Facebook Comments Box
ဧပြီလ 2021 အတွက် (၁) လစာဟောစတမ်း

တနင်္ဂနွေ သားသမီးများအတွက်.
ဒီကာလမှာ မထင်မှတ်ဘဲ ခရီးသွားရမည်။ ကောင်းတဲ့ခရီး၊ ဘုရားဖူးခရီးတွေ သွားရတတ်ပါတယ်။ ရပ်ဝေးနဲ့ပတ်သပ်တဲ့ အခြေအနေသစ်၊ အဆက်အသွယ်ကောင်းတွေ ရတတ်သည်။
ပညာရေးမှာ စိတ်မဝင်စားပဲ ဖြစ်နေတတ်သည်။ ဆရာသမား မိတ်ဆွေရင်းတွေအတွက် စိတ်ညစ်ရတတ်သည်။
လက်ဆေးဇလုံဟောင်း၊ လျှက်ဆားပုလင်းဟောင်းတွေ အိမ်ရှေ့ခန်း၊ ဧည့်ခန်း၊ ဘုရားခန်းတွေမှာ ရောက်နေတတ်ပါတယ်။
ရှိရင်စွန့်ပစ်လိုက်ပါ။ မဟုတ်ရင် လာဘ်ပိတ်တတ်ပါတယ်။
အဖိုးတန်စက်ပစ္စည်း၊ ဇိမ်ခံပစ္စည်း ဝင်မယ်။ ဝင်ရင်အကျိုးပေးမယ်။ ငွေကြေး မရှိလို့ကြပ်တည်းတာမျိုးတော့မဟုတ် ရှိလျှက်နှင့် အဆင်မပြေဖြစ်တတ်သည်။
အလုပ်မှာ ငွေမြုပ်နေတာ၊ သူတပါးစီက ငွေပြန်မရတာ၊ ဝင်လာမယ့်ငွေက အကြောင်းအမျိုးမျိုးနဲ့ လွှဲချော်နေတာ ဒီကာလမျိုးပါပဲ။ မထင်မှတ်ထားတဲ့စီကငွေဝင်လာမယ်။
အလုပ်မှာ အပြိုင်အဆိုင်တွေ အတိုက်အခံတွေ့ရတတ်တယ်။ ကူညီမလိုနဲ့ ဒုက္ခပေးမယ့်သူနဲ့ဆုံရတတ်တယ်။
ဝန်ထမ်းများ အလုပ်နေရာ ၊ ရာထူးထိခိုက်မတတ် ပြသနာပေါ်တတ်သည်။ အထူးသတိပြုပါ။ အပူလောင်တာ၊ ဓါတ်လိုက်တာ မတော်တဆထိခိုက်တာမျိုး ကြုံရတတ်ပါတယ်။
အချစ်ရေး နီးတကျက်ကျက်၊ ဝေးတသက်သက် ဆိုတာလိုဖြစ်နေမယ်။
အိမ်ထောင်ရေး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပဲ။
အကျိုးပေး နံပတ် ၆.၃ ဖြစ်ပါတယ်။
အကျိုးပေးအရောင်မှာ အပြာရောင်ဖြစ်ပါတယ်။
ယတြာ- အခက်ခဲပြေပျောက်ပြီး ကောင်းကျိုးချမ်းသာများ ရရှိလာစေဖို့ ဘုရား သောကြာထောင့်တွင် ရွက်လှ(၃)ညွှန့် လှူဒန်းပြီးဆုတောင်းပါလေ။

တနင်္လာ သားသမီးများအတွက်
ဒီကာလမှာ အောက်လက်ငယ်သား အကျိုးပေးမယ်။ နိုင်ငံခြား လူမျိုးခြား ကူညီမစမှု ရမယ်။ မထင်မှတ်ပဲ ငွေအလုံးအရင်းနဲ့ဝင်မယ်။ ဝင်ရင် ၂ ကြိမ်ဝင်မယ်။
အိမ်မှာ အဖိုးမတန်ဘူးဆိုပြီး သိမ်းထားတဲ့ကျောက်ရှိမယ် သိမ်ထားလိုက်ပါ။ ကံကောင်းစေပါတယ်။
ကျန်းမာရေး အညံ့ကြုံတတ်တယ်။ ရေချိုးမှားတတ်တယ်။ ဦးခေါင်းကို လေရိုက်သလို မူးတတ်တယ်။ ဂရုစိုက်ပါ။ ရွှေထည်ပစ္စည်း ထွက်တတ်သည်။
ခြေထောက်မှာ ဗွေပါတယ်ဆိုတဲ့ အချိန်ပါပဲ။ ယာယီ ခရီးများနေမယ်။ ကောင်းသောသတင်းကြားရတတ်တယ်။
စီးပွားရေး အလုပ်မှာ အပြိုင်အဆိုင် အတိုက်အခံတွေ့တတ်တယ်။ အထက်လူကြီး၊ အကြီးအကဲ အနှောက်အယှက်ပေးတတ်တယ်။
စက်ပစ္စည်း ဆန်၊ဆီ ၊ဆေး၊ဆား ၊အရောင်းအဝယ်နဲ့ စပ်တူလုပ်ငန်းများ အကျိုးပေးမယ်။ ခင်မင်ရတဲ့ မိတ်ဆွေ၊ ဆရာသမားအတွက် စိတ်ညစ်ရတတ်တယ်။
အချစ်ရေး အဆင်ပြေချော့မွေ့တဲ့ ကာလဖြစ်တယ်။ တစ်သီးထက်မက ရွေးချယ်စရာတွေ တွေ့တတ်တယ်။ သာယာကြည်နူးစရာအချစ်ရေး ဖြစ်ပါလိမ့်မယ်။
အိမ်ထောင်ရေး၊ မိသားစုရေး တစ်ယောက်တစ်ပေါက်ဆိုတာလိုဖြစ်နေမယ်။
အကျိုးပေး နံပတ် ၇.၂.၆ ဖြစ်ပါတယ်။
အကျိုးပေးအရောင်မှာ နက်ပြာရောင်ဖြစ်ပါတယ်။
ယတြာ- အခက်ခဲပြေပျောက်ပြီး ကောင်းကျိုးချမ်းသာများ ရရှိလာစေဖို့ အိမ်ဘုရားတွင် ဒိန်ချဉ်(၂) ခွက်ကပ်လှူပြီးဆုတောင်းပါ။

အင်္ဂါ သားသမီးများအတွက်
ဒီကာလအတွင်းအလုပ်ခွင်ထဲမှာပါးနပ်ဖို့လိုပါတယ်။အားနာတတ်လို့ကတော့အလုပ်တွေပုံနေတတ်ပါ တယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ သူများခိုင်းလဲမိမိအလုပ်မပြီးသေးဘဲမလုပ်လိုက်ပါနဲ့။ ဘာလုပ်လုပ် အမြော်အမြင်ကြီးစွာ လုပ် တတ်ဖို့လိုပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု မလွန်ကဲစေနဲ့။ အနုစိပ်လုပ်ရတဲ့အလုပ် တွေအပေါ်မှာစိတ်နှစ်ထား နိုင်ဖို့လိုပါတယ်။ ခေါင်းစားရတဲ့အလုပ်တွေ၊ တာဝန်ကြီးတဲ့အလုပ်တွေလုပ်ကိုင်နေရ တာကြောင့်စိတ်ပန်းလူပန်း ဖြစ်ရတတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေသေချာစစ်ဆေးပြီးမှဆောင်ရွက်ပါ။ အမှုအခင်းနဲ့ ပတ်သက်သောကိစ္စ ရပ် များကို အာမခံပေးခြင်း၊သက်သေလိုက်ပေးခြင်းများ စဉ်းစားဆင်ခြင်ပြီးမှဆောင်ရွက်လုပ် ကိုင်သင့်ပါတယ်။ ကြာ မြင့် နေ ပြီဖြစ်တဲ့ပစ္စည်းအဟောင်းအစုတ်တွေရှိရင်ရောင်းထုတ်လိုက်တာပိုကောင်းပါတယ်။ လမ်းဟောင်းမလိုက်ဘဲ လမ်းသစ် စဉ်စားပါ။ short cut သဘောမျိုး ဖြတ်လမ်းနဲ့အဆင်ပြေနိုင်မဲ့ ကိစ္စမျိုးကိုလုပ်ကိုင် ဆောင်ရွက်စေချင်ပါ တယ်။အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူက မိမိကိုဖေးမကူညီပါလိမ့်မယ်။ မိမိအရေးကိစ္စတွေ ကိုတတ်နိုင်တဲ့ ငွေအား၊ လူအားနဲ့ကူညီပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့တကျက်ကျက်ဖြစ်လွယ်ပါတယ်။ လူမှု ရေးကိစ္စတွေ မှာလဲ ရန်များနေနိုင်တာကိုတွေ့ရပါတယ်။ပညာရေးမှာအတွက်အချက်ပိုင်းအားနည်းနေမည်။

ဗုဒ္ဒဟူး သားသမီးများအတွက်
ဒီကာလအတွင်းအလုပ်တွေကိုကောင်းစွာ ဦးဆောင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။အချိန်တိုအတွင်း မိမိလုပ်ချင် တာတွေပြီးဆုံးအောင်လုပ်သွားနိုင်ပါလိမ့်မယ်။ စိတ်ထဲရည်ရွယ်ထားသမျှ လက်တွေ့မှာအကောင်အထည်ဖော်သွား နိုင်မဲ့ကာလပါပဲ။ ရှေ့ထွက်ဆောင်ရွက်ခြင်းများ၊ လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်စိတ်နဲ့ကြိုးစားခြင်းများကဒီကာလ မှာ လူကြီးတွေရဲ့မျက်စိကျခြင်းကိုရရှိပါလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များအဆင်မပြေတာရှိရင်တော့ ဖခင်ဆီက အကြံ ဉာဏ်ယူတိုင်ပင်ကြည့်လိုက်ပါ။အိမ်တွင်းရေးမိသားစုအရေးကိစ္စများ အဆင်ပြေစိတ်ချမ်းသာရပါလိမ်မယ်။ မိမိသွား လိုတဲ့ခရီးတွေသွားခွင့်ကြုံရတတ်ပါတယ်။အလုပ်တွေနဲ့ပတ်သက်ပြီးထပ်ချဲ့မယ်ဆိုရင်လဲဒီကာလမှာ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးခက်ခဲနေတာမျိုးရှိနေရင်လဲပြေလည်မှုတွေ ရသွား တတ် ပါတယ်။ ကိုယ်စွမ်းကိုယ်စတို့ကို စနစ်တကျ အသုံးချနိုင်ပြီး ဆောင်ရွက်သမျှ အခြားသူတို့ထက်ပို၍ ထိထိမိမိ ထွန်းပေါက်အောင် ဆောင်ရွက်နိုင်သော အချိန်ကာလဖြစ်ပါသည်။ ကျန်းမာရေးကတော့ အနည်းငယ်အားနည်းပေမဲ့ ကုသ လွယ်တဲ့ရောဂါပဲဖြစ်ပါလိမ့်မယ်။ အချစ်ရေးအတွက်စိတ်ချမ်းသာရပါလိမ့်မယ်။ ချစ်သူရဲ့အထင်ကြီး အားကိုး ခြင်းကိုခံရပါလိမ့်မယ်။အိမ်ထောင်ရေး မှာတော့အနည်းငယ်သဘောထားကွဲလွဲစရာတွေဖြစ်ရတတ်ပါတယ်။ ပညာ ရေး အလွန်ကောင်းနေမည်။

ကြာသပတေး သားသမီးများအတွက်
ဒီကာလအတွင်းမိမိအတွက်ကောင်းသောအယူအဆစိတ်ကူးတွေတွေးမိစိတ်ကူးမိနေတတ်ပါတယ်။ အကြံ ကောင်းတစ်ချက်ကြောင့်ပဲ အရမ်းအဆင်ပြေသွားကြသူတွေတွေ့ဖူးပါလိမ့်မယ်။ မိမိရတဲ့အကြံဉာဏ်တွေကိုကောင်း စွာအသုံးချတတ်ဖို့လိုအပ်ပါတယ်။ လူချစ်လူခင်များနေတတ်ပါတယ်။ မိမိကိုကူညီမဲ့သူတွေရှိနေတတ်ပါတယ်။ ငွေ ကြေးကိစ္စများ ပြောဆိုဆောင်ရွက်လို့ကောင်းပါတယ်။ တန်ဖိုးထားစရာလက်ဆောင်ပစ္စည်းများလဲ ရလာတတ်ပါ တယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့လက်တွဲညီညီလုပ်ကိုင်နိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်စီး ပွားရေးများ ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင်တော့ ဒီလိုရက်တွေမှာအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ကားဝယ်ခြင်း၊ကားရောင်း ခြင်း၊အလဲအထပ်လုပ်ခြင်းများဒီကာလမှာလုပ်သင့်ပါတယ်။ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ အားရစရာ ကောင်း ပါတယ်။ ကျန်းမာရေးညံ့နေသူတောင် နလန်ပြန်ထူလာမဲ့ကာလပါပဲ။ဒါပေမယ့် မတော်တဆ ထိခိုက်မှု အန္တရာယ် သတိရှိပါ။ ယာဉ်၊ ကားများကို ဂရုတစိုက်ကိုင်တွယ်မောင်းနှင်ပါ။ အချစ်ရေးအထူးကောင်းတယ်။ ချစ် ရသူနဲ့ ကြည်နူး ရမဲ့ အချိန်ကာလပါပဲ။ ချစ်သူမရသေးသူများချစ်သူသစ်ရလွယ်ပါတယ်။ အိမ်ထောင်ရေးကတော့ သင့် နေပါတယ်။ အိမ်တွင်းရေးကိစ္စတွေပြေလည်မည်။ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ မိမိရဲ့သင်ယူနိုင်စွမ်းကြောင့် အဆင်ပြေပါ လိမ့်မယ်။

သောကြာ သားသမီးများအတွက်
ဒီကာလအတွင်းမိမိအတွက် သတိပေးစေချင်တာကဒေါသမကြီးလိုက်ပါနဲ့။ ဒေါသကြောင့် အမှားတွေကို ထပ်ခါထပ်ခါကျူးလွန်မိတတ်ပါတယ်။ ဒေါသဖြစ်လာပြီဆို ချက်ချင်းမတုန့်ပြန်လိုက်ပါနဲ့။ အချိန်ယူစဉ်းစားပြီးမှပဲ လုပ်ကိုင်ဆောင်ရွက်ပါ။ စွန့်စားလုပ်ကိုင်ရမဲ့ကိစ္စတွေကိုဒီကာလမလုပ်ပါနဲ့။ သူဋ္ဌေးဖြစ် ခွေးဖြစ်လုပ်ရမဲ့ကိစ္စတွေကို လုံးဝမလုပ်လိုက်ပါနဲ့။ အလေအလွင့် အပျောက်အရှများမည်။ ကိုယ်တိုင်လုပ်ဆောင်သောကိစ္စများတွင် အဆင်ပြေမှု များရှိမည်။ သူတစ်ပါးအားလွှဲအပ်လုပ်ကိုင်မှုများမှ အချိန်နှောင့်နှေးခြင်းများ ဖြစ်ပေါ်မည်။ အလုပ်တွေနဲ့ ပတ် သက်ပြီး တတ်နိုင်သမျှကိုယ်တိုင်လုပ်ပါ။ အသေးအမွှားကိစ္စလောက်ပဲ တစ်ပါးသူတွေကိုခိုင်းစေလိုက်ပါ။ ခရီးတွေ မလို အပ်ရင်မသွားလိုက်ပါနဲ့။ ငွေကံကတော့ကောင်းနေတတ်ပါတယ်။ အဘက်ဘက်ကငွေဝင်စရာအကြောင်းတရားတွေပေါ်လာတတ်ပါတယ်။ အကြွေးတွေရစရာရှိရင် ပြန်တောင်းခံလို့ ကောင်းတဲ့နေ့ရက်တွေလဲဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကို မိမိကကူညီရတာများမဲ့ကာလပါ။ သတိထားရမဲ့အချက်က အလျင်လိုရင်အနှေး ဖြစ်တတ်ပါတယ်။ ကြိုတင်စီမံထားရင်လဲ လွဲတတ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့နည်းပါတယ်။ အချစ်ရေးကံ အလွန်ကောင်းပါတယ်။ ချစ်သူဆီကအကူအညီတွေရရှိ တတ်ပါတယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရပါ လိမ့် မယ်။ ပညာရေးအနည်းငယ် ညံ့နေတဲ့ကာလပါပဲ။

စနေ သားသမီးများအတွက်
ဒီကာလအတွင်း မိမိအတွက် အဆင်ပြေအောင်မြင်မဲ့လမ်းစကိုရလာတတ်ပါတယ်။ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနိုင်တဲ့နေ့ရက်တွေပဲဖြစ်ပါတယ်။ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားသူများ ပိုမိုအဆင်ပြေအောင်မြင်တတ်ပါတယ်။ မိမိ ပင်ပန်းရကျိုးနပ်မဲ့ကာလတွေပါပဲ။ ကိုယ်ပိုင်စီးပွားဖြစ်စေ၊ လခစားဝန်ထမ်းဖြစ်စေ အတိုက်အခိုက်ရန်သူ ပေါ များနေ တတ်တာကိုတော့ တွေ့ရပါတယ်။ ဒါကြောင့်ဒီကာလတွေမှာတော့ ခြေလှမ်းမမှားဖို့လိုပါတယ်။ ပျက်နေသော ပစ္စည်းများကို ပြင်ဆင်ရာမှ အတောမသက် ငွေကုန်ကိန်းများ ဖြစ်ပေါ်မည်။ အသက်အရွယ်ကြီးသူများ၏ ကျန်းမာ ရေး အတွက် စိတ်ပင်ပန်းရမည်။ ကိုယ်ပိုင် စီးပွား များ အလုပ်တွေတိုးလာတတ်ပါတယ်။ ဒါကြောင့်ပဲ မိမိအပေါ် လုပ်ငန်း တူတွေရဲ့တိုက်ခိုက်ခြင်း ကိုလဲခံရတတ် ပါ တယ်။ တစိမ်းလိင်မတူသူတွေနဲ့ ဆင်ခြင်နေထိုင်လိုက်ပါ။ စွပ်စွဲ ပြောဆိုသမုတ်ခြင်းမျိုးခံရတတ်လို့ပါပဲ။ ကျန်းမာ ရေးအညံ့အတော်လေးကင်းသွားပါလိမ့်မယ်။ ပါးစပ်ပျက်ပြီး စား သောက်တာအရသာမတွေ့သူများ စားဝင်အိပ်ပျော်မဲ့အချိန် ကာလကိုရောက်နေပါပြီ။အချစ်ရေးမှာတော့ အချစ်စစ် လား၊ဒါမှမဟုတ်တစ်ခုခုလိုလားလို့ချဉ်းကပ်တာလားဆိုတာ ကိုခွဲခြားသိတတ်ဖို့လိုပါတယ်။ အိမ်ထောင်ရေးမှာ တော့ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ အိမ်ထောင် ရေးသာယာ စိတ်ချမ်းသာရပါလိမ့်မယ်။ ပညာရေးမှာတော့ မိမိ ကိုယ်တိုင်ထိုးထွင်းဉာဏ်ရှိဖို့လိုပါတယ်။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box