Facebook Comments Box
ကံဆိုးစေသော ထင်ရှားသည့် အမှတ်လက္ခဏာများ ( Unlucky signs on the Hands )

ကံဆိုးစေသော ထင်ရှားသည့် အမှတ်လက္ခဏာများ ( Unlucky signs on the Hands )

ကျွန်တော်တို့လက္ခဏာအကြောင်းကိုဆွေးနွေးတဲ့အခါ လက္ခဏာကြည့်တဲ့အခါမှာ လူတိုင်းက မိမိဘဝအတွက် ကောင်းတဲ့အချက်တွေကိုဘဲ ကြားချင်သိချင်ကြတာဖြစ်တယ်။ မကောင်းတဲ့ ကံဆိုးစေမယ့်အကြောင်းကို ဟောပြောတဲ့အခါ အချို့သောပုဂ္ဂိုဟ်များက မနှစ်သက်ကြတာကိုလည်းတွေ့ရပါတယ်။ အမှန်တိုင်းပြောရရင် ကျွန်တော်တို့လက္ခဏာ-ဗေဒင်ဆရာဆိုတာ မိမိကိုယုံကြည်လို့ ကံကြမ္မာလာစစ်ဆေးတဲ့သူကို ချစ်ခြင်း၊မုန်းခြင်းကင်းစွာ၊အဂတိကင်းကင်းနဲ့ ပညာရပ်အပေါ်မှာ သစ္စာရှိရှိနဲ့ ကောင်းခြင်း၊မကောင်းခြင်း၊ကံကြမ္မာဆိုးခြင်း၊ကောင်းခြင်းကို အမှန်အတိုင်း၊အရှိအတိုင်း၊ ပြောပြဖို့တာဝန်ရှိပါတယ်။ လူ့ဘဝဆိုတာ အမြဲဆိုးနေတာမဟုတ်သလို အမြဲကောင်းနေတာလည်းမဟုတ်ပါဘူး၊ ဘဝခရောင်းလမ်းရဲ့ အနိမ့်အမြင့်ကို မြင်တဲ့အတိုင်း၊အရှိအတိုင်းဟောပြောရဲရမယ်လို့လည်း ကျွန်တော်ယုံကြည့်ပါတယ်။ အခုတင်ပြမှာကတော့ မိမိလက္ခဏာမှာ မိမိဘဝတစ်ခုလုံးကို ပျက်စီးစေမယ့် ကံမကောင်းစေတဲ့ အမှတ်အသားများစွာထဲက ထင်ရှားတဲ့ အမှတ်အသားအချို့ကို တင်ပြလိုပါတယ်။

(ပုံ-၁) ထောင်ဒဏ်ကျခံရမည့်အမှတ်အသားများ (Imprisonment Signs in Palmistry)
ထောင်ကျခြင်း၊အချုပ်အနှောင်ခံရခြင်း၊ထိန်းသိမ်းခံရခြင်း နှင့် စွတ်စွဲပြစ်တင်ခံရပြီး မိမိအားထိန်းချုပ်ခြင်း တို့နှင့်ဆိုင်သော ကိစ္စရပ်များဟာ လူ့ဘဝမှာ စိတ်သောကဖြစ်စရာတွေနဲ့ပြည့်နေလို့ စိတ်မချမ်းသာစရာ ကံဆိုးစေတာ ဖြစ်တယ်။ ဒီလိုအဖြစ်တွေကို ဘဝမှာခံစားရမလားဆိုတာနဲ့ပါတ်သက်ပြီး လက္ခဏာမှာစစ်ဆေးတဲ့အခါ အောက်ပါ အမှတ်အသားများက အရေးပါလှပါတယ်။ ကံဆိုးစေတဲ့အမှတ်အသားပါဘဲ။ အသက်လမ်းကြောင်းရဲ့ အတွင်းဘက်နံရံပေါ်တွင် လေးထောင်အမှတ်အသားပါရှိခြင်းက လက္ခဏာရှင်ကို ထောင်ကျတန်းကျဖြစ်စေတတ်ပါတယ်။ ပုံသေတော့မှတ်လို့မရပါဘူး၊ ထောင်ဝန်ထမ်း၊ထောင်အရာရှိနဲ့ ၊ထောင်ကျစေရန် အမိန့်ချရသော တရားသူကြီးတို့မှာလည်း ပါရှိနေတတ်လို့ပါ ( ပုံ-၁-က) ။ နောက်တစ်ခုကတော့ ကံလမ်းကြောင်းရဲ့အဆုံး စနေဂြိုဟ်ခုံမှာ ကံလမ်းကြောင်းကို ဥပါဒ်လမ်း အနည်းဆုံး (၃) လိုင်းခန့်အားကောင်းစွာဖြတ်နေခဲ့ရင် ၊ စွတ်စွဲခံရခြင်း၊မတရားခံရခြင်းတို့နဲ့ တိုက်ပိတ်ခံရတာမျိုး၊အချုပ်ထောင်ကျတာမျိုးတွေဖြစ်တတ်ပါတယ်။ (ပုံ ၁-ခ) ။ ကံလမ်းကြောင်းဟာ ဦးခေါင်းလမ်းကြောင်းကို ဖြတ်မတက်ဘဲ အောက်ဘက်ကို ကွေးညွတ်ပြန်လှည့်ပြီး တနင်္လာဂြိုဟ်ခုံကို ဆင်းသွားတဲ့ အမှတ်အသားပါ၊ တွေ့ရခဲပေမယ့် ရှိပါတယ်၊ ဒီအမှတ်အသားပါရင်တော့ ၊ငွေကြေး၊စိတ်လွတ်လက်လွတ်ဖြစ်ခြင်း၊ မူယစ်စေတဲ့ကိစ္စတွေကို အကြောင်းပြုပြီး ထောင်ကျတန်းကျဖြစ်တတ်တယ်။ ရေနဲ့ပါတ်သက်လို့လည်း ပြသနာရှိတယ်လို့ အကြမ်းအားဖြင့် ဆိုလို့ရပြီး ဘာဖြစ်ဖြစ် ကံအလွန်ညံ့တဲ့အမှတ်အသားဖြစ်တယ် (ပုံ-၁-ဂ)။ထောင်ကျစေတဲ့ အမှတ်အသားတွေအများကြီးရှိပါသေးတယ်၊ နောက်များတင်ပြပါ့မယ်။

(ပုံ-၂) မြတ်နိုးသူတို့သစ္စာဖောက်ခြင်းကိုခံရခြင်း။
လက်မရဲ့ ဒုတိယအဆစ်မှ လမ်းကြောင်းတစ်ခုဟာ သောကြာဂြိုဟ်ခုံကို ဖြတ်ပြီး အသက်လမ်းကြောင်းကြီးကို ထင်ရှားစွာဖြတ်ထွက်သွားတဲ့ အမှတ်အသားကို တွေ့ရခဲပေမယ့် အချို့လက္ခဏာတွေမှာ တွေ့နေရပါတယ်။ လမ်းကြောင်းကြီးဟာ အပြတ်အတောက်မရှိဘဲ ထင်းရှားသောလမ်းကြောင်းအဖြစ် အသက်လမ်းကြောင်းကို တိတိရိရိဖြတ်နေတာမျိုးဖြစ်ခဲ့ရင် သေချာတဲ့ မကောင်းကျိုးကို ပေးပါတယ်။ ဒီလမ်းကြောင်းပါရှိတဲ့လက္ခဏာရှင်အနေနဲ့ သူ့ဘဝမှာ သူအလွန်ချစ်ခင်မြတ်နိုးရတဲ့ မိသားစုဝင်တွေ သေဆုံးရတာ ၊ပျက်စီးရတာ၊ သူတို့နဲ့ပါတ်သက်တဲ့ စိတ်မကောင်းစရာများ၊သောကများကြောင့် မိမိဘဝတစ်လျှောက်စိတ်မချမ်းမြေ့စရာတွေဖြစ်နေရတတ်ပါတယ်။ အရေးကြီးတဲ့ နောက်တစ်ချက်က မိမိဘဝမှာ အလွန်ချစ်ရ၊သံယောဇဉ်ကြီးရတဲ့သူက မိမိကို ရက်ရက်စက်စက်သစ္စာဖောက်တာကို ခံရတာဘဲဖြစ်တယ်။ မိမိမှာအလွန်ယုံကြည်ချစ်ခင်ရလို့ လျှို့ဝှက်အပ်တဲ့အရာတွေကို ပြောပြတာ၊လုပ်ဆောင်ထား ခဲ့တာတွေဟာ ၊တစ်နေ့မှာ မိမိကို သစ္စာဖောက်ပြီး မိမိရဲ့အားနည်းချက်ကို ကိုင်ပြီး ဘဝတစ်သက်တာပြန် လည်းဒုက္ခပေးနေတာမျိုးကြုံရပြီး သောကနဲ့ ဘဝကို ရှင်သန်နေရတတ်ပါတယ်။ ဒါကြောင့် ဒီအမှတ်အသားကလည်း တစ်ကယ် Unlucky အမှတ်အသားပါဘဲ။ (ပုံ-၂)

(ပုံ-၃) ဂုဏ်သိက္ခာနှင့် ဘဝရည်မှန်းချက်များအကြိမ်ကြိမ်ပျက်စီးရခြင်း။
ဘဝမှာ ဂုဏ်သိက္ခာကျဆင်းခြင်း၊လူရာမဝင်ခြင်း၊အရှက်ကွဲရခြင်း၊မျက်နာမပြနိုင်ခြင်းနှင့် ဘဝတွင် မိမိရည်မှန်ချက်များ မအောင်မြင်ခြင်းဆိုတဲ့ အကြောင်းတွေဟာ တစ်ကယ်တော့ ဘယ်သူမှ မကြုံတွေ့ချင်တဲ့ အရာတွေဘဲဖြစ်တယ်။ ဒီလိုအဖြစ်အပျက်တွေကို ဆက်တိုက်ဆက်တိုက်ဖြစ်စေတတ်တဲ့ ကံတရာကို ဖြစ်ပေါ်စေတာကတော့ တနင်္ဂနွေဂြိုဟ်ခုံလက်ချောင်းလို့ခေါ်တဲ့ လက်သကြွယ်ရဲ့ တတိယအဆစ်မှာ အလျားလိုက် ဥပါဒ်လမ်းကြောင်း ၃ ကြောင်းနှင့်အထက်ပါရှိနေတာဖြစ်တယ်။ ဒီလိုအမှတ်အသားပါလာပြီဆိုရင်တော့ ကံမကောင်းခြင်း၊ သိက္ခာကျ အရှက်ကွဲရခြင်းတွေဟာ ဘဝမှာ အကြိမ်များစွာဖြစ်တတ်ပါတယ်။ တစ်ကြိမ်တစ်ခါတည်းမဟုတ်ဘဲ လုပ်သမျှလည်း ဘယ်လိုမှမအောင်မြင်ဖြစ်တတ်ပါတယ်။ ဒီအမှတ်အသားက အလွန်ကံဆိုးကြောင်းပြတဲ့ အမှတ်အသားတစ်ခုပါဘဲ။(ပုံ- ၃-က)။ နောက်အမှတ်အသားတစ်ခုကတော့ လက်ခလယ်ရဲ့အောက် စနေဂြိုဟ်ခုံမှာ လက်ခလယ်ကို ပါတ်ပြီးတည်ရှိနေတဲ့ စနေလက်စွတ်(စနေဂွင်း) ဖြစ်တယ်။ ဒီလက်အမှတ်အသားပါရှိတဲ့သူဟာလည်း ဘဝမှာ ဘာလုပ်လုပ်မအောင်မမြင်ဖြစ်ပြီး စိတ်သောကနဲ့ ဖြတ်သန်းရတာ၊ သိက္ခာမဲ့တဲ့အဖြစ်တွေဘဲ ဖြစ်တည်နေတာမျိုးတွေဖြစ်လို့ အလွန်ကံဆိုးစေတာဖြစ်တယ်။ (ပုံ-၃-ခ) ။ဒီအမှတ်အသားများအပြင် အခြားအမှတ်အသားတွေလည်း ရှိပါသေးတယ်။
ကံမကောင်းအကြောင်းမလှစေတဲ့ အချက်တွေထဲမှာ မတော်တဆဖြစ်ပြီး အသက်သေဆုံးရတာ၊ သူတပါးလက်ချက်နဲ့သေဆုံးရတာ။ အချုပ်အနှောင်ခံရပြီး ညင်းပန်းခံရတာ၊ စွတ်စွဲပြစ်တင်ခံရတာ၊ အလွန်မြင့်မားတဲ့ဘဝကနေ အောက်ဆုံးအထိ ပြုကျရတဲ့အခြေအနေ၊ မိသားစုတစ်ကွဲတပြားစီနဲ့ ဘဝဆုံးရတာ၊ စသဖြင့် မကောင်းသောကံတရားများ၊ ကျန်းမာရေးဆိုင်ရာကံတရားတွေဖြစ်တဲ့ ကုမရတဲ့ရောဂါတွေဖြစ်တာ၊ HIV လို့ရောဂါတွေ၊ကင်ဆာကြောင့် လက်လျှော့လိုက်ရတဲ့သူတွေ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဖြတ်ထုတ်ရတာ၊ လက်နက်ခဲယမ်းကြောင့် ထိခိုက်မိတာ၊ သေနတ်ကျဉ်ထိတာကအစ လူတစ်ယောက်အတွက် မကောင်းတဲ့ ကံတရားတွေကိုလည်း သူတို့ရဲ့ လက်ဖဝါးပြင်မှာ ထင်ထင်ရှားရှာဖော်ပြတတ်ပါတယ်။ အကြိမ်များစွာ သုတေသနပြုထားတာဖြစ်လို့ ဟောချက်တွေကို စိတ်ချရတဲ့ အမှတ်အသားတွေပါဘဲ။


လူ့ဘဝမှာ အသက်တစ်ရာမနေရ အမှု့တစ်ရာပွေရဆိုသလို ကံအလွန်ကောင်းတဲ့သူဆိုတာ လူနည်းစုဖြစ်ပြီး ကံဆိုးနေတာ ကံမကောင်းနေတဲ့သူက အများစုဖြစ်နေတတ်ပါတယ်။ ဒီလိုအခြေအနေမှာ လက္ခဏာဆရာဟာ မိမိကို ယုံကြည်လို့လာမေးတဲ့သူကို အကောင်းတွေကိုဘဲ ရွေးဟောနေလို့မဖြစ်ပါဘူး။ လက္ခဏာရှင်ရင်ဆိုင်ရမယ် ကြမ္မာဆိုးတွေကိုလည်း တွေ့ရင် တွေ့သလို သတိပေးဟောပြောရမှာဖြစ်တယ်။ ကာကွယ်နိုင်ရင် ကာကွယ်ပြီး ၊ဆင်ခြင်နိုင်ရင် ဆင်ခြင်နိုင်မှ အကောင်းဆုံးဘဝလမ်းကို လျှောက်နိုင်မှာဖြစ်တယ်။ ကြိုတင်ကာကွယ်ပြင်ဆင်ထားခြင်းက အကောင်းဆုံးယတြာဖြစ်ပါကြောင်း တင်ပြရပါတယ်။
ဆရာကင်္ကသူ

ကံဆိုးေစေသာ ထင္ရွားသည့္ အမွတ္လကၡဏာမ်ား ( Unlucky signs on the Hands )

ကြၽန္ေတာ္တို႔လကၡဏာအေၾကာင္းကိုေဆြးေႏြးတဲ့အခါ လကၡဏာၾကည့္တဲ့အခါမွာ လူတိုင္းက မိမိဘဝအတြက္ ေကာင္းတဲ့အခ်က္ေတြကိုဘဲ ၾကားခ်င္သိခ်င္ၾကတာျဖစ္တယ္။ မေကာင္းတဲ့ ကံဆိုးေစမယ့္အေၾကာင္းကို ေဟာေျပာတဲ့အခါ အခ်ိဳ႕ေသာပုဂၢိဳဟ္မ်ားက မႏွစ္သက္ၾကတာကိုလည္းေတြ႕ရပါတယ္။ အမွန္တိုင္းေျပာရရင္ ကြၽန္ေတာ္တို႔လကၡဏာ-ေဗဒင္ဆရာဆိုတာ မိမိကိုယုံၾကည္လို႔ ကံၾကမၼာလာစစ္ေဆးတဲ့သူကို ခ်စ္ျခင္း၊မုန္းျခင္းကင္းစြာ၊အဂတိကင္းကင္းနဲ႔ ပညာရပ္အေပၚမွာ သစၥာရွိရွိနဲ႔ ေကာင္းျခင္း၊မေကာင္းျခင္း၊ကံၾကမၼာဆိုးျခင္း၊ေကာင္းျခင္းကို အမွန္အတိုင္း၊အရွိအတိုင္း၊ ေျပာျပဖို႔တာဝန္ရွိပါတယ္။ လူ႔ဘဝဆိုတာ အၿမဲဆိုးေနတာမဟုတ္သလို အၿမဲေကာင္းေနတာလည္းမဟုတ္ပါဘူး၊ ဘဝခေရာင္းလမ္းရဲ႕ အနိမ့္အျမင့္ကို ျမင္တဲ့အတိုင္း၊အရွိအတိုင္းေဟာေျပာရဲရမယ္လို႔လည္း ကြၽန္ေတာ္ယုံၾကည့္ပါတယ္။ အခုတင္ျပမွာကေတာ့ မိမိလကၡဏာမွာ မိမိဘဝတစ္ခုလုံးကို ပ်က္စီးေစမယ့္ ကံမေကာင္းေစတဲ့ အမွတ္အသားမ်ားစြာထဲက ထင္ရွားတဲ့ အမွတ္အသားအခ်ိဳ႕ကို တင္ျပလိုပါတယ္။

(ပုံ-၁) ေထာင္ဒဏ္က်ခံရမည့္အမွတ္အသားမ်ား (Imprisonment Signs in Palmistry)
ေထာင္က်ျခင္း၊အခ်ဳပ္အေႏွာင္ခံရျခင္း၊ထိန္းသိမ္းခံရျခင္း ႏွင့္ စြတ္စြဲျပစ္တင္ခံရၿပီး မိမိအားထိန္းခ်ဳပ္ျခင္း တို႔ႏွင့္ဆိုင္ေသာ ကိစၥရပ္မ်ားဟာ လူ႔ဘဝမွာ စိတ္ေသာကျဖစ္စရာေတြနဲ႔ျပည့္ေနလို႔ စိတ္မခ်မ္းသာစရာ ကံဆိုးေစတာ ျဖစ္တယ္။ ဒီလိုအျဖစ္ေတြကို ဘဝမွာခံစားရမလားဆိုတာနဲ႔ပါတ္သက္ၿပီး လကၡဏာမွာစစ္ေဆးတဲ့အခါ ေအာက္ပါ အမွတ္အသားမ်ားက အေရးပါလွပါတယ္။ ကံဆိုးေစတဲ့အမွတ္အသားပါဘဲ။ အသက္လမ္းေၾကာင္းရဲ႕ အတြင္းဘက္နံရံေပၚတြင္ ေလးေထာင္အမွတ္အသားပါရွိျခင္းက လကၡဏာရွင္ကို ေထာင္က်တန္းက်ျဖစ္ေစတတ္ပါတယ္။ ပုံေသေတာ့မွတ္လို႔မရပါဘူး၊ ေထာင္ဝန္ထမ္း၊ေထာင္အရာရွိနဲ႔ ၊ေထာင္က်ေစရန္ အမိန႔္ခ်ရေသာ တရားသူႀကီးတို႔မွာလည္း ပါရွိေနတတ္လို႔ပါ ( ပုံ-၁-က) ။ ေနာက္တစ္ခုကေတာ့ ကံလမ္းေၾကာင္းရဲ႕အဆုံး စေနၿဂိဳဟ္ခုံမွာ ကံလမ္းေၾကာင္းကို ဥပါဒ္လမ္း အနည္းဆုံး (၃) လိုင္းခန႔္အားေကာင္းစြာျဖတ္ေနခဲ့ရင္ ၊ စြတ္စြဲခံရျခင္း၊မတရားခံရျခင္းတို႔နဲ႔ တိုက္ပိတ္ခံရတာမ်ိဳး၊အခ်ဳပ္ေထာင္က်တာမ်ိဳးေတြျဖစ္တတ္ပါတယ္။ (ပုံ ၁-ခ) ။ ကံလမ္းေၾကာင္းဟာ ဦးေခါင္းလမ္းေၾကာင္းကို ျဖတ္မတက္ဘဲ ေအာက္ဘက္ကို ေကြးၫြတ္ျပန္လွည့္ၿပီး တနလၤာၿဂိဳဟ္ခုံကို ဆင္းသြားတဲ့ အမွတ္အသားပါ၊ ေတြ႕ရခဲေပမယ့္ ရွိပါတယ္၊ ဒီအမွတ္အသားပါရင္ေတာ့ ၊ေငြေၾကး၊စိတ္လြတ္လက္လြတ္ျဖစ္ျခင္း၊ မူယစ္ေစတဲ့ကိစၥေတြကို အေၾကာင္းျပဳၿပီး ေထာင္က်တန္းက်ျဖစ္တတ္တယ္။ ေရနဲ႔ပါတ္သက္လို႔လည္း ျပသနာရွိတယ္လို႔ အၾကမ္းအားျဖင့္ ဆိုလို႔ရၿပီး ဘာျဖစ္ျဖစ္ ကံအလြန္ညံ့တဲ့အမွတ္အသားျဖစ္တယ္ (ပုံ-၁-ဂ)။ေထာင္က်ေစတဲ့ အမွတ္အသားေတြအမ်ားႀကီးရွိပါေသးတယ္၊ ေနာက္မ်ားတင္ျပပါ့မယ္။

(ပုံ-၂) ျမတ္ႏိုးသူတို႔သစၥာေဖာက္ျခင္းကိုခံရျခင္း။
လက္မရဲ႕ ဒုတိယအဆစ္မွ လမ္းေၾကာင္းတစ္ခုဟာ ေသာၾကာၿဂိဳဟ္ခုံကို ျဖတ္ၿပီး အသက္လမ္းေၾကာင္းႀကီးကို ထင္ရွားစြာျဖတ္ထြက္သြားတဲ့ အမွတ္အသားကို ေတြ႕ရခဲေပမယ့္ အခ်ိဳ႕လကၡဏာေတြမွာ ေတြ႕ေနရပါတယ္။ လမ္းေၾကာင္းႀကီးဟာ အျပတ္အေတာက္မရွိဘဲ ထင္းရွားေသာလမ္းေၾကာင္းအျဖစ္ အသက္လမ္းေၾကာင္းကို တိတိရိရိျဖတ္ေနတာမ်ိဳးျဖစ္ခဲ့ရင္ ေသခ်ာတဲ့ မေကာင္းက်ိဳးကို ေပးပါတယ္။ ဒီလမ္းေၾကာင္းပါရွိတဲ့လကၡဏာရွင္အေနနဲ႔ သူ႔ဘဝမွာ သူအလြန္ခ်စ္ခင္ျမတ္ႏိုးရတဲ့ မိသားစုဝင္ေတြ ေသဆုံးရတာ ၊ပ်က္စီးရတာ၊ သူတို႔နဲ႔ပါတ္သက္တဲ့ စိတ္မေကာင္းစရာမ်ား၊ေသာကမ်ားေၾကာင့္ မိမိဘဝတစ္ေလွ်ာက္စိတ္မခ်မ္းေျမ့စရာေတြျဖစ္ေနရတတ္ပါတယ္။ အေရးႀကီးတဲ့ ေနာက္တစ္ခ်က္က မိမိဘဝမွာ အလြန္ခ်စ္ရ၊သံေယာဇဥ္ႀကီးရတဲ့သူက မိမိကို ရက္ရက္စက္စက္သစၥာေဖာက္တာကို ခံရတာဘဲျဖစ္တယ္။ မိမိမွာအလြန္ယုံၾကည္ခ်စ္ခင္ရလို႔ လွ်ိဳ႕ဝွက္အပ္တဲ့အရာေတြကို ေျပာျပတာ၊လုပ္ေဆာင္ထား ခဲ့တာေတြဟာ ၊တစ္ေန႔မွာ မိမိကို သစၥာေဖာက္ၿပီး မိမိရဲ႕အားနည္းခ်က္ကို ကိုင္ၿပီး ဘဝတစ္သက္တာျပန္ လည္းဒုကၡေပးေနတာမ်ိဳးႀကဳံရၿပီး ေသာကနဲ႔ ဘဝကို ရွင္သန္ေနရတတ္ပါတယ္။ ဒါေၾကာင့္ ဒီအမွတ္အသားကလည္း တစ္ကယ္ Unlucky အမွတ္အသားပါဘဲ။ (ပုံ-၂)

(ပုံ-၃) ဂုဏ္သိကၡာႏွင့္ ဘဝရည္မွန္းခ်က္မ်ားအႀကိမ္ႀကိမ္ပ်က္စီးရျခင္း။
ဘဝမွာ ဂုဏ္သိကၡာက်ဆင္းျခင္း၊လူရာမဝင္ျခင္း၊အရွက္ကြဲရျခင္း၊မ်က္နာမျပႏိုင္ျခင္းႏွင့္ ဘဝတြင္ မိမိရည္မွန္ခ်က္မ်ား မေအာင္ျမင္ျခင္းဆိုတဲ့ အေၾကာင္းေတြဟာ တစ္ကယ္ေတာ့ ဘယ္သူမွ မႀကဳံေတြ႕ခ်င္တဲ့ အရာေတြဘဲျဖစ္တယ္။ ဒီလိုအျဖစ္အပ်က္ေတြကို ဆက္တိုက္ဆက္တိုက္ျဖစ္ေစတတ္တဲ့ ကံတရာကို ျဖစ္ေပၚေစတာကေတာ့ တနဂၤေႏြၿဂိဳဟ္ခုံလက္ေခ်ာင္းလို႔ေခၚတဲ့ လက္သႂကြယ္ရဲ႕ တတိယအဆစ္မွာ အလ်ားလိုက္ ဥပါဒ္လမ္းေၾကာင္း ၃ ေၾကာင္းႏွင့္အထက္ပါရွိေနတာျဖစ္တယ္။ ဒီလိုအမွတ္အသားပါလာၿပီဆိုရင္ေတာ့ ကံမေကာင္းျခင္း၊ သိကၡာက် အရွက္ကြဲရျခင္းေတြဟာ ဘဝမွာ အႀကိမ္မ်ားစြာျဖစ္တတ္ပါတယ္။ တစ္ႀကိမ္တစ္ခါတည္းမဟုတ္ဘဲ လုပ္သမွ်လည္း ဘယ္လိုမွမေအာင္ျမင္ျဖစ္တတ္ပါတယ္။ ဒီအမွတ္အသားက အလြန္ကံဆိုးေၾကာင္းျပတဲ့ အမွတ္အသားတစ္ခုပါဘဲ။(ပုံ- ၃-က)။ ေနာက္အမွတ္အသားတစ္ခုကေတာ့ လက္ခလယ္ရဲ႕ေအာက္ စေနၿဂိဳဟ္ခုံမွာ လက္ခလယ္ကို ပါတ္ၿပီးတည္ရွိေနတဲ့ စေနလက္စြတ္(စေနဂြင္း) ျဖစ္တယ္။ ဒီလက္အမွတ္အသားပါရွိတဲ့သူဟာလည္း ဘဝမွာ ဘာလုပ္လုပ္မေအာင္မျမင္ျဖစ္ၿပီး စိတ္ေသာကနဲ႔ ျဖတ္သန္းရတာ၊ သိကၡာမဲ့တဲ့အျဖစ္ေတြဘဲ ျဖစ္တည္ေနတာမ်ိဳးေတြျဖစ္လို႔ အလြန္ကံဆိုးေစတာျဖစ္တယ္။ (ပုံ-၃-ခ) ။ဒီအမွတ္အသားမ်ားအျပင္ အျခားအမွတ္အသားေတြလည္း ရွိပါေသးတယ္။
ကံမေကာင္းအေၾကာင္းမလွေစတဲ့ အခ်က္ေတြထဲမွာ မေတာ္တဆျဖစ္ၿပီး အသက္ေသဆုံးရတာ၊ သူတပါးလက္ခ်က္နဲ႔ေသဆုံးရတာ။ အခ်ဳပ္အေႏွာင္ခံရၿပီး ညင္းပန္းခံရတာ၊ စြတ္စြဲျပစ္တင္ခံရတာ၊ အလြန္ျမင့္မားတဲ့ဘဝကေန ေအာက္ဆုံးအထိ ျပဳက်ရတဲ့အေျခအေန၊ မိသားစုတစ္ကြဲတျပားစီနဲ႔ ဘဝဆုံးရတာ၊ စသျဖင့္ မေကာင္းေသာကံတရားမ်ား၊ က်န္းမာေရးဆိုင္ရာကံတရားေတြျဖစ္တဲ့ ကုမရတဲ့ေရာဂါေတြျဖစ္တာ၊ HIV လို႔ေရာဂါေတြ၊ကင္ဆာေၾကာင့္ လက္ေလွ်ာ့လိုက္ရတဲ့သူေတြ၊ ကိုယ္ခႏၶာအစိတ္အပိုင္းေတြကို ျဖတ္ထုတ္ရတာ၊ လက္နက္ခဲယမ္းေၾကာင့္ ထိခိုက္မိတာ၊ ေသနတ္က်ဥ္ထိတာကအစ လူတစ္ေယာက္အတြက္ မေကာင္းတဲ့ ကံတရားေတြကိုလည္း သူတို႔ရဲ႕ လက္ဖဝါးျပင္မွာ ထင္ထင္ရွားရွာေဖာ္ျပတတ္ပါတယ္။ အႀကိမ္မ်ားစြာ သုေတသနျပဳထားတာျဖစ္လို႔ ေဟာခ်က္ေတြကို စိတ္ခ်ရတဲ့ အမွတ္အသားေတြပါဘဲ။


လူ႔ဘဝမွာ အသက္တစ္ရာမေနရ အမႈ႕တစ္ရာေပြရဆိုသလို ကံအလြန္ေကာင္းတဲ့သူဆိုတာ လူနည္းစုျဖစ္ၿပီး ကံဆိုးေနတာ ကံမေကာင္းေနတဲ့သူက အမ်ားစုျဖစ္ေနတတ္ပါတယ္။ ဒီလိုအေျခအေနမွာ လကၡဏာဆရာဟာ မိမိကို ယုံၾကည္လို႔လာေမးတဲ့သူကို အေကာင္းေတြကိုဘဲ ေ႐ြးေဟာေနလို႔မျဖစ္ပါဘူး။ လကၡဏာရွင္ရင္ဆိုင္ရမယ္ ၾကမၼာဆိုးေတြကိုလည္း ေတြ႕ရင္ ေတြ႕သလို သတိေပးေဟာေျပာရမွာျဖစ္တယ္။ ကာကြယ္ႏိုင္ရင္ ကာကြယ္ၿပီး ၊ဆင္ျခင္ႏိုင္ရင္ ဆင္ျခင္ႏိုင္မွ အေကာင္းဆုံးဘဝလမ္းကို ေလွ်ာက္ႏိုင္မွာျဖစ္တယ္။ ႀကိဳတင္ကာကြယ္ျပင္ဆင္ထားျခင္းက အေကာင္းဆုံးယၾတာျဖစ္ပါေၾကာင္း တင္ျပရပါတယ္။
ဆရာကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box