ဘဏ်တွေ ဘယ်အချိန်ပြိုလဲမလဲ၊ ဘယ်လိုတိုင်းတာမလဲ…မျိုးညွန့်(မာခရိုစီးပွားရေးပါရဂူ) မှ သုံးသပ်ချက်.
မိမိသည် မာခရိုစီးပွါးရေးပညာရှင်သာဖြစ်၍ မိမိ၏တာဝန်မှာ ငွေကြေးပေါ်လစီ (Fiscal Policy) နှင့် ဘဏ္ဍာရေး(Monetary Policy) ပူးတွဲဆက်နွှယ်ပြီး နိုင်ငံ့စီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်ရခြင်းသာဖြစ်သည်။ ၁၉၆၈ မှ ၁၉၈၅ အထိ မြန်မာနိုင်ငံတွင်ရှိစဉ် စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာနအောက်တွင် ပရောဂျက်များအတွက် လိုအပ်သော ငွေလုံးငွေရင်းကိစ္စကို ဘတ်ဂျက်ဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရသည်။
မိမိသည် ဘဏ်ပညာရှင် (Banking Specialist) မဟုတ်၊ ငွေကြေးပညာရှင် (Monetary Economist) လည်းမဟုတ်။ ဆရာဝန်လောကအရပြောလျှင် ဂျီပီ (General Practitioner)၊ အထူးကု (Consultant) (Oncologist) O/G ရှိသလို၊ စီးပွားရေးပညာတွင် သာမန်စီးပွားရေးပညာရှင်နှင့် ကျွမ်းကျင်အထူးပြု လယ်ယာစီးပွားရေး (Agro-economist)၊ မာခရိုစီးပွားရေးပညာရှင် (Macroeconomist)၊ ငွေကြေးပညာရှင် (Monetary Economist)၊ ဘဏ်ပညာရှင် (Banking Specialist) ဟူ၍ ရှိပါသည်။
၁၉၈၅-၁၉၉၂ အထိ ယူဂန္ဒာနိုင်ငံတွင် UNDP/IBRD နှင့် GTZ မှ ကျခံကူညီသော ပရောဂျက်၌ Aid Coordination and Management တာဝန်ဖြင့် ထမ်းဆောင်စဉ်က ချေးငွေကိစ္စနှင့်ပတ်သက်၍ ဗဟိုဘဏ်နှင့် ပူးပေါင်းလုပ်ဆောင်ဖူးသည်။ ၁၉၉၄-၂၀၁၆ ၌ အလယ်အာရှနိုင်ငံများဖြစ်သော ကာဇတ်စတန်၊ ကီရဂစ္စတန်၊ တာဂျစ်ကစ္စတန်တို့တွင်လည်း ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် တာဝန်ဖြင့်လည်းကောင်း ဗဟိုဘဏ်နှင့် လက်တွဲလုပ်ဆောင်ရသည်။ အမေရိကန်အကူအညီအရ တာဂျစ်ကစ္စတန်တွင်သာ ဗဟိုဘဏ်၏ဌာနခွဲ Open Market Operation နှင့် တိုက်ရိုက်တာဝန်ခံ လုပ်ကိုင်ရပါသည်။
ယခု မြန်မာနိုင်ငံဘဏ်ကိစ္စတွင် မိမိအနေဖြင့် မာခရိုစီးပွားရေးပညာရပ်ရှုဒေါင့်မှသာ တင်ပြနိုင်ခွင့် (Authoritative) ရှိပါသည်။ အများနားလည်အောင် တင်ပြရမည်ဆိုလျှင် တိုင်းပြည်အတွင်း ထုတ်လုပ်လိုက်သောပစ္စည်းများ၊ ဆောင်ရွက်ပေးလိုက်သော ဝန်ဆောင်မှုများကို ကာလတန်ဖိုးသင့်၍ဖလှယ်တန်ဖိုးအရ ဗဟိုဘဏ်မှ ငွေကြေးရိုက်ထုတ်ပေးရသည်။ အခြေခံအားဖြင့် အလွယ်ပြောရလျှင် ထုတ်လုပ်ဝန်ဆောင်မှုတန်ဖိုး စုစုပေါင်း ကျပ်ဘီလီယံ ၁၀၀ ဆိုလျှင် ငွေကြေး ကျပ်ဘီလီယံ ၁၀၀ ရှိနေရပေမည်။ ယင်းကို Money Supply ဟု ခေါ်ကြပါစို့။ ဖေါ်မြူလာဖြင့် အကြမ်း M2 ဟုသတ်မှတ်ပါမည်။
ဤသည်မှာ အတိုကောက်အားဖြင့် GDP နှင့် Money Supply ဟု ဆိုလျှင်မိမိအလုပ်မှာ ယင်းနှစ်ခု၏ ဆက်နွှယ်မှုကို စိစစ် ထိန်းကျောင်းပေးပြီး အလုပ်လက်မဲ့လျော့ကျရေး၊ ငွေကြေးမဖေါင်းပွရေး၊ တိုင်းပြည်စီးပွါးရေး တိုးတက်ပြီး လူတဦးအလိုက် ပိုမိုချမ်းသာလာရေးကို ရှေးရှုရပါသည်။ ယေဘုယျအားဖြင့် ပြည်တွင်းထုတ်လုပ်ဝန်ဆောင်မှု (GDP growth rate) တိုးလာသည်နှင့်အမျှ ချိန်ခွင်ညှာညီ ငွေကြေးလည်ပတ်မှု (the value of money in circulation ) တိုးလာပါမည်။
တာဂျစ်ကစ္စတန်တွင် USAID ပရောဂျက် တာဝန်ကျစဉ်က တကမ္ဘာလုံးစာရင်းအင်းအရ ၎င်းနိုင်ငံ၏ ငွေကြေးလည်ပတ်မှုအချိုးအစား (M2/GDP)ကို စီးပွားရေးအတိုင်းအတာပညာဖြင့် စိစစ်ကြည့်ရာ လူတဦးပျမ်းမျှဝင်ငွေ ၁၀၀ တိုးတိုင်း ၅ ရာခိုင်နှုန်းတိုးသည်ကိုတွေ့ရှိရပါသည်။ စက်ရုံအလုပ်ရုံ၊ ရုံးဝန်ထမ်း၊ ကုန်သွယ်လည်ပတ်မှုများ ချောမောစေရန် ငွေကြေးလည်ပတ်မှုက အထောက်အကူပြုပေးရပါသည်။ ငွေကြေးစီးဆင်းမှုကို ဗဟိုဘဏ်မှ ထိန်းကျောင်းပြီး၊ ကုန်သွယ်စီးပွားရေးဘဏ်များမှ လည်ပတ်ပေးရပါသည်။
အထက်မှာတင်ပြသလို ထုတ်လုပ်ဝန်ဆောင်မှုနှင့် ငွေကြးလည်ပတ်မှုသည် ချိန်ခွင်လျှာညီဖို့ အရေးကြီးသည်ကို တွေ့ရှိရပါသည်။ ငွေကြေးပေါ်လစီတာဝန်ခံ (Fiscal Authority) စီမံ/ဘဏ္ဏာ ဝန်ကြီးဌာနနှင့် ဘဏ္ဏာရေးပေါ်လစီတာဝန်ခံ (Monetary Authority) ဗဟိုဘဏ်တို့၏တာဝန်မှာ အလွန်အရေးကြီးသည်ကို တွေ့ရှိရပေမည်။ ဘဏ်ဘက်ကလည်း ပေးရန်အကြွေး (current liabilities) နှင့် ငွေဖြစ်လွယ်ပစ္စည်း (liquid assets) ကို ချိန်ဆသော ငွေသားအချိုး(liquidity ratio) ကို ထိန်းကျောင်းရပါသည်။ ဗဟိုဘဏ်၏ဦးတည်ချက်မှာ အကြွေးစနစ်ထိန်းသိမ်းခြင်း(Controlling credit system)၊ ကုန်သွယ်စီးပွားရေးဘဏ်များ၏ရည်ရွယ်ချက်မှာ အမြတ်ကျန်ရေး ( Profit earning) ဖြစ်သည်။
အဓိက တာဂျစ်ကစ္စတန်ဗဟိုဘဏ်တွင် တာဝန်ကျခဲ့သော မိမိအတွေ့ကြုံအရ ဘဏ်များ ဘယ်လိုအခြေအနေမျိုးတွင် ပြိုလဲမည်ကို တိုင်းတာရသည့် ညွှန်းကိန်းများကို ပြောလိုပါသည်။ ၂၀၂၀ နှစ်ဦးအစမှ ကိုဗစ်ရောဂါကပ်ဘေးကြောင့် မြန်မာနိုင်ငံတွင် ကုန်ထုတ်စီးပွားရေး ရပ်ဆိုင်းသွားခဲ့ရသည်ကို အများအသိပင်။ စီးပွားရေးရပ်ဆိုင်းသွားလို့ အလုပ်လက်မဲ့ ကြီးထွားသွားသည်။ ထို့ကြောင့် ဘဏ်တွေလည်း ထိခိုက်သွားရသည်။ စီးပွားရေး ရပ်ဆိုင်းသွားသောကြောင့် ချေးငွေများ ဘဏ်ထဲသို့ပြန်ဝင်မလာတော့။ ဘဏ်များ စပြီး ဒုက္ခရောက်ချေပြီ။
အခုတခါ မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစ၍ စစ်တပ်က လက်နက်အားကိုးပြီး အရွေးချယ်ခံတရားဝင်အစိုးရလက်မှ အာဏာသိမ်းယူပြီးနောက် လူထုတရပ်လုံး၏ အာဏာဖီဆန်ရေး၊ ဆန့်ကျင်တော်လှန်ရေးတို့ကြောင့်လည်းကောင်း၊ စစ်အာဏာရှင်တို့၏ ဝင်ငွေရလမ်းမှန်သမျှ ပိတ်ဆို့ထားမှုကြောင့်လည်းကောင်း ငွေကြေးလည်ပတ်မှုထစ်ငေါ့ကုန်သည်။ လူထုတရပ်လုံးက အစိုးရကိုရော အစိုးရယန္တရားလည်ပတ်မှုနှင့် မြန်မာကျပ်ငွေကိုပါ အယုံအကြည်မရှိတော့ပါ။ ဘဏ်အပ်ငွေတွေ ပြုံထုတ်လာကြသည်။
ဤဒဏ်ကို ဘဏ်များ မည်မျှကြာကြာ တောင့်ခံနိုင်မည်နည်း။ တိုင်းပြည်တပြည်တွင် ဘဏ်များ ကျန်းမာစွာလည်ပတ်နိုင်ရန် ဗဟိုဘဏ်က ၎င်းတို့၏ ငွေသားအရန်အချိုး (Reserve Requirement) နှင့် ငွေလုံးငွေရင်း အနည်းဆုံး လိုအပ်ချက်အချိုး (capital adequacy ratio) ကို သတ်မှတ်ပေးရပါသည်။ ဥပမာ ငွေသားအရန်အချိုးသည် အပ်ငွေ၏ ၁၀ ရာခိုင်နှုန်းသာရှိ၍ ဘဏ်ငွေအပ်သူများက ၎င်းတို့အပ်ငွေ၏ ၂၀ ရာခိုင်နှုန်းကို ဝိုင်းအုံအဆက်မပြတ်ထုတ်ယူကြလျှင် ဘဏ်တွင် ထုတ်ပေးစရာငွေသား အချိန်မီပြန်မဝင်လာလျှင် ဘဏ်ယိုင်ခါသွားပြီး တထိန့်တလန့် ဖြစ်ကုန်တော့သည် (Bank run)။
၎င်းမှတဆင့် ဘဏ်မပြိုလဲအောင် ငွေလုံးငွေရင်းဖြင့် ကျားကန်ပေးရသည်။ ဤငွေရင်းအချိုးကို Basel III က သတ်မှတ်ပေးထားသည်။ လက်ဝယ်ရှိငွေရင်းအချိုး (Tier 1 capital) သည် ၆ ရာခိုင်နှုန်းဖြစ်စေ၊ အကြွေးရရန်ငွေရင်း(Tier2 capital) အချိုးပါ ပေါင်းပြီး အနည်းဆုံး ၈ ရာခိုင်နှုန်းဖြစ်စေ၊ ရှယ်ယာအချိုး (Common Equity Tier1-CET1) ၄ ဒသမ ၅ ရာခိုင်နှုန်း ရှိနေလျှင် ဘဏ်မပြိုလဲသေးပါ။ အနောက်နိုင်ငံများတွင် ကိုဗစ်ကြောင့် ဘဏ်များအခြေအနေမှာ ဥရောပတွင် ၁၃ ရာခိုင်နှုန်း၊ ဗြိတိန်တွင် ၁၄ ရာခိုင်နှုန်းနှင့် အမေရိကန်တွင် ၁၂ ရာခိုင်နှုန်း ရှိနေ၍၊ အနည်းဆုံး သတ်မှတ်အချိုးအထိ မကျဆင်းသေး၍ တောင့်ခံနိုင်သေးသည်ကို တွေ့ရပေမည်။
မြန်မာနိုင်ငံဘဏ်များ၏ အရင်းအချိုး (သို့) ရှယ်ယာအချိုး မည်မျှအဆင့်အထိ ကျဆင်းနေပြီလဲ။ အထက်မှာတင်ပြခဲ့သလို ငွေသားအရန်အချိုးကို ဗဟိုဘဏ်က တိုင်းပြည်စီးပွားရေးအခြေအနေပေါ် မူတည်သတ်မှတ်ပေးရာ စီပွားရေးကျလျှင် အချိုးလျှော့ချပြီး၊ ဘဏ်များက စီးပွားရေးသမားများကို အပ်ငွေမှ ပိုလျှံလျှံထုတ်ချေးနိုင်ပြီး လုပ်ငန်းများ တိုးချဲ့နိုင်ပါမည်။ သို့သော် ကိုဗစ်ကပ်ကာလ ယခင်လုပ်ငန်းရှင်များကို ချေးထားငွေကလည်း ပြန်ဝင်မလာနိုင်၊ လူထုကလည်း အထိတ်တလန့် ငွေသားများ ထုတ်လာလျှင်တော့၊ ဘဏ်များ ငွေသားမပြတ်အောင် အချိန်ဆွဲပြီး၊ နည်းနည်းချင်း အကန့်အသတ်ဖြင့် ငွေထုတ်ခွင့်ပြုခြင်း၊ ဘဏ်အချင်းချင်းက ချေးလျှင်ချေး၊ ဒါမှမဟုတ် နောက်ဆုံးကြံရာမရ (The Last Resort) ဗဟိုဘဏ်မှ ထုတ်ချေးရပါမည်။
ဘဏ်တွေကို အယုံအကြည်မမဲ့အောင် ဗဟိုဘဏ်မှ အာမခံထားပေးထားရပါသည်၊ အာမခံထားသော အမေရိကန်ရှိဘဏ်များတွင် (Federal Deposit Insured Corporation- FDIC insured banks will cover $250,000 in deposits per account owner) ဘဏ်ဒေဝါလီခံသွားလျှင် အကောင့်ပိုင်ရှင်တဦးစီကို ဒေါ်လာနှစ်သိန်းခွဲ လျော်ကြေးပေးပါသည်။ ငွေသားများ စီးဆင်းလည်ပတ်မှု ရပ်မသွားရေးအတွက် အစိုးရက ဗဟိုဘဏ်မှတဆင့် ငွေအသစ်ရိုက်ထုတ်လျှင်ကား တဖက်တွင် ကုန်ထုတ်လုပ်မှု (GDP) က ကျဆင်းနေပြီး (Money Supply/M2) တိုးပွားနေလျှင်တော့ ငွေကြေးဖောင်းပွမှုကို တွန်းတင်လိုက်မည်မှာ မလွဲပါ၊ ငွေရင်းမလုံလောက်လျှင် တခါတရံ အစိုးရက ဘဏ်ကြီးများ မပြိုလဲရအောင် ရှယ်ယာစိုက်ထုတ် ပါဝင်ပေးတတ်ပါသည်။
ယခု မြန်မာတွင် စစ်အာဏာရှင်တို့ အာဏာသိမ်းလိုက်သော်လည်း အခွံချည်းသာရလိုက်ပြီး ဝင်ငွေရလမ်းကလည်း နိုင်ငံတကာပိတ်ဆို့မှုကြောင့် ဆုပ်လည်းစူးစားလည်းရူးမို့ အသက်ငင်နေပါပြီ။ CDM တွေသာ ဆက်ပြီးကြံ့ကြံ့ခံလိုက်လျှင် လူထုကြိုးပမ်းနေသည့် အရေးတော်ပုံအောင်မြင်ဖို့မှာ လက်တကမ်းသာကျန်တော့သည်။
မျိုးညွန့်(မာခရိုစီးပွားရေးပါရဂူ) မှ သုံးသပ်ချက်
DVB (ဆောင်းပါး)
ဘဏ္ေတြ ဘယ္အခ်ိန္ၿပိဳလဲမလဲ၊ ဘယ္လိုတိုင္းတာမလဲ…မ်ိဳးၫြန႔္(မာခ႐ိုစီးပြားေရးပါရဂူ) မွ သံုးသပ္ခ်က္
မိမိသည္ မာခ႐ိုစီးပြါးေရးပညာရွင္သာျဖစ္၍ မိမိ၏တာဝန္မွာ ေငြေၾကးေပၚလစီ (Fiscal Policy) ႏွင့္ ဘ႑ာေရး(Monetary Policy) ပူးတြဲဆက္ႏႊယ္ၿပီး ႏိုင္ငံ့စီးပြားေရး တည္ၿငိမ္ေအာင္ ေဆာင္႐ြက္ရျခင္းသာျဖစ္သည္။ ၁၉၆၈ မွ ၁၉၈၅ အထိ ျမန္မာႏိုင္ငံတြင္ရွိစဥ္ စီမံကိန္းႏွင့္ ဘဏၰာေရးဝန္ႀကီးဌာနေအာက္တြင္ ပေရာဂ်က္မ်ားအတြက္ လိုအပ္ေသာ ေငြလုံးေငြရင္းကိစၥကို ဘတ္ဂ်က္ဌာနႏွင့္ ပူးေပါင္းေဆာင္႐ြက္ခဲ့ရသည္။
မိမိသည္ ဘဏ္ပညာရွင္ (Banking Specialist) မဟုတ္၊ ေငြေၾကးပညာရွင္ (Monetary Economist) လည္းမဟုတ္။ ဆရာဝန္ေလာကအရေျပာလွ်င္ ဂ်ီပီ (General Practitioner)၊ အထူးကု (Consultant) (Oncologist) O/G ရွိသလို၊ စီးပြားေရးပညာတြင္ သာမန္စီးပြားေရးပညာရွင္ႏွင့္ ကြၽမ္းက်င္အထူးျပဳ လယ္ယာစီးပြားေရး (Agro-economist)၊ မာခ႐ိုစီးပြားေရးပညာရွင္ (Macroeconomist)၊ ေငြေၾကးပညာရွင္ (Monetary Economist)၊ ဘဏ္ပညာရွင္ (Banking Specialist) ဟူ၍ ရွိပါသည္။
၁၉၈၅-၁၉၉၂ အထိ ယူဂႏၵာႏိုင္ငံတြင္ UNDP/IBRD ႏွင့္ GTZ မွ က်ခံကူညီေသာ ပေရာဂ်က္၌ Aid Coordination and Management တာဝန္ျဖင့္ ထမ္းေဆာင္စဥ္က ေခ်းေငြကိစၥႏွင့္ပတ္သက္၍ ဗဟိုဘဏ္ႏွင့္ ပူးေပါင္းလုပ္ေဆာင္ဖူးသည္။ ၁၉၉၄-၂၀၁၆ ၌ အလယ္အာရွႏိုင္ငံမ်ားျဖစ္ေသာ ကာဇတ္စတန္၊ ကီရဂစၥတန္၊ တာဂ်စ္ကစၥတန္တို႔တြင္လည္း ကမာၻ႔ဘဏ္၊ အာရွဖြံ႕ၿဖိဳးေရးဘဏ္ တာဝန္ျဖင့္လည္းေကာင္း ဗဟိုဘဏ္ႏွင့္ လက္တြဲလုပ္ေဆာင္ရသည္။ အေမရိကန္အကူအညီအရ တာဂ်စ္ကစၥတန္တြင္သာ ဗဟိုဘဏ္၏ဌာနခြဲ Open Market Operation ႏွင့္ တိုက္႐ိုက္တာဝန္ခံ လုပ္ကိုင္ရပါသည္။
ယခု ျမန္မာႏိုင္ငံဘဏ္ကိစၥတြင္ မိမိအေနျဖင့္ မာခ႐ိုစီးပြားေရးပညာရပ္ရႈေဒါင့္မွသာ တင္ျပႏိုင္ခြင့္ (Authoritative) ရွိပါသည္။ အမ်ားနားလည္ေအာင္ တင္ျပရမည္ဆိုလွ်င္ တိုင္းျပည္အတြင္း ထုတ္လုပ္လိုက္ေသာပစၥည္းမ်ား၊ ေဆာင္႐ြက္ေပးလိုက္ေသာ ဝန္ေဆာင္မႈမ်ားကို ကာလတန္ဖိုးသင့္၍ဖလွယ္တန္ဖိုးအရ ဗဟိုဘဏ္မွ ေငြေၾကး႐ိုက္ထုတ္ေပးရသည္။ အေျခခံအားျဖင့္ အလြယ္ေျပာရလွ်င္ ထုတ္လုပ္ဝန္ေဆာင္မႈတန္ဖိုး စုစုေပါင္း က်ပ္ဘီလီယံ ၁၀၀ ဆိုလွ်င္ ေငြေၾကး က်ပ္ဘီလီယံ ၁၀၀ ရွိေနရေပမည္။ ယင္းကို Money Supply ဟု ေခၚၾကပါစို႔။ ေဖၚျမဴလာျဖင့္ အၾကမ္း M2 ဟုသတ္မွတ္ပါမည္။
ဤသည္မွာ အတိုေကာက္အားျဖင့္ GDP ႏွင့္ Money Supply ဟု ဆိုလွ်င္မိမိအလုပ္မွာ ယင္းႏွစ္ခု၏ ဆက္ႏႊယ္မႈကို စိစစ္ ထိန္းေက်ာင္းေပးၿပီး အလုပ္လက္မဲ့ေလ်ာ့က်ေရး၊ ေငြေၾကးမေဖါင္းပြေရး၊ တိုင္းျပည္စီးပြါးေရး တိုးတက္ၿပီး လူတဦးအလိုက္ ပိုမိုခ်မ္းသာလာေရးကို ေရွးရႈရပါသည္။ ေယဘုယ်အားျဖင့္ ျပည္တြင္းထုတ္လုပ္ဝန္ေဆာင္မႈ (GDP growth rate) တိုးလာသည္ႏွင့္အမွ် ခ်ိန္ခြင္ညႇာညီ ေငြေၾကးလည္ပတ္မႈ (the value of money in circulation ) တိုးလာပါမည္။
တာဂ်စ္ကစၥတန္တြင္ USAID ပေရာဂ်က္ တာဝန္က်စဥ္က တကမာၻလုံးစာရင္းအင္းအရ ၄င္းႏိုင္ငံ၏ ေငြေၾကးလည္ပတ္မႈအခ်ိဳးအစား (M2/GDP)ကို စီးပြားေရးအတိုင္းအတာပညာျဖင့္ စိစစ္ၾကည့္ရာ လူတဦးပ်မ္းမွ်ဝင္ေငြ ၁၀၀ တိုးတိုင္း ၅ ရာခိုင္ႏႈန္းတိုးသည္ကိုေတြ႕ရွိရပါသည္။ စက္႐ုံအလုပ္႐ုံ၊ ႐ုံးဝန္ထမ္း၊ ကုန္သြယ္လည္ပတ္မႈမ်ား ေခ်ာေမာေစရန္ ေငြေၾကးလည္ပတ္မႈက အေထာက္အကူျပဳေပးရပါသည္။ ေငြေၾကးစီးဆင္းမႈကို ဗဟိုဘဏ္မွ ထိန္းေက်ာင္းၿပီး၊ ကုန္သြယ္စီးပြားေရးဘဏ္မ်ားမွ လည္ပတ္ေပးရပါသည္။
အထက္မွာတင္ျပသလို ထုတ္လုပ္ဝန္ေဆာင္မႈႏွင့္ ေငြၾကးလည္ပတ္မႈသည္ ခ်ိန္ခြင္လွ်ာညီဖို႔ အေရးႀကီးသည္ကို ေတြ႕ရွိရပါသည္။ ေငြေၾကးေပၚလစီတာဝန္ခံ (Fiscal Authority) စီမံ/ဘဏၰာ ဝန္ႀကီးဌာနႏွင့္ ဘဏၰာေရးေပၚလစီတာဝန္ခံ (Monetary Authority) ဗဟိုဘဏ္တို႔၏တာဝန္မွာ အလြန္အေရးႀကီးသည္ကို ေတြ႕ရွိရေပမည္။ ဘဏ္ဘက္ကလည္း ေပးရန္အေႂကြး (current liabilities) ႏွင့္ ေငြျဖစ္လြယ္ပစၥည္း (liquid assets) ကို ခ်ိန္ဆေသာ ေငြသားအခ်ိဳး(liquidity ratio) ကို ထိန္းေက်ာင္းရပါသည္။ ဗဟိုဘဏ္၏ဦးတည္ခ်က္မွာ အေႂကြးစနစ္ထိန္းသိမ္းျခင္း(Controlling credit system)၊ ကုန္သြယ္စီးပြားေရးဘဏ္မ်ား၏ရည္႐ြယ္ခ်က္မွာ အျမတ္က်န္ေရး ( Profit earning) ျဖစ္သည္။
အဓိက တာဂ်စ္ကစၥတန္ဗဟိုဘဏ္တြင္ တာဝန္က်ခဲ့ေသာ မိမိအေတြ႕ႀကဳံအရ ဘဏ္မ်ား ဘယ္လိုအေျခအေနမ်ိဳးတြင္ ၿပိဳလဲမည္ကို တိုင္းတာရသည့္ ၫႊန္းကိန္းမ်ားကို ေျပာလိုပါသည္။ ၂၀၂၀ ႏွစ္ဦးအစမွ ကိုဗစ္ေရာဂါကပ္ေဘးေၾကာင့္ ျမန္မာႏိုင္ငံတြင္ ကုန္ထုတ္စီးပြားေရး ရပ္ဆိုင္းသြားခဲ့ရသည္ကို အမ်ားအသိပင္။ စီးပြားေရးရပ္ဆိုင္းသြားလို႔ အလုပ္လက္မဲ့ ႀကီးထြားသြားသည္။ ထို႔ေၾကာင့္ ဘဏ္ေတြလည္း ထိခိုက္သြားရသည္။ စီးပြားေရး ရပ္ဆိုင္းသြားေသာေၾကာင့္ ေခ်းေငြမ်ား ဘဏ္ထဲသို႔ျပန္ဝင္မလာေတာ့။ ဘဏ္မ်ား စၿပီး ဒုကၡေရာက္ေခ်ၿပီ။
အခုတခါ ျမန္မာႏိုင္ငံတြင္ ၂၀၂၁ ေဖေဖၚဝါရီ ၁ ရက္ေန႔မွစ၍ စစ္တပ္က လက္နက္အားကိုးၿပီး အေ႐ြးခ်ယ္ခံတရားဝင္အစိုးရလက္မွ အာဏာသိမ္းယူၿပီးေနာက္ လူထုတရပ္လုံး၏ အာဏာဖီဆန္ေရး၊ ဆန႔္က်င္ေတာ္လွန္ေရးတို႔ေၾကာင့္လည္းေကာင္း၊ စစ္အာဏာရွင္တို႔၏ ဝင္ေငြရလမ္းမွန္သမွ် ပိတ္ဆို႔ထားမႈေၾကာင့္လည္းေကာင္း ေငြေၾကးလည္ပတ္မႈထစ္ေငါ့ကုန္သည္။ လူထုတရပ္လုံးက အစိုးရကိုေရာ အစိုးရယႏၲရားလည္ပတ္မႈႏွင့္ ျမန္မာက်ပ္ေငြကိုပါ အယုံအၾကည္မရွိေတာ့ပါ။ ဘဏ္အပ္ေငြေတြ ၿပဳံထုတ္လာၾကသည္။
ဤဒဏ္ကို ဘဏ္မ်ား မည္မွ်ၾကာၾကာ ေတာင့္ခံႏိုင္မည္နည္း။ တိုင္းျပည္တျပည္တြင္ ဘဏ္မ်ား က်န္းမာစြာလည္ပတ္ႏိုင္ရန္ ဗဟိုဘဏ္က ၄င္းတို႔၏ ေငြသားအရန္အခ်ိဳး (Reserve Requirement) ႏွင့္ ေငြလုံးေငြရင္း အနည္းဆုံး လိုအပ္ခ်က္အခ်ိဳး (capital adequacy ratio) ကို သတ္မွတ္ေပးရပါသည္။ ဥပမာ ေငြသားအရန္အခ်ိဳးသည္ အပ္ေငြ၏ ၁၀ ရာခိုင္ႏႈန္းသာရွိ၍ ဘဏ္ေငြအပ္သူမ်ားက ၄င္းတို႔အပ္ေငြ၏ ၂၀ ရာခိုင္ႏႈန္းကို ဝိုင္းအုံအဆက္မျပတ္ထုတ္ယူၾကလွ်င္ ဘဏ္တြင္ ထုတ္ေပးစရာေငြသား အခ်ိန္မီျပန္မဝင္လာလွ်င္ ဘဏ္ယိုင္ခါသြားၿပီး တထိန႔္တလန႔္ ျဖစ္ကုန္ေတာ့သည္ (Bank run)။
၄င္းမွတဆင့္ ဘဏ္မၿပိဳလဲေအာင္ ေငြလုံးေငြရင္းျဖင့္ က်ားကန္ေပးရသည္။ ဤေငြရင္းအခ်ိဳးကို Basel III က သတ္မွတ္ေပးထားသည္။ လက္ဝယ္ရွိေငြရင္းအခ်ိဳး (Tier 1 capital) သည္ ၆ ရာခိုင္ႏႈန္းျဖစ္ေစ၊ အေႂကြးရရန္ေငြရင္း(Tier2 capital) အခ်ိဳးပါ ေပါင္းၿပီး အနည္းဆုံး ၈ ရာခိုင္ႏႈန္းျဖစ္ေစ၊ ရွယ္ယာအခ်ိဳး (Common Equity Tier1-CET1) ၄ ဒသမ ၅ ရာခိုင္ႏႈန္း ရွိေနလွ်င္ ဘဏ္မၿပိဳလဲေသးပါ။ အေနာက္ႏိုင္ငံမ်ားတြင္ ကိုဗစ္ေၾကာင့္ ဘဏ္မ်ားအေျခအေနမွာ ဥေရာပတြင္ ၁၃ ရာခိုင္ႏႈန္း၊ ၿဗိတိန္တြင္ ၁၄ ရာခိုင္ႏႈန္းႏွင့္ အေမရိကန္တြင္ ၁၂ ရာခိုင္ႏႈန္း ရွိေန၍၊ အနည္းဆုံး သတ္မွတ္အခ်ိဳးအထိ မက်ဆင္းေသး၍ ေတာင့္ခံႏိုင္ေသးသည္ကို ေတြ႕ရေပမည္။
ျမန္မာႏိုင္ငံဘဏ္မ်ား၏ အရင္းအခ်ိဳး (သို႔) ရွယ္ယာအခ်ိဳး မည္မွ်အဆင့္အထိ က်ဆင္းေနၿပီလဲ။ အထက္မွာတင္ျပခဲ့သလို ေငြသားအရန္အခ်ိဳးကို ဗဟိုဘဏ္က တိုင္းျပည္စီးပြားေရးအေျခအေနေပၚ မူတည္သတ္မွတ္ေပးရာ စီပြားေရးက်လွ်င္ အခ်ိဳးေလွ်ာ့ခ်ၿပီး၊ ဘဏ္မ်ားက စီးပြားေရးသမားမ်ားကို အပ္ေငြမွ ပိုလွ်ံလွ်ံထုတ္ေခ်းႏိုင္ၿပီး လုပ္ငန္းမ်ား တိုးခ်ဲ႕ႏိုင္ပါမည္။ သို႔ေသာ္ ကိုဗစ္ကပ္ကာလ ယခင္လုပ္ငန္းရွင္မ်ားကို ေခ်းထားေငြကလည္း ျပန္ဝင္မလာႏိုင္၊ လူထုကလည္း အထိတ္တလန႔္ ေငြသားမ်ား ထုတ္လာလွ်င္ေတာ့၊ ဘဏ္မ်ား ေငြသားမျပတ္ေအာင္ အခ်ိန္ဆြဲၿပီး၊ နည္းနည္းခ်င္း အကန႔္အသတ္ျဖင့္ ေငြထုတ္ခြင့္ျပဳျခင္း၊ ဘဏ္အခ်င္းခ်င္းက ေခ်းလွ်င္ေခ်း၊ ဒါမွမဟုတ္ ေနာက္ဆုံးႀကံရာမရ (The Last Resort) ဗဟိုဘဏ္မွ ထုတ္ေခ်းရပါမည္။
ဘဏ္ေတြကို အယုံအၾကည္မမဲ့ေအာင္ ဗဟိုဘဏ္မွ အာမခံထားေပးထားရပါသည္၊ အာမခံထားေသာ အေမရိကန္ရွိဘဏ္မ်ားတြင္ (Federal Deposit Insured Corporation- FDIC insured banks will cover $250,000 in deposits per account owner) ဘဏ္ေဒဝါလီခံသြားလွ်င္ အေကာင့္ပိုင္ရွင္တဦးစီကို ေဒၚလာႏွစ္သိန္းခြဲ ေလ်ာ္ေၾကးေပးပါသည္။ ေငြသားမ်ား စီးဆင္းလည္ပတ္မႈ ရပ္မသြားေရးအတြက္ အစိုးရက ဗဟိုဘဏ္မွတဆင့္ ေငြအသစ္႐ိုက္ထုတ္လွ်င္ကား တဖက္တြင္ ကုန္ထုတ္လုပ္မႈ (GDP) က က်ဆင္းေနၿပီး (Money Supply/M2) တိုးပြားေနလွ်င္ေတာ့ ေငြေၾကးေဖာင္းပြမႈကို တြန္းတင္လိုက္မည္မွာ မလြဲပါ၊ ေငြရင္းမလုံေလာက္လွ်င္ တခါတရံ အစိုးရက ဘဏ္ႀကီးမ်ား မၿပိဳလဲရေအာင္ ရွယ္ယာစိုက္ထုတ္ ပါဝင္ေပးတတ္ပါသည္။
ယခု ျမန္မာတြင္ စစ္အာဏာရွင္တို႔ အာဏာသိမ္းလိုက္ေသာ္လည္း အခြံခ်ည္းသာရလိုက္ၿပီး ဝင္ေငြရလမ္းကလည္း ႏိုင္ငံတကာပိတ္ဆို႔မႈေၾကာင့္ ဆုပ္လည္းစူးစားလည္း႐ူးမို႔ အသက္ငင္ေနပါၿပီ။ CDM ေတြသာ ဆက္ၿပီးႀကံ့ႀကံ့ခံလိုက္လွ်င္ လူထုႀကိဳးပမ္းေနသည့္ အေရးေတာ္ပုံေအာင္ျမင္ဖို႔မွာ လက္တကမ္းသာက်န္ေတာ့သည္။
မ်ိဳးၫြန႔္(မာခ႐ိုစီးပြားေရးပါရဂူ) မွ သံုးသပ္ခ်က္
DVB (ေဆာင္းပါး)
Be the first to comment