Facebook Comments Box
ဆရာငြိမ်း ၏ ( 10.6.2021 မှ 16.6.2021 )အထိတစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

ဆရာငြိမ်း ၏ ( 10.6.2021 မှ 16.6.2021 )အထိတစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ
ဝန်ထမ်းများအပြစ်တင်ခြင်းကို ခံရတတ်ပြီး မိမိလုပ်ကိုင်နေသော လုပ်ငန်းများကို မလုပ်ချင်၊ မကိုင်ချင်ပဲ ဖြစ်နေရတတ်ပါသည်။ ပျောက်နေသော ရွှေ၊ ငွေများ ပြန်ရတတ်ပါသည်။ အလိမ်ခံထားရသော၊ ဆုံးရှုံးခံထားရသော ငွေကြေးများ ပြန်လည်ရရှိတတ်ပါသည်။ တပည့်လက်အောက်ငယ်သားများ၏ ရန်ရှာခြင်းကိုလည်း ခံရတတ်ပါ သည်။ အရာရာကို ခိုင်မာတည်ကြည်စွာဖြင့် စဉ်းစားဆုံးဖြတ်၍ ဇွဲရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက်သွားပါ။ အဆင်ပြေ အောင်မြင်လာပါလိမ့်မည်။သတိလက်လွှတ်မိလျှင်လွတ်သလိုနစ်နာမှုများရှိတတ်ပါသည်။မိတ်ဆွေအပေါင်းအသင်း များ၏ ငြိုငြင်မှုများကိုလည်း ကြုံတွေ့နေရတတ်ပါသည်။ သားသမီးများအတွက် အလုပ်များ ရတတ်ပါသည်။

ကုသိုလ်ကောင်းမှုဘက်တွင် စိတ်ရောက်ပြီး တရားဓမ္မ လုပ်ဖြစ်အောင် လုပ်ကိုင်နေထိုင်ပါက အလွန်ကောင်းသော အနေအထားကောင်းသို့ ရောက်ရှိရတတ်ပါသည်။ မိသားစု၊ သံယောဇဉ်အရေး ကြီးမားနေမှုတို့ကြောင့် နှလုံးသားနှင့် ပတ်သက်သော အချစ်ရေးကို စိတ်ဝင်စားမှု အားနည်းနေတတ်ပါသည်။ မိမိအားချစ်ခင်ကြင်နာလိုသူနှင့် တွေ့ရတတ် ပါသည်။ ရာထူးတိုးစာမေးပွဲဖြေထားသူများ ၊အင်တာဗျုးဖြေထားသူများ ရလဒ် ကောင်းသတင်းကောင်းတွေ ကြား လာ ရတတ်ပါတယ်။ ပွဲစားအလုပ်များ၊ဝန်ဆောင်မှုအလုပ်များ၊ မီဒီယာအလုပ်များ အဆင်ပြေတိုးတတ် မှုတွေ ကြုံ ရတတ်ပါတယ်။
အကျိုးပေးဂဏန်း 3/6/8
အထူးဟော-အလုပ်ကံ၊စီးပွားကံမြင့်မားနေမည်။
ယတြာ ဆေးဝါးဒါနလုပ်ပါ။..

တနင်္လာ
နီးနီးနားနားထက် အဝေးမှာပိုမိုအကျိုးပေးတာကိုတွေ့ရပါတယ်။ ဒါကြောင့် ရပ်ဝေးက စီးပွားရေးတွေပိုမို တိုးတတ်ပါလိမ့်မယ်။ ငွေကြေးချေးငှားထားသူများ ငွေရေးကြေးရေး ပြဿနာများကြောင့် သိက္ခာကျရတတ်ပါ သည်။ တပည့် လက်အောက်ငယ်သားများ၏ အပူဒုက္ခတွေကိုခွဲဝေခံစားရတတ်ပါသည်။ စနစ်တကျ လုပ်ကိုင်ရသော လုပ်ငန်းများ အဆင်ပြေတာတွေ့ရတတ်ပါသည်။ ဝန်ထမ်းအချင်းချင်း စိတ်ဝမ်းကွဲနေရတတ်ပါသည်။ မောင်နှမသားချင်း များ၏ ပြဿနာများကို မိမိမှခေါင်းခံ၍ ဖြေရှင်းပေးရတတ်ပါသည်။ ခရီးဝေးများ သွားလာရတတ်ပါသည်။ ကျန်းမာရေး နှင့် ပတ်သက်၍ ဆိုးဝါး ပြင်းထန်သော ရောဂါ၊ ဝေဒနာများ မဖြစ်ပေါ်တတ်သော်လည်း အနည်းငယ် သတိထားရတတ် ပါ သည်။အချစ်ရေး မကောင်းသေးပါ။ အိမ်ထောင်ရှိပြီးသူဖြစ်ပါက အိမ်ထောင်ဖက်နှင့် မကြာခဏ စိတ်ဝမ်းကွဲမှုများ ဖြစ်ရတတ်ပါ သည်။ ပညာရေးနှင့် ပတ်သက်သော ဘာသာရပ်ဆိုင်ရာများကို သင်ယူရာတွင် အကြံဉာဏ်ပေး မည့်သူ၊ အကူအညီ ပေးမည့်သူတို့ ရှိနေတတ်ပါသည်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြုပ်နှံမှု တွေမှားနိုင်ပါ တယ်။ ကုန်လှောင် ခြင်းများလဲ အထူးသတိထားလိုက်ပါ။ ဒီလိုနေ့တွေမှာ သားသမီးတွေကို အလို မလိုက်မိဖို့လိုပါ တယ်။ သားသမီးပူ ဆာတာတွေ ဝယ်ပေးရတာနဲ့ငွေကုန်ကြေးရများသွားရတတ်ပါတယ်။
အကျိုးပေးဂဏန်း 7/4/5
အထူးဟော စိတ်လေလွင့်နေတတ်ပါတယ်။
ယတြာ သပြေပန်းဘုရားကပ်လှူဆုတောင်းပါ။

အင်္ဂါ
စီးပွားရေးဆိုင်ရာ လုပ်ငန်းများ တိုးတတ်ခိုင်မာမှု ရှိရန်အတွက် ဆန်းသစ်သော တီထွင်ကြံဆမှုများ လုပ်ကိုင် ဆောင်ရွက်နေရတတ်ပါသည်။ စီးပွားရေးလုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ခရီးသွားလာမှုများလည်း ရှိနေတတ်ပါသည်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲအထူးသတိ ထားရပါလိမ့်မယ်။ ငွေချေးမိလိုက်ရင်ပြန်ရဖို့ ကြန့်ကြာသွားတတ်ပါတယ်။ ငွေပေးငွေယူကိစ္စများ အငြင်းပွားဖွယ်ရာ ကြုံရတတ်ပါတယ်။ လူငယ်များ အပျော်လွန်ရာမှ ပြဿနာ တတ်ရတတ်ပါတယ်။မိုးချုပ်လွန်းသည်အထိ အပြင်မှာ နေတာမျိုးတတ်နိုင်သလောက် ရှောင်လိုက်စေချင် ပါတယ်။ ဒီလိုကာလတွေမှာ တတ်နိုင်သ၍ဆိတ်ဆိတ်နေပါ။အသံကြောင့်ဖားသေဆိုတာမျိုးတွေလဲ ကြုံရတတ်ပါ တယ်။

ကိုယ်ပိုင်အလုပ်များ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ကိုယ့်ဝန်ထမ်းတွေကိုတော့ မောက်မောက်မာမာ မဆက်ဆံမိအောင် နေထိုင်တတ်ဖို့လိုပါတယ်။ ကျန်းမာရေးကတော့ သင့်ရုံပါပဲ။ အကောင်းအဆိုးမျှပါတယ်။ အချစ် ရေးနဲ့ ပတ်သက်ပြီးတော့ ချစ်သူရဲ့ပူဆာတာကို ဝယ်ပေးနေရတတ်ပါ တယ်။ အိမ်ထောင်ရေးကတော့စိတ်ချမ်းသာရပါလိမ့်မယ်။ ပညာရေးကတော့ ချင့်ချိန်တတ်ဖို့လိုပါတယ်။ ပညာရှာလို့ ပညာသင်ပေးလို့မကောင်းတဲ့ကာလ ပါပဲ။
အကျိုးပေးဂဏန်း 1/5/6
အထူးဟော အရေးကြီးတာကို ဦးစားပေးလုပ်ကိုင်ပါ။
ယတြာ ဒီကာလအတွင်း သစ်သီးတွေဘုရားကပ်ပါ။

ဗုဒ္ဓဟူး၊ရာဟု
စီးပွားရေးကိစ္စရပ်များတွင် ဇွဲ၊ ဝီရိယကောင်းမွန်မှုများနှင့် စဉ်းစားတွေးခေါ်နိုင်မှု စွမ်းအားများ မြင့်တတ်လျှက်ရှိပါသည်။ ငွေကြေးစုဆောင်းနိုင်မှုများလည်း ရှိနေတတ်ပါသည်။ လုပ်ငန်းစီးပွားများ အဆင်ပြေ တိုးတတ် မှုများနှင့် ဂုဏ်ကျက်သရေ တိုးတတ်မှုများလည်း ရရှိတတ်ပါသည်။ ဝန်ထမ်းဖြစ်ပါက အဆင်ပြေတိုးတတ်မှုများနှင့် ရာထူးအဆင့်မြင့်ခြင်း များလည်း ဖြစ်ပေါ်လာတတ်ပါသည်။ သို့သော် မနာလို မုန်းတီးမှုများနှင့် အတိုက်အခံ ရန်လို မှုများလည်း ရှိနေတတ်ပါသည်။ ပေါင်းသင်းဆက်ဆံရေးတွင် အကောင်းဆုံးဖြစ်ရန် ကြိုးစားရတတ်ပါသည်။ ပညာရေး နှင့် ပတ်သက်သော ကိစ္စရပ်တို့တွင် ဇွဲ၊ လုံ့လ၊ ဝီရိယ အားစိုက်မှုတော့ လိုအပ်နေတတ်ပါသည်။ ဒီကာလ အတွင်း ဘာသာရေးနှင့် ပက်သက်သော အလှူအတန်းတွေကြုံရတတ်ပါတယ်။စိတ်ချမ်းသာ စရာခရီးကောင်း တွေ လဲ သွားရ တတ် ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုလဲ ချမှတ် နိုင်ပါလိမ့်မယ်။ အချစ် ရေး ကတော့ ချစ်သူခင်သူတွေအတွက် အချိန်ပေးရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပက် သက်ပြီး အိမ်ထောင် ဘက် ဆီ ကအကြံဉာဏ်ကောင်းတွေရလာတတ်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး အနာရောဂါများ၊ထိခိုက်ရှနာများ ခွဲ စိပ်ကုသလို့ အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးအတွက်စိတ်ချမ်းသာရ ပါလိမ့်မယ်။
အကျိုးပေးဂဏန်း 2/6/7
အထူးဟော-ကံမြင့်မားနေမည်။
ယတြာ- နွားနို့ဘုရားကပ်လှူပါ။

ကြာသပတေး
တစ်ကိုယ်တည်း လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း နေလိုစိတ်များ ရှိနေတတ် ပါ သည်။ သို့သော် လူငယ်များမိမိ၏မိတ်ဆွေ၊ အပေါင်းအသင်းများ၏ ဆော်ဩ တိုက်တွန်းမှုတို့ကြောင့်ရုတ်တရက် အိမ်ထောင်ကျသွားတတ်ပါသည်။ အနားယူ၊ အပန်းဖြေခရီးများနှင့် ဘုရားဖူးခရီးများလည်း ရှိနေတတ်ပါသည်။ နိုင်ငံ ရပ်ခြား သွားလာရကိန်းများလည်း ရှိနေတတ်ပါသည်။ လိုအင်ဆန္ဒပြည့်ဝမှုနှင့် လာဘ်လာဘ ရရှိမှုတို့သည် သင့်တင့် လျောက်ပတ်မှု ရှိနေတတ်ပါသည်။ ဒီလိုကာလတွေမှာ မိဘတွေ အထက်လူကြီးတွေကို မထေ့မဲ့မြင် မလုပ်မိပါ နဲ့။ အထက်လူကြီးတွေချစ်အောင်နေလေ အဆင်ပြေလေဖြစ်ရတတ်ပါတယ်။အလုပ်နဲ့ပတ်သက်သောခရီးတိုလေး တွေသွားရတတ်ပါတယ်။

အိမ်ပြုပြင်ခြင်းများ၊အိမ်သစ်စတင်အုတ်မြစ်ချခြင်းများလဲအထူးကောင်းပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး အားနည်းနေသူတောင်၊မိမိအတွက်သင့်တော်တဲ့သမားတော်နဲ့တွေ့ရတတ်ပါတယ်။ အချစ် ရေး မှာတော့အဆင်ပြေပါလိမ့်မယ်။ အဖြေတောင်းထားတဲ့ချစ်သူထံမှအဖြေရလာတတ်ပါတယ်။အိမ်ထောင်ရေးက တော့ အကောင်းများပါတယ်။ အိမ်ထောင်ဘက်နဲ့ အဆင်မပြေခဲ့တာတွေရှိရင် ပြေလည်မှုတွေရလာတတ်ပါတယ်။ ပညာရေးကတော့ အကောင်းများပါတယ်။ အိမ်နဲ့အဝေးတစ်နေရာမှာပညာသင်ကြားခွင့်တွေရလာတတ်ပါတယ်။
အကျိုးပေးဂဏန်း 1/3/7
အထူးဟော-စိတ်ချမ်းသာပျော်ရွှင်ရမည်။
ယတြာ-အုန်းထမင်း ဆွမ်းချက်ပြီး ဘုရားကပ်ပါ။

သောကြာ
မိမိ အပေါ် မကျေနပ်သူများ အတိုက် အခံပြုလို သူများ ရှိနေသည်ကိုလည်း သတိပြုဆင်ခြင်သင့်ပါသည်။ မိမိကိုယ်မိမိ အထင် ကြီး မှုများကို ဆင်ခြင်သင့် ပါသည်။ မိမိအတွက်ရှေ့တိုးရခက်ခဲတဲ့ ကိစ္စတွေကြုံလာရ တတ် ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့လဲလုပ်သလောက်မခံစားရတတ်ပါဘူး။ အလုပ်ကပင်ပန်းတာမျိုးကြုံရပေမဲ့ အသိအမှတ်အပြုမခံရတာမျိုး တွေ အထူးကြုံနေရလိမ့်မယ်။ ပေါ့ပေါ့နေ၊ပေါ့ပေါ့စားသူများကတော့ ပိုမိုဒုက္ခရောက် တတ် တဲ့ကာလပါပဲ။ အရာရာ ကိုလေးလေးနက်နက်ထားပါ။ ပြီးစလွယ်မလုပ်လိုက်ပါနဲ့၊ရှယ်ယာအလုပ်များ အထူး ပဲအဆင်မပြေ ဖြစ်ရ တတ်ပါ တယ်။ ကတိမတည်တဲ့သူတွေ၊သစ္စာမရှိသူတွေကြောင့်လဲ မိမိပါဒုက္ခရောက်ရတတ် ပါတယ်။ စိတ်ဓာတ် ညံ့ ဖျင်းတဲ့ သူတွေကို အာမခံပေးတာမျိုးမလုပ်မိပါစေနဲ့။ကျန်းမာရေးကတော့ အနည်းငယ် တော့ အားနည်းနေတာကိုတွေ့ရပါတယ်။ ကူးစက်ရောဂါတွေဖြစ် လွယ်တဲ့ အတွက် မိမိကိုယ်တိုင်က ကိုယ်ခံအား ကောင်း အောင်နေပါ။ အချစ်ရေးကိစ္စတွေကတော့ အခက်အခဲမရှိ အဆင်ပြေနေတတ်ပါတယ်။ အိမ်ထောင်ကတော့ ပြဿနာအလွန်များတဲ့ကာလတွေလို့ပဲ မှတ်ချက်ချရပါလိမ့်မယ်။ သည်းခံပါလို့ပြောချင်ပါ တယ်။ ပညာရေးကတော့ ထင်သလောက်မလွယ်တဲ့ အနေအထားမျိုးတွေ့ရပါတယ်။
အကျိုးပေးဂဏန်း 1/2/4
အထူးဟော-ကံအားနည်းနေသည်။
ယတြာ- ငွေ၂၀၀ခန့် ပံ့သကူပစ်လိုက်ပါ။

စနေ
ဘေးအန္တရာယ်ကြုံတွေ့ရမှုများ၊ အထိအခိုက်ဖြစ်မှုများကို အထူးသတိပြုပါ။ ယခုကာလများတွင် အနည်း ငယ် အဆိုးများ ကြုံတွေ့နေရတတ်သော်လည်း များသောအားဖြင့် အဆင်ပြေမှုတွေရရှိတတ်ပါသည်။ ပညာရေးနှင့် ပတ် သက်၍သော်လည်းကောင်း၊ လူမှုရေးနှင့် ပတ်သက်၍သော်လည်းကောင်း၊ စီးပွာရေးနှင့် ပတ်သက်၍သော် လည်းကောင်း၊ ဦးနှောက်မှတ်ဉာဏ်နှင့် အတွေးအခေါ် ဆုံးဖြတ်ချက်များ၊ မှန်ကန်မှုများ ရှိနေတတ်ပါသည်။ မိမိကိုယ်မှလွဲ၍ အခြားသူများကို ယုံ ကြည်၍လည်းမရတတ်ပါ။ စီးပွားရေး လုပ်ငန်း ကိုင်ငန်းကိစ္စရပ်များတွင်လည်း မိမိကိုယ်မိမိ အားကိုးလုပ် ဆောင် မှုများပြုနေရတတ်ပါသည်။လုပ်ငန်းစီးပွားများအတွက်အပင်ပန်းခံ၍ လုပ်ကိုင် ဆောင်ရွက်ရတတ် ပါ သည်။ နေရာ ဒေသ အရွှေ့ အပြောင်း များရှိနေတတ်ပါသည်။ကောင်းမွန်သော အပြောင်း အရွှေ့များ ဖြစ်တတ် ပါသည်။ ခရီးတို လေးများ မကြာခဏ သွားလာနေရတတ်ပါသည်။

ကျန်းမာရေးအတွက် စိတ် ချမ်းသာရတတ်တဲ့ ကာလပါပဲ။ အချစ် ရေး မှာတော့ လူငယ်တွေထက် အရွယ်လွန်မှကြုံရတဲ့ အရွယ်လွန်အချစ်ဆို တာမျိုးကြုံရတတ်ပါ တယ်။ အိမ်ထောင် ရေး ကတော့ ထင်သလောက်အဆင်မပြေနိုင်သေးပါ။ တကျက်ကျက် စကားများရနိုင်တဲ့ကာလ ပါပဲ။ ပညာရေး ကိုတော့ မိမိကိုယ်တိုင်က ကြိုးစားချင်စိတ်တွေကပဲ အဓိကကျတယ်လို့ ထင်ပါတယ်။
အကျိုးပေးဂဏန်း 2/3/5
အထူးဟော-ကံသင့်ပါတယ်။
ယတြာ-ခရေပန်း/ခရေညွန့်ဘုရားကပ်လှူလိုက်ပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်း

ဆရာၿငိမ္း ၏ ( 10.6.2021 မွ 16.6.2021 )အထိတစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ
ဝန္ထမ္းမ်ားအျပစ္တင္ျခင္းကို ခံရတတ္ၿပီး မိမိလုပ္ကိုင္ေနေသာ လုပ္ငန္းမ်ားကို မလုပ္ခ်င္၊ မကိုင္ခ်င္ပဲ ျဖစ္ေနရတတ္ပါသည္။ ေပ်ာက္ေနေသာ ေ႐ႊ၊ ေငြမ်ား ျပန္ရတတ္ပါသည္။ အလိမ္ခံထားရေသာ၊ ဆုံးရႈံးခံထားရေသာ ေငြေၾကးမ်ား ျပန္လည္ရရွိတတ္ပါသည္။ တပည့္လက္ေအာက္ငယ္သားမ်ား၏ ရန္ရွာျခင္းကိုလည္း ခံရတတ္ပါ သည္။ အရာရာကို ခိုင္မာတည္ၾကည္စြာျဖင့္ စဥ္းစားဆုံးျဖတ္၍ ဇြဲရွိရွိျဖင့္ လုပ္ကိုင္ေဆာင္႐ြက္သြားပါ။ အဆင္ေျပ ေအာင္ျမင္လာပါလိမ့္မည္။သတိလက္လႊတ္မိလွ်င္လြတ္သလိုနစ္နာမႈမ်ားရွိတတ္ပါသည္။မိတ္ေဆြအေပါင္းအသင္း မ်ား၏ ၿငိဳျငင္မႈမ်ားကိုလည္း ႀကဳံေတြ႕ေနရတတ္ပါသည္။ သားသမီးမ်ားအတြက္ အလုပ္မ်ား ရတတ္ပါသည္။ကုသိုလ္ေကာင္းမႈဘက္တြင္ စိတ္ေရာက္ၿပီး တရားဓမၼ လုပ္ျဖစ္ေအာင္ လုပ္ကိုင္ေနထိုင္ပါက အလြန္ေကာင္းေသာ အေနအထားေကာင္းသို႔ ေရာက္ရွိရတတ္ပါသည္။ မိသားစု၊ သံေယာဇဥ္အေရး ႀကီးမားေနမႈတို႔ေၾကာင့္ ႏွလုံးသားႏွင့္ ပတ္သက္ေသာ အခ်စ္ေရးကို စိတ္ဝင္စားမႈ အားနည္းေနတတ္ပါသည္။ မိမိအားခ်စ္ခင္ၾကင္နာလိုသူႏွင့္ ေတြ႕ရတတ္ ပါသည္။ ရာထူးတိုးစာေမးပြဲေျဖထားသူမ်ား ၊အင္တာဗ်ဳးေျဖထားသူမ်ား ရလဒ္ ေကာင္းသတင္းေကာင္းေတြ ၾကား လာ ရတတ္ပါတယ္။ ပြဲစားအလုပ္မ်ား၊ဝန္ေဆာင္မႈအလုပ္မ်ား၊ မီဒီယာအလုပ္မ်ား အဆင္ေျပတိုးတတ္ မႈေတြ ႀကဳံ ရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း 3/6/8
အထူးေဟာ-အလုပ္ကံ၊စီးပြားကံျမင့္မားေနမည္။
ယၾတာ ေဆးဝါးဒါနလုပ္ပါ။

တနလၤာ
နီးနီးနားနားထက္ အေဝးမွာပိုမိုအက်ိဳးေပးတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ ရပ္ေဝးက စီးပြားေရးေတြပိုမို တိုးတတ္ပါလိမ့္မယ္။ ေငြေၾကးေခ်းငွားထားသူမ်ား ေငြေရးေၾကးေရး ျပႆနာမ်ားေၾကာင့္ သိကၡာက်ရတတ္ပါ သည္။ တပည့္ လက္ေအာက္ငယ္သားမ်ား၏ အပူဒုကၡေတြကိုခြဲေဝခံစားရတတ္ပါသည္။ စနစ္တက် လုပ္ကိုင္ရေသာ လုပ္ငန္းမ်ား အဆင္ေျပတာေတြ႕ရတတ္ပါသည္။ ဝန္ထမ္းအခ်င္းခ်င္း စိတ္ဝမ္းကြဲေနရတတ္ပါသည္။ ေမာင္ႏွမသားခ်င္း မ်ား၏ ျပႆနာမ်ားကို မိမိမွေခါင္းခံ၍ ေျဖရွင္းေပးရတတ္ပါသည္။ ခရီးေဝးမ်ား သြားလာရတတ္ပါသည္။ က်န္းမာေရး ႏွင့္ ပတ္သက္၍ ဆိုးဝါး ျပင္းထန္ေသာ ေရာဂါ၊ ေဝဒနာမ်ား မျဖစ္ေပၚတတ္ေသာ္လည္း အနည္းငယ္ သတိထားရတတ္ ပါ သည္။

အခ်စ္ေရး မေကာင္းေသးပါ။ အိမ္ေထာင္ရွိၿပီးသူျဖစ္ပါက အိမ္ေထာင္ဖက္ႏွင့္ မၾကာခဏ စိတ္ဝမ္းကြဲမႈမ်ား ျဖစ္ရတတ္ပါ သည္။ ပညာေရးႏွင့္ ပတ္သက္ေသာ ဘာသာရပ္ဆိုင္ရာမ်ားကို သင္ယူရာတြင္ အႀကံဉာဏ္ေပး မည့္သူ၊ အကူအညီ ေပးမည့္သူတို႔ ရွိေနတတ္ပါသည္။ေငြေၾကးနဲ႔ပတ္သက္ၿပီးေတာ့ ရင္းႏွီးျမဳပ္ႏွံမႈ ေတြမွားႏိုင္ပါ တယ္။ ကုန္ေလွာင္ ျခင္းမ်ားလဲ အထူးသတိထားလိုက္ပါ။ ဒီလိုေန႔ေတြမွာ သားသမီးေတြကို အလို မလိုက္မိဖို႔လိုပါ တယ္။ သားသမီးပူ ဆာတာေတြ ဝယ္ေပးရတာနဲ႔ေငြကုန္ေၾကးရမ်ားသြားရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း 7/4/5
အထူးေဟာ စိတ္ေလလြင့္ေနတတ္ပါတယ္။
ယၾတာ သေျပပန္းဘုရားကပ္လႉဆုေတာင္းပါ။

အဂၤါ
စီးပြားေရးဆိုင္ရာ လုပ္ငန္းမ်ား တိုးတတ္ခိုင္မာမႈ ရွိရန္အတြက္ ဆန္းသစ္ေသာ တီထြင္ႀကံဆမႈမ်ား လုပ္ကိုင္ ေဆာင္႐ြက္ေနရတတ္ပါသည္။ စီးပြားေရးလုပ္ငန္း မ်ား လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ခရီးသြားလာမႈမ်ားလည္း ရွိေနတတ္ပါသည္။ ေငြေၾကးနဲ႔ပတ္သက္ၿပီးေတာ့လဲအထူးသတိ ထားရပါလိမ့္မယ္။ ေငြေခ်းမိလိုက္ရင္ျပန္ရဖို႔ ၾကန႔္ၾကာသြားတတ္ပါတယ္။ ေငြေပးေငြယူကိစၥမ်ား အျငင္းပြားဖြယ္ရာ ႀကဳံရတတ္ပါတယ္။ လူငယ္မ်ား အေပ်ာ္လြန္ရာမွ ျပႆနာ တတ္ရတတ္ပါတယ္။မိုးခ်ဳပ္လြန္းသည္အထိ အျပင္မွာ ေနတာမ်ိဳးတတ္ႏိုင္သေလာက္ ေရွာင္လိုက္ေစခ်င္ ပါတယ္။ ဒီလိုကာလေတြမွာ တတ္ႏိုင္သ၍ဆိတ္ဆိတ္ေနပါ။အသံေၾကာင့္ဖားေသဆိုတာမ်ိဳးေတြလဲ ႀကဳံရတတ္ပါ တယ္။ကိုယ္ပိုင္အလုပ္မ်ား အဆင္ေျပတိုးတတ္ပါလိမ့္မယ္။ ကိုယ့္ဝန္ထမ္းေတြကိုေတာ့ ေမာက္ေမာက္မာမာ မဆက္ဆံမိေအာင္ ေနထိုင္တတ္ဖို႔လိုပါတယ္။ က်န္းမာေရးကေတာ့ သင့္႐ုံပါပဲ။ အေကာင္းအဆိုးမွ်ပါတယ္။ အခ်စ္ ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ခ်စ္သူရဲ႕ပူဆာတာကို ဝယ္ေပးေနရတတ္ပါ တယ္။ အိမ္ေထာင္ေရးကေတာ့စိတ္ခ်မ္းသာရပါလိမ့္မယ္။ ပညာေရးကေတာ့ ခ်င့္ခ်ိန္တတ္ဖို႔လိုပါတယ္။ ပညာရွာလို႔ ပညာသင္ေပးလို႔မေကာင္းတဲ့ကာလ ပါပဲ။
အက်ိဳးေပးဂဏန္း 1/5/6
အထူးေဟာ အေရးႀကီးတာကို ဦးစားေပးလုပ္ကိုင္ပါ။
ယၾတာ ဒီကာလအတြင္း သစ္သီးေတြဘုရားကပ္ပါ။

ဗုဒၶဟူး၊ရာဟု
စီးပြားေရးကိစၥရပ္မ်ားတြင္ ဇြဲ၊ ဝီရိယေကာင္းမြန္မႈမ်ားႏွင့္ စဥ္းစားေတြးေခၚႏိုင္မႈ စြမ္းအားမ်ား ျမင့္တတ္လွ်က္ရွိပါသည္။ ေငြေၾကးစုေဆာင္းႏိုင္မႈမ်ားလည္း ရွိေနတတ္ပါသည္။ လုပ္ငန္းစီးပြားမ်ား အဆင္ေျပ တိုးတတ္ မႈမ်ားႏွင့္ ဂုဏ္က်က္သေရ တိုးတတ္မႈမ်ားလည္း ရရွိတတ္ပါသည္။ ဝန္ထမ္းျဖစ္ပါက အဆင္ေျပတိုးတတ္မႈမ်ားႏွင့္ ရာထူးအဆင့္ျမင့္ျခင္း မ်ားလည္း ျဖစ္ေပၚလာတတ္ပါသည္။ သို႔ေသာ္ မနာလို မုန္းတီးမႈမ်ားႏွင့္ အတိုက္အခံ ရန္လို မႈမ်ားလည္း ရွိေနတတ္ပါသည္။ ေပါင္းသင္းဆက္ဆံေရးတြင္ အေကာင္းဆုံးျဖစ္ရန္ ႀကိဳးစားရတတ္ပါသည္။ ပညာေရး ႏွင့္ ပတ္သက္ေသာ ကိစၥရပ္တို႔တြင္ ဇြဲ၊ လုံ႔လ၊ ဝီရိယ အားစိုက္မႈေတာ့ လိုအပ္ေနတတ္ပါသည္။ ဒီကာလ အတြင္း ဘာသာေရးႏွင့္ ပက္သက္ေသာ အလႉအတန္းေတြႀကဳံရတတ္ပါတယ္။

စိတ္ခ်မ္းသာ စရာခရီးေကာင္း ေတြ လဲ သြားရ တတ္ ပါတယ္။ အလုပ္နဲ႔ပတ္သက္ၿပီး အေရးႀကီးတဲ့ဆုံးျဖတ္ခ်က္ေတြကိုလဲ ခ်မွတ္ ႏိုင္ပါလိမ့္မယ္။ အခ်စ္ ေရး ကေတာ့ ခ်စ္သူခင္သူေတြအတြက္ အခ်ိန္ေပးရတတ္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ပက္ သက္ၿပီး အိမ္ေထာင္ ဘက္ ဆီ ကအႀကံဉာဏ္ေကာင္းေတြရလာတတ္ပါတယ္။ က်န္းမာေရးနဲ႔ပက္သက္ၿပီး အနာေရာဂါမ်ား၊ထိခိုက္ရွနာမ်ား ခြဲ စိပ္ကုသလို႔ အလြန္ေကာင္းတဲ့ေန႔ရက္ပါပဲ။ က်န္းမာေရးအတြက္စိတ္ခ်မ္းသာရ ပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း 2/6/7
အထူးေဟာ-ကံျမင့္မားေနမည္။
ယၾတာ- ႏြားႏို႔ဘုရားကပ္လႉပါ။

ၾကာသပေတး
တစ္ကိုယ္တည္း လြတ္လြတ္လပ္လပ္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေအးေအးခ်မ္းခ်မ္း ေနလိုစိတ္မ်ား ရွိေနတတ္ ပါ သည္။ သို႔ေသာ္ လူငယ္မ်ားမိမိ၏မိတ္ေဆြ၊ အေပါင္းအသင္းမ်ား၏ ေဆာ္ဩ တိုက္တြန္းမႈတို႔ေၾကာင့္႐ုတ္တရက္ အိမ္ေထာင္က်သြားတတ္ပါသည္။ အနားယူ၊ အပန္းေျဖခရီးမ်ားႏွင့္ ဘုရားဖူးခရီးမ်ားလည္း ရွိေနတတ္ပါသည္။ ႏိုင္ငံ ရပ္ျခား သြားလာရကိန္းမ်ားလည္း ရွိေနတတ္ပါသည္။ လိုအင္ဆႏၵျပည့္ဝမႈႏွင့္ လာဘ္လာဘ ရရွိမႈတို႔သည္ သင့္တင့္ ေလ်ာက္ပတ္မႈ ရွိေနတတ္ပါသည္။ ဒီလိုကာလေတြမွာ မိဘေတြ အထက္လူႀကီးေတြကို မေထ့မဲ့ျမင္ မလုပ္မိပါ နဲ႔။ အထက္လူႀကီးေတြခ်စ္ေအာင္ေနေလ အဆင္ေျပေလျဖစ္ရတတ္ပါတယ္။အလုပ္နဲ႔ပတ္သက္ေသာခရီးတိုေလး ေတြသြားရတတ္ပါတယ္။အိမ္ျပဳျပင္ျခင္းမ်ား၊အိမ္သစ္စတင္အုတ္ျမစ္ခ်ျခင္းမ်ားလဲအထူးေကာင္းပါတယ္။ က်န္းမာ ေရးနဲ႔ပတ္သက္ၿပီး အားနည္းေနသူေတာင္၊မိမိအတြက္သင့္ေတာ္တဲ့သမားေတာ္နဲ႔ေတြ႕ရတတ္ပါတယ္။ အခ်စ္ ေရး မွာေတာ့အဆင္ေျပပါလိမ့္မယ္။ အေျဖေတာင္းထားတဲ့ခ်စ္သူထံမွအေျဖရလာတတ္ပါတယ္။အိမ္ေထာင္ေရးက ေတာ့ အေကာင္းမ်ားပါတယ္။ အိမ္ေထာင္ဘက္နဲ႔ အဆင္မေျပခဲ့တာေတြရွိရင္ ေျပလည္မႈေတြရလာတတ္ပါတယ္။ ပညာေရးကေတာ့ အေကာင္းမ်ားပါတယ္။ အိမ္နဲ႔အေဝးတစ္ေနရာမွာပညာသင္ၾကားခြင့္ေတြရလာတတ္ပါတယ္။
အက်ိဳးေပးဂဏန္း 1/3/7
အထူးေဟာ-စိတ္ခ်မ္းသာေပ်ာ္႐ႊင္ရမည္။
ယၾတာ-အုန္းထမင္း ဆြမ္းခ်က္ၿပီး ဘုရားကပ္ပါ။

ေသာၾကာ
မိမိ အေပၚ မေက်နပ္သူမ်ား အတိုက္ အခံျပဳလို သူမ်ား ရွိေနသည္ကိုလည္း သတိျပဳဆင္ျခင္သင့္ပါသည္။ မိမိကိုယ္မိမိ အထင္ ႀကီး မႈမ်ားကို ဆင္ျခင္သင့္ ပါသည္။ မိမိအတြက္ေရွ႕တိုးရခက္ခဲတဲ့ ကိစၥေတြႀကဳံလာရ တတ္ ပါတယ္။ အလုပ္နဲ႔ ပတ္သက္ၿပီးေတာ့လဲလုပ္သေလာက္မခံစားရတတ္ပါဘူး။ အလုပ္ကပင္ပန္းတာမ်ိဳးႀကဳံရေပမဲ့ အသိအမွတ္အျပဳမခံရတာမ်ိဳး ေတြ အထူးႀကဳံေနရလိမ့္မယ္။ ေပါ့ေပါ့ေန၊ေပါ့ေပါ့စားသူမ်ားကေတာ့ ပိုမိုဒုကၡေရာက္ တတ္ တဲ့ကာလပါပဲ။ အရာရာ ကိုေလးေလးနက္နက္ထားပါ။ ၿပီးစလြယ္မလုပ္လိုက္ပါနဲ႔၊ရွယ္ယာအလုပ္မ်ား အထူး ပဲအဆင္မေျပ ျဖစ္ရ တတ္ပါ တယ္။ ကတိမတည္တဲ့သူေတြ၊သစၥာမရွိသူေတြေၾကာင့္လဲ မိမိပါဒုကၡေရာက္ရတတ္ ပါတယ္။ စိတ္ဓာတ္ ညံ့ ဖ်င္းတဲ့ သူေတြကို အာမခံေပးတာမ်ိဳးမလုပ္မိပါေစနဲ႔။

က်န္းမာေရးကေတာ့ အနည္းငယ္ ေတာ့ အားနည္းေနတာကိုေတြ႕ရပါတယ္။ ကူးစက္ေရာဂါေတြျဖစ္ လြယ္တဲ့ အတြက္ မိမိကိုယ္တိုင္က ကိုယ္ခံအား ေကာင္း ေအာင္ေနပါ။ အခ်စ္ေရးကိစၥေတြကေတာ့ အခက္အခဲမရွိ အဆင္ေျပေနတတ္ပါတယ္။ အိမ္ေထာင္ကေတာ့ ျပႆနာအလြန္မ်ားတဲ့ကာလေတြလို႔ပဲ မွတ္ခ်က္ခ်ရပါလိမ့္မယ္။ သည္းခံပါလို႔ေျပာခ်င္ပါ တယ္။ ပညာေရးကေတာ့ ထင္သေလာက္မလြယ္တဲ့ အေနအထားမ်ိဳးေတြ႕ရပါတယ္။
အက်ိဳးေပးဂဏန္း 1/2/4
အထူးေဟာ-ကံအားနည္းေနသည္။
ယၾတာ- ေငြ၂၀၀ခန႔္ ပံ့သကူပစ္လိုက္ပါ။

စေန
ေဘးအႏၲရာယ္ႀကဳံေတြ႕ရမႈမ်ား၊ အထိအခိုက္ျဖစ္မႈမ်ားကို အထူးသတိျပဳပါ။ ယခုကာလမ်ားတြင္ အနည္း ငယ္ အဆိုးမ်ား ႀကဳံေတြ႕ေနရတတ္ေသာ္လည္း မ်ားေသာအားျဖင့္ အဆင္ေျပမႈေတြရရွိတတ္ပါသည္။ ပညာေရးႏွင့္ ပတ္ သက္၍ေသာ္လည္းေကာင္း၊ လူမႈေရးႏွင့္ ပတ္သက္၍ေသာ္လည္းေကာင္း၊ စီးပြာေရးႏွင့္ ပတ္သက္၍ေသာ္ လည္းေကာင္း၊ ဦးေႏွာက္မွတ္ဉာဏ္ႏွင့္ အေတြးအေခၚ ဆုံးျဖတ္ခ်က္မ်ား၊ မွန္ကန္မႈမ်ား ရွိေနတတ္ပါသည္။ မိမိကိုယ္မွလြဲ၍ အျခားသူမ်ားကို ယုံ ၾကည္၍လည္းမရတတ္ပါ။ စီးပြားေရး လုပ္ငန္း ကိုင္ငန္းကိစၥရပ္မ်ားတြင္လည္း မိမိကိုယ္မိမိ အားကိုးလုပ္ ေဆာင္ မႈမ်ားျပဳေနရတတ္ပါသည္။လုပ္ငန္းစီးပြားမ်ားအတြက္အပင္ပန္းခံ၍ လုပ္ကိုင္ ေဆာင္႐ြက္ရတတ္ ပါ သည္။ ေနရာ ေဒသ အေ႐ႊ႕ အေျပာင္း မ်ားရွိေနတတ္ပါသည္။ေကာင္းမြန္ေသာ အေျပာင္း အေ႐ႊ႕မ်ား ျဖစ္တတ္ ပါသည္။ ခရီးတို ေလးမ်ား မၾကာခဏ သြားလာေနရတတ္ပါသည္။ က်န္းမာေရးအတြက္ စိတ္ ခ်မ္းသာရတတ္တဲ့ ကာလပါပဲ။ အခ်စ္ ေရး မွာေတာ့ လူငယ္ေတြထက္ အ႐ြယ္လြန္မွႀကဳံရတဲ့ အ႐ြယ္လြန္အခ်စ္ဆို တာမ်ိဳးႀကဳံရတတ္ပါ တယ္။ အိမ္ေထာင္ ေရး ကေတာ့ ထင္သေလာက္အဆင္မေျပႏိုင္ေသးပါ။ တက်က္က်က္ စကားမ်ားရႏိုင္တဲ့ကာလ ပါပဲ။ ပညာေရး ကိုေတာ့ မိမိကိုယ္တိုင္က ႀကိဳးစားခ်င္စိတ္ေတြကပဲ အဓိကက်တယ္လို႔ ထင္ပါတယ္။
အက်ိဳးေပးဂဏန္း 2/3/5
အထူးေဟာ-ကံသင့္ပါတယ္။
ယၾတာ-ခေရပန္း/ခေရၫြန႔္ဘုရားကပ္လႉလိုက္ပါ။
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ
ဆရာၿငိမ္း

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box