Facebook Comments Box
ချေးထားသော ငွေများ အမြန်ပြန်ရစေသောယတြာ

ချေးထားသော ငွေများ အမြန်ပြန်ရစေသောယတြာ

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းလေး ရှိရာသို့ အသက်အားဖြင့် (၆၀)နှစ်ခန့် ရှိသော သူအိုလင်မယားနှစ်ဦး ရောက်ရှိလာလေ၏။ သူတို့၏ အသက်အရွယ်အရ ဆိုလျှင် ဘုရားသွား ကျောင်းတက်နှင့် ဥပုဒ်သတင်း ဆောက်တည်ရင်းဖြင့် လူ့ဘဝ၏ နောက်ဆုံး အချိန်များ ကို ကုသိုလ် ဘာဝနာ ပွားများရင်းဖြင့်သာ အချိန်ကုန်သင့်သည် မဟုတ်ပါလော။ အခုတော့ သူတို့ လင်မယားသည် အဘယ့်ကြောင့် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ရောက်ရှိလာသနည်း ဟု ကျွန်ုပ် စိတ်ထဲမှ တစ်ယောက်တည်း တွေးမိလေတော့၏။
ကဲ.. ထိုင်ကြပါဗျာ။ ကျွန်တော် ဘာကူညီပေးရမလဲဟု မေးလိုက်လေရာ….
ဒီလိုပါဆရာ။ ကျွန်တော်တို့ လင်မယားမှာ သားသမီး မရှိပါဘူး။ ပြေးကြည့်မှ ဒီလင်မယား နှစ်ယောက်ထဲ ရှိတာပါ။ ရန်ကုန်မြို့ကိုရောက်လာတာလဲ ဟိုး ငယ်ငယ်လေးကတည်းက ဆရာ။ ဒီကြားထဲတော့ ဇာတိရွာကို မကြာခနတော့ ပြန်ရောက်ဖြစ်ပါတယ်။ အခုတော့ ရန်ကုန်မြိုကကြီးမှာ နေရတာ စိတ်မပျော်တော့ဘူး။ အသက်လေးကလည်း ကြီးပြီဆိုတော့ ကိုယ်ရပ် ကိုယ်ရွာ ပဲ ပြန်ပြီး အေးအေးဆေးဆေး ပြန်နေချင်ပါပြီ။ ဘုန်းကြီးကျောင်း သွားမယ်။ ဘုရားသွားမယ်။ တရားစခန်းလေး ဘာလေးဝင်ပြီး အေးအေးဆေးဆေးနေ အေးအေးဆေးဆေးပဲ သေချင်ပါတယ် ဆရာလေးရယ်ဟု ပြောလေ၏။

ထိုအခါ ကျွန်ုပ်က… ကောင်းပါတယ်ဗျာ။ ဒီလို ဆုံးဖြတ်ချက်ချတာ ကောင်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအသက် ဒီအရွယ်တွေ ရောက်ပြီဆိုမှတော့ ဘုရားရိပ် တရားရိပ်မှာ အေးအေးချမ်းချမ်းပဲ နေထိုင်သင့်ပြီ မဟုတ်လား။ လူမှန်း သိတတ်စ အရွယ်ကတည်းက ကျွန်တောတို့တတွေဟာ ဒီစားဝတ်နေရေးဆိုတဲ့ အရေးသုံးပါးရယ် သမုဒ္ဒ ရာ ဝမ်းတထွာဆိုတာရယ် နောက်မှာ ရုံးကန် လှုပ်ရှားနေရတာ။ တစ်ခါဘူးမှ အားလပ်ရက်ဆိုတာ မရှိသလောက် ပါပဲ။ ကိုယ့်စိတ်ထဲက ဘယ်လောက်ပဲ ဘုရားတရားနဲ့ နေချင်ပေမယ့် တကယ်နေနေရတာက ဒီလောကကြီးထဲ မှာလောဘတွေ ဒေါသတွေ မောဟတွေနဲ့ပဲ နေထိုင်နေကြရတယ်။ အခုလို မြန်မာပြည်ကို ပြန်ပြီး ဘုရားရိပ် တရားရိပ်မှာ အေးအေးချမ်းချမ်း နေထိုင်တော့မယ် ဆိုတော့ ကောင်းပါတယ်ဗျာဟု ပြန်ပြောလိုက်လေ၏။
ထိုအခါ အမျိုးသမီး ဖြစ်သူက…
ရည်ရွယ်ချက်ကတော့ ကောင်းတယ်ဆရာရေ။ ဒါပေမယ့် အခက်အခဲတွေက ရှိနေတော့။ ပြန်တောင် ပြန်ဖြစ်ပါ့ မ လား မသိဘူး။ ဘာလဲဆိုတော့ ကျွန်မတို့က ဒီမှာ ငွေတိုးလေး နည်းနည်းပါးပါး ချထားပါတယ် ဆရာရယ်။ အဲဒါလေးတွေကို အခု ပြန်သိမ်းနေတာ။ တစ်ချို့ကတော့ ပြန်ပေးကြပါတယ်။ တစ်ချို့ကြတော့ နည်းနည်းလက် ခက်နေတယ် ဆရာရေ။ အဲဒီတော့ ပေးထားသောငွေများ အမြန်ပြန်ရစေတဲ့ ယတြာလေး ဘာလေး ကူညီပေးပါဦး ဟု ပြောလေသောကြောင့် ကျွန်ုပ်သည် ချေးထားသောငွေများ အမြန်ပြန်ရစေသော အောက်ပါယတြာကို ထိုအဖိုးကြီး အဖွားကြီး လင်မယားနှစ်ဦးအား ပေးရင်း ဇာတိရွာလေးသို့ ပြန်၍ ဘုရားရိပ်တွင် အေးချမ်းစွာ နေထိုင်နိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါသတည်း။

ချေးထားသာငွများ အမြန်ပြန်ရစေသောယတြာ
မုန့်စိမ်းပေါင်းကို ကြွေပုဂံထဲကို ထည့်ပါ။ ထိုမုန့်စိမ်းပေါင်းပေါ်တွင် ဖယောင်းတိုင် တစ်တိုင်ထွန်းပါ။ ပြီးတော့ ဘုရားမှာ ကပ်လှူပြီး အကြွေးယူထားသူ၏ မျက်နှာကို မြင်အောင်ကြည့်ပါ။ နောက် နာမည်ခေါ်ပြီး ငါ့အကြွေးတွေ အမြန် လာပေးစေဟု (၉)ကြိမ် ပြောပါ။ ရက်ပိုင်း လပိုင်းအတွင်း အဆင်ပြေ သွားပါကြောင်း…….

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်

ေခ်းထားေသာ ေငြမ်ား အျမန္ျပန္ရေစေသာယၾတာ

တစ္ေန႔သ၌ ကြၽႏ္ုပ္၏ ေဗဒင္လကၡဏာေဟာခန္းေလး ရွိရာသို႔ အသက္အားျဖင့္ (၆၀)ႏွစ္ခန႔္ ရွိေသာ သူအိုလင္မယားႏွစ္ဦး ေရာက္ရွိလာေလ၏။ သူတို႔၏ အသက္အ႐ြယ္အရ ဆိုလွ်င္ ဘုရားသြား ေက်ာင္းတက္ႏွင့္ ဥပုဒ္သတင္း ေဆာက္တည္ရင္းျဖင့္ လူ႔ဘဝ၏ ေနာက္ဆုံး အခ်ိန္မ်ား ကို ကုသိုလ္ ဘာဝနာ ပြားမ်ားရင္းျဖင့္သာ အခ်ိန္ကုန္သင့္သည္ မဟုတ္ပါေလာ။ အခုေတာ့ သူတို႔ လင္မယားသည္ အဘယ့္ေၾကာင့္ ကြၽႏ္ုပ္၏ ေဗဒင္ေဟာခန္းအတြင္းသို႔ ေရာက္ရွိလာသနည္း ဟု ကြၽႏ္ုပ္ စိတ္ထဲမွ တစ္ေယာက္တည္း ေတြးမိေလေတာ့၏။
ကဲ.. ထိုင္ၾကပါဗ်ာ။ ကြၽန္ေတာ္ ဘာကူညီေပးရမလဲဟု ေမးလိုက္ေလရာ….
ဒီလိုပါဆရာ။ ကြၽန္ေတာ္တို႔ လင္မယားမွာ သားသမီး မရွိပါဘူး။ ေျပးၾကည့္မွ ဒီလင္မယား ႏွစ္ေယာက္ထဲ ရွိတာပါ။ ရန္ကုန္ၿမိဳ႕ကိုေရာက္လာတာလဲ ဟိုး ငယ္ငယ္ေလးကတည္းက ဆရာ။ ဒီၾကားထဲေတာ့ ဇာတိ႐ြာကို မၾကာခနေတာ့ ျပန္ေရာက္ျဖစ္ပါတယ္။ အခုေတာ့ ရန္ကုန္ၿမိဳကႀကီးမွာ ေနရတာ စိတ္မေပ်ာ္ေတာ့ဘူး။ အသက္ေလးကလည္း ႀကီးၿပီဆိုေတာ့ ကိုယ္ရပ္ ကိုယ္႐ြာ ပဲ ျပန္ၿပီး ေအးေအးေဆးေဆး ျပန္ေနခ်င္ပါၿပီ။ ဘုန္းႀကီးေက်ာင္း သြားမယ္။ ဘုရားသြားမယ္။ တရားစခန္းေလး ဘာေလးဝင္ၿပီး ေအးေအးေဆးေဆးေန ေအးေအးေဆးေဆးပဲ ေသခ်င္ပါတယ္ ဆရာေလးရယ္ဟု ေျပာေလ၏။

ထိုအခါ ကြၽႏ္ုပ္က… ေကာင္းပါတယ္ဗ်ာ။ ဒီလို ဆုံးျဖတ္ခ်က္ခ်တာ ေကာင္းပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ဒီအသက္ ဒီအ႐ြယ္ေတြ ေရာက္ၿပီဆိုမွေတာ့ ဘုရားရိပ္ တရားရိပ္မွာ ေအးေအးခ်မ္းခ်မ္းပဲ ေနထိုင္သင့္ၿပီ မဟုတ္လား။ လူမွန္း သိတတ္စ အ႐ြယ္ကတည္းက ကြၽန္ေတာတို႔တေတြဟာ ဒီစားဝတ္ေနေရးဆိုတဲ့ အေရးသုံးပါးရယ္ သမုဒၵ ရာ ဝမ္းတထြာဆိုတာရယ္ ေနာက္မွာ ႐ုံးကန္ လႈပ္ရွားေနရတာ။ တစ္ခါဘူးမွ အားလပ္ရက္ဆိုတာ မရွိသေလာက္ ပါပဲ။ ကိုယ့္စိတ္ထဲက ဘယ္ေလာက္ပဲ ဘုရားတရားနဲ႔ ေနခ်င္ေပမယ့္ တကယ္ေနေနရတာက ဒီေလာကႀကီးထဲ မွာေလာဘေတြ ေဒါသေတြ ေမာဟေတြနဲ႔ပဲ ေနထိုင္ေနၾကရတယ္။ အခုလို ျမန္မာျပည္ကို ျပန္ၿပီး ဘုရားရိပ္ တရားရိပ္မွာ ေအးေအးခ်မ္းခ်မ္း ေနထိုင္ေတာ့မယ္ ဆိုေတာ့ ေကာင္းပါတယ္ဗ်ာဟု ျပန္ေျပာလိုက္ေလ၏။
ထိုအခါ အမ်ိဳးသမီး ျဖစ္သူက…
ရည္႐ြယ္ခ်က္ကေတာ့ ေကာင္းတယ္ဆရာေရ။ ဒါေပမယ့္ အခက္အခဲေတြက ရွိေနေတာ့။ ျပန္ေတာင္ ျပန္ျဖစ္ပါ့ မ လား မသိဘူး။ ဘာလဲဆိုေတာ့ ကြၽန္မတို႔က ဒီမွာ ေငြတိုးေလး နည္းနည္းပါးပါး ခ်ထားပါတယ္ ဆရာရယ္။ အဲဒါေလးေတြကို အခု ျပန္သိမ္းေနတာ။ တစ္ခ်ိဳ႕ကေတာ့ ျပန္ေပးၾကပါတယ္။ တစ္ခ်ိဳ႕ၾကေတာ့ နည္းနည္းလက္ ခက္ေနတယ္ ဆရာေရ။ အဲဒီေတာ့ ေပးထားေသာေငြမ်ား အျမန္ျပန္ရေစတဲ့ ယၾတာေလး ဘာေလး ကူညီေပးပါဦး ဟု ေျပာေလေသာေၾကာင့္ ကြၽႏ္ုပ္သည္ ေခ်းထားေသာေငြမ်ား အျမန္ျပန္ရေစေသာ ေအာက္ပါယၾတာကို ထိုအဖိုးႀကီး အဖြားႀကီး လင္မယားႏွစ္ဦးအား ေပးရင္း ဇာတိ႐ြာေလးသို႔ ျပန္၍ ဘုရားရိပ္တြင္ ေအးခ်မ္းစြာ ေနထိုင္ႏိုင္ၾကပါေစေၾကာင္း ဆုေတာင္းေပးလိုက္ရပါသတည္း။

ေခ်းထားသာငြမ်ား အျမန္ျပန္ရေစေသာယၾတာ
မုန႔္စိမ္းေပါင္းကို ေႂကြပုဂံထဲကို ထည့္ပါ။ ထိုမုန႔္စိမ္းေပါင္းေပၚတြင္ ဖေယာင္းတိုင္ တစ္တိုင္ထြန္းပါ။ ၿပီးေတာ့ ဘုရားမွာ ကပ္လႉၿပီး အေႂကြးယူထားသူ၏ မ်က္ႏွာကို ျမင္ေအာင္ၾကည့္ပါ။ ေနာက္ နာမည္ေခၚၿပီး ငါ့အေႂကြးေတြ အျမန္ လာေပးေစဟု (၉)ႀကိမ္ ေျပာပါ။ ရက္ပိုင္း လပိုင္းအတြင္း အဆင္ေျပ သြားပါေၾကာင္း…….

သင္တို႔၏အက်ိဳးကိုထာဝစဥ္လိုလားေသာ
ဆရာဟိန္းတင့္ေဇာ္

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box