ဒုတိယအိမ်ထောင်ရေးအား လက္ခဏာပညာဖြင့် သုတေသနပြုခြင်း
အချစ်နှင့်မကင်းနိုင်သည့် လူသားတို့တွင် အိမ်ထောင်ပြုခြင်းဖြင့် အချစ်ကို အဆုံးသတ်ပြီး မိသားစု အိမ်ထောင်သည်ဘဝဖြင့် လောကခရောင်းလမ်းကို ရင်ဆိုင်လျှောက်လှမ်းကြသည်ပင်ဖြစ်သည်။ သို့သော်လည်း အကြောင်းမညီညွတ်၊သဘောထားမတိုက်ဆိုင်ကြသည့်အခါ အိမ်ထောင်ရေးပြိုကွဲကြရပြန်သည်။ သေဆုံးဖြင်းဖြင့် သေကွဲ ကွဲကြရသလို အကြောင်းမညီညွတ်သဖြင့်လည်း ရှင်ကွဲ ကွဲကြရတတ်သည်။ ထို့သို့ကွဲကွာပြီးချိန်တွင် “တစ်ပင်လှဲတစ်ပင်ထူ” ဆိုသကဲ့သို့ လူသားတို့နှလုံးသားတွင် အချစ်တို့ပြန်လည်မွေးဖွားပြီး အိမ်ထောင်ပြုခြင်းကို တစ်ပါတ်လည်ကြပြန်သည်။ ထို့သို့ဖြင့် ဒုတိယအိမ်ထောင် ထူထောင်ဖြစ်ကြပြန်သည်။ အချို့သောလူသားတို့တွင် ပထမအိမ်ထောင်ငုတ် တုတ်ရှိသော်လည်း အိမ်ထောင်ရေး၊စီးပွားရေး၊မိသားစုရေး၊စသည့် အချက်များစွာတို့ဖြင့် ဖြတ်သန်းရသည့်အခါ ချစ်စိတ်များ ပျောက်ကွယ်ပြီး တစ်ယောက်နှင့်တစ်ယောက် မခေါ်နိုင်မပြောနိုင်ပင်ဖြစ်ကြရသည်။ သို့ပါသော်လည်း သားသမီး၊ပိုင်ဆိုင်မှု့၊ ဂုဏ်သိက္ခာတို့ကို ငဲ့ညာရင်း မကွဲကွာကြသော်လည်း အခြားတစ်နေရာတွင် တရားမဝင်သော အချစ်တို့ မွေးဖွားတတ်ကြသည်။ ထို့အချက်ကိုလည်း လက္ခဏာပညာဖြင့် သုတေသနပြု မှတ်တမ်ပြုစုထားခဲ့ကြသည်။ အချို့ကံတရားမှာ ဒုတိယအိမ်ထောင်နှင့် ရပ်မနေဘဲ တတိယ၊ စတုတ္ထ . . . စသဖြင့် အိမ်ထောင်ဆက်များသွားသူများလည်း ရှိပေသည်။
ဒုထိယ အိမ်ထောင်ပြုခြင်းနှင့် လက္ခဏာပညာကို သုတေသနပြုရာတွင် အလွန်အသေးစိတ်သော လိုင်းခွဲလေးများ များစွာရှိပေသည်။စစ်ဆေးရာတွင် လက္ခဏာရှင်သည် ပထမအိမ်ထောင်ပြုဖြစ်မလား၊ အိမ်ထောင်ရေးအခြေအနေ ဘယ်လိုရှိမလည်း၊ ဘယ်အချိန်မှာ ဘာအကြောင်းကြောင့် ကွာရှင်းနိုင်သလည်း၊သေကွဲလား-ရှင်ကွဲလား၊ ဘယ်အချိန်မှာ ဘယ်အကြောင်းကြောင့် ဒုတိယအိမ်ထောင်ပြုရန်အခွင့်အရေးပေါ်သလည်း၊ ဒုတိယအိမ်ထောင်ဟာ ပထမအိမ်ထောင်ထက် ကောင်းမလား-ဆိုးမလား၊ ဒုတိယအိမ်ထောင်နဲ့ မြဲမလား၊ ဒုတိယအိမ်ထောင်ဘက်နှင့် သားသမီးထွန်းကားမလား၊ စသဖြင့် မေးခွန်းများစွာရှိရာ ထိုမေးခွန်းများအတွက် အကောင်းဆုံးဖြေရှင်းနိုင်ဖို့ အသေးစိတ်လေ့လာရခြင်းဖြစ်သည်။ အချို့လက္ခဏာရှင်အတွက် ပထမအိမ်ထောင်ရှိနေသော်လည်း ဒုတိယအိမ်ထောင်ဟု ပြောမရသော တရားမဝင်သည့် အချစ်တစ်ခုပေါ်ပေါက်နိုင်သလား၊ ဒီအပေါ်ကနေ ဘယ်လိုပြသနာတွေရင်ဆိုင်ရမလည်း၊ သိက္ခာကျမလား စသဖြင့် မေးခွန်းပေါင်းများစွာရှိသော ရှုပ်ထွေးသည့် အိမ်ထောင်ရေးအခြေအနေကို လက္ခဏာပညာဖြင့် အဖြေရှာရသည်ဖြစ်ရာ သုတေသနအားကောင်းသည့် ဆရာများပင်တစ်ခါတစ်ရံတွင် ကောက်ချက်ချ အနည်းငယ်လွတ်တတ်ကြောင်း တွေ့ရတတ်သည်။
လက္ခဏာကို လေ့လာရာတွင် အိမ်ထောင်ရေးလမ်းကြောင်းသည် အိမ်ထောင်ရေးဆိုင်ရာကိစ္စရပ်ကို အထူးဖော်ပြသည်ဟုဆိုသော်လည်း လက္ခဏာပေါ်ရှိအိမ်ထောင်ရေးလမ်းကြောင်း နှစ်ခုပါရှိခြင်း သို့မဟုတ် နှစ်ခုထက်ပိုသော အိမ်ထောင်ရေးလမ်းကြောင်းပါရှိခြင်းက အိမ်ထောင်နှစ်ဆက် ကျစေသည်ဟု လုံးဝမမှတ်ယူသင့်ပေ။ အိမ်ထောင် နှစ်ဆက်ကျခြင်းနှင့် နှစ်ဆက်ထက်ပိုကျခြင်းတို့သည် ထိုလမ်းကြောင်း နှစ်ကြောင်းနှင့် အထက်ပါခြင်းနှင့် သက်ဆိုင်ခြင်းမရှိပေ။ တစ်ကြောင်းတည်းပါရှိပြီး အိမ်ထောင် ၃ ဆက်မက ကျနေသူတွေရှိသလို နှစ်ကြောင်းနှင့်အထက် ပါရှိသော လူပျိုကြီး၊အပျိုကြီးများစွာလည်း ရှိနေပေသည်။ နှလုံးလမ်းကြောင်းအကြောင်းကို ပြောရမည်ဆိုပါကလည်း နှလုံးလမ်းကြောင်း နှစ်ကြောင်းဖြစ်ခြင်း၊ စတင်ထွက်ပေါ်ရာတွင် နှစ်ခွဖြစ်ခြင်း၊သုံးခွဖြစ်ခြင်းတို့ကြောင့် အိမ်ထောင်နှစ်ဆက်ကျသည်ဟုပြောရန်လည်း ခက်ပေသည်။ နှလုံးလမ်းကြောင်း၊အိမ်ထောင်ရေးလမ်းကြောင်းနှင့် ကံလမ်းကြောင်းတို့ကို သေကြာဂြိုဟ်ခုံအပါအဝင် လက်ဖဝါးပြင်တစ်ခုလုံးကို အသေးစိတ်ခြုံငုံသုံးသပ်မှသာ အဖြေကောင်းရရှိမည်ဖြစ်သည်။
မည်သည့်အမှတ်အသားပါရှိခြင်းက အိမ်ထောင်နှစ်ဆက်ဖြစ်ခြင်း၊ဒုတိယ အိမ်ထောင်ဆက်ရခြင်းကို ဖြစ်စေသည်ဟု တိတိကျကျပြောဆိုခြင်းကို သုတေသနအသေအခြာပြုလုပ်ပြီးပါက ပြောနိုင်ရန်မလွယ်ကြောင်း သိလာရမည်ဖြစ်သည်။ သုတေသနပြုချက်အရ အိမ်ထောင်နှစ်ဆက်ဖြစ်ခြင်း၏ အခြေခံအကြောင်းများမှာ တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ထိုမတူညီသော အကြောင်းအရာများကို လက်ဖဝါးပြင်တွင် ဖော်ပြပုံလည်း မတူညီတတ်ကြပေ။ ထိုအချက်များကို အသေးစိတ်စစ်ဆေးပြီးမှ ဘယ်လိုအခြေအနေအနေတွေ ဖြစ်ပေါ်ပြီးတဲ့နောက် ဘယ်အချိန်မှာ အိမ်ထောင်နောက်တစ်ကြိမ် ဖြစ်မယ်ဆိုတာကို ပြောနိုင်တာပါ။တစ်ချို့အချက်တွေမှာတော့ လင်မယားနှစ်ဦးကို လက္ခဏာစစ်ဆေးတဲ့အခါ အမျိုးသားက ကလေးရမယ်၊သားသမီးအကျိုးခံစားရမယ်ဆိုတဲ့ အချက်ပါပြီး အမျိုးသမီးက ကလေးလုံးဝမရနိုင်သူ (အမြုံ) ဖြစ်သည့်အခြေအနေတွင် အမျိုးသားရမည်ကလေးသည် ထိုအမျိုးသမီးနှင့် မဖြစ်တန်ရာ၊အခြားတစ်ဦးနှင့်သာဖြစ်နိုင်လေ၏။ ထိုအချက်များကို စုံတွဲစစ်ဆေးခြင်းဖြင့် သိနိုင်သလို ဖြစ်လာမည်အခြေအနေများကိုလည်း အခြားသော အကြောင်းကိစ္စများစွာဖြင့် လိုက်လံစစ်ဆေးရပေတော့သည်။
ကျွန်ုပ်အား မည်သည့်အမှတ်အသားပါရှိပါက ဒုတိယအိမ်ထောင်ကျဖို့ရန်အတွက်ပြည့်စုံပါသလည်း၊ ဘယ်လိုအခြေအနေနဲ့ အိမ်ထောင်ကျမလည်း ဆိုတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ အမေးကို ဒီစာလေးနဲ့ ပြန်ဖြေလိုက်ရတာဖြစ်ပါတယ်။ ဒီအမှတ်အသားပါရင် နောက်အိမ်ထောင်ပြုရမယ်ဆိုတာမျိုး တစ်ထစ်ချ ရာနှုံန်းပြည့် ပြောနိုင်တဲ့ အမှတ်အသားကောင်းတစ်ခု လက္ခဏာပညာရပ်တွင် ရှိကောင်းရှိနိုင်ပါတယ်။
ကင်္ကသူ
ဒုတိယအိမ္ေထာင္ေရးအား လကၡဏာပညာျဖင့္ သုေတသနျပဳျခင္း
အခ်စ္ႏွင့္မကင္းႏိုင္သည့္ လူသားတို႔တြင္ အိမ္ေထာင္ျပဳျခင္းျဖင့္ အခ်စ္ကို အဆုံးသတ္ၿပီး မိသားစု အိမ္ေထာင္သည္ဘဝျဖင့္ ေလာကခေရာင္းလမ္းကို ရင္ဆိုင္ေလွ်ာက္လွမ္းၾကသည္ပင္ျဖစ္သည္။ သို႔ေသာ္လည္း အေၾကာင္းမညီၫြတ္၊သေဘာထားမတိုက္ဆိုင္ၾကသည့္အခါ အိမ္ေထာင္ေရးၿပိဳကြဲၾကရျပန္သည္။ ေသဆုံးျဖင္းျဖင့္ ေသကြဲ ကြဲၾကရသလို အေၾကာင္းမညီၫြတ္သျဖင့္လည္း ရွင္ကြဲ ကြဲၾကရတတ္သည္။ ထို႔သို႔ကြဲကြာၿပီးခ်ိန္တြင္ “တစ္ပင္လွဲတစ္ပင္ထူ” ဆိုသကဲ့သို႔ လူသားတို႔ႏွလုံးသားတြင္ အခ်စ္တို႔ျပန္လည္ေမြးဖြားၿပီး အိမ္ေထာင္ျပဳျခင္းကို တစ္ပါတ္လည္ၾကျပန္သည္။ ထို႔သို႔ျဖင့္ ဒုတိယအိမ္ေထာင္ ထူေထာင္ျဖစ္ၾကျပန္သည္။ အခ်ိဳ႕ေသာလူသားတို႔တြင္ ပထမအိမ္ေထာင္ငုတ္ တုတ္ရွိေသာ္လည္း အိမ္ေထာင္ေရး၊စီးပြားေရး၊မိသားစုေရး၊စသည့္ အခ်က္မ်ားစြာတို႔ျဖင့္ ျဖတ္သန္းရသည့္အခါ ခ်စ္စိတ္မ်ား ေပ်ာက္ကြယ္ၿပီး တစ္ေယာက္ႏွင့္တစ္ေယာက္ မေခၚႏိုင္မေျပာႏိုင္ပင္ျဖစ္ၾကရသည္။ သို႔ပါေသာ္လည္း သားသမီး၊ပိုင္ဆိုင္မႈ႕၊ ဂုဏ္သိကၡာတို႔ကို ငဲ့ညာရင္း မကြဲကြာၾကေသာ္လည္း အျခားတစ္ေနရာတြင္ တရားမဝင္ေသာ အခ်စ္တို႔ ေမြးဖြားတတ္ၾကသည္။ ထို႔အခ်က္ကိုလည္း လကၡဏာပညာျဖင့္ သုေတသနျပဳ မွတ္တမ္ျပဳစုထားခဲ့ၾကသည္။ အခ်ိဳ႕ကံတရားမွာ ဒုတိယအိမ္ေထာင္ႏွင့္ ရပ္မေနဘဲ တတိယ၊ စတုတၳ . . . စသျဖင့္ အိမ္ေထာင္ဆက္မ်ားသြားသူမ်ားလည္း ရွိေပသည္။
ဒုထိယ အိမ္ေထာင္ျပဳျခင္းႏွင့္ လကၡဏာပညာကို သုေတသနျပဳရာတြင္ အလြန္အေသးစိတ္ေသာ လိုင္းခြဲေလးမ်ား မ်ားစြာရွိေပသည္။စစ္ေဆးရာတြင္ လကၡဏာရွင္သည္ ပထမအိမ္ေထာင္ျပဳျဖစ္မလား၊ အိမ္ေထာင္ေရးအေျခအေန ဘယ္လိုရွိမလည္း၊ ဘယ္အခ်ိန္မွာ ဘာအေၾကာင္းေၾကာင့္ ကြာရွင္းႏိုင္သလည္း၊ေသကြဲလား-ရွင္ကြဲလား၊ ဘယ္အခ်ိန္မွာ ဘယ္အေၾကာင္းေၾကာင့္ ဒုတိယအိမ္ေထာင္ျပဳရန္အခြင့္အေရးေပၚသလည္း၊ ဒုတိယအိမ္ေထာင္ဟာ ပထမအိမ္ေထာင္ထက္ ေကာင္းမလား-ဆိုးမလား၊ ဒုတိယအိမ္ေထာင္နဲ႔ ၿမဲမလား၊ ဒုတိယအိမ္ေထာင္ဘက္ႏွင့္ သားသမီးထြန္းကားမလား၊ စသျဖင့္ ေမးခြန္းမ်ားစြာရွိရာ ထိုေမးခြန္းမ်ားအတြက္ အေကာင္းဆုံးေျဖရွင္းႏိုင္ဖို႔ အေသးစိတ္ေလ့လာရျခင္းျဖစ္သည္။ အခ်ိဳ႕လကၡဏာရွင္အတြက္ ပထမအိမ္ေထာင္ရွိေနေသာ္လည္း ဒုတိယအိမ္ေထာင္ဟု ေျပာမရေသာ တရားမဝင္သည့္ အခ်စ္တစ္ခုေပၚေပါက္ႏိုင္သလား၊ ဒီအေပၚကေန ဘယ္လိုျပသနာေတြရင္ဆိုင္ရမလည္း၊ သိကၡာက်မလား စသျဖင့္ ေမးခြန္းေပါင္းမ်ားစြာရွိေသာ ရႈပ္ေထြးသည့္ အိမ္ေထာင္ေရးအေျခအေနကို လကၡဏာပညာျဖင့္ အေျဖရွာရသည္ျဖစ္ရာ သုေတသနအားေကာင္းသည့္ ဆရာမ်ားပင္တစ္ခါတစ္ရံတြင္ ေကာက္ခ်က္ခ် အနည္းငယ္လြတ္တတ္ေၾကာင္း ေတြ႕ရတတ္သည္။
လကၡဏာကို ေလ့လာရာတြင္ အိမ္ေထာင္ေရးလမ္းေၾကာင္းသည္ အိမ္ေထာင္ေရးဆိုင္ရာကိစၥရပ္ကို အထူးေဖာ္ျပသည္ဟုဆိုေသာ္လည္း လကၡဏာေပၚရွိအိမ္ေထာင္ေရးလမ္းေၾကာင္း ႏွစ္ခုပါရွိျခင္း သို႔မဟုတ္ ႏွစ္ခုထက္ပိုေသာ အိမ္ေထာင္ေရးလမ္းေၾကာင္းပါရွိျခင္းက အိမ္ေထာင္ႏွစ္ဆက္ က်ေစသည္ဟု လုံးဝမမွတ္ယူသင့္ေပ။ အိမ္ေထာင္ ႏွစ္ဆက္က်ျခင္းႏွင့္ ႏွစ္ဆက္ထက္ပိုက်ျခင္းတို႔သည္ ထိုလမ္းေၾကာင္း ႏွစ္ေၾကာင္းႏွင့္ အထက္ပါျခင္းႏွင့္ သက္ဆိုင္ျခင္းမရွိေပ။ တစ္ေၾကာင္းတည္းပါရွိၿပီး အိမ္ေထာင္ ၃ ဆက္မက က်ေနသူေတြရွိသလို ႏွစ္ေၾကာင္းႏွင့္အထက္ ပါရွိေသာ လူပ်ိဳႀကီး၊အပ်ိဳႀကီးမ်ားစြာလည္း ရွိေနေပသည္။ ႏွလုံးလမ္းေၾကာင္းအေၾကာင္းကို ေျပာရမည္ဆိုပါကလည္း ႏွလုံးလမ္းေၾကာင္း ႏွစ္ေၾကာင္းျဖစ္ျခင္း၊ စတင္ထြက္ေပၚရာတြင္ ႏွစ္ခြျဖစ္ျခင္း၊သုံးခြျဖစ္ျခင္းတို႔ေၾကာင့္ အိမ္ေထာင္ႏွစ္ဆက္က်သည္ဟုေျပာရန္လည္း ခက္ေပသည္။ ႏွလုံးလမ္းေၾကာင္း၊အိမ္ေထာင္ေရးလမ္းေၾကာင္းႏွင့္ ကံလမ္းေၾကာင္းတို႔ကို ေသၾကာၿဂိဳဟ္ခုံအပါအဝင္ လက္ဖဝါးျပင္တစ္ခုလုံးကို အေသးစိတ္ၿခဳံငုံသုံးသပ္မွသာ အေျဖေကာင္းရရွိမည္ျဖစ္သည္။
မည္သည့္အမွတ္အသားပါရွိျခင္းက အိမ္ေထာင္ႏွစ္ဆက္ျဖစ္ျခင္း၊ဒုတိယ အိမ္ေထာင္ဆက္ရျခင္းကို ျဖစ္ေစသည္ဟု တိတိက်က်ေျပာဆိုျခင္းကို သုေတသနအေသအျခာျပဳလုပ္ၿပီးပါက ေျပာႏိုင္ရန္မလြယ္ေၾကာင္း သိလာရမည္ျဖစ္သည္။ သုေတသနျပဳခ်က္အရ အိမ္ေထာင္ႏွစ္ဆက္ျဖစ္ျခင္း၏ အေျခခံအေၾကာင္းမ်ားမွာ တစ္ေယာက္ႏွင့္တစ္ေယာက္ မတူညီၾကေပ။ထိုမတူညီေသာ အေၾကာင္းအရာမ်ားကို လက္ဖဝါးျပင္တြင္ ေဖာ္ျပပုံလည္း မတူညီတတ္ၾကေပ။ ထိုအခ်က္မ်ားကို အေသးစိတ္စစ္ေဆးၿပီးမွ ဘယ္လိုအေျခအေနအေနေတြ ျဖစ္ေပၚၿပီးတဲ့ေနာက္ ဘယ္အခ်ိန္မွာ အိမ္ေထာင္ေနာက္တစ္ႀကိမ္ ျဖစ္မယ္ဆိုတာကို ေျပာႏိုင္တာပါ။တစ္ခ်ိဳ႕အခ်က္ေတြမွာေတာ့ လင္မယားႏွစ္ဦးကို လကၡဏာစစ္ေဆးတဲ့အခါ အမ်ိဳးသားက ကေလးရမယ္၊သားသမီးအက်ိဳးခံစားရမယ္ဆိုတဲ့ အခ်က္ပါၿပီး အမ်ိဳးသမီးက ကေလးလုံးဝမရႏိုင္သူ (အၿမဳံ) ျဖစ္သည့္အေျခအေနတြင္ အမ်ိဳးသားရမည္ကေလးသည္ ထိုအမ်ိဳးသမီးႏွင့္ မျဖစ္တန္ရာ၊အျခားတစ္ဦးႏွင့္သာျဖစ္ႏိုင္ေလ၏။ ထိုအခ်က္မ်ားကို စုံတြဲစစ္ေဆးျခင္းျဖင့္ သိႏိုင္သလို ျဖစ္လာမည္အေျခအေနမ်ားကိုလည္း အျခားေသာ အေၾကာင္းကိစၥမ်ားစြာျဖင့္ လိုက္လံစစ္ေဆးရေပေတာ့သည္။
ကြၽႏ္ုပ္အား မည္သည့္အမွတ္အသားပါရွိပါက ဒုတိယအိမ္ေထာင္က်ဖို႔ရန္အတြက္ျပည့္စုံပါသလည္း၊ ဘယ္လိုအေျခအေနနဲ႔ အိမ္ေထာင္က်မလည္း ဆိုတဲ့ မိတ္ေဆြတစ္ေယာက္ရဲ႕ အေမးကို ဒီစာေလးနဲ႔ ျပန္ေျဖလိုက္ရတာျဖစ္ပါတယ္။ ဒီအမွတ္အသားပါရင္ ေနာက္အိမ္ေထာင္ျပဳရမယ္ဆိုတာမ်ိဳး တစ္ထစ္ခ် ရာႏႈံန္းျပည့္ ေျပာႏိုင္တဲ့ အမွတ္အသားေကာင္းတစ္ခု လကၡဏာပညာရပ္တြင္ ရွိေကာင္းရွိႏိုင္ပါတယ္။
ကကၤသူ
Be the first to comment