အိမ်မြှောက် စုတ်ထိုးနိမိတ်
အိမ်မြှောင်ဆိုတာ ကတော့ နေ့တိုင်းလိုလို စုတ်ထိုးခြင်လည်း ထိုးမယ် တခါတလေမှ ထိုးခြင်မှလည်းထိုးမယ်အဓိက က အိမ်မြှောင်စုတ်ထိုးသံကို ကြားရသူ အတွက်နိမိတ်စကားလေးတွေကို ရှေးဆရာကြီး များက ဒီလိုအဟောလေးတွေ ထုတ်ထား ခဲ့ပါတယ်
(၁) အရှေ့က စုတ်ထိုးသံကြားရင် သူတစ်ပါးရဲ့ အပူဇော်ကို ခံရတတ်ပါတယ်
(၂) အရှေ့တောင်အရပ်က စုတ်ထိုးသံကြားရင်မီးလောင်တတ်တယ် ၊ ခန္ဓာကိုအပူလောင် တတ်တယ် ရန်ပေါ် ရတတ်တယ်
(၃) တောင်အရပ်က စုတ်ထိုးသံကြားရင် အစားအသောက်ကောင်းများ စားရတတ်တယ်
(၄) အနောက်တောင်အရပ်က စုတ်ထိုးသံကြားရင်အချုပ်အနှောင်ခံ ရတတ်တယ် ၊
(၅)အနောက်အရပ်က စုတ်ထိုးသံကြားရင်ချစ်သူရတက်တယ်၊ အိမ်ထောင်ကျ တတ်တယ်
(၆) အနောက်မြောက်အရပ်က စုတ်ထိုးသံကြားရင်လာဘ်လာဘဝင် တတ်တယ် ၊ ငွေရွှင် တတ်တယ်
(၇) မြောက်အရပ်က စုတ်ထိုးသံကြားရင်ကျန်းမာရေးညံ့တတ်တယ်
(၈) အရှေ့မြောက်အရပ်က စုတ်ထိုးသံကြားရင်လာဘ်လာဘကြီး ဝင်တတ်တယ်
(၉) အိပ်ယာအောက်က စုတ်ထိုးသံကြားရင်အိမ်တွင်နာရေးပေါ် တတ်တယ်
(၁၀) ဦးခေါင်းပေါ်က စုတ်ထိုးသံကြားရင်လာဘ်လာဘရမယ် ၊အကြံအစည်တွေ အောင်မြင် ရတတ် ပါတယ်
(၁၁) အိမ်ရှေ့ခန်းက စုတ်ထိုးသံကြားရင်မင်းမှုစိုးများနဲ့ စကားများ ရတက်တယ်
(၁၂) အိမ်အလယ်ခန်းက စုတ်ထိုးသံကြားလျှင်သားကိစ္စ သမီးကိစ္စ စကားပြောရ တက်ပါတယ်
(၁၃)အိမ်ခန်းထဲက စုတ်ထိုးသံကြားလျှင်လင်မယားချင်း စကားများ ရန်ဖြစ်တက် ကြပါတယ်
(၁၄) ဘုရားရှိခိုး ၊ တရားထိုင် ၊ အမျှဝေ တဲ့ အချိန် စုတ်ထိုးသံကြားရင် နတ်များလာရောက်တာဖြစ်တယ်
အိမ်မြှောင် စုတ်ထိုးသံ ဆိုတာ လူ နှင့် နတ် တို့ရဲ့ ဆက်သွယ်ရေး အချက်ပြသင်္ကေတလည်း ဖြစ်ပါတယ် တဲ့ ဗျာ၊
သျင်မင်းရိုသေ
သျင်မင်းရိုသေ
Be the first to comment