ရုတ်တရက် ချမ်းသာကြွယ်ဝခြင်းကို ဖြစ်စေသော လက္ခဏာများ
လှံထမ်းလာတာကို မြင်ရပေမယ့် ကံထမ်းလာတာကို မမြင်ရဘူး” ဆိုတဲ့စားကားပုံလိုပါဘဲ ကျွန်ုပ်တို့ဘဝတွေဟာလည်း အမြဲကံညံ့နေတာမဟုတ်ပါဘူး၊ တစ်ချိန်ချိန်မှာတော့ ကံထပြီး မထင်မှတ်ထားတဲ့ ကောင်းခြင်းအကြောင်းအရာတွေဖြစ်ပေါ်ပြီး မထင်ထားလောက်အောင် ချမ်းသာကြွယ်ဝသွားတာ၊ ရာထူးရာခံတွေ အထွဋ်အထိပ်ကိုရောက်တယ်ဆိုတဲ့ ကံတရားဟာလည်း မျှော်လင့်ချက်တစ်ခုဖြစ်တယ်။ ဒီကံတရားမျိုး မိမိလက်ဖဝါးပြင်မှာ ပါသလား၊ ပါရင်လည်း ဘယ်အချိန်ဘယ်ကာလမှာ ပါသလည်း ဆိုတဲ့ အချက်တွေကို လက္ခဏာပညာကို အထူးလေ့လာသုတေသနပြုသူဆရာများနှင့် သေချာပြသ စစ်ဆေးကြည့်ရင် သိနိုင်ပါတယ်။ အောက်မှာတော့ ရုတ်တရက် မမျှော်လင့်ဘဲ ကံကောင်းပြီး အထွဋ်အထိပ်ကို ရစေတဲ့ အမှတ်အသားများစွာရှိတဲ့အထဲက အချို့ကို ကောက်နုတ်တင်ပြလိုပါတယ်။
(ပုံ-၁) ထီပေါက်စေသော အမှတ်အသားများ
ဒီအမှတ်အသားကတော့ ထီပေါက်စေတဲ့ အမှတ်အသားများလို့ဆိုပါတယ်။ လက်ကောက်ရစ်ပေါ်မှာ တြိဂံ၊ကြက်ခြေ၊ကြယ် ဆိုတဲ့ အမှတ်အသားတွေပါရှိရင်တော့ လက္ခဏာရှင် ထီပေါက်မယ်လို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။ ဒီနေရာမှာ ကြက်ခြေအမှတ်အသားဟာ ကောင်းတဲ့သဘောဖြစ်နေတတ်ပါတယ်။ ကြယ်အမှတ် အသားကတော့ လိုင်း ၃ လိုင်းဖြတ်လို့ ဖြစ်ပေါ်တဲ့ ကြယ်နဲ့ လိုင်း ၄ လိုင်းဖြစ်ပြီး ဖြစ်ပေါ်တဲ့ ကြယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ၃ လိုင်းကြယ်ဆိုရင်တော့ သင့်တင့်အောင်လောက်သာဖြစ်တတ်ပြီး ၄ လိုင်းကြယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆုကြီးပေါက် တတ်တယ်လို့ ဆိုပါတယ်။ ထီပေါက်ဖို့ဆိုတာ မူလကံလမ်းကြောင်းလည်း ကောင်းဖို့လိုသလို အောင်မြင်ရေးလမ်းကြောင်း၊ လက်ပုံစံဆို့လည်း ကောင်းမွန်ရမှာပါ။ ဒီအချက်တွေပြည့်စုံရင်တော့ စနစ်တကျအသက်တိုင်းတာပြီး ထီဆုကြီးပေါက်မယ့် အချိန်တစ်ခုကို ပြောပြနိုင်ပါလိမ့်မယ်။ ဒါဟာ လက္ခဏာပညာရဲ့ တိကျတဲ့ သုတေသနရလဒ်တွေဖြစ်ပါတယ်။ (ပုံ-၁)
(ပုံ-၂) ထီပေါက်သလိုငွေအစုလိုက်ရရှိနိုင်သော တြိဂံလေး
ဒီအမှတ်အသားကတော့ အသက်လမ်းကြောင်းနဲ့ ဦးခေါင်းလမ်းကြောင်းကြားမှဖြစ်ပေါ်တတ်တဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။ တြိဂံဖြစ်ရမှာဖြစ်လို့ အနား ၃ ဘက်ပါရှိရမှာပါ။ သီးခြားဖြစ်နေတဲ့ တြိဂံကိုသာဆိုလိုရင်း ဖြစ်ပြီး အခြားလမ်းကြောင်းတွေ တစ်ကြောင်းနဲ့ တစ်ကြောင်းဖြတ်လို့ ဖြစ်လာတဲ့ တြိဂံကို မဆိုလိုပါဘူး။ ဒီအမှတ်အသာပါရှိတဲ့အခါ ထီပေါက်တာလည်း ဖြစ်တတ်သလို ထီပေါက်သလို ငွေဝင်တာလည်း ဖြစ်ပါတယ်။ အထူးသဖြင့်ငွေကြီးကြီးဝင်တာ၊ အမွေရတာမျိုးတွေဖြစ်တတ်တယ်။ ထူးခြားတာက ဒီအမှတ်အသားပါတဲ့သူက ဇွဲ၊လုံးလ၊ဝိရိယနဲ့ မိမိကိုယ်တိုင်အင်အားစိုက်ထုတ်လို့ရလာတဲ့ စီးပွားဖြစ်ဖို့ သေချာပါတယ်။ ဒီအမှတ်အသားဟာ ကိုယ်ပိုင်ညဏ်နဲ့ ကိုယ်ပိုင်အားရဲ့ အကျိုးခံစားဖြင်းကို ပြတာပါ။ ဒါကြောင့် ထီပေါက်တာထက် ကြိုးစားလို့ရတဲ့ အမြတ်အစွန်းလို့ပြောရမယ့် ငွေကြေးကြောင့် မထင်းမှတ်ထားလောက်အောင် ချမ်းသာလာတာမျိုးဖြစ်ပါတယ်။ အောင်မြင်ရေးလမ်းကြောင်းကောင်းရင်တော့ ပိုသေချာပါတယ်။( ပုံ-၂)
(ပုံ-၃) ကံလမ်းကြောင်းမှ အောင်မြင်ရေးလမ်းကြောင်းထင်ရှားစွာခွဲထွက်ခြင်း
လက်ဖဝါးပြင်မှာ ကံလမ်းကြောင်းပါရှိတတ်ကြပါတယ်။ ကောင်းမွန်တဲ့ကံလမ်းကြောင်းဟာ လက်ကောက်ဝတ် လောက်ကစပြီး လက်ခလယ်အောက် စနေဂြိုဟ်ခုံကို တက်နေတတ်ပါတယ်။ ကံလမ်းကြောင်းကောင်းမွန်ပြီး အဖျက်၊ကျွန်းစတဲ့ မကောင်းတဲ့ အမှတ်အသားတွေမရှိဘူးဆိုရင် ကောင်းသောကံတရားတွေ ကျရောက်မှာဖြစ်တယ်။ ဒီကံလမ်းကြောင်းကောင်းကနေ နောက်ထပ်လမ်းကြောင်းတစ်ခုခွဲထွက်ပြီး လက်သကြွယ်အောက် တနင်္ဂနွေဂြိုဟ်ခုံကို ထိုးတက်သွားတဲ့ အောင်မြင်ရေးလမ်းကြောင်း စတင်ထွက်ပေါ်လာခဲ့ရင်တော့ စတင်ထွက်ပေါ် လာတဲ့အသက်အရွယ်မှာဘဲ အောင်မြင်ခြင်းတွေဟာ သူမတူအောင် အောင်မြင်ကျော်ကြား အဆင်ပြေလာပါလိမ့်မယ်။ မထင်မှတ်ထားလောက်အောင်ကို ကောင်းခြင်းတွေရရှိပြောင်းလဲသွားမှာဖြစ်တယ် ။ ဒီလမ်းကြောင်း နှစ်ခုလုံးဟာ အဖျက်မှတ်တွေကင်းတဲ့ လမ်းကြောင်းတွေ၊ ကျွန်းတွေ၊မှဲ့နက်တွေ၊ပြတ်နေတာတွေ စတဲ့ မကောင်းတဲ့အမှတ်အသား ကင်းလေလေ လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်လေပါဘဲ၊ တစ်ကယ်လို့ အညံ့ဖြစ်စေတဲ့ အမှတ်တွေပါရင်တော့ ပါတဲ့နေရာတွေမှာ ယှင်ပြိုင်ရုံးကန်ရမှာဘဲ ဖြစ်ပါတယ်။ (ပုံ-၃)
(ပုံ-၄) တနင်္ဂနွေဂြိုဟ်ခုံမှ ကြယ်အမှတ်အသားနှင့် ဆက်စပ်လမ်းကြောင်းများ
ဒီအမှတ်အသားကတော့ တနင်္ဂနွေဂြိုဟ်ခုံမှာ အခြားသော လမ်းကြောင်းများကြောင်း ဆက်စပ်ဖြစ်ပေါ်တာမဟုတ်တဲ့ ကြယ်အမှတ်အသားပါရှိခဲ့မယ်ဆိုရင်တော့ ချမ်းသာအောင်မြင်ခြင်းကို ဖြစ်စေတဲ့ အမှတ်လက္ခဏာတစ်ခုလို့ ပြောရမှာဖြစ်တယ်။ ကြယ်အမှတ်အသားနဲ့ ပါတ်သက်ရင် အထက်မှာဆိုခဲ့သလို မျဉ်း ၃ ခုနဲ့ဖြစ်တည်တဲ့ကြယ်နဲ့ မျဉ်း ၄ ခုနဲ့ ဖြစ်တည်တဲ့ကြယ်ရဲ့ အကျိုးပေးပုံတော့ ကွာခြားပါလိမ့်မယ်။ ဒီကြယ်အမှတ်အသားကို အောင်မြင်ရေးလမ်းကြောင်းထိပ်မှာ တွေ့ရမယ်ဆိုရင် အလွန်ကောင်းပါတယ်။ အောင်မြင်ရေးလမ်းကြောင်းနဲ့ထိနေရင်တောင်း ကောင်းတတ်ပါတယ်။ ဒီလိုဘဲ ဗုဒ္ဓဟူးဂြိုဟ်ခုံကို တနင်္လာဂြိုဟ်ခုံကတက်လာတဲ့ ထိုးထွင်းသိမြင်လမ်းကြောင်း (အကြားမြင်လမ်းကြောင်း) မှ အတက်တစ်ခုထွက်ပြီး တနင်္ဂနွေဂြိုဟ်ခုံမှာရှိတဲ့ ကြယ်အမှတ်အသားနဲ့ သွားပြီးဆက်စပ်နေခဲ့မယ်ဆိုရင်တော့ ပညာကြီးမားပြီး တရားကို သိမြင်နိုင်တဲ့ ထိုးထွင်းသိမြင်သူ မေတ္တာတရာကြီးမားသူဖြစ်လာတတ်ပါတယ်။ သူ့ရဲ့အောင်မြင်ခြင်းဟာ လူအများလေးစားရတဲ့ အောင်မြင်ခြင်းမျိုးဖြစ်ပြီး ရေရှည်အောင်မြင်တဲ့ သူဖြစ်ပါလိမ့်မယ်။ (ပုံ-၄ )
လူတိုင်းလူတိုင်းဟာ လူရယ်လို့ဖြစ်လာကတိုင်းက ကောင်းသောကံတရားတစ်ခုကတော့ ပါလာတတ်ပါတယ်။ ကြီးမလားဈသေးမလားဆိုတာကိုသေချာခေ့ခာရတာပါ။ အချို့ကတော့ ကံကောင်းစေမယ့်အချိန်မှာ ကံကောင်းချမ်းသာစေမယ့် လုပ်သင့်တဲ့အလုပ်ကို အကောင်းဆုံးအခွင့်အရေးတစ်ခုအဖြစ် အသုံးချနိုင်တဲ့အခါ ကောင်းတဲ့ကံတရားအကျိုးပေးအလွန်ကောင်းသွားတာပါ။ အချို့က ဘယ်အချိန်မှာ မိမိကံတရားအကောင်းဆုံးအချိန်ဖြစ်ပြီး ဘယ်အချိန်မှာ ဘယ်လိုအလုပ်ကို လုပ်ဆောင်ရမယ်ဆိုတာကို အကောင်းဆုံးမဆောင်ရွက်နိုင်တဲ့အခါ သင့်သလောက်သာ အဆင်ပြေတာမျိုးဖြစ်စေပါတယ်။ ဒါကြောင့် အကောင်းဆုံးကံတရားတွေ မိမိရဲ့ ဘယ်အချိန်၊ဘယ်အသက်ရွယ်မှာ ဘယ်လိုပုံစံနဲ့ ရောက်လာမလည်းဆိုတာကိုတော့ လက္ခဏ-ဗေဒင်ပညာသုတေသီတွေထံမှာ စနစ်တကျ စစ်ဆေးထားသင့်ပါကြောင်း တင်ပြရပါတယ်။
ဆရာကင်္ကသူ
႐ုတ္တရက္ ခ်မ္းသာႂကြယ္ဝျခင္းကို ျဖစ္ေစေသာ လကၡဏာမ်ား
လွံထမ္းလာတာကို ျမင္ရေပမယ့္ ကံထမ္းလာတာကို မျမင္ရဘူး” ဆိုတဲ့စားကားပုံလိုပါဘဲ ကြၽႏ္ုပ္တို႔ဘဝေတြဟာလည္း အၿမဲကံညံ့ေနတာမဟုတ္ပါဘူး၊ တစ္ခ်ိန္ခ်ိန္မွာေတာ့ ကံထၿပီး မထင္မွတ္ထားတဲ့ ေကာင္းျခင္းအေၾကာင္းအရာေတြျဖစ္ေပၚၿပီး မထင္ထားေလာက္ေအာင္ ခ်မ္းသာႂကြယ္ဝသြားတာ၊ ရာထူးရာခံေတြ အထြဋ္အထိပ္ကိုေရာက္တယ္ဆိုတဲ့ ကံတရားဟာလည္း ေမွ်ာ္လင့္ခ်က္တစ္ခုျဖစ္တယ္။ ဒီကံတရားမ်ိဳး မိမိလက္ဖဝါးျပင္မွာ ပါသလား၊ ပါရင္လည္း ဘယ္အခ်ိန္ဘယ္ကာလမွာ ပါသလည္း ဆိုတဲ့ အခ်က္ေတြကို လကၡဏာပညာကို အထူးေလ့လာသုေတသနျပဳသူဆရာမ်ားႏွင့္ ေသခ်ာျပသ စစ္ေဆးၾကည့္ရင္ သိႏိုင္ပါတယ္။ ေအာက္မွာေတာ့ ႐ုတ္တရက္ မေမွ်ာ္လင့္ဘဲ ကံေကာင္းၿပီး အထြဋ္အထိပ္ကို ရေစတဲ့ အမွတ္အသားမ်ားစြာရွိတဲ့အထဲက အခ်ိဳ႕ကို ေကာက္ႏုတ္တင္ျပလိုပါတယ္။
(ပုံ-၁) ထီေပါက္ေစေသာ အမွတ္အသားမ်ား
ဒီအမွတ္အသားကေတာ့ ထီေပါက္ေစတဲ့ အမွတ္အသားမ်ားလို႔ဆိုပါတယ္။ လက္ေကာက္ရစ္ေပၚမွာ ႀတိဂံ၊ၾကက္ေျခ၊ၾကယ္ ဆိုတဲ့ အမွတ္အသားေတြပါရွိရင္ေတာ့ လကၡဏာရွင္ ထီေပါက္မယ္လို႔ အၾကမ္းအားျဖင့္ ေျပာလို႔ရပါတယ္။ ဒီေနရာမွာ ၾကက္ေျခအမွတ္အသားဟာ ေကာင္းတဲ့သေဘာျဖစ္ေနတတ္ပါတယ္။ ၾကယ္အမွတ္ အသားကေတာ့ လိုင္း ၃ လိုင္းျဖတ္လို႔ ျဖစ္ေပၚတဲ့ ၾကယ္နဲ႔ လိုင္း ၄ လိုင္းျဖစ္ၿပီး ျဖစ္ေပၚတဲ့ ၾကယ္ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ ၃ လိုင္းၾကယ္ဆိုရင္ေတာ့ သင့္တင့္ေအာင္ေလာက္သာျဖစ္တတ္ၿပီး ၄ လိုင္းၾကယ္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ဆုႀကီးေပါက္ တတ္တယ္လို႔ ဆိုပါတယ္။ ထီေပါက္ဖို႔ဆိုတာ မူလကံလမ္းေၾကာင္းလည္း ေကာင္းဖို႔လိုသလို ေအာင္ျမင္ေရးလမ္းေၾကာင္း၊ လက္ပုံစံဆို႔လည္း ေကာင္းမြန္ရမွာပါ။ ဒီအခ်က္ေတြျပည့္စုံရင္ေတာ့ စနစ္တက်အသက္တိုင္းတာၿပီး ထီဆုႀကီးေပါက္မယ့္ အခ်ိန္တစ္ခုကို ေျပာျပႏိုင္ပါလိမ့္မယ္။ ဒါဟာ လကၡဏာပညာရဲ႕ တိက်တဲ့ သုေတသနရလဒ္ေတြျဖစ္ပါတယ္။ (ပုံ-၁)
(ပုံ-၂) ထီေပါက္သလိုေငြအစုလိုက္ရရွိႏိုင္ေသာ ႀတိဂံေလး
ဒီအမွတ္အသားကေတာ့ အသက္လမ္းေၾကာင္းနဲ႔ ဦးေခါင္းလမ္းေၾကာင္းၾကားမွျဖစ္ေပၚတတ္တဲ့ အမွတ္အသားတစ္ခုျဖစ္ပါတယ္။ ႀတိဂံျဖစ္ရမွာျဖစ္လို႔ အနား ၃ ဘက္ပါရွိရမွာပါ။ သီးျခားျဖစ္ေနတဲ့ ႀတိဂံကိုသာဆိုလိုရင္း ျဖစ္ၿပီး အျခားလမ္းေၾကာင္းေတြ တစ္ေၾကာင္းနဲ႔ တစ္ေၾကာင္းျဖတ္လို႔ ျဖစ္လာတဲ့ ႀတိဂံကို မဆိုလိုပါဘူး။ ဒီအမွတ္အသာပါရွိတဲ့အခါ ထီေပါက္တာလည္း ျဖစ္တတ္သလို ထီေပါက္သလို ေငြဝင္တာလည္း ျဖစ္ပါတယ္။ အထူးသျဖင့္ေငြႀကီးႀကီးဝင္တာ၊ အေမြရတာမ်ိဳးေတြျဖစ္တတ္တယ္။ ထူးျခားတာက ဒီအမွတ္အသားပါတဲ့သူက ဇြဲ၊လုံးလ၊ဝိရိယနဲ႔ မိမိကိုယ္တိုင္အင္အားစိုက္ထုတ္လို႔ရလာတဲ့ စီးပြားျဖစ္ဖို႔ ေသခ်ာပါတယ္။ ဒီအမွတ္အသားဟာ ကိုယ္ပိုင္ညဏ္နဲ႔ ကိုယ္ပိုင္အားရဲ႕ အက်ိဳးခံစားျဖင္းကို ျပတာပါ။ ဒါေၾကာင့္ ထီေပါက္တာထက္ ႀကိဳးစားလို႔ရတဲ့ အျမတ္အစြန္းလို႔ေျပာရမယ့္ ေငြေၾကးေၾကာင့္ မထင္းမွတ္ထားေလာက္ေအာင္ ခ်မ္းသာလာတာမ်ိဳးျဖစ္ပါတယ္။ ေအာင္ျမင္ေရးလမ္းေၾကာင္းေကာင္းရင္ေတာ့ ပိုေသခ်ာပါတယ္။( ပုံ-၂)
(ပုံ-၃) ကံလမ္းေၾကာင္းမွ ေအာင္ျမင္ေရးလမ္းေၾကာင္းထင္ရွားစြာခြဲထြက္ျခင္း
လက္ဖဝါးျပင္မွာ ကံလမ္းေၾကာင္းပါရွိတတ္ၾကပါတယ္။ ေကာင္းမြန္တဲ့ကံလမ္းေၾကာင္းဟာ လက္ေကာက္ဝတ္ ေလာက္ကစၿပီး လက္ခလယ္ေအာက္ စေနၿဂိဳဟ္ခုံကို တက္ေနတတ္ပါတယ္။ ကံလမ္းေၾကာင္းေကာင္းမြန္ၿပီး အဖ်က္၊ကြၽန္းစတဲ့ မေကာင္းတဲ့ အမွတ္အသားေတြမရွိဘူးဆိုရင္ ေကာင္းေသာကံတရားေတြ က်ေရာက္မွာျဖစ္တယ္။ ဒီကံလမ္းေၾကာင္းေကာင္းကေန ေနာက္ထပ္လမ္းေၾကာင္းတစ္ခုခြဲထြက္ၿပီး လက္သႂကြယ္ေအာက္ တနဂၤေႏြၿဂိဳဟ္ခုံကို ထိုးတက္သြားတဲ့ ေအာင္ျမင္ေရးလမ္းေၾကာင္း စတင္ထြက္ေပၚလာခဲ့ရင္ေတာ့ စတင္ထြက္ေပၚ လာတဲ့အသက္အ႐ြယ္မွာဘဲ ေအာင္ျမင္ျခင္းေတြဟာ သူမတူေအာင္ ေအာင္ျမင္ေက်ာ္ၾကား အဆင္ေျပလာပါလိမ့္မယ္။ မထင္မွတ္ထားေလာက္ေအာင္ကို ေကာင္းျခင္းေတြရရွိေျပာင္းလဲသြားမွာျဖစ္တယ္ ။ ဒီလမ္းေၾကာင္း ႏွစ္ခုလုံးဟာ အဖ်က္မွတ္ေတြကင္းတဲ့ လမ္းေၾကာင္းေတြ၊ ကြၽန္းေတြ၊မွဲ႔နက္ေတြ၊ျပတ္ေနတာေတြ စတဲ့ မေကာင္းတဲ့အမွတ္အသား ကင္းေလေလ လြတ္လြတ္ကြၽတ္ကြၽတ္ ေအာင္ျမင္ေလပါဘဲ၊ တစ္ကယ္လို႔ အညံ့ျဖစ္ေစတဲ့ အမွတ္ေတြပါရင္ေတာ့ ပါတဲ့ေနရာေတြမွာ ယွင္ၿပိဳင္႐ုံးကန္ရမွာဘဲ ျဖစ္ပါတယ္။ (ပုံ-၃)
(ပုံ-၄) တနဂၤေႏြၿဂိဳဟ္ခုံမွ ၾကယ္အမွတ္အသားႏွင့္ ဆက္စပ္လမ္းေၾကာင္းမ်ား
ဒီအမွတ္အသားကေတာ့ တနဂၤေႏြၿဂိဳဟ္ခုံမွာ အျခားေသာ လမ္းေၾကာင္းမ်ားေၾကာင္း ဆက္စပ္ျဖစ္ေပၚတာမဟုတ္တဲ့ ၾကယ္အမွတ္အသားပါရွိခဲ့မယ္ဆိုရင္ေတာ့ ခ်မ္းသာေအာင္ျမင္ျခင္းကို ျဖစ္ေစတဲ့ အမွတ္လကၡဏာတစ္ခုလို႔ ေျပာရမွာျဖစ္တယ္။ ၾကယ္အမွတ္အသားနဲ႔ ပါတ္သက္ရင္ အထက္မွာဆိုခဲ့သလို မ်ဥ္း ၃ ခုနဲ႔ျဖစ္တည္တဲ့ၾကယ္နဲ႔ မ်ဥ္း ၄ ခုနဲ႔ ျဖစ္တည္တဲ့ၾကယ္ရဲ႕ အက်ိဳးေပးပုံေတာ့ ကြာျခားပါလိမ့္မယ္။ ဒီၾကယ္အမွတ္အသားကို ေအာင္ျမင္ေရးလမ္းေၾကာင္းထိပ္မွာ ေတြ႕ရမယ္ဆိုရင္ အလြန္ေကာင္းပါတယ္။ ေအာင္ျမင္ေရးလမ္းေၾကာင္းနဲ႔ထိေနရင္ေတာင္း ေကာင္းတတ္ပါတယ္။ ဒီလိုဘဲ ဗုဒၶဟူးၿဂိဳဟ္ခုံကို တနလၤာၿဂိဳဟ္ခုံကတက္လာတဲ့ ထိုးထြင္းသိျမင္လမ္းေၾကာင္း (အၾကားျမင္လမ္းေၾကာင္း) မွ အတက္တစ္ခုထြက္ၿပီး တနဂၤေႏြၿဂိဳဟ္ခုံမွာရွိတဲ့ ၾကယ္အမွတ္အသားနဲ႔ သြားၿပီးဆက္စပ္ေနခဲ့မယ္ဆိုရင္ေတာ့ ပညာႀကီးမားၿပီး တရားကို သိျမင္ႏိုင္တဲ့ ထိုးထြင္းသိျမင္သူ ေမတၱာတရာႀကီးမားသူျဖစ္လာတတ္ပါတယ္။ သူ႔ရဲ႕ေအာင္ျမင္ျခင္းဟာ လူအမ်ားေလးစားရတဲ့ ေအာင္ျမင္ျခင္းမ်ိဳးျဖစ္ၿပီး ေရရွည္ေအာင္ျမင္တဲ့ သူျဖစ္ပါလိမ့္မယ္။ (ပုံ-၄ )
လူတိုင္းလူတိုင္းဟာ လူရယ္လို႔ျဖစ္လာကတိုင္းက ေကာင္းေသာကံတရားတစ္ခုကေတာ့ ပါလာတတ္ပါတယ္။ ႀကီးမလားဈေသးမလားဆိုတာကိုေသခ်ာေခ့ခာရတာပါ။ အခ်ိဳ႕ကေတာ့ ကံေကာင္းေစမယ့္အခ်ိန္မွာ ကံေကာင္းခ်မ္းသာေစမယ့္ လုပ္သင့္တဲ့အလုပ္ကို အေကာင္းဆုံးအခြင့္အေရးတစ္ခုအျဖစ္ အသုံးခ်ႏိုင္တဲ့အခါ ေကာင္းတဲ့ကံတရားအက်ိဳးေပးအလြန္ေကာင္းသြားတာပါ။ အခ်ိဳ႕က ဘယ္အခ်ိန္မွာ မိမိကံတရားအေကာင္းဆုံးအခ်ိန္ျဖစ္ၿပီး ဘယ္အခ်ိန္မွာ ဘယ္လိုအလုပ္ကို လုပ္ေဆာင္ရမယ္ဆိုတာကို အေကာင္းဆုံးမေဆာင္႐ြက္ႏိုင္တဲ့အခါ သင့္သေလာက္သာ အဆင္ေျပတာမ်ိဳးျဖစ္ေစပါတယ္။ ဒါေၾကာင့္ အေကာင္းဆုံးကံတရားေတြ မိမိရဲ႕ ဘယ္အခ်ိန္၊ဘယ္အသက္႐ြယ္မွာ ဘယ္လိုပုံစံနဲ႔ ေရာက္လာမလည္းဆိုတာကိုေတာ့ လကၡဏ-ေဗဒင္ပညာသုေတသီေတြထံမွာ စနစ္တက် စစ္ေဆးထားသင့္ပါေၾကာင္း တင္ျပရပါတယ္။
ဆရာကကၤသူ
Be the first to comment