Facebook Comments Box
ပင်ကိုယ်စွမ်းရည်လမ်းကြောင်း (Line of Intuition)

ပင်ကိုယ်စွမ်းရည်လမ်းကြောင်း (Line of Intuition)

ပင်ကိုယ်စွမ်းရည်သတ္တိနှင့်သက်ဆိုင်သော မူလစွမ်းရည်လမ်းကြောင်းကို ကျွန်ုပ်တို့က အကြားအမြင်လမ်းကြောင်း ဟုလည်း ခေါ်ကြပါသေးတယ်။ အကြားအမြင်လမ်းကြောင်းဟု ဆိုပါက စိတ်စွမ်းအားဖြင့် အာနာဂါတ်ကို ကြိုတင်ပြောဆိုနိုင်သော စိတ်စွမ်းအားရှင်၏ အရည်အသွေးစွမ်းအားကို ပြေးမြင်ကြသည်ကများပေလိမ့်မည်။ ၂၀၁၉ ခုနှစ် ဥရောပလက္ခဏာဆရာကြီး A.S Fernando က ပင်ကိုယ်စွမ်းရည်လမ်းကြောင်းနှင့် အကြားအမြင်ရရှိခြင်းနှင့်ဆိုင်သော လက္ခဏာသုတေသန စာတမ်းတစ်စောင်ကို လက္ခဏာစာစောင်တစ်ခုတွင် ဖော်ပြခဲ့သည်။ ထိုစာတမ်းတွင် ဖော်ပြထားသည်မှာ ပင်ကိုယ်စွမ်းရည်လမ်းကြောင်းပါရှိသူတိုင်းက လူတစ်ဦးတစ််ယောက် (သို့) လောကဖြစ်ပျက်နေမည့် အကြောင်းကို ကြိုတင်ဟောပြောနိုင်သည်မဟုတ်ပေ။ ထိုလမ်းကြောင်းပါတိုင်း အကြားအမြင်ဆရာ မဖြစ်ဟုဆိုသည်။ ထိုလမ်းကြောင်းသည် မိမိ၏ ပင်ကိုယ်စွမ်းရည်ကို ဖော်ပြသောလမ်းကြောင်းဖြစ်ပြီး၊ လူတစ်ယောက်၏ ပင်ကိုယ်စိတ်စွမ်းအား၊ကိုယ်ကာယစွမ်းအားနှင့် စူးစိုက်နိုင်မှု့၊ ပညာဗဟုသုတကြွယ်ဝခြင်း တို့ကို ဖော်ပြသဖြင့် အခြားသော ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေး ကိစ္စများနှင့်အထူးသက်ဆိုင်လျှက်ရှိကြောင်းဖော်ပြလေသည်။..

လောကရှိလူတိုင်း လူတိုင်းတွင် သူမတူသော အလှတစ်ခုနှင့် စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ကြသည်ပင်ဖြစ်သည်။ မိမိပိုင် မွေးရာပါ စွမ်းရည်နှင့်အလှအပတစ်ခုကို အကောင်းဆုံးအသုံးချနိုင်ပါက လောကမှာ ထင်ရှားကျော်ကြား သူဖြစ်မည်ပင်ဖြစ်သည်။ မိမိ၏ မွေးရာပါ ပင်ကိုယ်စွမ်းရည်ကို အသုံးချနိုင်ခြင်း ရှိမရှိကို လက္ခဏာပေါ်က ယခုဖော်ပြနေသော ပင်ကိုယ်စွမ်းရည်လမ်းကြောင်းကို ကြည့်ရပေလိမ့်မည်။ ပင်ကိုယ်စွမ်းရည်လမ်းကြောင်းသည် တနင်္လာဂြိုဟ်ခုံမှ ဗုဒ္ဓဟူးဂြိုဟ်ခုံသို့ တက်ရောက်သောလမ်းကြောင်းဖြစ်သည်။ လေးကိုင်းသဖွယ် ကွေးတက်နေတတ်သည့် လမ်းကြောင်းလည်းဖြစ်သည်။ထိုလမ်းကြောင်းကို တွေ့ရခဲသော်လည်း လက္ခဏာတွင် ပါရှိတတ်ကြပေသည်။ ပါရှိသော ပုံမတူညီကြသည့်အတိုင်း သူတို့၏ ကိုယ်အား၊စိတ်စွမ်းအားတို့လည်း မတူညီသလို အကျိုးပေးလည်း မတူညီကြခြင်းဖြစ်သည်။

လေးကိုင်းသဖွယ်ကွေးနေသော အဖျက်မှတ်မရှိသော လမ်းကြောင်းပါရှိသူသည် ပင်ကိုယ်စွမ်းရည်မြင်မားပြီး ဗဟုသုတကြီးမာလျှက် အကျင့်ထူးကို ကျင့်နိုင်သူဖြစ်ပြီး မှော်ဆန်သော ပညာရပ်တို့တွင် လျှို့ဝှက်စွာ ထွန်းပေါက်တတ်သည်။ ထိုသူသည် အနာဂါတ်ကို ကြိုတင်ခန့်မှန်ပြောဆိုရာတွင် မှန်ကန်သည့် စိတ်စွမ်းအားပင် ရရှိနိုင်သူဖြစ်ကြောင်းဖော်ပြသည်။ ထိုလမ်းကြောင်းကိုအင်္ဂါဂြိုဟ်ခုံမှ ထွက်ပေါ်လာသော ဥပါဒ်လမ်းတိုလေးက ဖြတ်ထားခဲ့ပါက ထင်သလောက်မဖြစ်တော့ဘဲ အတိုက်အခံများသည့်အခြေအနေဖြင့် အောင်မြင်ခြင်းကို ဖော်ပြနေတတ်သည်။ ဥပါဒ်လမ်းနှစ်ကြောင်းဖြတ်လိုက်ခြင်းနှင့် ပင်မလမ်းကြောင်းသည် လေးကိုင်းပုံမဖြစ်ဘဲ ဖျောင့်နေပါက အမှောင်လောကရဲ့ မှော်ဆန်သော လမ်းကြောင်းသို့ လိုက်ပါသွားတတ်ကြောင်းသတိပြုရန်လိုအပ်လှပေသည်။

တနင်္လာဂြိုဟ်ခုံမှစတင်ပြီး ဗုဒ္ဓဟူးဂြိုဟ်ခုံအထိ မရောက်ဘဲ အင်္ဂါဂြိုဟ်ခုံလောက်အထိသာရောက်ရှိသော လမ်းကြောင်းပိုင်ရှင်များသည် တီထွင်နိုင်စွမ်းရှိသူများဖြစ်ကြပြီး သူတပါးအကူအညီများစွာမယူဘဲ မိမိ၏ပင်ကိုယ်စွမ်းရည်သတ္တိဖြင့်ပင် လိုရာကို တည်ဆောက်ခြင်း၊ စိတ်ကူးညဏ်ဖြင့် တီထွင်နိုင်ခြင်းတို့ ရှိကြသည်။ အဖျက်မှတ်ပါလာပါက အနည်းငယ် ပင်ကိုယ်စွမ်းရည် ကျဆင်းတတ်ပေသည်။ အချို့သော လက္ခဏာများတွင် ထိုကဲ့သို့ ပင်ကိုယ်စွမ်းရည်လမ်းကြောင်း မပါရှိသော်လည်း စွမ်းရည်ရှိနေသူများရှိကြပြီး ထိုစွမ်းရည်လမ်းကြောင်းပါရှိပြီး စွမ်းရည်မပြနိုင်သူများလည်း ရှိကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျွန်း၊အဖျက်မှတ်၊စသည့် မကောင်းသော အမှတ်အသားတို့က ထိုလမ်းကြောင်းကို ဖျက်ဆီးလိုက်သည့်အခါ လမ်းကြောင်းမပါသူထက်ပင် ပင်ကိုယ်စွမ်းရည်များ ကျဆင်းသွားတတ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လမ်းကြောင်းပါရှိသော်လည်း အဖျက်မှတ်များကင်းစင်ဖို့ အဓိကလိုအပ်လျှက်ရှိပေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုလမ်းကြောင်းပါရှိသူသည် ပင်ကိုယ်စွမ်းရည်ရှိသူ၊ စိတ်စွမ်းအားကြီးသူဖြစ်ပြီး ထိုစွမ်းရည်ကို အသုံးချခြင်းဖြင့် ဘဝ၏ ထိပ်ဆုံးကို တက်လှမ်းနိုင်မည်သာဖြစ်သည်။ ထို့အကြားအမြင်လမ်းကြောင်းနှင့်ပါတ်သက်ပြီး ကျမ်းများတွင် မတူကွဲပြားသော ဖွင့်ဆိုချက်များစွာကို တွေရနိုင်သည်။ သို့သော်လည်း ထိုလမ်းကြောင်းသည် လက္ခဏာရှင်အတွက် မူလမွေးရာပါ ပင်ကိုယ်စွမ်းရည်ကို ဖော်ပြသော အကြားအမြင်ဗဟုသုတနှင့်ဆိုင်သော လမ်းကြောင်းတစ်ခုဖြစ်သည် ဆိုသည့်အချက်ကိုမူ အားလုံးတစ်ညီတညွတ်တည်း သဘောတူ လက်ခံထားကြသည်။ သုတေသနရလဒ်များကလည်း သက်သေခံလျှက်ရှိပေသည်။ ထို့ကြောင့် မိမိဘဝအတွက် ရည်မှန်ချက်ကြီးမားသူ၊ ပင်ကိုယ်စွမ်းရည် မြင့်မားသူတို့တွင် ထိုလမ်းကြောင်းကို ပုံစံအမျိုးမျိုးဖြင့် တွေ့မြင်ရပါကြောင်းနှင့် လက်ပုံစံနှင့် လမ်းကြောင်းပုံစံတို့အပေါ်မူတည်ပြီး ဖြစ်ပေါ်လာမည့်အချက်အလက်များလည်း ပြောင်းနိုင်ပါကြောင်း တင်ပြရပါတယ်။
ကင်္ကသူ

ပင္ကိုယ္စြမ္းရည္လမ္းေၾကာင္း (Line of Intuition)

ပင္ကိုယ္စြမ္းရည္သတၱိႏွင့္သက္ဆိုင္ေသာ မူလစြမ္းရည္လမ္းေၾကာင္းကို ကြၽႏ္ုပ္တို႔က အၾကားအျမင္လမ္းေၾကာင္း ဟုလည္း ေခၚၾကပါေသးတယ္။ အၾကားအျမင္လမ္းေၾကာင္းဟု ဆိုပါက စိတ္စြမ္းအားျဖင့္ အာနာဂါတ္ကို ႀကိဳတင္ေျပာဆိုႏိုင္ေသာ စိတ္စြမ္းအားရွင္၏ အရည္အေသြးစြမ္းအားကို ေျပးျမင္ၾကသည္ကမ်ားေပလိမ့္မည္။ ၂၀၁၉ ခုႏွစ္ ဥေရာပလကၡဏာဆရာႀကီး A.S Fernando က ပင္ကိုယ္စြမ္းရည္လမ္းေၾကာင္းႏွင့္ အၾကားအျမင္ရရွိျခင္းႏွင့္ဆိုင္ေသာ လကၡဏာသုေတသန စာတမ္းတစ္ေစာင္ကို လကၡဏာစာေစာင္တစ္ခုတြင္ ေဖာ္ျပခဲ့သည္။ ထိုစာတမ္းတြင္ ေဖာ္ျပထားသည္မွာ ပင္ကိုယ္စြမ္းရည္လမ္းေၾကာင္းပါရွိသူတိုင္းက လူတစ္ဦးတစ္္ေယာက္ (သို႔) ေလာကျဖစ္ပ်က္ေနမည့္ အေၾကာင္းကို ႀကိဳတင္ေဟာေျပာႏိုင္သည္မဟုတ္ေပ။ ထိုလမ္းေၾကာင္းပါတိုင္း အၾကားအျမင္ဆရာ မျဖစ္ဟုဆိုသည္။ ထိုလမ္းေၾကာင္းသည္ မိမိ၏ ပင္ကိုယ္စြမ္းရည္ကို ေဖာ္ျပေသာလမ္းေၾကာင္းျဖစ္ၿပီး၊ လူတစ္ေယာက္၏ ပင္ကိုယ္စိတ္စြမ္းအား၊ကိုယ္ကာယစြမ္းအားႏွင့္ စူးစိုက္ႏိုင္မႈ႕၊ ပညာဗဟုသုတႂကြယ္ဝျခင္း တို႔ကို ေဖာ္ျပသျဖင့္ အျခားေသာ ပင္ကိုယ္ ကိုယ္ရည္ကိုယ္ေသြး ကိစၥမ်ားႏွင့္အထူးသက္ဆိုင္လွ်က္ရွိေၾကာင္းေဖာ္ျပေလသည္။

ေလာကရွိလူတိုင္း လူတိုင္းတြင္ သူမတူေသာ အလွတစ္ခုႏွင့္ စြမ္းရည္တစ္ခုကို ပိုင္ဆိုင္ၾကသည္ပင္ျဖစ္သည္။ မိမိပိုင္ ေမြးရာပါ စြမ္းရည္ႏွင့္အလွအပတစ္ခုကို အေကာင္းဆုံးအသုံးခ်ႏိုင္ပါက ေလာကမွာ ထင္ရွားေက်ာ္ၾကား သူျဖစ္မည္ပင္ျဖစ္သည္။ မိမိ၏ ေမြးရာပါ ပင္ကိုယ္စြမ္းရည္ကို အသုံးခ်ႏိုင္ျခင္း ရွိမရွိကို လကၡဏာေပၚက ယခုေဖာ္ျပေနေသာ ပင္ကိုယ္စြမ္းရည္လမ္းေၾကာင္းကို ၾကည့္ရေပလိမ့္မည္။ ပင္ကိုယ္စြမ္းရည္လမ္းေၾကာင္းသည္ တနလၤာၿဂိဳဟ္ခုံမွ ဗုဒၶဟူးၿဂိဳဟ္ခုံသို႔ တက္ေရာက္ေသာလမ္းေၾကာင္းျဖစ္သည္။ ေလးကိုင္းသဖြယ္ ေကြးတက္ေနတတ္သည့္ လမ္းေၾကာင္းလည္းျဖစ္သည္။ထိုလမ္းေၾကာင္းကို ေတြ႕ရခဲေသာ္လည္း လကၡဏာတြင္ ပါရွိတတ္ၾကေပသည္။ ပါရွိေသာ ပုံမတူညီၾကသည့္အတိုင္း သူတို႔၏ ကိုယ္အား၊စိတ္စြမ္းအားတို႔လည္း မတူညီသလို အက်ိဳးေပးလည္း မတူညီၾကျခင္းျဖစ္သည္။

ေလးကိုင္းသဖြယ္ေကြးေနေသာ အဖ်က္မွတ္မရွိေသာ လမ္းေၾကာင္းပါရွိသူသည္ ပင္ကိုယ္စြမ္းရည္ျမင္မားၿပီး ဗဟုသုတႀကီးမာလွ်က္ အက်င့္ထူးကို က်င့္ႏိုင္သူျဖစ္ၿပီး ေမွာ္ဆန္ေသာ ပညာရပ္တို႔တြင္ လွ်ိဳ႕ဝွက္စြာ ထြန္းေပါက္တတ္သည္။ ထိုသူသည္ အနာဂါတ္ကို ႀကိဳတင္ခန႔္မွန္ေျပာဆိုရာတြင္ မွန္ကန္သည့္ စိတ္စြမ္းအားပင္ ရရွိႏိုင္သူျဖစ္ေၾကာင္းေဖာ္ျပသည္။ ထိုလမ္းေၾကာင္းကိုအဂၤါၿဂိဳဟ္ခုံမွ ထြက္ေပၚလာေသာ ဥပါဒ္လမ္းတိုေလးက ျဖတ္ထားခဲ့ပါက ထင္သေလာက္မျဖစ္ေတာ့ဘဲ အတိုက္အခံမ်ားသည့္အေျခအေနျဖင့္ ေအာင္ျမင္ျခင္းကို ေဖာ္ျပေနတတ္သည္။ ဥပါဒ္လမ္းႏွစ္ေၾကာင္းျဖတ္လိုက္ျခင္းႏွင့္ ပင္မလမ္းေၾကာင္းသည္ ေလးကိုင္းပုံမျဖစ္ဘဲ ေဖ်ာင့္ေနပါက အေမွာင္ေလာကရဲ႕ ေမွာ္ဆန္ေသာ လမ္းေၾကာင္းသို႔ လိုက္ပါသြားတတ္ေၾကာင္းသတိျပဳရန္လိုအပ္လွေပသည္။

တနလၤာၿဂိဳဟ္ခုံမွစတင္ၿပီး ဗုဒၶဟူးၿဂိဳဟ္ခုံအထိ မေရာက္ဘဲ အဂၤါၿဂိဳဟ္ခုံေလာက္အထိသာေရာက္ရွိေသာ လမ္းေၾကာင္းပိုင္ရွင္မ်ားသည္ တီထြင္ႏိုင္စြမ္းရွိသူမ်ားျဖစ္ၾကၿပီး သူတပါးအကူအညီမ်ားစြာမယူဘဲ မိမိ၏ပင္ကိုယ္စြမ္းရည္သတၱိျဖင့္ပင္ လိုရာကို တည္ေဆာက္ျခင္း၊ စိတ္ကူးညဏ္ျဖင့္ တီထြင္ႏိုင္ျခင္းတို႔ ရွိၾကသည္။ အဖ်က္မွတ္ပါလာပါက အနည္းငယ္ ပင္ကိုယ္စြမ္းရည္ က်ဆင္းတတ္ေပသည္။ အခ်ိဳ႕ေသာ လကၡဏာမ်ားတြင္ ထိုကဲ့သို႔ ပင္ကိုယ္စြမ္းရည္လမ္းေၾကာင္း မပါရွိေသာ္လည္း စြမ္းရည္ရွိေနသူမ်ားရွိၾကၿပီး ထိုစြမ္းရည္လမ္းေၾကာင္းပါရွိၿပီး စြမ္းရည္မျပႏိုင္သူမ်ားလည္း ရွိၾကေပသည္။ ထိုသို႔ျဖစ္ရျခင္းမွာ ကြၽန္း၊အဖ်က္မွတ္၊စသည့္ မေကာင္းေသာ အမွတ္အသားတို႔က ထိုလမ္းေၾကာင္းကို ဖ်က္ဆီးလိုက္သည့္အခါ လမ္းေၾကာင္းမပါသူထက္ပင္ ပင္ကိုယ္စြမ္းရည္မ်ား က်ဆင္းသြားတတ္ျခင္းပင္ျဖစ္သည္။ ထို႔ေၾကာင့္ လမ္းေၾကာင္းပါရွိေသာ္လည္း အဖ်က္မွတ္မ်ားကင္းစင္ဖို႔ အဓိကလိုအပ္လွ်က္ရွိေပသည္။

မည္သို႔ပင္ဆိုေစကာမူ ထိုလမ္းေၾကာင္းပါရွိသူသည္ ပင္ကိုယ္စြမ္းရည္ရွိသူ၊ စိတ္စြမ္းအားႀကီးသူျဖစ္ၿပီး ထိုစြမ္းရည္ကို အသုံးခ်ျခင္းျဖင့္ ဘဝ၏ ထိပ္ဆုံးကို တက္လွမ္းႏိုင္မည္သာျဖစ္သည္။ ထို႔အၾကားအျမင္လမ္းေၾကာင္းႏွင့္ပါတ္သက္ၿပီး က်မ္းမ်ားတြင္ မတူကြဲျပားေသာ ဖြင့္ဆိုခ်က္မ်ားစြာကို ေတြရႏိုင္သည္။ သို႔ေသာ္လည္း ထိုလမ္းေၾကာင္းသည္ လကၡဏာရွင္အတြက္ မူလေမြးရာပါ ပင္ကိုယ္စြမ္းရည္ကို ေဖာ္ျပေသာ အၾကားအျမင္ဗဟုသုတႏွင့္ဆိုင္ေသာ လမ္းေၾကာင္းတစ္ခုျဖစ္သည္ ဆိုသည့္အခ်က္ကိုမူ အားလုံးတစ္ညီတၫြတ္တည္း သေဘာတူ လက္ခံထားၾကသည္။ သုေတသနရလဒ္မ်ားကလည္း သက္ေသခံလွ်က္ရွိေပသည္။ ထို႔ေၾကာင့္ မိမိဘဝအတြက္ ရည္မွန္ခ်က္ႀကီးမားသူ၊ ပင္ကိုယ္စြမ္းရည္ ျမင့္မားသူတို႔တြင္ ထိုလမ္းေၾကာင္းကို ပုံစံအမ်ိဳးမ်ိဳးျဖင့္ ေတြ႕ျမင္ရပါေၾကာင္းႏွင့္ လက္ပုံစံႏွင့္ လမ္းေၾကာင္းပုံစံတို႔အေပၚမူတည္ၿပီး ျဖစ္ေပၚလာမည့္အခ်က္အလက္မ်ားလည္း ေျပာင္းႏိုင္ပါေၾကာင္း တင္ျပရပါတယ္။
ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box