ဆရာဦးမင်းနိုင်၏ စေတနာ မေတ္တာတွေပါခင်ဗျ။
အစအဆုံး ဖတ်စေချင်ပါတယ်။ဆရာ့မိတ်ဆွေများကိုယ်တိုင်လည်းလုပ်ကြပါလို့ပြောပါရစေ။
ကိုဗစ် စပြီး ဖြစ်လာ တော့မယ့် အချိန် … ကျွန်တော် အဖက်ဖက်က စဉ်းစားကြည့်မိတယ်။ဘာတွေ ဖြစ်လာကြတော့မယ်ဆိုတာကိုလဲ အတော်လေး ရိပ်မိတယ်။
အဲဒါနဲ့ စ ဓ ဗ ဝ ဂါထာတော် ရွတ်ဖတ်ပူဇော်တဲ့ စနစ်ကို ထုတ်ပေးဖြစ်တယ်။ လုပ်သူတွေ လုပ်ကြပါရဲ့ …။
လူအမျိုးမျိုး စရိုက်အထွေထွေဆိုတော့ သူ့စရိုက်နဲ့သူ သန်ရာ လုပ်နိုင်ကြပါစေဆိုပြီး ပန်းခင်းလမ်း ပူဇော်တဲ့ စနစ်ကိုလဲ ထပ်ပြောပေးဖြစ်ခဲ့ပါတယ်။
ခန့်မှန်းကြည့်ရတာ ဒီစနစ်နှစ်ခုကို လိုက်လုပ်နေကြသူတွေဟာ လူဦးရေ သုံးထောင်နဲ့ သုံးထောင့် ငါးရာကြားပဲ ရှိမယ် ထင်ပါတယ်။ သူတို့တွေ ထူးထူးခြားခြား အဆင်ပြေကြသံလဲ ကြားရပါတယ်။
ခုတော့လဲ မှန်းထားသလိုပါပဲ … အကြွေး ပတ်လည်ဝိုင်းပြီး ဘဝပျက်နေကြတာတွေ နားမဆန့်အောင် ကြားလာရပါပြီ။
အဲဒါနဲ့ အကြွေးကျေစေတဲ့ အင်းလေးကို ပြန်ပြီး ဖြန့်ဝေပေးဖို့ ကြိုးစားနေပါတယ်။ အရင်က ဖြန့်ပေးလို့ လက်ထဲ ရဖူးသူတွေ ဆက်ပြီး သုံးနေကြသလား၊ချောင်ထိုးထားကြသလား မသိရတော့ပါ။ ကျွန်တော်ကတော့ နားလည်ပေးရင်း ပြုံးနေရတာပါပဲ။
ခု နောက်ထပ် နည်းတစ်ခု ပြောပြပါ့မယ်။ ငွေကြေး အပူသောကတွေ ငြိမ်းစေတဲ့ နည်းပါပဲ။ လိုက်လုပ်ကြည့်ကြပါ ခင်ဗျာ။ အေးကြပါစေ … ငြိမ်းကြပါစေ … မေတ္တာပို့လျက်ပါ။
ပဲနီလေး လို့ခေါ်တဲ့ ပဲရာဇာလို့လဲ လူသိများတဲ့ ပဲကို မိမိရဲ့ လက်နဲ့ လက်တစ်ဆုပ် ယူပါ။ ကြွေးပူများရင် လက်သုံး ဆုပ် ယူပါ။
ခိုစာ / ငှက်စာ / ငါးစာအဖြစ် ကျွေးပါ။ ငါးစာကျွေးတာကတော့ ပိုပြီး ထိရောက်မှု မြန်ပါလိမ့်မယ်။
ဒါပေမယ့် မိမိ အတွက် မပင်မပန်း လွယ်ကူစေမယ့် စနစ်ကိုပဲ ရွေးချယ်ပါ။ အဲဒါ အဓိကကျတဲ့ အချက်ပါပဲ။
ခိုစာ ငှက်စာကျွေးရင် မြေပေါ် ဖြန့်ကြဲပြီး ကျွေးပါ။ ငါးစာအဖြစ် ကျွေးရင် မြစ်ချောင်း အစရှိတဲ့ ရေရှင်မှာပဲ ကျွေးပါ။ ကျွေးပြီးရင် ငွေကြေး အပူသောကတွေ ငြိမ်းစေဖို့ ဆုတောင်းပါ။
နေ့ရက် နာရီ အချိန်အခါ မလိုပါ။
နေ့စဉ် ဆောင်ရွက်နိုင်ပါတယ်။
ကြွေးကျေစေတဲ့ အင်းလေးလဲ ထပ်ပြီး ဖြန့်ဝေပေးပါဦးမယ်။
အပူသောကတွေ ငြိမ်း ကြပါစေ။ မေတ္တာပို့လျက် မင်းနိုင်
ေငြေၾကး အပူေသာကေတြၿငိမ္းေစတဲ့ နည္း
ဆရာဦးမင္းႏိုင္၏ ေစတနာ ေမတၱာေတြပါခင္ဗ်။
အစအဆုံး ဖတ္ေစခ်င္ပါတယ္။ဆရာ့မိတ္ေဆြမ်ားကိုယ္တိုင္လည္းလုပ္ၾကပါလို႔ေျပာပါရေစ။
ကိုဗစ္ စၿပီး ျဖစ္လာ ေတာ့မယ့္ အခ်ိန္ … ကြၽန္ေတာ္ အဖက္ဖက္က စဥ္းစားၾကည့္မိတယ္။ဘာေတြ ျဖစ္လာၾကေတာ့မယ္ဆိုတာကိုလဲ အေတာ္ေလး ရိပ္မိတယ္။
အဲဒါနဲ႔ စ ဓ ဗ ဝ ဂါထာေတာ္ ႐ြတ္ဖတ္ပူေဇာ္တဲ့ စနစ္ကို ထုတ္ေပးျဖစ္တယ္။ လုပ္သူေတြ လုပ္ၾကပါရဲ႕ …။
လူအမ်ိဳးမ်ိဳး စ႐ိုက္အေထြေထြဆိုေတာ့ သူ႔စ႐ိုက္နဲ႔သူ သန္ရာ လုပ္ႏိုင္ၾကပါေစဆိုၿပီး ပန္းခင္းလမ္း ပူေဇာ္တဲ့ စနစ္ကိုလဲ ထပ္ေျပာေပးျဖစ္ခဲ့ပါတယ္။
ခန႔္မွန္းၾကည့္ရတာ ဒီစနစ္ႏွစ္ခုကို လိုက္လုပ္ေနၾကသူေတြဟာ လူဦးေရ သုံးေထာင္နဲ႔ သုံးေထာင့္ ငါးရာၾကားပဲ ရွိမယ္ ထင္ပါတယ္။ သူတို႔ေတြ ထူးထူးျခားျခား အဆင္ေျပၾကသံလဲ ၾကားရပါတယ္။
ခုေတာ့လဲ မွန္းထားသလိုပါပဲ … အေႂကြး ပတ္လည္ဝိုင္းၿပီး ဘဝပ်က္ေနၾကတာေတြ နားမဆန႔္ေအာင္ ၾကားလာရပါၿပီ။
အဲဒါနဲ႔ အေႂကြးေက်ေစတဲ့ အင္းေလးကို ျပန္ၿပီး ျဖန႔္ေဝေပးဖို႔ ႀကိဳးစားေနပါတယ္။ အရင္က ျဖန႔္ေပးလို႔ လက္ထဲ ရဖူးသူေတြ ဆက္ၿပီး သုံးေနၾကသလား၊ေခ်ာင္ထိုးထားၾကသလား မသိရေတာ့ပါ။ ကြၽန္ေတာ္ကေတာ့ နားလည္ေပးရင္း ၿပဳံးေနရတာပါပဲ။
ခု ေနာက္ထပ္ နည္းတစ္ခု ေျပာျပပါ့မယ္။ ေငြေၾကး အပူေသာကေတြ ၿငိမ္းေစတဲ့ နည္းပါပဲ။ လိုက္လုပ္ၾကည့္ၾကပါ ခင္ဗ်ာ။ ေအးၾကပါေစ … ၿငိမ္းၾကပါေစ … ေမတၱာပို႔လ်က္ပါ။
ပဲနီေလး လို႔ေခၚတဲ့ ပဲရာဇာလို႔လဲ လူသိမ်ားတဲ့ ပဲကို မိမိရဲ႕ လက္နဲ႔ လက္တစ္ဆုပ္ ယူပါ။ ေႂကြးပူမ်ားရင္ လက္သုံး ဆုပ္ ယူပါ။
ခိုစာ / ငွက္စာ / ငါးစာအျဖစ္ ေကြၽးပါ။ ငါးစာေကြၽးတာကေတာ့ ပိုၿပီး ထိေရာက္မႈ ျမန္ပါလိမ့္မယ္။
ဒါေပမယ့္ မိမိ အတြက္ မပင္မပန္း လြယ္ကူေစမယ့္ စနစ္ကိုပဲ ေ႐ြးခ်ယ္ပါ။ အဲဒါ အဓိကက်တဲ့ အခ်က္ပါပဲ။
ခိုစာ ငွက္စာေကြၽးရင္ ေျမေပၚ ျဖန႔္ႀကဲၿပီး ေကြၽးပါ။ ငါးစာအျဖစ္ ေကြၽးရင္ ျမစ္ေခ်ာင္း အစရွိတဲ့ ေရရွင္မွာပဲ ေကြၽးပါ။ ေကြၽးၿပီးရင္ ေငြေၾကး အပူေသာကေတြ ၿငိမ္းေစဖို႔ ဆုေတာင္းပါ။
ေန႔ရက္ နာရီ အခ်ိန္အခါ မလိုပါ။
ေန႔စဥ္ ေဆာင္႐ြက္ႏိုင္ပါတယ္။
ေႂကြးေက်ေစတဲ့ အင္းေလးလဲ ထပ္ၿပီး ျဖန႔္ေဝေပးပါဦးမယ္။
အပူေသာကေတြ ၿငိမ္း ၾကပါေစ။ ေမတၱာပို႔လ်က္ မင္းႏိုင္
Be the first to comment