Facebook Comments Box
ကြိုက်တဲ့ပုံရွေး သင့်မှာ ဘယ်လိုအရည်အချင်းကောင်း ပိုင်ဆိုင်ထားလဲဆိုတာ ဖော်ထုတ်ပေးမယ်

ကြိုက်တဲ့ပုံရွေး သင့်မှာ ဘယ်လိုအရည်အချင်းကောင်း ပိုင်ဆိုင်ထားလဲဆိုတာ ဖော်ထုတ်ပေးမယ်

နံပါတ် ၁
သင်က အတော်ဆုံး အကောင်းဆုံး ထိပ်ဆုံးနေရာကို လိုချင်တဲ့လူတစ်ယောက်ပါ။ သင်ကအမြဲတမ်း ကိုယ်လိုချင်တဲ့အရာတစ်ခုကို အစွမ်းကုန် ကြိုးစားတိုက်ယူပြီးမှ ရရှိတတ်ပါတယ်။ ဒါ့အပြင် လိမ္မာပါးနပ်စွာ ပြောဆိုဆက်ဆံတတ်တဲ့အတွက် လူတွေရဲ့ လေးစားအတုယူမှုကို အပြည့်အဝရရှိတတ်ပါတယ်။ မိတ်ဆွေ၊ သူငယ်ချင်းတွေအပေါ် သည်းခံပြီးချစ်ခင်ပေးတတ်ပေမယ့် သင့်ကို လှည့်စားပြီး အသုံးချတဲ့လူတွေကိုတော့ ဘယ်တော့မှ ခွင့်မလွတ်ပါဘူး။ သင့်ရဲ့အကောင်းဆုံးအရည်အချင်းကို ပြောရမယ်ဆိုရင် သင်က ဘယ်တော့မှ လက်လျှော့အရှုံးမပေးတတ်ပါဘူး။ ကိုယ့်ကိုယ်ကို အမြဲယုံကြည်ပြီး ဘယ်တော့မှ မျှော်လင့်ချက်တွေကို မစွန့်လွှတ်ပါဘူး။ စီးပွားရေး၊ လူမှုရေး နဲ့ အချစ်ရေ အစရှိတဲ့နယ်ပယ်တွေမှာ စစ်မှန်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပေါ့။.

နံပါတ် ၂
သင်က အထီးကျန်တဲ့ဒုက္ခကို မခံစားနိုင်ပါဘူး။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ ဆွေးနွေးရတာမျိုးကို နှစ်သက်သဘောကျပါတယ်။ ဒါပေမယ့် သင်က မိသားစုအရေးကို အရမ်းအလေးပေးတတ်ပြီး သင့်မိသားစုကသာလျှင် သင့်အတွက် အရေးပါဆုံးအရာတစ်ခုလို့ သတ်မှတ်ထားပါတယ်။ မိသားစုကို အမြဲစိတ်ချမ်းသာပြီး သက်တောင့်သက်သာ နေနိုင်အောင် တတ်နိုင်သလောက် ကြိုးစားဖန်တီးနေသူ တစ်ဦးဆိုလည်း မမှားပါဘူး။ သင့်ရဲ့အကောင်းဆုံး အရည်အချင်းကို ပြောရမယ်ဆိုရင် သင်က ယုံကြည်အားထားရတဲံ လူတစ်ယောက်ပါ။ ဆိုလိုတာက သင်က လိမ်ညာပြောဆိုရတာကို အရမ်းမုန်းပါတယ်။ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုနဲ့ တခြားလူတွေကို မလိမ်တတ်ပါဘူး။ အဖြူရောင်မုသားကို ပြောရမယ်ဆိုရင်တောင် သင့်ဘက်က တွန့်ဆုတ်နေမိပါတယ်။..

နံပါတ် ၃
နံပါတ် ၃ အိတ်လေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်က “၃” ဂဏန်းကို သဘောကျတဲ့လူတစ်ယောက်လို့ ခန့်မှန်းမိပါတယ်။ “၃” ဂဏန်းက တမူထူးခြားတဲ့ ဂဏန်းတစ်ခုဖြစ်ပြီး ပစ္စုပ္ပန်၊ လက်ရှိ၊ အတိတ် စတဲ့အချိန်ကာလတွေကို ရည်ညွှန်းပါတယ်။ သင်က စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်လို့ အများရဲ့ မှတ်ချက်ပေးခြင်းကို ခံရတတ်ပါတယ်။ သင့်ရဲ့အကောင်းဆုံး အရည်အချင်းကို ပြောရမယ်ဆိုရင် သင်က တဖက်သားကို ဘယ်လိုချစ်ပြရမလဲဆိုတာ ကောင်းစွာသဘောပေါက် နားလည်ပါတယ်။ ဒါ့အပြင် သင်က စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်တဲ့လူတစ်ယောက်ပါ။

နံပါတ် ၄
သင်က အကောင်းဆုံးတွေကိုလည်းမလိုချင်သလို အဆိုးဆုံးတွေကိုလည်း မလိုချင်တဲ့ သာမန်နေထိုင်မှုပုံစံနဲ့ နေရတာမျိုးကို နှစ်သက်သူတစ်ယောက်ပါ။ ကိုယ်လက်ရှိပိုင်ဆိုင်ထားတဲ့ အရာတွေကို ကျေနပ်ရောင့်ရဲပြီး နောက်ထပ် အများကြီး တောင်းဆိုမှုတွေ မရှိဘူးပေါ့။ သင်ဟာ ဉာဏ်ပညာကို အသုံးချပြီး စဉ်းစားဆုံးဖြတ်တတ်သူတစ်ယောက်ပေါ့။ သင့်ရဲ့အကောင်းဆုံး အရည်အချင်းတွေကို ပြောရမယ်ဆိုရင် သင့်အသံဟာ သြဇာညောင်းပြီး သာယာချိုမြိန်ပါတယ်။ စကားပြောရင် အမြဲရှင်းလင်းပြတ်သားစွာ ပြောဆိုတတ်ပြီး စကားလုံးတွေကို အခြေအနေပေါ်မူတည်ပြီး ရွေးချယ်ပြောဆိုတတ်ပါတယ်။

နံပါတ် ၅
သင်က အမိန့်ပေးရတာကို အလွန်သဘောကျသူတစ်ယောက်ပေါ့။ စီးပွားရေး၊ လူမှုရေး၊ အချစ်ရေး စတဲ့နယ်ပယ်တွေမှာ သင်က စနစ်တကျ စဉ်းစားဆုံးဖြတ်တတ်ပါတယ်။ ဒါ့အပြင် ကျိုးကြောင်းသင့်တော်တဲ့ စည်းမျဉ်းတွေကို ချမှတ်ပြီး ဘဝကို အစီအစဉ်တကျ ဖြတ်သန်းတတ်ပါတယ်။ သင့်ရဲ့အကောင်းဆုံး အရည်အချင်းတွေကို ပြောရမယ်ဆိုရင် သင်က လူတွေရဲ့ဆန္ဒတွေကို ထိုးဖောက်မြင်နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် သင်ဟာ လူတွေပြောသမျှကို အသေးစိတ်ကအစ ခေါင်းထဲမှာ မှတ်သားထားတတ်ပါတယ်။ သင့်ရဲ့ ထိုးဖောက်သိမြင်နိုင်စွမ်းကို လူတိုင်းက အံ့သြမင်သက်လောက်တဲ့အထိ ဖြစ်သွားကြပါတယ်။

lotaya quiz


နံပါတ် ၁

နံပါတ် ၂

နံပါတ် ၃

နံပါတ် ၎

နံပါတ် ၅

lotaya quiz

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box