Facebook Comments Box
နှစ်ဦးမင်္ဂလာခေါင်းဆေးယတြာ

နှစ်ဦးမင်္ဂလာခေါင်းဆေးယတြာ

ဒီနှစ်တော့ လွယ်ကူပြီး ဗာဟီရ မများတဲ့ နည်းလမ်းလေးသာပြောပြချင်ပါတယ်။နှစ်တိုင်းခေါင်းဆေးမင်္ဂလာ အတွက် တင်ပေးနေကျဖြစ်ပေမယ့် ဒီနှစ်တော့ အနည်းငယ်နောက်ကျပြီးမှပဲတင်နိုင်တဲ့အတွက် နားလည်ပေးစေချင် ပါတယ်။ စိတ်ထဲ နှလုံးသားထဲ နာကျင်မှုတွေများနေရင် အရာရာကိုစိတ်နှစ်ပြီးလုပ်ဖို့ခက်ခဲပါတယ်။
ကျွန်တော်မိတ်ဆွေတွေထဲမှာလဲ ကြိတ်မနိုင်ခဲမရဖြစ်မှုတွေ၊ ဒေါသဖြစ်ခံပြင်းစိတ်တွေဖြစ်နေကြမယ်လို့ထင် ပါတယ်။ဘုရားရှင်ရဲ့ မင်္ဂလသုတ္တံထဲကလို ‘’အတ္တသမ္မာ ပဏိဒိစ ဧတံမင်္ဂလ မုတ္တမံ’’တဲ့ ။အဓိပ္ပါယ်ကိုလူငယ်ဆန်ဆန် ပြောရရင်..ကိုယ့်ကိုယ်ကိုယ် ကောင်းစွာစောင့်ရှောက်ပါတဲ့..။ကျွန်တော်မိတ်ဆွေတွေလဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ပြီး ဒီကာလကို ဉာဏ်ရှိရှိကျော်ဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်။

ကဲ…စလိုက်ရအောင်။ နှစ်ဆန်းတစ်ရက်နေ့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းမှာ ဗုဒ္ဓဟူး/ရာဟုသားသမီး တွေဟာ အရှေ့မြောက်အရပ်ကိုမျက်နှာမူပါ။ လင်ဗန်းတစ်ချပ်ထဲ တရော်ကင်ပွန်းခေါင်းလျှော်ရည်ကိုဖောက်ထည့်ပါ ။ထိုလင်ဗန်းထဲမှာပဲ ဆောင်ပန်းအဖြစ် ပေါက်ပန်းဖြူ(သို့) မေမြို့ပန်း(သို့)မာလကာညွှန့် …(၁၉)ညွှန့်ထည့်ထားပါ။ ခေါင်းလျှော်တဲ့အခါ ထိုဆောင်ပန်းတွေကို ခေါင်းလျှော်ရေနှင့်အတူ ဦးခေါင်းကိုပွတ်လျှော်ပါ။ တစ်ချိန်ထဲမှာပဲ မိမိခြေဖဝါးအောက်မှာ ဆီး(၈)ညွှန့်ကို ခြေနှစ်ဖက်စလုံးနဲ့ ခြေစုံနင်းထားပါ။ ဆူးကြောက်ရင်တော့ ဖယ်လိုက်ပေါ့ဗျ။

ခေါင်းလျှော်ပြီးရေသန့်သန့်ခေါင်းဆေးပြီးတာနဲ့ ဆောင်ပန်းဖြစ်တဲ့ ပေါက်ပန်းဖြူ(သို့) မေမြို့ပန်း(သို့) မာလကာ ညွှန့်တွေကို မျက်နှာမူရာအရပ်ဖြစ်တဲ့ အရှေ့မြောက်အရပ်ကိုပဲစွန့်လိုက်ပါ။ နင်းကြမ်းဖြစ်တဲ့ ဆီးညွှန့်တွေကိုတော့ အနောက်မြောက်အရပ်ကိုပဲ လက်နဲ့တိုက်ရိုက်မထိဘဲ ညှပ်တစ်ခုခုနဲ့ ကိုင်ပြီး စွန့်ပစ်လိုက်ပါ။ ထိုနောက်ရေမိုးချိုးပြီး တော့ ဘုရားရှစ်ခိုးပါ။ပရိတ်ပဋ္ဌာန်းတွေရွတ်ပွားပါ။ ၃၁ဘုံကိုမေတ္တာပို့အမျှဝေပါ။အားလုံးပြီးမှ တစ်နှစ်လုံးကံကောင်း စေဖို့ ဆုတောင်းပါ။
အခြားနေ့သားတွေအတွက်တော့ အတိုချုံးပြီးရေးလိုက်ပါ။

တနင်္လာသားသမီးများ
လုပ်ရမည့်အချိန်…မနက် ၇နာရီခွဲ မှ ၉နာရီအတွင်း
မျက်နှာမူရာအရပ်….မြောက်အရပ်
ဆောင်ပန်း….ဇွန်ပန်း(သို့)စွယ်တော်ညွှန့်(သို့)ဆီး…၈ညွှန့်
နင်းကြမ်း….အုန်း ၆ ညွှန့်
နင်းကြမ်းစွန့်ရာအရပ်…အနောက်တောင်

စနေသားသမီးများ
လုပ်ရမည့်အချိန်…မနက်၉နာရီ မှ ၁၀နာရီခွဲအတွင်း
မျက်နှာမူရာအရပ်…တောင်အရပ်
ဆောင်ပန်း….အုန်း ၆ညွှန့်
နင်းကြမ်း…. သီဟို ၂၁ညွှန့်
နင်းကြမ်းစွန့်ရာအရပ်…မြောက်အရပ်

ကြာသပတေးသားသမီးများ
လုပ်ရမည့်အချိန်…မနက် ၁၀နာရီခွဲမှ မွန်းတည့် ၁၂နာရီအတွင်း
မျက်နှာမူရာအရပ်…အရှေ့အရပ်
ဆောင်ပန်း….သီဟိုညွှန့်(သို့)သစ္စာပန်း ၂၁ညွှန့်
နင်းကြမ်း….ရွက်လှ(သို့)ဝါး..၁၇ညွှန့်
နင်းကြမ်းစွန့်ရာအရပ်…အရှေ့မြောက်အရပ်

အင်္ဂါသားသမီးများ
လုပ်ရမည့်အချိန်…မွန်းတည့် ၁၂နာရီမှ မွန်းလွဲ ၁နာရီခွဲအတွင်း
မျက်နှာမူရာအရပ်…အနောက်တောင်အရပ်
ဆောင်ပန်း….ရွက်လှ ၁၇ညွှန့်
နင်းကြမ်း….ကြံညွှန့်(သို့)ကံကော်ညွှန့် ၁၅ညွှန့်
နင်းကြမ်းစွန့်ရာအရပ်…အနောက်အရပ်

တနင်္ဂနွေသားသမီးများ
လုပ်ရမည့်အချိန်…မွန်းလွဲ ၁နာရီခွဲမှ ညနေ ၃နာရီအတွင်း
မျက်နှာမူရာအရပ်…အနောက်အရပ်
ဆောင်ပန်း….ကြံညွှန့်(သို့)ကံကော်ညွှန့် ၁၅ညွှန့်
နင်းကြမ်း….ထန်း(သို့)ဒန်းညွှန့် ၁၀ညွှန့်
နင်းကြမ်းစွန့်ရာအရပ်…တောင်အရပ်

သောကြာသားသမီးများ
လုပ်ရမည့်အချိန်…ညနေ ၃နာရီမှ ညနေ၄နာရီခွဲအတွင်း
မျက်နှာမူရာအရပ်…အရှေ့တောင်အရပ်
ဆောင်ပန်း….နှင်းဆီ(သို့)ထန်းညွှန့် ၁၀ညွှန့်
နင်းကြမ်း…ပေါက်ပန်းဖြူ(သို့) မာလကာညွှန့် ၁၉ညွှန့်
နင်းကြမ်းစွန့်ရာအရပ်…အနောက်အရပ်
ဒီလောက်ဆိုရင်တော့ နားလည်သဘောပေါက်မယ်ထင်ပါတယ်။ခေါင်းဆေးမင်္ဂလာ ပြုလုပ်ပြီးတစ်နှစ်လုံး ကံကောင်းခြင်းတွေ မိမိဆီကျရောက်နိုင်ကြပါစေ..။ ။
ငြိမ်းအေးလူ

ႏွစ္ဦးမဂၤလာေခါင္းေဆးယၾတာ

ဒီႏွစ္ေတာ့ လြယ္ကူၿပီး ဗာဟီရ မမ်ားတဲ့ နည္းလမ္းေလးသာေျပာျပခ်င္ပါတယ္။ႏွစ္တိုင္းေခါင္းေဆးမဂၤလာ အတြက္ တင္ေပးေနက်ျဖစ္ေပမယ့္ ဒီႏွစ္ေတာ့ အနည္းငယ္ေနာက္က်ၿပီးမွပဲတင္ႏိုင္တဲ့အတြက္ နားလည္ေပးေစခ်င္ ပါတယ္။ စိတ္ထဲ ႏွလုံးသားထဲ နာက်င္မႈေတြမ်ားေနရင္ အရာရာကိုစိတ္ႏွစ္ၿပီးလုပ္ဖို႔ခက္ခဲပါတယ္။
ကြၽန္ေတာ္မိတ္ေဆြေတြထဲမွာလဲ ႀကိတ္မႏိုင္ခဲမရျဖစ္မႈေတြ၊ ေဒါသျဖစ္ခံျပင္းစိတ္ေတြျဖစ္ေနၾကမယ္လို႔ထင္ ပါတယ္။ဘုရားရွင္ရဲ႕ မဂၤလသုတၱံထဲကလို ‘’အတၱသမၼာ ပဏိဒိစ ဧတံမဂၤလ မုတၱမံ’’တဲ့ ။အဓိပၸါယ္ကိုလူငယ္ဆန္ဆန္ ေျပာရရင္..ကိုယ့္ကိုယ္ကိုယ္ ေကာင္းစြာေစာင့္ေရွာက္ပါတဲ့..။ကြၽန္ေတာ္မိတ္ေဆြေတြလဲ ကိုယ့္ကိုယ္ကိုယ္ ေစာင့္ေရွာက္ႏိုင္ၿပီး ဒီကာလကို ဉာဏ္ရွိရွိေက်ာ္ျဖတ္ႏိုင္မယ္လို႔ယုံၾကည္ပါတယ္။

ကဲ…စလိုက္ရေအာင္။ ႏွစ္ဆန္းတစ္ရက္ေန႔ မနက္ ၆နာရီကေန ၇နာရီခြဲအတြင္းမွာ ဗုဒၶဟူး/ရာဟုသားသမီး ေတြဟာ အေရွ႕ေျမာက္အရပ္ကိုမ်က္ႏွာမူပါ။ လင္ဗန္းတစ္ခ်ပ္ထဲ တေရာ္ကင္ပြန္းေခါင္းေလွ်ာ္ရည္ကိုေဖာက္ထည့္ပါ ။ထိုလင္ဗန္းထဲမွာပဲ ေဆာင္ပန္းအျဖစ္ ေပါက္ပန္းျဖဴ(သို႔) ေမၿမိဳ႕ပန္း(သို႔)မာလကာၫႊန႔္ …(၁၉)ၫႊန႔္ထည့္ထားပါ။ ေခါင္းေလွ်ာ္တဲ့အခါ ထိုေဆာင္ပန္းေတြကို ေခါင္းေလွ်ာ္ေရႏွင့္အတူ ဦးေခါင္းကိုပြတ္ေလွ်ာ္ပါ။ တစ္ခ်ိန္ထဲမွာပဲ မိမိေျခဖဝါးေအာက္မွာ ဆီး(၈)ၫႊန႔္ကို ေျခႏွစ္ဖက္စလုံးနဲ႔ ေျခစုံနင္းထားပါ။ ဆူးေၾကာက္ရင္ေတာ့ ဖယ္လိုက္ေပါ့ဗ်။

ေခါင္းေလွ်ာ္ၿပီးေရသန႔္သန႔္ေခါင္းေဆးၿပီးတာနဲ႔ ေဆာင္ပန္းျဖစ္တဲ့ ေပါက္ပန္းျဖဴ(သို႔) ေမၿမိဳ႕ပန္း(သို႔) မာလကာ ၫႊန႔္ေတြကို မ်က္ႏွာမူရာအရပ္ျဖစ္တဲ့ အေရွ႕ေျမာက္အရပ္ကိုပဲစြန႔္လိုက္ပါ။ နင္းၾကမ္းျဖစ္တဲ့ ဆီးၫႊန႔္ေတြကိုေတာ့ အေနာက္ေျမာက္အရပ္ကိုပဲ လက္နဲ႔တိုက္႐ိုက္မထိဘဲ ညႇပ္တစ္ခုခုနဲ႔ ကိုင္ၿပီး စြန႔္ပစ္လိုက္ပါ။ ထိုေနာက္ေရမိုးခ်ိဳးၿပီး ေတာ့ ဘုရားရွစ္ခိုးပါ။ပရိတ္ပ႒ာန္းေတြ႐ြတ္ပြားပါ။ ၃၁ဘုံကိုေမတၱာပို႔အမွ်ေဝပါ။အားလုံးၿပီးမွ တစ္ႏွစ္လုံးကံေကာင္း ေစဖို႔ ဆုေတာင္းပါ။
အျခားေန႔သားေတြအတြက္ေတာ့ အတိုခ်ဳံးၿပီးေရးလိုက္ပါ။

တနလၤာသားသမီးမ်ား
လုပ္ရမည့္အခ်ိန္…မနက္ ၇နာရီခြဲ မွ ၉နာရီအတြင္း
မ်က္ႏွာမူရာအရပ္….ေျမာက္အရပ္
ေဆာင္ပန္း….ဇြန္ပန္း(သို႔)စြယ္ေတာ္ၫႊန႔္(သို႔)ဆီး…၈ၫႊန႔္
နင္းၾကမ္း….အုန္း ၆ ၫႊန႔္
နင္းၾကမ္းစြန႔္ရာအရပ္…အေနာက္ေတာင္

စေနသားသမီးမ်ား
လုပ္ရမည့္အခ်ိန္…မနက္၉နာရီ မွ ၁၀နာရီခြဲအတြင္း
မ်က္ႏွာမူရာအရပ္…ေတာင္အရပ္
ေဆာင္ပန္း….အုန္း ၆ၫႊန႔္
နင္းၾကမ္း…. သီဟို ၂၁ၫႊန႔္
နင္းၾကမ္းစြန႔္ရာအရပ္…ေျမာက္အရပ္

ၾကာသပေတးသားသမီးမ်ား
လုပ္ရမည့္အခ်ိန္…မနက္ ၁၀နာရီခြဲမွ မြန္းတည့္ ၁၂နာရီအတြင္း
မ်က္ႏွာမူရာအရပ္…အေရွ႕အရပ္
ေဆာင္ပန္း….သီဟိုၫႊန႔္(သို႔)သစၥာပန္း ၂၁ၫႊန႔္
နင္းၾကမ္း….႐ြက္လွ(သို႔)ဝါး..၁၇ၫႊန႔္
နင္းၾကမ္းစြန႔္ရာအရပ္…အေရွ႕ေျမာက္အရပ္

အဂၤါသားသမီးမ်ား
လုပ္ရမည့္အခ်ိန္…မြန္းတည့္ ၁၂နာရီမွ မြန္းလြဲ ၁နာရီခြဲအတြင္း
မ်က္ႏွာမူရာအရပ္…အေနာက္ေတာင္အရပ္
ေဆာင္ပန္း….႐ြက္လွ ၁၇ၫႊန႔္
နင္းၾကမ္း….ႀကံၫႊန႔္(သို႔)ကံေကာ္ၫႊန႔္ ၁၅ၫႊန႔္
နင္းၾကမ္းစြန႔္ရာအရပ္…အေနာက္အရပ္

တနဂၤေႏြသားသမီးမ်ား
လုပ္ရမည့္အခ်ိန္…မြန္းလြဲ ၁နာရီခြဲမွ ညေန ၃နာရီအတြင္း
မ်က္ႏွာမူရာအရပ္…အေနာက္အရပ္
ေဆာင္ပန္း….ႀကံၫႊန႔္(သို႔)ကံေကာ္ၫႊန႔္ ၁၅ၫႊန႔္
နင္းၾကမ္း….ထန္း(သို႔)ဒန္းၫႊန႔္ ၁၀ၫႊန႔္
နင္းၾကမ္းစြန႔္ရာအရပ္…ေတာင္အရပ္

ေသာၾကာသားသမီးမ်ား
လုပ္ရမည့္အခ်ိန္…ညေန ၃နာရီမွ ညေန၄နာရီခြဲအတြင္း
မ်က္ႏွာမူရာအရပ္…အေရွ႕ေတာင္အရပ္
ေဆာင္ပန္း….ႏွင္းဆီ(သို႔)ထန္းၫႊန႔္ ၁၀ၫႊန႔္
နင္းၾကမ္း…ေပါက္ပန္းျဖဴ(သို႔) မာလကာၫႊန႔္ ၁၉ၫႊန႔္
နင္းၾကမ္းစြန႔္ရာအရပ္…အေနာက္အရပ္
ဒီေလာက္ဆိုရင္ေတာ့ နားလည္သေဘာေပါက္မယ္ထင္ပါတယ္။ေခါင္းေဆးမဂၤလာ ျပဳလုပ္ၿပီးတစ္ႏွစ္လုံး ကံေကာင္းျခင္းေတြ မိမိဆီက်ေရာက္ႏိုင္ၾကပါေစ..။ ။
ၿငိမ္းေအးလူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box