ဇီးကွက်ပုံလေးတွေရွေးချယ်ပြီး ကိုယ့်ရဲ့ စိတ်နေစိတ်ထား စမ်းသပ်ကြည့်ရအောင်
၁- နံပါတ် ၁ ဇီးကွက် (စိတ်အားထက်သန်သူ၊ စိတ်မြန်သူ)
နံပါတ် ၁ ဇီးကွက်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ စိတ်အားထက်သန်ပြီး စိတ်မြန်တတ်သူပါပဲ။ သင့်အနေနဲ့ နေ့စဉ်လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာတွေကနေ ရုန်းထွက်ချင်နေပြီး သင့်အတွက် နေ့စဉ်လုပ်ငန်းတွေက စွန့်စားမှုတွေလို့ ခံစားနေရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကျင့်တွေကပဲ သင့်အတွက် ဘဝရဲ့အနှစ်သာရတွေဖြစ်နေတာပါ။ စိန်ခေါ်မှုတွေတိုင်းက သင့်အတွက် ရှေ့တိုးတက်ဖို့ တက်လှမ်းစရာ လှေကားထစ်တွေ ဖြစ်လာပါလိမ့်မယ်။ လုပ်ဆောင်စရာ ကိစ္စတွေအတွက် စိတ်ရှင်းရှင်းနဲ့ ဖြေရှင်းမယ်ဆိုရင်အရာအားလုံးအောင်မြင်လာမှာဖြစ်ပါတယ်။
၂ – နံပါတ် ၂ ဇီးကွက် ( ယုံကြည်မှုရှိသူ၊ လက်တွေ့ကျသူ)
သင်ဟာ နံပါတ် ၂ ဇီးကွက်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်အဝရှိပြီး လက်တွေ့ကျသူပဲ ဖြစ်ပါတယ်။ သင့်ကို ဘဝကြီးက ဘယ်လိုခက်ခဲတဲ့ စမ်းသပ်မှုတွေပဲ လာပေးပေး သင်ရင်ဆိုင် ဖြတ်သန်းနိုင်ပါလိမ့်မယ်။ သင့်အနေနဲ့လည်း တွေ့ကြုံလာသမျှအခက်အခဲတွေ စိန်ခေါ်မှုတွေကို ညည်းငြူနေမှာမဟုတ်ပဲ လာမယ့်ဘေး ပြေးတွေ့တတ်သူဖြစ်ပါတယ်။ သင့်ရဲ့အနာဂတ်ကိုလည်း သင်ကိုယ်တိုင်ပဲ ကောင်းမွန်အောင် ဖန်တီးယူနိုင်သူလို့ ဆိုရမှာပါ။
၃- နံပါတ် ၃ ဇီးကွက် ( တွေးခေါ်တတ်သူ )
နံပါတ် ၃ ဇီးကွက်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာအတွေးအခေါ်ကောင်းသူတစ်ဦးပါပဲ။ ဘယ်ကိစ္စကိုမဆို တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်လေ့ရှိပြီး ကိုယ်ပိုင်အတွေးအခေါ်နဲ့သာ ဆုံးဖြတ်လေ့ရှိသူလည်း ဖြစ်ပါတယ်။ လုပ်ငန်းတာဝန်တိုင်းကို ကိုယ်တိုင်လုပ်ကိုင်ရမှသာ စိတ်တိုင်းကျသူလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ စကားတွေအများကြီးပြောနေတာကအချိန်ဖြုန်းခြင်းတစ်မျိုးလို့ ယူဆထားသူပါပဲ။
၄ – နံပါတ် ၄ ဇီးကွက်
နံပါတ် ၄ ဇီးကွက်ကို သင်ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင့်ရဲ့ ရုပ်သွင်ဟာ ချောမောလှပတဲ့ သရုပ်ဆောင်တစ်ဦးနဲ့ တူနေမှာဖြစ်ပါတယ်။ သင့်ရဲ့ ပုံစံကိုကြည့်ပြီး တစ်ခြားသူတွေကအမှတ်ပြည့်ပေးကြမှာပါ။ ဒါပေမယ့် သူတို့မသိတဲ့အချက်က သင့်ရဲ့ ရုပ်ရည်အမူအရာနဲ့ ဆန့်ကျင်ဘက်အတွင်းစိတ် သင့်မှာ ရှိနေတာကိုပါပဲ။ ဒီတော့ သင့်ကိုအမြင်နဲ့တင် ရုပ်ချောသဘောကောင်းလေးအဖြစ် သတ်မှတ်ထားသူတွေက သင့်ရဲ့ တစ်ချို့အမူအရာတွေကို သိမြင်သွားတဲ့အခါ ရုပ်လေးနဲ့မှမလိုက်လို့ ဝေဖန်ကြမှာပါ။ ဘာလို့လည်း ဆိုတော့ သင်ဟာ ပုတ်သင်ညိုတွေအရောင်ပြောင်းသလို သင့်ပတ်ဝန်းကျင်မှာ တွေ့ကြုံလာရတဲ့အဖြစ်အပျက်ပေါ်မူတည်ပြီး ပြောင်းလဲတုန့်ပြန်လေ့ရှိသူ ဖြစ်နေလို့ပါပဲ။
၅ – နံပါတ် ၅ ဇီးကွက် ( ကျိုးကြောင်း ဆင်ခြင်နိုင်သူ )
နံပါတ် ၅ ဇီးကွက်ကိုရွေးချယ်ထားတယ်ဆိုရင်တော့ သင်ဟာ ကျိုးကြောင်း ဆင်ခြင်နိုင်သူပဲဖြစ်ပါတယ်။ ဘယ်လိုကိစ္စမျိုးဖြစ်နေပါစေ သင့်ရဲ့အပြုအမူကို သင်ထိန်းသိမ်းနိုင်ပြီး ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာကိုလည်း သင်ကောင်းကောင်း သိထားတာဖြစ်ပါတယ်။ သင့်ဘဝမှာအရေးကြီးဆုံးက နောက်ဆုံးရလာမယ့်အကျိုးရလဒ်ပါပဲ။ သင့်အနာဂတ်မှာအကျိုးအမြတ်ထွက်မလာမယ့် ကိစ္စကို လုပ်မယ့်သူမဟုတ်ပါဘူး။ ဒီအချက်ကပဲ သင့်အတွက်အားနည်းချက်တစ်ခုလို့လည်း ဆိုရမှာပါ။
၆ – နံပါတ် ၆ ဇီးကွက် ( Romantic ဆန်သူ )
သင်ဟာ နံပါတ် ၆ ဇီးကွက်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ တော်တော်လေးကို Romantic ဆန်တဲ့သူလို့ ပြောရမှာပါ။ သင်ဟာအတွင်းကြိတ် ခံစားတတ်သူတစ်ဦးလည်းဖြစ်ပြီး နာကျင်စရာရှိရင် တစ်ယောက်တည်း ချောင်မှာ ကြိတ်ငိုတတ်သူပါ။ တစ်ယောက်တည်း နေတတ်တာများပြီး သင့်ရဲ့ စိတ်ခံစားချက်ကို ဦးစားပေးတတ်သူလည်း ဖြစ်ပါတယ်။အချစ်ကြီးတတ်သူဖြစ်ပြီး တစ်ဦးတစ်ယောက်ကို ချစ်ခင်မိပြီဆိုရင်အဲဒီသူအပေါ် သင်ဘယ်တော့မှ သစ္စာဖောက်ဖို့ စဉ်းစားတော့မှာ မဟုတ်ပါဘူး။
၇ – နံပါတ် ၇ ဇီးကွက် ( ဆရာလုပ်တတ်သူ )
သင်ဟာ နံပါတ် ၇ ဇီးကွက်ကို ရွေးချယ်လိုက်ပြီဆိုရင်တော့ ကျောင်းဆရာ၊ ဆရာမ တစ်ယောက် ဒါမှမဟုတ် လူတွေကို ဆရာလုပ်ရတာ နှစ်သက်သူတစ်ဦးပါပဲ။ ဉာဏ်အလွန်ကောင်းသူဖြစ်ပြီး သတင်းအချက်အလက်တွေအများကြီး စုစည်းလေ့လာထားသူလည်း ဖြစ်ပါတယ်။ ဒီအချက်ကြောင့်သင်ဟာ သင့်ကိုယ်သင် ဘယ်တော့မှ နှိမ့်ချမှု ပြုလုပ်မှာမဟုတ်ပါဘူး။အမြဲလိုသင့်ကိုသင်အထင်ကြီးသူဖြစ်ပါတယ်။ ဒီအချက်ကြောင့်သင့်ရဲ့ ညံံံံ့ဖျင်းတဲ့အချက်အလက်ကို သင်ကိုယ်တိုင် သတိမပြုမိတော့ပဲ သင်ပြောလိုက်တဲ့စကားက ဘယ်အခြေအနေ ရောက်သွားတယ်ဆိုတာကိုလည်း မဆင်ခြင်နိုင်တာမျိုးတွေ ကြုံရတတ်ပါတယ်။
၈ – နံပါတ် ၈ ဇီးကွက် ( တိုက်ခိုက်တတ်သူ )
နံပါတ် ၈ ဇီးကွက်ကို ရွေးချယ်လိုက်တဲ့သင်က ဖိုက်တာတစ်ဦးပါပဲ။ သင်ဟာ ဘယ်လိုကိစ္စပဲ ကြုံကြုံအကြာကြီးငိုကြွေးနေမယ့်သူ မဟုတ်ပါဘူး။ ဖြစ်လာတဲ့ ကံကြမ္မာပေါ်မှာ တန်ပြန်တိုက်ခိုက်ပြီးအကောင်းဆုံးသော ဘဝရှေ့ရေးကို ဖန်တီးရယူတတ်သူဖြစ်ပါတယ်။အခြေအနေအားလုံးလိုလိုကိုအကောင်းမြင်ပေးတတ်ပြီး ပြဿနာတိုင်းမှာအဖြေရှိတယ်လို့ ခံယူထားသူတစ်ဦးပါ။ သင့်အနေနဲ့ စိတ်ပျက်အားငယ်နေတာကအချိန်ကုန်တယ်လို့ ခံယူထားသူတစ်ဦးလည်း ဖြစ်ပါတယ်။
၉ – နံပါတ် ၉ ဇီးကွက် ( ကောင်းကင်တမန် )
နံပါတ် ၉ ဇီးကွက်ကိုရွေးချယ်လိုက်တယ်ဆိုရင်တော့သင်ဟာ ပြောင်းလဲမှုအတွက်အမြဲလို တိုက်ခိုက်နေတတ်သူပါပဲ။ သင်ဟာ ကမ္ဘာကြီးအပေါ် ကောင်းကျိုးပြုချင်သူဖြစ်ပြီး ကောင်းကျိုးပြုသူတွေကိုလည်း နှစ်သက်သူဖြစ်ပါတယ်။ ပရဟိတသမားတစ်ဦးဖြစ်လေ့ရှိပြီးအများအကျိုးအတွက် ကိုယ်ကျိုးစွန့်လုပ်ကိုင်ပေးလေ့ ရှိပါတယ်။ တစ်ခြားသူတွေရဲ့ နာကျင်မှုကိုဝေမျှ ခံစားပေးတတ်ပြီး သူတို့ကို ကယ်တင်လို့ရသမျှ ကယ်တင်ပေးလေ့ရှိသူဖြစ်ပါတယ်။
Reference : steemit
ဇီးကြက္ပုံေလးေတြေ႐ြးခ်ယ္ၿပီး ကိုယ့္ရဲ႕ စိတ္ေနစိတ္ထား စမ္းသပ္ၾကည့္ရေအာင္
၁- နံပါတ္ ၁ ဇီးကြက္ (စိတ္အားထက္သန္သူ၊ စိတ္ျမန္သူ)
နံပါတ္ ၁ ဇီးကြက္ကို ေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ သင္ဟာ စိတ္အားထက္သန္ၿပီး စိတ္ျမန္တတ္သူပါပဲ။ သင့္အေနနဲ႔ ေန႔စဥ္လုပ္ေဆာင္ေနရတဲ့ လုပ္ငန္းေဆာင္တာေတြကေန ႐ုန္းထြက္ခ်င္ေနၿပီး သင့္အတြက္ ေန႔စဥ္လုပ္ငန္းေတြက စြန႔္စားမႈေတြလို႔ ခံစားေနရမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအက်င့္ေတြကပဲ သင့္အတြက္ ဘဝရဲ႕အႏွစ္သာရေတြျဖစ္ေနတာပါ။ စိန္ေခၚမႈေတြတိုင္းက သင့္အတြက္ ေရွ႕တိုးတက္ဖို႔ တက္လွမ္းစရာ ေလွကားထစ္ေတြ ျဖစ္လာပါလိမ့္မယ္။ လုပ္ေဆာင္စရာ ကိစၥေတြအတြက္ စိတ္ရွင္းရွင္းနဲ႔ ေျဖရွင္းမယ္ဆိုရင္အရာအားလုံးေအာင္ျမင္လာမွာျဖစ္ပါတယ္။
၂ – နံပါတ္ ၂ ဇီးကြက္ ( ယုံၾကည္မႈရွိသူ၊ လက္ေတြ႕က်သူ)
သင္ဟာ နံပါတ္ ၂ ဇီးကြက္ကို ေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ သင္ဟာ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈအျပည့္အဝရွိၿပီး လက္ေတြ႕က်သူပဲ ျဖစ္ပါတယ္။ သင့္ကို ဘဝႀကီးက ဘယ္လိုခက္ခဲတဲ့ စမ္းသပ္မႈေတြပဲ လာေပးေပး သင္ရင္ဆိုင္ ျဖတ္သန္းႏိုင္ပါလိမ့္မယ္။ သင့္အေနနဲ႔လည္း ေတြ႕ႀကဳံလာသမွ်အခက္အခဲေတြ စိန္ေခၚမႈေတြကို ညည္းျငဴေနမွာမဟုတ္ပဲ လာမယ့္ေဘး ေျပးေတြ႕တတ္သူျဖစ္ပါတယ္။ သင့္ရဲ႕အနာဂတ္ကိုလည္း သင္ကိုယ္တိုင္ပဲ ေကာင္းမြန္ေအာင္ ဖန္တီးယူႏိုင္သူလို႔ ဆိုရမွာပါ။
၃- နံပါတ္ ၃ ဇီးကြက္ ( ေတြးေခၚတတ္သူ )
နံပါတ္ ၃ ဇီးကြက္ကို ေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ သင္ဟာအေတြးအေခၚေကာင္းသူတစ္ဦးပါပဲ။ ဘယ္ကိစၥကိုမဆို တည္တည္ၿငိမ္ၿငိမ္ ဆုံးျဖတ္ေလ့ရွိၿပီး ကိုယ္ပိုင္အေတြးအေခၚနဲ႔သာ ဆုံးျဖတ္ေလ့ရွိသူလည္း ျဖစ္ပါတယ္။ လုပ္ငန္းတာဝန္တိုင္းကို ကိုယ္တိုင္လုပ္ကိုင္ရမွသာ စိတ္တိုင္းက်သူလည္း ျဖစ္ပါတယ္။ သင့္အေနနဲ႔ စကားေတြအမ်ားႀကီးေျပာေနတာကအခ်ိန္ျဖဳန္းျခင္းတစ္မ်ိဳးလို႔ ယူဆထားသူပါပဲ။
၄ – နံပါတ္ ၄ ဇီးကြက္
နံပါတ္ ၄ ဇီးကြက္ကို သင္ေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ သင့္ရဲ႕ ႐ုပ္သြင္ဟာ ေခ်ာေမာလွပတဲ့ သ႐ုပ္ေဆာင္တစ္ဦးနဲ႔ တူေနမွာျဖစ္ပါတယ္။ သင့္ရဲ႕ ပုံစံကိုၾကည့္ၿပီး တစ္ျခားသူေတြကအမွတ္ျပည့္ေပးၾကမွာပါ။ ဒါေပမယ့္ သူတို႔မသိတဲ့အခ်က္က သင့္ရဲ႕ ႐ုပ္ရည္အမူအရာနဲ႔ ဆန႔္က်င္ဘက္အတြင္းစိတ္ သင့္မွာ ရွိေနတာကိုပါပဲ။ ဒီေတာ့ သင့္ကိုအျမင္နဲ႔တင္ ႐ုပ္ေခ်ာသေဘာေကာင္းေလးအျဖစ္ သတ္မွတ္ထားသူေတြက သင့္ရဲ႕ တစ္ခ်ိဳ႕အမူအရာေတြကို သိျမင္သြားတဲ့အခါ ႐ုပ္ေလးနဲ႔မွမလိုက္လို႔ ေဝဖန္ၾကမွာပါ။ ဘာလို႔လည္း ဆိုေတာ့ သင္ဟာ ပုတ္သင္ညိဳေတြအေရာင္ေျပာင္းသလို သင့္ပတ္ဝန္းက်င္မွာ ေတြ႕ႀကဳံလာရတဲ့အျဖစ္အပ်က္ေပၚမူတည္ၿပီး ေျပာင္းလဲတုန႔္ျပန္ေလ့ရွိသူ ျဖစ္ေနလို႔ပါပဲ။
၅ – နံပါတ္ ၅ ဇီးကြက္ ( က်ိဳးေၾကာင္း ဆင္ျခင္ႏိုင္သူ )
နံပါတ္ ၅ ဇီးကြက္ကိုေ႐ြးခ်ယ္ထားတယ္ဆိုရင္ေတာ့ သင္ဟာ က်ိဳးေၾကာင္း ဆင္ျခင္ႏိုင္သူပဲျဖစ္ပါတယ္။ ဘယ္လိုကိစၥမ်ိဳးျဖစ္ေနပါေစ သင့္ရဲ႕အျပဳအမူကို သင္ထိန္းသိမ္းႏိုင္ၿပီး ဘာလုပ္ရင္ ဘာျဖစ္မယ္ဆိုတာကိုလည္း သင္ေကာင္းေကာင္း သိထားတာျဖစ္ပါတယ္။ သင့္ဘဝမွာအေရးႀကီးဆုံးက ေနာက္ဆုံးရလာမယ့္အက်ိဳးရလဒ္ပါပဲ။ သင့္အနာဂတ္မွာအက်ိဳးအျမတ္ထြက္မလာမယ့္ ကိစၥကို လုပ္မယ့္သူမဟုတ္ပါဘူး။ ဒီအခ်က္ကပဲ သင့္အတြက္အားနည္းခ်က္တစ္ခုလို႔လည္း ဆိုရမွာပါ။
၆ – နံပါတ္ ၆ ဇီးကြက္ ( Romantic ဆန္သူ )
သင္ဟာ နံပါတ္ ၆ ဇီးကြက္ကို ေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးကို Romantic ဆန္တဲ့သူလို႔ ေျပာရမွာပါ။ သင္ဟာအတြင္းႀကိတ္ ခံစားတတ္သူတစ္ဦးလည္းျဖစ္ၿပီး နာက်င္စရာရွိရင္ တစ္ေယာက္တည္း ေခ်ာင္မွာ ႀကိတ္ငိုတတ္သူပါ။ တစ္ေယာက္တည္း ေနတတ္တာမ်ားၿပီး သင့္ရဲ႕ စိတ္ခံစားခ်က္ကို ဦးစားေပးတတ္သူလည္း ျဖစ္ပါတယ္။အခ်စ္ႀကီးတတ္သူျဖစ္ၿပီး တစ္ဦးတစ္ေယာက္ကို ခ်စ္ခင္မိၿပီဆိုရင္အဲဒီသူအေပၚ သင္ဘယ္ေတာ့မွ သစၥာေဖာက္ဖို႔ စဥ္းစားေတာ့မွာ မဟုတ္ပါဘူး။
၇ – နံပါတ္ ၇ ဇီးကြက္ ( ဆရာလုပ္တတ္သူ )
သင္ဟာ နံပါတ္ ၇ ဇီးကြက္ကို ေ႐ြးခ်ယ္လိုက္ၿပီဆိုရင္ေတာ့ ေက်ာင္းဆရာ၊ ဆရာမ တစ္ေယာက္ ဒါမွမဟုတ္ လူေတြကို ဆရာလုပ္ရတာ ႏွစ္သက္သူတစ္ဦးပါပဲ။ ဉာဏ္အလြန္ေကာင္းသူျဖစ္ၿပီး သတင္းအခ်က္အလက္ေတြအမ်ားႀကီး စုစည္းေလ့လာထားသူလည္း ျဖစ္ပါတယ္။ ဒီအခ်က္ေၾကာင့္သင္ဟာ သင့္ကိုယ္သင္ ဘယ္ေတာ့မွ ႏွိမ့္ခ်မႈ ျပဳလုပ္မွာမဟုတ္ပါဘူး။အၿမဲလိုသင့္ကိုသင္အထင္ႀကီးသူျဖစ္ပါတယ္။ ဒီအခ်က္ေၾကာင့္သင့္ရဲ႕ ညံံံံ့ဖ်င္းတဲ့အခ်က္အလက္ကို သင္ကိုယ္တိုင္ သတိမျပဳမိေတာ့ပဲ သင္ေျပာလိုက္တဲ့စကားက ဘယ္အေျခအေန ေရာက္သြားတယ္ဆိုတာကိုလည္း မဆင္ျခင္ႏိုင္တာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။
၈ – နံပါတ္ ၈ ဇီးကြက္ ( တိုက္ခိုက္တတ္သူ )
နံပါတ္ ၈ ဇီးကြက္ကို ေ႐ြးခ်ယ္လိုက္တဲ့သင္က ဖိုက္တာတစ္ဦးပါပဲ။ သင္ဟာ ဘယ္လိုကိစၥပဲ ႀကဳံႀကဳံအၾကာႀကီးငိုေႂကြးေနမယ့္သူ မဟုတ္ပါဘူး။ ျဖစ္လာတဲ့ ကံၾကမၼာေပၚမွာ တန္ျပန္တိုက္ခိုက္ၿပီးအေကာင္းဆုံးေသာ ဘဝေရွ႕ေရးကို ဖန္တီးရယူတတ္သူျဖစ္ပါတယ္။အေျခအေနအားလုံးလိုလိုကိုအေကာင္းျမင္ေပးတတ္ၿပီး ျပႆနာတိုင္းမွာအေျဖရွိတယ္လို႔ ခံယူထားသူတစ္ဦးပါ။ သင့္အေနနဲ႔ စိတ္ပ်က္အားငယ္ေနတာကအခ်ိန္ကုန္တယ္လို႔ ခံယူထားသူတစ္ဦးလည္း ျဖစ္ပါတယ္။
၉ – နံပါတ္ ၉ ဇီးကြက္ ( ေကာင္းကင္တမန္ )
နံပါတ္ ၉ ဇီးကြက္ကိုေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့သင္ဟာ ေျပာင္းလဲမႈအတြက္အၿမဲလို တိုက္ခိုက္ေနတတ္သူပါပဲ။ သင္ဟာ ကမာၻႀကီးအေပၚ ေကာင္းက်ိဳးျပဳခ်င္သူျဖစ္ၿပီး ေကာင္းက်ိဳးျပဳသူေတြကိုလည္း ႏွစ္သက္သူျဖစ္ပါတယ္။ ပရဟိတသမားတစ္ဦးျဖစ္ေလ့ရွိၿပီးအမ်ားအက်ိဳးအတြက္ ကိုယ္က်ိဳးစြန႔္လုပ္ကိုင္ေပးေလ့ ရွိပါတယ္။ တစ္ျခားသူေတြရဲ႕ နာက်င္မႈကိုေဝမွ် ခံစားေပးတတ္ၿပီး သူတို႔ကို ကယ္တင္လို႔ရသမွ် ကယ္တင္ေပးေလ့ရွိသူျဖစ္ပါတယ္။
Reference : steemit
Be the first to comment