Facebook Comments Box
ဧပြီလ ၁၅ ရက်မှ ၂၄ ရက်အကြား မိုးတိမ်တောင်၊ မိုးကြိုးများပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်လာနိုင်

ဧပြီလ ၁၅ ရက်မှ ၂၄ ရက်အကြား မိုးတိမ်တောင်၊ မိုးကြိုးများပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်လာနိုင်...

ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသော အရှေ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်း (ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း) ဒေသများမှာ ဧပြီလ ၁၅ ရက်မှ ၂၄ ရက်အကြား မိုးတိမ်တောင်ဖြစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးရွာသွန်းခြင်း နှင့် မိုးသီးကြွေခြင်းဖြစ်စဉ်အချို့ ဖြစ်ပေါ်လာနိုင်ကြောင်း အိန္ဒိယ မိုးလေဝသဌာနမှ ထုတ်ပြန်ထားပါတယ်။ အခုလို နွေဦးကာလမှာ အမြဲတစေ ကြုံတွေ့ရတတ်တဲ့ မိုးတိမ်တောင် ရာသီဥတုမျိုး ဖြစ်ပါတယ်။
မိုးတိမ်တောင်ရဲ့ အစဟာ အပူချိန် မြင့်မားခြင်းဖြစ်ပါတယ်။ မတ်လ ၂၁ ရက်နေ့ ရာသီကူးပြောင်းချိန်ကစလို့ နေရောင်ခြည်ဟာ အီကွေတာနဲ့ ကျနော်တို့ နေထိုင်တဲ့ မြောက်ဘက်ခြမ်း ဒေသပေါ် တိုက်ရိုက် ကျရောက်ပါတယ်။ အပူကြောင့် လေ နဲ့ ရေဟာ ပွပြီး အထက်သို့ တက်ကြပါတယ်။ ဘင်္ဂလားရပ်ဝန်းမှာရှိနေတဲ့ ပူနွေးစိုစွတ်သော လေများဟာ အပူချိန်မြင့်မားမှုကြောင့် အထက်သို့ အလုံးအရင်းဖြင့် အလျှင်အမြန် ဆန်တက်ကြပါတယ်။ အပေါ်ရောက်တဲ့အခါ ငွေ့ရည်ပြန်ဖွဲ့ပြီး ရေခိုးရေငွေ့၊ ရေ၊ ရေခဲ တို့ စုပေါင်းပါဝင်တဲ့ မိုးတိမ်တောင်ကြီး ဖြစ်လာပါတော့တယ်။ (ပုံ)

မိုးတိမ်တောင်ကြီးထဲက ရေမှုန်၊ ရေစက်၊ ရေခဲတွေ အချင်းချင်း ပွတ်တိုက်ကြတဲ့အခါမှာတော့ လျှပ်စစ်ဓါတ်တွေ ဖြစ်ပေါ်လာကြပါတယ်။ အမဓါတ်ရှိတဲ့ လျှပ်စစ် (အီလက်ထရွန်) တွေဟာ မြေပြင်ရှိ (သို့မဟုတ်) မိုးတိမ်တောင်အတွင်းရှိ အဖိုဓါတ်များရှိရာသို့ စီးကူးကြတဲ့အချိန်မှာတော့ လျှပ်စီးလက်ခြင်း (တနည်း) မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လာရပါတယ်။
တခါ.. လျှပ်စစ်မိုးကြိုး ပစ်လွှတ်လိုက်ခြင်းကြောင့် မိုးတိမ်တောင်နဲ့ မြေပြင်အကြားက လေထုမှာ အပေါက် (လမ်းကြောင်း) တစ်ခု ဖြစ်သွားကြပါတယ်။ အဲ့ဒီ့ အပေါက်လမ်းကြောင်းထဲကို ဘေးပတ်ဝန်းကျင်မှ လေများ တိုးဝင်ပြိုဆင်းကြတဲ့အခါမှာတော့ အသံ ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ မိုးခြိမ်းသံ (တနည်း) မိုးကြိုးပစ်သံပါပဲ။ အဲ့ဒါကြောင့် မိုးကြိုးပစ်သံကို လျှပ်စီးလက်ပြီး အချိန်တစ်ခုကြာမှ ကြားရခြင်း ဖြစ်ပါတယ်။
မိုးကြိုးများ ပစ်ခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာများဖြစ်တဲ့ မိုးကြိုးထိမှန်ခြင်း၊ တောမီး၊ တောင်ယာမီးများ လောင်ကျွမ်းခြင်း၊ တောင်ပေါ်ဒေသများတွင် မိုးများ၍ မြေပြိုခြင်း အစရှိသည်တို့ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ပြင်ဆင်ထားဖို့ တိုက်တွန်းရေးသားလိုက်ပါတယ်။
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

ဧၿပီလ ၁၅ ရက္မွ ၂၄ ရက္အၾကား မိုးတိမ္ေတာင္၊ မိုးႀကိဳးမ်ားပစ္ျခင္း၊ မိုးသီးေႂကြျခင္းတို႔ ျဖစ္လာႏိုင္

ဘဂၤလားပင္လယ္ေအာ္ႏွင့္ ထိစပ္ေနေသာ အေရွ႕ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံအေနာက္ဘက္ ကမ္း႐ိုးတန္း (ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္ ႏွင့္ စစ္ကိုင္းတိုင္း) ေဒသမ်ားမွာ ဧၿပီလ ၁၅ ရက္မွ ၂၄ ရက္အၾကား မိုးတိမ္ေတာင္ျဖစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း၊ မိုး႐ြာသြန္းျခင္း ႏွင့္ မိုးသီးေႂကြျခင္းျဖစ္စဥ္အခ်ိဳ႕ ျဖစ္ေပၚလာႏိုင္ေၾကာင္း အိႏၵိယ မိုးေလဝသဌာနမွ ထုတ္ျပန္ထားပါတယ္။ အခုလို ေႏြဦးကာလမွာ အၿမဲတေစ ႀကဳံေတြ႕ရတတ္တဲ့ မိုးတိမ္ေတာင္ ရာသီဥတုမ်ိဳး ျဖစ္ပါတယ္။
မိုးတိမ္ေတာင္ရဲ႕ အစဟာ အပူခ်ိန္ ျမင့္မားျခင္းျဖစ္ပါတယ္။ မတ္လ ၂၁ ရက္ေန႔ ရာသီကူးေျပာင္းခ်ိန္ကစလို႔ ေနေရာင္ျခည္ဟာ အီေကြတာနဲ႔ က်ေနာ္တို႔ ေနထိုင္တဲ့ ေျမာက္ဘက္ျခမ္း ေဒသေပၚ တိုက္႐ိုက္ က်ေရာက္ပါတယ္။ အပူေၾကာင့္ ေလ နဲ႔ ေရဟာ ပြၿပီး အထက္သို႔ တက္ၾကပါတယ္။ ဘဂၤလားရပ္ဝန္းမွာရွိေနတဲ့ ပူေႏြးစိုစြတ္ေသာ ေလမ်ားဟာ အပူခ်ိန္ျမင့္မားမႈေၾကာင့္ အထက္သို႔ အလုံးအရင္းျဖင့္ အလွ်င္အျမန္ ဆန္တက္ၾကပါတယ္။ အေပၚေရာက္တဲ့အခါ ေငြ႕ရည္ျပန္ဖြဲ႕ၿပီး ေရခိုးေရေငြ႕၊ ေရ၊ ေရခဲ တို႔ စုေပါင္းပါဝင္တဲ့ မိုးတိမ္ေတာင္ႀကီး ျဖစ္လာပါေတာ့တယ္။ (ပုံ)

မိုးတိမ္ေတာင္ႀကီးထဲက ေရမႈန္၊ ေရစက္၊ ေရခဲေတြ အခ်င္းခ်င္း ပြတ္တိုက္ၾကတဲ့အခါမွာေတာ့ လွ်ပ္စစ္ဓါတ္ေတြ ျဖစ္ေပၚလာၾကပါတယ္။ အမဓါတ္ရွိတဲ့ လွ်ပ္စစ္ (အီလက္ထ႐ြန္) ေတြဟာ ေျမျပင္ရွိ (သို႔မဟုတ္) မိုးတိမ္ေတာင္အတြင္းရွိ အဖိုဓါတ္မ်ားရွိရာသို႔ စီးကူးၾကတဲ့အခ်ိန္မွာေတာ့ လွ်ပ္စီးလက္ျခင္း (တနည္း) မိုးႀကိဳးပစ္ျခင္းမ်ား ျဖစ္ေပၚလာရပါတယ္။
တခါ.. လွ်ပ္စစ္မိုးႀကိဳး ပစ္လႊတ္လိုက္ျခင္းေၾကာင့္ မိုးတိမ္ေတာင္နဲ႔ ေျမျပင္အၾကားက ေလထုမွာ အေပါက္ (လမ္းေၾကာင္း) တစ္ခု ျဖစ္သြားၾကပါတယ္။ အဲ့ဒီ့ အေပါက္လမ္းေၾကာင္းထဲကို ေဘးပတ္ဝန္းက်င္မွ ေလမ်ား တိုးဝင္ၿပိဳဆင္းၾကတဲ့အခါမွာေတာ့ အသံ ထြက္ေပၚလာပါတယ္။ အဲ့ဒါကေတာ့ မိုးၿခိမ္းသံ (တနည္း) မိုးႀကိဳးပစ္သံပါပဲ။ အဲ့ဒါေၾကာင့္ မိုးႀကိဳးပစ္သံကို လွ်ပ္စီးလက္ၿပီး အခ်ိန္တစ္ခုၾကာမွ ၾကားရျခင္း ျဖစ္ပါတယ္။
မိုးႀကိဳးမ်ား ပစ္ျခင္းေၾကာင့္ ေနာက္ဆက္တြဲ ျပႆနာမ်ားျဖစ္တဲ့ မိုးႀကိဳးထိမွန္ျခင္း၊ ေတာမီး၊ ေတာင္ယာမီးမ်ား ေလာင္ကြၽမ္းျခင္း၊ ေတာင္ေပၚေဒသမ်ားတြင္ မိုးမ်ား၍ ေျမၿပိဳျခင္း အစရွိသည္တို႔ ျဖစ္ေပၚလာႏိုင္တဲ့အတြက္ ႀကိဳတင္ကာကြယ္ျပင္ဆင္ထားဖို႔ တိုက္တြန္းေရးသားလိုက္ပါတယ္။
အနာဂတ္ ပညာေရးအတြက္..
သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box