကိုင္ၾကပါ " လို႔
မိန႔္ၾကား လိုက္ပါတယ္။
သန္းေတြရဲ႕အသက္ဟာ…
(၇)ရက္ပဲ ခံတာေၾကာင့္ရယ္
(၇)ရက္ မျပည့္ခင္
အဲဒီ သကၤန္းကို
အျခားကိုယ္ေတာ္ေတြက သြားထိမိရင္
သန္းၿပိတၱာႀကီးက
သံဃာကို ျပစ္မွားမိတဲ့ ကံေၾကာင့္
အဝီစိ က်မယ့္အေရးနဲ႔၊
သကၤန္းဝတ္မိတဲ့ ကိုယ္ေတာ္ေၾကာင့္
သန္းၿပိတၱာႀကီး ေသမယ့္အေရး
ဒါေတြကို ႀကိဳျမင္ခဲ့လို႔
ဗုဒၶျမတ္စြာဘုရားရွင္က
သကၤန္းကို (၇)ရက္ ျပည့္ၿပီးမွ
ကိုင္ၾကပါလို႔
မွာၾကားခဲ့တာပဲ ျဖစ္ပါတယ္။
အဲဒီ ကိစၥနဲ႔ ပတ္သက္ၿပီး
လူေတြကလည္း
လူေတြ ေသၿပီးရင္
(၇)ရက္ျပည့္မွ
အိမ္က ထြက္တယ္တို႔၊
ေသၿပီးရင္ ၾကားခံဘဝ
ဝိညာဥ္ေကာင္၊
လိပ္ျပာေကာင္ ဘဝနဲ႔
ရွိေနၾကေသးတယ္ စသျဖင့္
အယူ မွားတတ္ၾကပါတယ္။
ဒီ အယူျမားဟာ…
ျမန္မာလူမ်ိဳးေတြ ၾကားထဲမွာ
ျပန႔္ႏွံ႔ ေနခဲ့တာ
ၾကာျမင့္ခဲ့ၿပီပဲ ျဖစ္ပါတယ္။
ၾကားခံဘဝ၊
ဝိညာဥ္ေကာင္၊
လိပ္ျပာေကာင္ ဘဝ
ရွိေနေသးတယ္ လို႔ ယူဆရင္
သႆတဒိ႒ိ ျဖစ္ပါတယ္။
ေသၿပီးသူမွ…
ၾကားခံဘဝ၊
ဝိညာဥ္ဘဝဆိုတာမရွိပါဘူး။
နိဗၺာႏၠိဳမရခဲ့ပါက မိမိနဲ႔ထိုက္တန္တဲ့
ဘဝအသစ္ကို
စကၠန႔္မျခားပဲ
ေရာက္ၾကရတာႀကီးပါပဲ။ အိမ္အနီးအနားမွာ ရွိေနတယ္၊ ေတြ႕ရတယ္ စသျဖင့္… ဒီလို ေတြ႕ျမင္မိရင္ေတာ့… အဲဒါ ၿပိတၱာဘဝ ေရာက္သြားျခင္းပါ။ ၾကားခံဘဝ မဟုတ္ပါဘူး။ " ေသၿပီးသူရဲ႕ဝိညာဥ္ဟာ တစ္ခါတည္း ခ်ဳပ္ေပ်ာက္ၿပီး မတူထူးျခားတဲ့ ေနာက္ဘဝ တစ္ခုမွာ အျခားဝိညာဥ္နဲ႔ အျခားသတၱဝါ ခ်က္ခ်င္း ျဖစ္ရပါတယ္။ " " မူလဝိညာဥ္ဟာ ေသဆုံးၿပီးတာနဲ႔ တစ္ခါတည္း ခ်ဳပ္ေပ်ာက္ပါတယ္။ " ဝိဉာဏ္ ဆိုသည္မွာ… ဝိဉာဏ ဆိုတဲ့ ပါဠိစကားက လာတာပါ။ ဝိ = မတူထူးျခားေသာ အေနအားျဖင့္ ဉာဏ = သိတယ္ ဒီလို အဓိပၸါယ္ ရွိပါတယ္။ " ေသၿပီး(၇)ရက္ အိမ္မွာ ရွိေနတယ္ ဆိုတဲ့ အယူကို လက္ခံထားရင္ ဗုဒၶဘာသာစစ္စစ္ မျဖစ္ေသး ပါဘူး။ " သခ်ႋဳင္းကေန သစ္ကိုင္းေလးနဲ႔ ေခါက္ၿပီး လိပ္ျပာ ျပန္ေခၚလာတာမ်ိဳး၊ (၇)ရက္ ျပည့္ရင္ အိမ္ေလွကားမွာ ျပာတို႔၊ ဆန္တို႔ ခံၿပီး ေျခရာ က်န္၊ မက်န္ ၾကည့္တာတို႔ အျပင္မွာ ေသတဲ့ မသာကို ႐ြာထဲ၊ ရပ္ကြက္ထဲ ႐ြာနာတယ္ လို႔ ယူဆမွားၿပီး အဝင္ မခံတာမ်ိဳး၊ ဒါမ်ိဳးေတြဟာ… (၅)ပါးသီလ ပ်က္တာထက္ ပိုအျပစ္ႀကီးတဲ့ နိယတမိစာၦဒိ႒ိအယူဆိုးေတြပါ။
လူေသကို ႐ြာထဲ အဝင္ မခံဘူး ဆိုရင္
ေန႔စဥ္ ၾကက္မသာ၊ ဝက္မသာ ေတြက်ေတာ့…
ပါးစပ္ထဲေတာင္ သြင္းေနၾကေသးတာပဲ။
လူမသာ ကိုမွ
ပိုေၾကာက္ၾကတယ္ ဆိုရင္ျဖင့္…
ေသခ်ာပါတယ္။
ေလာဘ၊ ေဒါသ၊
ေမာဟ ႀကီးတဲ့ လူေတြဟာ
တိရစာၦန္ေတြထက္
ပိုေၾကာက္စရာ ေကာင္းလို႔ပဲ
ျဖစ္မွာပါ။
အသိ မွားေတာ့ …
အမွတ္ မွားတယ္။
အမွတ္ မွားေတာ့…
အယူ မွားတယ္။
အယူ မွားေတာ့…
တရား မွားတယ္။
တရား မွားၿပီ ဆိုရင္ေတာ့…
အပါယ္ဘုံသာ
သြားရမွာ ျဖစ္ပါတယ္။
ဂ်ပန္ေတြက ေသၿပီးရင္
(၄၉)ရက္
အိမ္မွာ ကပ္ေနတယ္ လို႔
ယူၾကပါတယ္။
သူတို႔က…
မဟာယာနေတြျဖစ္လို႔ရွိေစေတာ့။
" ကိုယ့္ေထရဝါဒ
ဗုဒၶဘာသာ_ေတြကေတာ့…
တရားစစ္၊ တရားမွန္ေတြ
ရွိပါလ်က္ႏွင့္ တရား မမွား၊
အယူ မမွား သင့္ပါ။ "
ေက်းဇူးရွင္
ပါခ်ဳပ္ ဆရာေတာ္ဘုရားႀကီး
Be the first to comment