Facebook Comments Box
ဒီတစ်ပတ်ထဲ ဘာတွေဖြစ်ပေါ်ဖို့ရှိနေသလဲ သိချင်ရင် နှစ်သက်ရာကဒ်တခုရွေးလိုက်ပါ

ဒီတစ်ပတ်ထဲ ဘာတွေဖြစ်ပေါ်ဖို့ရှိနေသလဲ သိချင်ရင် နှစ်သက်ရာကဒ်တခုရွေးလိုက်ပါ.

No-1

ဒီ တစ်ပတ်မှာ သင့်ရဲ့ သုခတွေကို ပွားများဖို့အတွက် စူးစိုက်ဖို့ကို အချိန်ပေးရပါမယ်။ သင့် စိတ်နှလုံးပျော်ရွှင်ရာကို လုပ်ပါ.. သင် ခံစားမှုတွေ လတ်ဆတ်နေစေမယ့် အရာတွေကို လုပ်ပါ။ ဘဝမှာ ကောင်းမှုကုသိုလ်တွေကို ကိုယ် ယုံကြည်ရတဲ့၊ ချစ်ရတဲ့ သူတွေနဲ့ ရွက်ဆောင်ပါ။ ကျေးဇူးတရားတွေကို တုံ့ပြန်ပါ။ အချိန်တွေကို အတူကုန်ဆုံးပါ။ အလုပ်ကိစ္စတွေကလည်း အားလုံး စီစဉ်တကျနဲ့ ပြီးမြောက်အောင်မြင်မှုရှိမယ်။ အရမ်းကြီး ဇီဇာကြောင်တာမျိုးတော့ မဖြစ်သင့်ပါဘူး။

No-2

ဒီ တစ်ပတ်ကတော့ သင့်အတွက် အောင်မြင်မှုတွေရှိမယ့် ရက်သတ္တပတ်လို့ ဆိုနိုင်ပါတယ်။ သင်လုပ်သမျှတိုင်းက သင့်ကို စိတ်ပျော်ရွှင်မှုတွေ၊ ကျေနပ်မှုတွေပေးနေမယ်။ ရာထူးတိုးတာမျိုး တစ်ခုခု ဆွတ်ခူးတာမျိုး ကြုံရဖို့ရှိတယ်။ သင့်နဲ့ ထိုက်သင့်တဲ့ အသိအမှတ်ပြုမှုတွေကို နောက်ဆုံးမှာ ရရှိခံစားရမယ်။ ဒီ တစ်ပတ်မှာတော့ သင့် ဘယ်လောက်ကျော်ဖြတ်ခဲ့ရလဲဆိုတာတွေအတွက် ဂုဏ်ယူခြင်းရှိဖို့နဲ့ တစ်လျှောက်လုံး သင်ရရှိခဲ့တဲ့ အထောက်အပံ့တွေ အကူအညီတွေအတွက် ကျေးဇူးပြုရပါမယ်။ အခုအချိန်ဟာ အောင်ပွဲခံဖို့နဲ့ သင် အောင်မြင်ခဲ့တဲ့ အရာအားလုံးအတွက် ဆုလာဘ်တွေကို ခံစားရမယ့် အချိန်ပဲဖြစ်တယ်။

No-3

သင့် အပေါ်မှာ ပုံအပ်ထားတဲ့ တခြားသူတွေရဲ့ လိုအင်တွေ၊ အမျိုးမျိုးသော မျှော်လင့်မှုတွေကနေ ရုန်းထွက်ဖို့ ဒီ တစ်ပတ်မှာ အားမွေးရမယ်။ ကိုယ် စွမ်းအားတွေကို ပြန်စုပြီး အားလုံးကို သင့် ဘယ်လောက် နှစ်သက်ဖွယ် ကောင်းလဲ ပြသရမယ်။ ကိုယ့်အစွမ်း ကိုယ့်အစနဲ့ တောက်ပနိုင်ဖို့ ကြိုးစားရမယ့် ကာလဖြစ်တယ်။ ကိုယ့်အတွက်ကိုယ်ရော တခြားသူတွေ အတွက်ရော ဆုံးရှုံးမခံပါနဲ့။

credit


No-1

No-2

No-3

credit

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box