မိမိလင်ယောက်ျား အနားကပ်စေသောယတြာ
ဒီယတြာဟာ အမျိုးသမီးများအတွက် သီးသန့် ဖြစ်တယ်။ အိမ်ထောင်ကျပြီး အိမ်ထောင်သက်လေး နည်းနည်းလောက် ကြာလာတာနှင့် အမျှ ယောက်က်ျားတွေဟာ မိန်းမ အနားမကပ်တာမျိုး ဖြစ်တတ်ပါတယ်။ လင်မယား ရန်ဖြစ်ပြီး ပြန်အဆင်ပြေလာတာတောင် ပြန်ပြီး အနားမကပ် ဖြစ်တတ်ပါတယ်။
တချို့ အိမ်ထောင်သည်တွေမှာ အမျိုးသမီးက အိပ်ခန်းထဲမှာ ၊ အမျိုးသားက ဘုရားခန်းမှာ ၊ အဲဒီလို တအိမ်တည်းမှာနေပြီး ၃ နဲ့ ၄ လို နီးရက်နဲ့ ဝေးနေကြတဲ့ အိမ်ထောင်သည်တွေ အတွက် ဖြစ်ပါတယ်။ အဲဒီလို အိမ်ထောင်ရေး ဒုက္ခကို ခံစားနေရတဲ့ အမျိုးသမီးတွေ ဒုနဲ့ဒေးပါပဲ။ ဗေဒင်ဟောခန်းကို ရောက်လာရင် ဒီယတြာကို လုပ်ခိုင်းရတာပဲ။ အမြဲတမ်း လုပ်ပေးခြင်းအားဖြင့် ပိုပြီးတော့ အဆင်ပြေလာတယ်။
တချို့ အမျိုးသမီးတွေက ကျွန်မတို့ အဆင်ပြေနေတဲ့ လူတွေရော လုပ်လို့ ရလားတဲ့။ ရလိုက်တာမှ လွန်ပေါ့။ အချိုပေါ်သကာဆင့်ပေ့ါဗျာ။ တချို့ကလည်း ပြောကြတယ်။ ကျွန်မမှာ နားကပ် မပြောနဲ့ နားပေါက်တောင် မရှိဘူးတဲ့။ ဒါလဲ ပြဿနာ မဟုတ်ပါဘူး။ အခုဆိုင်တွေ မှာ ရောင်းတဲ့ ကပ် နားကပ်လေးတွေ ရပါတယ်။ တစ်ပါတ် ဆယ်ရက်လောက် ၀တ်ပြီး လုပ်လို့ ရပါတယ်။ စိန်နားကပ်မှ ပိုကောင်းတယ်ရယ်လို့ မဟုတ်ပါဘူး။
ယတြာက ဘာအဓိပ္ပါယ်လဲဆိုတော့ လင်ဗန်း ဆိုတာ လင်ဖမ်းတာပါ။ နားကပ် ဆိုတာ အနားကပ်တာ ။ သနပ်ခါးကတော့ မိန်းမရဲ့ မြတ်သော နေရာက ကောင်းသော ပစ္စည်းပေါ့။ မေတ္တာသုတ်ကတော့ မေတ္တာဓာတ်ရစေဖို့အတွက်ပါ။
ကဲ… ဒီနည်းထဲမှာ မကောင်းတဲ့ ယုတ်ညံ့တဲ့ ပစ္စည်း ဘာပါနေလို့လဲ။ အိမ်ထောင်ရေး အဆင်မပြေတဲ့ ညီမတွေ ရဲရဲသာ လုပ်ပါ။ ရှက်လည်း ရှက်မနေပါနဲ့…။ ငရဲလည်း မကြီးပါဘူး။ အာမခံတယ်ဗျာ။ ရက်ပိုင်းအတွင်း တနေ့တခြား အဆင်ပြေစေရမယ်။
အော်… မေ့နေတယ်။ ကျွန်မတို့က အပျိုတွေပါ။ ကျွန်မ ချစ်သူကို လုပ်လို့ မရဘူးလားတဲ့။ မေးတတ်ကြတယ်။ ကိုယ်ဇာတ်ကို ကိုယ်နိုင်အောင် ကနိုင်ရင်တော့ လုပ်ကြပေါ့ဗျာ။ ဒီယတြာကို တိုးတိုးတိတ်တိတ် ပေးလိုက်တာဖြစ်လို့ များများ ရှယ်ပေးကြပေတော့….
သင်တို့၏အရင်းနှီးဆုံးမိတ်ဆွေ
ဆရာဟိန်းတင့်ဇော်
မိမိလင္ေယာက္်ား အနားကပ္ေစေသာယၾတာ
ဒီယၾတာဟာ အမ်ိဳးသမီးမ်ားအတြက္ သီးသန္႔ ျဖစ္တယ္။ အိမ္ေထာင္က်ၿပီး အိမ္ေထာင္သက္ေလး နည္းနည္းေလာက္ ၾကာလာတာႏွင့္ အမွ် ေယာက္က္်ားေတြဟာ မိန္းမ အနားမကပ္တာမ်ိဳး ျဖစ္တတ္ပါတယ္။ လင္မယား ရန္ျဖစ္ၿပီး ျပန္အဆင္ေျပလာတာေတာင္ ျပန္ၿပီး အနားမကပ္ ျဖစ္တတ္ပါတယ္။
တခ်ိဳ႕ အိမ္ေထာင္သည္ေတြမွာ အမ်ိဳးသမီးက အိပ္ခန္းထဲမွာ ၊ အမ်ိဳးသားက ဘုရားခန္းမွာ ၊ အဲဒီလို တအိမ္တည္းမွာေနၿပီး ၃ နဲ႔ ၄ လို နီးရက္နဲ႔ ေဝးေနၾကတဲ့ အိမ္ေထာင္သည္ေတြ အတြက္ ျဖစ္ပါတယ္။ အဲဒီလို အိမ္ေထာင္ေရး ဒုကၡကို ခံစားေနရတဲ့ အမ်ိဳးသမီးေတြ ဒုနဲ႔ေဒးပါပဲ။ ေဗဒင္ေဟာခန္းကို ေရာက္လာရင္ ဒီယၾတာကို လုပ္ခိုင္းရတာပဲ။ အၿမဲတမ္း လုပ္ေပးျခင္းအားျဖင့္ ပိုၿပီးေတာ့ အဆင္ေျပလာတယ္။
တခ်ိဳ႕ အမ်ိဳးသမီးေတြက ကြၽန္မတို႔ အဆင္ေျပေနတဲ့ လူေတြေရာ လုပ္လို႔ ရလားတဲ့။ ရလိုက္တာမွ လြန္ေပါ့။ အခ်ိဳေပၚသကာဆင့္ေပ့ါဗ်ာ။ တခ်ိဳ႕ကလည္း ေျပာၾကတယ္။ ကြၽန္မမွာ နားကပ္ မေျပာနဲ႔ နားေပါက္ေတာင္ မရွိဘူးတဲ့။ ဒါလဲ ျပႆနာ မဟုတ္ပါဘူး။ အခုဆိုင္ေတြ မွာ ေရာင္းတဲ့ ကပ္ နားကပ္ေလးေတြ ရပါတယ္။ တစ္ပါတ္ ဆယ္ရက္ေလာက္ ၀တ္ၿပီး လုပ္လို႔ ရပါတယ္။ စိန္နားကပ္မွ ပိုေကာင္းတယ္ရယ္လို႔ မဟုတ္ပါဘူး။
ယၾတာက ဘာအဓိပၸါယ္လဲဆိုေတာ့ လင္ဗန္း ဆိုတာ လင္ဖမ္းတာပါ။ နားကပ္ ဆိုတာ အနားကပ္တာ ။ သနပ္ခါးကေတာ့ မိန္းမရဲ႕ ျမတ္ေသာ ေနရာက ေကာင္းေသာ ပစၥည္းေပါ့။ ေမတၱာသုတ္ကေတာ့ ေမတၱာဓာတ္ရေစဖို႔အတြက္ပါ။
ကဲ… ဒီနည္းထဲမွာ မေကာင္းတဲ့ ယုတ္ညံ့တဲ့ ပစၥည္း ဘာပါေနလို႔လဲ။ အိမ္ေထာင္ေရး အဆင္မေျပတဲ့ ညီမေတြ ရဲရဲသာ လုပ္ပါ။ ရွက္လည္း ရွက္မေနပါနဲ႔…။ ငရဲလည္း မႀကီးပါဘူး။ အာမခံတယ္ဗ်ာ။ ရက္ပိုင္းအတြင္း တေန႔တျခား အဆင္ေျပေစရမယ္။
ေအာ္… ေမ့ေနတယ္။ ကြၽန္မတို႔က အပ်ိဳေတြပါ။ ကြၽန္မ ခ်စ္သူကို လုပ္လို႔ မရဘူးလားတဲ့။ ေမးတတ္ၾကတယ္။ ကိုယ္ဇာတ္ကို ကိုယ္ႏိုင္ေအာင္ ကႏိုင္ရင္ေတာ့ လုပ္ၾကေပါ့ဗ်ာ။ ဒီယၾတာကို တိုးတိုးတိတ္တိတ္ ေပးလိုက္တာျဖစ္လို႔ မ်ားမ်ား ရွယ္ေပးၾကေပေတာ့….
သင္တို႔၏အရင္းႏွီးဆုံးမိတ္ေဆြ
ဆရာဟိန္းတင့္ေဇာ္
Be the first to comment