Facebook Comments Box
ဥစ္စာတိုး၍ ဂုဏ်သတင်းကျော်ဇောစေမည့် ခေါင်းဆေးမင်္ဂလာ အစီအရင်ကြီး (၁၃၈၃ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ရက်နေ့)

ဥစ္စာတိုး၍ ဂုဏ်သတင်းကျော်ဇောစေမည့် ခေါင်းဆေးမင်္ဂလာ အစီအရင်ကြီး (၁၃၈၃ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ရက်နေ့)

တစ်နှစ်တွင် တစ်လ၊ တစ်လတွင်မှ တစ်ရက်၊ တစ်ရက်အတွင်းမှ ၁း ၃၀ နာရီအတွင်း ၇ရက်သားသမီးနှင့်တကွ ရာဟုသားသမီးတို့ ဆတက်ထမ်းပိုး၊ ဥစ္စာတိုး၍ ဂုဏ်သတင်းကျော်ဇောစေမည့် ခေါင်းဆေးမင်္ဂလာ အစီအရင်ကြီး..

၂၀၂၁ ဧပြီ ၁၇ရက် မြန်မာနှစ်ဆန်း ၁ရက်နေ့၊ စနေနေ့ ဗုဒ္ဓဟူးသားသမီးများအတွက်
နံနက် ၆နာရီမှ ရး၃၀ အတွင်း မိမိတို့၏ ဂဟပတိအရပ် မြောက်အရပ်ကို မျက်နှာလှည့်ပြီး ခြေထောင်အောက်တွင် နှင်းဆီ ၁၀ပွင့်၊ သီဟိုဠ် ၆ညွှန့်ကို ခြေစုံရပ်ပြီး မိမိရရနင်းထားပါ။ အရွက်အဖျားပိုင်းကို မျက်နှာမူရာလှည့်ထားပါ။
တရော်ကင်ပွန်း နှင့် ခေါင်းလျှော်ပါ။ ခေါင်းလျှော်နေစဉ် သမ္ဗုဒ္ဓေ ဂါထာ ၃ခေါက်ရွတ်ဖတ်ပါ။
ခေါင်းလျှော်နေစဉ် ခြေမကြွရပါ။ အနားတွင် ခုံလေးတစ်ခုံပေါ်၌ ကြွေပန်ကန်ပြား တစ်ချပ်တွင် အုန်း ၁ညွှန့်၊ မေမြို့ပန်း ၅ပွင့်၊ ကံ့ကော် ၂ညွှန့်ထည့်ထားပါ။
ခေါင်းလျှော်ပြီးသည်နှင့် ခေါင်းလျှော်ရေသန့်ကို အညွှန့်ဆောင်ပန်းများထည့်ထားသည့် ပန်းကန်ပြားထဲသို့ သပ်ချပါ။ ၎င်းခေါင်းဆေးရေသန့်တွင် ပဌါန်းရေများ၊ အမိအဖ၏ လက်ဆေးရေများကို မိမိဂြိုလ်တိုင်အမြင့်မှ ရေသပ္ပါယ်၍ ကျလာသောရေများကိုပေါင်းထည့်ထားပါ။


၎င်းရေသန့်ကိုလောင်းချနေစဉ် ဒီဝါတပတိဂါထာကို ၃ခေါက်ရွတ်ဖတ်ပေးပါ။ ပြီးလျှင်ရေသန့်ဆောင်ပန်းများ ထည့်ထားသည့် ပန်းကန်များကို မျက်နှာမူထားသောအရပ်ရှိ အမြင့်တစ်နေရာတွင် စွန့်လိုက်ပါ။
ဆောင်ပန်းများကို ကိုယ်တိုင်သွားစွန့်နေစဉ် နေ့နံမတူသော သူကနင်းပန်းများကို အနောက်မြောက်အရပ်ရှိ မြောင်းစပ်နား၌ သွား၍စွန့်ထုတ်လိုက်ပါ။
အောက်ဖော်ပြပါ တနင်္ဂနွေ၊ တနင်္လာ၊ စနေ၊ သောကြာ၊ အင်္ဂါ၊ ကြာသာပတေး၊ ရာဟုသားသမီးတို့သည်လည်း အထက်ပါ ဗုဒ္ဓဟူးသာသမီးများ လုပ်ဆောင်ရမည့် ခေါင်းလျှော်ခြင်း၊ သမ္ဗုဒ္ဓေ ဂါထာတော်ရွတ်ခြင်း၊ သက်ဆိုင်ရာ ဂြိုလ်၌ ရေသပယ်ခြင်း၊ ဒီဝါတပတိဂါထာတော်ရွတ်ခြင်း တို့ကို ဆောင်ရွက်ပါ။
ထိုသို့လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ အချိန်၊ နာရီအတွင်း လုပ်ဆောင်ရမည်ဖြစ်ပြီး မျက်နှာလှည့်ရာအရပ်၊ ဆောင်ပန်း၊ နင်းပန်း၊ နင်းကြမ်း ယတြာလုပ်ဆောင်ပြီး စွန့်ပစ်ရာအရပ်တို့ကို သက်ဆိုင်ရာ နေ့သားအလိုက် လုပ်ဆောင်ရန်ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေသားသမီးတို့သည် နံနက် ၆နာရီမှ ရး၃၀အတွင်း
မင်္ဂလာဆောင်ပန်းများ − မေမြို့၅ပွင့်၊ ကံ့ကော် ၂ညွှန့်၊ သီဟိုဠ် ၆ညွှန့်။
မျက်နှာမူပြီး ရပ်ရမည့် မင်္ဂလာအရပ်များ − အနောက်တောင်အရပ်
နင်းကြမ်းများ − ဝါး ၄ညွှန့်၊ ထန်း ၇ညွှန့်၊ ဇီး ၃ညွှန့်
ဆောင်ပန်းများစွန့်ပစ်ရမည့်အရပ် − အနောက်တောင်အရပ်
နင်းကြမ်းများစွန့်ရမည့်အရပ်− တောင်အရပ်။

တနင်္လာသားသမီးတို့သည် နံနက် ရး၃၀ မှ ၉ နာရီအတွင်း
မင်္ဂလာဆောင်ပန်းများ − သပြေ ၆ညွှန့်၊ နှင်းဆီ ၁၀ပွင့်။
မျက်နှာမူပြီး ရပ်ရမည့် မင်္ဂလာအရပ်များ − အနောက်အရပ်
နင်းကြမ်းများ − ဝါး ၄ညွှန့်၊ ပျဉ်းမ ၅ညွှန့်၊ အုန်း ၁ညွှန့်
ဆောင်ပန်းများစွန့်ပစ်ရမည့်အရပ် − အနောက်အရပ်
နင်းကြမ်းများစွန့်ရမည့်အရပ်− အနောက်တောင်အရပ်။

အင်္ဂါသားသမီးတို့သည် နံနက် ၁၂နာရီ မှ ၁း၃၀ အတွင်း
မင်္ဂလာဆောင်ပန်းများ − ထန်း ၇ ညွှန့်၊ ဝါး၄ညွှန့်၊ အုန်း ၁ညွှန့်။
မျက်နှာမူပြီး ရပ်ရမည့် မင်္ဂလာအရပ်များ − အနောက်တောင်အရပ်
နင်းကြမ်းများ − သီဟိုဠ် ၆ ညွှန့်၊ ပျဉ်းမ ၅ညွှန့်၊ ကုက္ကို ၂ ညွှန့်
ဆောင်ပန်းများစွန့်ပစ်ရမည့်အရပ် − အနောက်တောင်အရပ်
နင်းကြမ်းများစွန့်ရမည့်အရပ်− အနောက်အရပ်။

ဗုဒ္ဓဟူးသားသမီးတို့သည် နံနက် ၆နာရီ မှ ရး၃၀ အတွင်း
မင်္ဂလာဆောင်ပန်းများ − အုန်း ၁ညွှန့်၊ မေမြို့ ၅ပွင့်၊ ကံ့ကော် ၂ညွှန့်
မျက်နှာမူပြီး ရပ်ရမည့် မင်္ဂလာအရပ်များ − အရှေ့တောင်အရပ်
နင်းကြမ်းများ − ဒါန်း ၇ညွှန့်၊ ဇီး ၃ခက်၊ သီဟိုဠ် ၆ရွက်
ဆောင်ပန်းများစွန့်ပစ်ရမည့်အရပ် − အရှေ့တောင်အရပ်
နင်းကြမ်းများစွန့်ရမည့်အရပ်− အရှေ့အရပ်။

ကြာသာပတေးသားသမီးတို့သည် နံနက် ၁၀း၃၀ မှ ၁၂နာရီ အတွင်း
မင်္ဂလာဆောင်ပန်းများ − ကံ့ကော် ၂ ညွှန့်၊ သီဟိုဠ် ၆ ညွှန့် ၊ ဇီး ၃ညွှန့်။
မျက်နှာမူပြီး ရပ်ရမည့် မင်္ဂလာအရပ်များ − အရှေ့အရပ်
နင်းကြမ်းများ − အုန်း ၁ညွှန့်၊ ဝါး ၄ညွှန့်၊ ထန်း ၁၀ညွှန့်
ဆောင်ပန်းများစွန့်ပစ်ရမည့်အရပ် − အရှေ့အရပ်
နင်းကြမ်းများစွန့်ရမည့်အရပ်− အရှေ့မြောက်အရပ်။

သောကြာသားသမီးတို့သည် နံနက် ရး၃၀ မှ ၉နာရီ အတွင်း
မင်္ဂလာဆောင်ပန်းများ − နှင်းဆီ ၁၀ပွင့်၊ ဝါ ၁၄ညွှန့်
မျက်နှာမူပြီး ရပ်ရမည့် မင်္ဂလာအရပ်များ − တောင်အရပ်
နင်းကြမ်းများ − ကြံရွက် ၂ညွှန့်၊ ပျဉ်မ ၅ညွှန့်၊ အုန်း ၁ညွှန့်
ဆောင်ပန်းများစွန့်ပစ်ရမည့်အရပ် − တောင်အရပ်
နင်းကြမ်းများစွန့်ရမည့်အရပ်− အရှေ့တောင်အရပ်။

စနေသားသမီးတို့သည် နံနက် ၉နာရီ မှ ၁၀နာရီ အတွင်း
မင်္ဂလာဆောင်ပန်းများ − ရွက်လှ ၄ညွှန့်၊ အုန်း ၁ညွှန့်၊ မေမြို့ ၅ပွင့်
မျက်နှာမူပြီး ရပ်ရမည့် မင်္ဂလာအရပ်များ − အရှေ့မြောက်အရပ်
နင်းကြမ်းများ − ဇီး ၃ညွှန့်၊ သီဟိုဠ် ၆ခက်၊ ကြံ ၂ညွှန့်
ဆောင်ပန်းများစွန့်ပစ်ရမည့်အရပ် − အရှေ့မြောက်အရပ်
နင်းကြမ်းများစွန့်ရမည့်အရပ်− မြောက်အရပ်။

ရာဟုသားသမီးတို့သည် နံနက် ၆နာရီ မှ ရး၃၀ အတွင်း
မင်္ဂလာဆောင်ပန်းများ − အုန်း ၁ညွှန့်၊ မေမြို့ ၅ပွင့်၊ ကံ့ကော် ၂ညွှန့်
မျက်နှာမူပြီး ရပ်ရမည့် မင်္ဂလာအရပ်များ − အရှေ့တောင်အရပ်
နင်းကြမ်းများ − ဒါန်း ၇ညွှန့်၊ ဇီး ၃ခက်၊ သီဟိုဠ် ၆ရွက်
ဆောင်ပန်းများစွန့်ပစ်ရမည့်အရပ် − အရှေ့တောင်အရပ်
နင်းကြမ်းများစွန့်ရမည့်အရပ်− အရှေ့အရပ်။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ…။
ဒေါက်တာစောယုနွယ်








မင်္ဂလာဆောင်ပန်းများ − ထန်း ၇ ညွှန့်၊ ဝါး၎ညွှန့်၊ အုန်း ၁ညွှန့်။








ဒေါက်တာစောယုနွယ်

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box