ပုံ(၃)ခုထဲက တစ်ခုကိုရွေးပြီး သင့်အတိတ်ဘ၀ ကံကြမ္မာ ဘယ်လိုရှိခဲ့လဲဆိုတာ ဖတ်ကြည့်လိုက်ပါ
No-(1) ဖြေရှင်းလို့မရတဲ့ ဆက်ဆံရေးတွေရှိနေမယ်
သင်က အရင်ဘဝတုန်းက တစ်ယောက်တည်းသမား ဖြစ်ခဲ့ပြီး သင်ချစ်ရသူတွေရဲ့ အပယ်ခံတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီဘဝမှာတော့ သင်ဟာ သင်ချစ်ရတဲ့သူတွေ ဘယ်လောက်ပဲဆိုးတဲ့ သူဖြစ်ဖြစ် သူတို့တွေဆီကနေ အကောင်းဆုံးတွေကိုသာ မြင်ပေးတတ်တဲ့ သူတစ်ယောက်ပါ။ သင်ကတော့ ကိုယ့်ရဲ့ သိက္ခာကိုတောင် မငဲ့ပဲ သင်ချစ်ရတဲ့သူတွေကို ဖက်တွယ်ထားမယ့် သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒီလိုမျိုး ဆက်ဆံရေးမျိုးဟာ ဘယ်လိုမှ မတည်မြဲနိုင်ပါဘူး။ နောက်ဆုံးမှာတော့ သင်တစ်ယောက်တည်း ဒဏ်ရာတွေနဲ့ ကျန်ခဲ့ရမှာပါ။
သင်နားလည်ထားရမှာကတော့ အခြားသူတွေရဲ့ ခံစားချက်တွေ၊လုပ်ဆောင်ချက်တွေကို သင်က ထိန်းချုပ်လို့မရပါဘူး။ သင်က သူတို့တွေကို ဘယ်လောက်ချစ်ချစ် သူတို့တွေကတော သင့်ကို ထိခိုက်နာကျင်စေမယ့် သူတွေပါ။ အလိုလို သိနေတတ်တဲ့ သင့်ရဲ့ စိတ်ကို ယုံကြည်ပြီး အန္တရာယ်ကို အချက်ပြနေတဲ့ အရာတွေကို လက်ခံပါ။ ရှောင်ဖို့ လိုအပ်လာရင် ရှောင်ပါ။
သင်ဟာဒီလို ကိစ္စရပ်တွေကို သင့်ရဲ့ မိသားစုမှာသာမက၊ သူငယ်ချင်းတွေအပြင် ချစ်သူရည်စားနဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာလည်း ကြုံရနိုင်ပါတယ်။
No-(2)ကိုယ့်ကိုကိုယ် သံသယ ဝင်ပြီး ရည်မှန်းချက်တွေ မဖြစ်မြောက်ဘူး
အရင်ဘဝမှာတော့ သင်ဟာ ဆုံးဖြတ်ချက် အမှားတွေကို ချခဲ့ပြီး အဲဒီဆုံးဖြတ်ချက်အမှားတွေကြောင့် ငွေကြေးဆုံးရှုံးမှုတွေ နဲ့ စိတ်ရောကိုယ်ပါ ထိခိုက်မှုဆုံးရှုံမှုတွေ အများကြီးကြုံခဲ့ရပြီး သင်ကိုယ်တိုင်ကိုသာမက သင့်ရဲ့ အသိမိတ်ဆွေတွေကိုလည်း ထိခိုက်စေခဲ့ပါတယ်။ သင်ဟာ ဒီဘဝမှာတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိတဲ့ သူတစ်ယောက်အဖြစ် ရှင်သန်နေရတာဖြစ်ပါတယ်။
လူတိုင်းက ဘဝမှာ အလွဲအမှားတွေ လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ အဒါဟာ သင့်ကို အမှားတွေပဲ လုပ်တတ်တဲ့ သူတစ်ယောက်လို့ မဆုံးဖြတ်ပေးပါဘူး။ အရေးကြီးတဲ့အရာကတော့ အမှားတွေနဲ့ ပတ်သတ်ပြီး သင်က ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲဆိုတာ ဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ် အချိန်ပေးပါ။ သင့်ဘဝတစ်လျှောက်လုံးမှာ ပြုလုပ်ခဲ့ဖူးတဲ့ ကောင်းတဲ့ကိစ္စတွေကို စဉ်းစားပါ။ စိတ်ကို စုစည်းပါ။ ပြောင်းလဲတိုးတက်မှုတွေ ဖြစ်အောင် အမြဲ ကြိုးစားပါ။
လူတွေ အများကြီးဆီက အကြံအဉာဏ်တွေ လိုက်မတောင်းပါနဲ့။ ဆရာများသားသေဆိုတဲ့ စကားပုံရှိကြားဖူးတယ်မလား။ သင့်ဘဝရဲ့ ပဲ့ကိုင်ရှင်က သင်ပဲ ဖြစ်ပါစေ။
No-(3) တစ်ပါးသူကို လွယ်လွယ်ကူကူ မယုံကြည်ပေးနိုင်ဘူး
အရင်ဘဝတုန်းက သင်ဟာ ယုံကြည်ရတဲ့ သူတွေဆီက သစ္စာဖောက်ခြင်းကို ခံခဲ့ရတာပါ။ နောက်ကျော ဓါးထိုးခံခဲ့ရတဲ့ သင်ကတော့ ဒီဘဝမှာ လူတွေနဲ့ ပတ်သတ်ပြီး ယုံကြည်သင့်လား၊မယုံကြည်သင့်လားဆိုတာကို သင်ယူရမှာပါ။
သင့်ရဲ့ဘဝမှာ သင့်ရဲ့ ယုံကြည်မှုကို လိုအပ်တဲ့သူ တွေနဲ့လည်း အမှတ်မထင်တွေ့ရဦးမှာပါ။
စိတ်ရှည်ရှည်ထားပြီးတော့ အဲဒီလူကို သုံလေးလလောက် စောင့်ကြည့်ပါ။လေ့လာပါ။ အစပိုင်းမှာတော့ သင်သိပ်ပြီး နားလည်ဦးမှာ မဟုတ်ပါဘူး အချိန်ကြာလာတဲ့အမျှတော့ ယုံကြည်သင့်လား/ မယုံကြည်သင့်လားဆိုတာကို သင်သိလာမှာပါ။ သင့်ရဲ့ ခံစားချက်အပေါ် မူတည်ပြီးတော့ သူ့ကို သင့်ဘဝရဲ့ ဘယ်နေရာမှာ ထားမယ်ဆိုတာ ဆုံးဖြတ်ပါ။
credit
credit
Be the first to comment