Facebook Comments Box
လက္ခဏာပေါ်က ငါးရုပ် ပုံသင်္ကေတအမှတ်အသားများ

လက္ခဏာပေါ်က ငါးရုပ် ပုံသင်္ကေတအမှတ်အသားများ

ကျွန်တော်လက္ခဏာပညာကို စတင်လေ့လာချိန်မှစပြီး ယနေ့အထိ မိတ်ဆွေများဆီက အမေးများသော လက္ခဏာပေါ်မှ အမှတ်အသားတစ်ခုကတော့ ငါးရုပ်ပုံသင်္ကေတ ဖြစ်ပါတယ်။ ငါးရုပ်ပုံပါရှိခြင်းက အလွန်ကောင်းမွန်သည်ဟုသော အယူဆတစ်ခုမှာလည်း လူတိုင်းလိုလို နားစွဲနေကြပြီးဖြစ်တယ်။ သို့သော် လက္ခဏာပေါ်မှာပါရှိသည့် ငါးရုပ်ပုံသည် ငါးရုပ်ပုံစစ်စစ်ဖြစ်သလား မိမိကို ဒုက္ခတွေ၊သောကတွေပေးမည့် ကျွန်းကြီးလား ဆိုသည့်အချက်ကို သေသေချာချာသိရန်တော့လိုပါတယ်။ငါးရုပ်ပုံဆိုတာက တစ်သီးတခြားဖြစ်ပေါ်နေတဲ့ ပုံဖြစ်တယ်၊နောက်တစ်ခုက ငါးဆိုတဲ့အတိုင်း ခေါင်း၊အမှီး၊ဆူးတောင်လေးတွေပါတတ်တယ်လို့ အကြမ်းအားဖြင့် ပြောလိုပါတယ်။ ကျွန်းဆိုတာကတော့ လမ်းကြောင်းကြီး၊လမ်းကြောင်းငယ်တွေပေါ်မှာ တည်ရှိနေတဲ့ ကျွန်းအမှတ်အသားဖြစ်တယ်၊သူက ငါးလိုမျိုးအမှီးလည်း မပါရှိသလို တစ်သီးတခြားဖြစ်ပေါ်နေတာမဟုတ်ပါဘူး၊ လမ်းကြောင်းတစ်ခုခုရဲ့ အစ၊အလယ်အဆုံးမှာ ရှိနေတတ်တာမျိုးဖြစ်ပါတယ်။ အလွန်ကွာခြားတယ်လို့ဘဲ ပြောချင်ပါတယ်။
ငါးရုပ်ပုံကို သုံးသပ်တဲ့အခါ လက်ပုံစံကိုလည်း သုံးသပ်ရပါတယ်။ ရေလက်နဲ့ ငါးရုပ်ပုံဆိုရင် ဘယ်လိုဖြစ်မလည်း၊မီးလက်မှာပါတဲ့ ငါးရုပ်ပုံကအဟောကတစ်မျိုးထွက်တယ်၊ ပါတဲ့နေရာတူပါစေ အဟောကမတူတော့ဘူး။ နောက်တဟ်ခုက ငါးရုပ်ပုံရဲ့တည်နေရာဖြစ်တယ်၊ ဘယ်ဂြိုဟ်ခုံမှာပါရှိတာလည်း၊ ငါးရုပ်ပုံပါတဲ့ ဂြိုဟ်ခုံဟာ ကောင်းတဲ့ဂြိုဟ်ခုံလား ၊ဂြိုဟ်ခုံပျက်နေလား၊အားကောင်းလားဆိုတဲ့အချက်တွေကို လေ့လာရတယ်၊ နောက်တစ်ခုက ဒီရုပ်ပုံဟာ အခြား ဘယ်လမ်းကြောင်းတွေနဲ့ ပါတ်သက်နေသလည်း ဆိုတာလည်း ကြည့်ရပါသေးတယ်။ အသေးစိတ်ကြည့်ရမယ့် အရာလို့ပြောရမယ်။ နောက်တစ်ခုက ငါးရုပ်ပုံမြင်တာနဲ့ အရမ်းကောင်းနေပြီလို့ ပြောလို့မရသေးပါဘူး၊ ငါးရုပ်ပုံက ငါးခေါင်းလေးက အထက်ကိုထောင်နေတာလား၊ အောက်ကို စိုက်နေတာလား၊ ဘယ်လှည့်တဲ့ငါးလား၊ညာလှည့်တဲ့ငါးလား ဆိုတာကိုကြည့်ရတယ်၊ ဆူးတောင်ပါလား မပါဘူးလား၊ ဒီငါးလေးက ဘယ်ကို ဦးတည်နေလည်း ဆိုတာက အရေးကြီးတယ်လို့ မှတ်ထားရပါတယ်။ ဒါကြောင့် ငါးရုပ်ပုံပါတိုင်း အကျိုးပေးတာမျိုးမဟုတ်သေးဘူး၊ အကျိုးပေးမယ်ဆိုရင်တောင်မှ ဘယ်အသက်အရွယ်မှာ အကျိုးပေးမှာလည်း ဆိုတာက အလွန်ရေးကြီးတယ်။ အချို့သောလက်ပုံစံတွေမှာ လမ်းကြောင်းအမွှာလေးတွေ အရမ်းများပြီး လမ်းကြောင်းတွေပေါင်းစပ်ရာက ငါးရုပ်လေးတွေအများကြီး ဖြစ်တည်နေတာလည်း တွေ့ရတယ်၊ ရေလက်တွေမှာ အများဆုံးတွေ့ရတယ်။ ဒါပေမယ့် အဲဒီငါးတွေ အကျိုးပေးနည်းတာလည်းတွေ့ဖူးတယ်၊ အချို့လည်း အလွန်အကျိုးပေးတယ်။ ဒါကြောင့် ငါးရုပ်အကြောင်းပြောရရင် အလွန်သေးစိတ်လှပါတယ်။ငါးရုပ်မှာ ငါးနှစ်ကောင် မျက်နာချင်းဆိုင်နေတဲ့ ပုံလည်း ရှိပါသေးတယ်။လက္ခဏာမှာ ငါးရုပ်ပါရင် အကြမ်းအားဖြင့် အောက်ပါအတိုင်း ပြောလို့တော့ရပါတယ်၊ အကြမ်းအားဖြင့် ပြောတာဖြစ်တယ်။

ငါးရုပ်ပါရင်တော့ ကံကောင်းတဲ့ အမှတ်အသားဖြစ်လို့ အမှတ်အသားက ရာထူးရတာ၊အကြံပေးဖြစ်တာ၊ အလုပ်တိုးတက်တာ၊ဝင်ငွေတိုးတက်တာတွေ ဖြစ်တတ်ပါတယ်။ လက်ညိုးအောက် ကြာသာပတေးဂြိုဟ်ခုံမှာပါရင်တော့ ချစ်သောသူနှင့်ပေါင်းဘက်ရတတ်တယ်၊ ကံကောင်းပြီး အိမ်ခြံမြေတွေပိုင်ဆိုင်ရတတ်တယ်၊ ပညာရေးအောင်မြင်တယ် လို့ ပြောလို့ရပါတယ်။ လက်ခလယ်အောက် စနေဂြိုဟ်ခုံမှာရှိရင်တော့ လူအများရဲ့ချီးမြင့်ခြင်းခံရတတ်တယ်၊ ထီပေါက်တာမျိုးငွေ အစုလိုက်အပုံလိုက်ရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ လက်သကြွယ်အောက် တနင်္ဂနွေဂြိုဟ်ခုံမှာ ပါရှိရင်တော့ အနုပညာလုပ်ငန်းတွေနဲ့ အထွဋ်အထိပ်ကို ရောက်လာမယ်၊ ဂုဏ်သတင်းကြီးမယ်၊ ကျမ်းပြုတဲ့အလုပ်တွေမှာထင်ရှားလာမယ်၊ မိမိလုပ်ကိုင်သမျှအောင်မြင်မယ်လို့ ဆိုပါတယ်။ လက်သန်းအောက် ဗုဒ္ဓဟူးဂြိုဟ်ခုံမှာရှိနေမယ်ဆိုရင်တော့ ကုန်သည် လုပ်ငန်းတွေ၊ခရီးသွားလုပ်ငန်းတွေ၊အတွက်အချက်သိပ္ပံပညာတွေနဲ့ ထင်ရှားမယ်၊လူမျိုးကွဲ၊ဘာသာကွဲတွေရဲ့ အကျိုးကို ခံစားရလိမ့်မယ်လို့ ပြောလို့ရပါတယ်။
အင်္ဂါဂြိုဟ်ခုံ အဖို-အမ တွေမှာရှိနေရင်တော့ တိုက်ခိုက်ရေးလုပ်ငန်းတွေမှာ ထူးချွန်တတ်တယ်၊ မိမိပါတ်ဝန်းကျင်ကို အကျိုးပြုသူဖြစ်မယ်၊ လက်ဝှေ့ကျော်တွေ၊သိုင်းပညာရှင်တွေဖြစ်တတ်တယ်၊ စစ်တပ်မှာဆိုရင်လည်း ရာထူးကြီးတဲ့အရာရှိတွေ ဖြစ်တတ်သလို သူရဘွဲ့လိုမျိုးချီးမြင့်ခံရတာမျိုးရှိတတ်တယ်လို့ ဆိုပါတယ်။ သောကြာဂြိုဟ်ခုံမှာ ရှိမယ်ဆိုရင်တော့ ဒီငါးရုပ်ပိုင်ရှင်ဟာ စီးစိမ်ဥစ္စာတွေပေါနေပြီး၊ဇိမ်ကျကျနေနိုင်တဲ့သူဖြစ်တယ်၊ ဇိမ်ခံတဲ့ သဘောကိုပြတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာလည်း သာယာမယ်၊သားသမီးကောင်းတွေရပြီး မိသားစုပျော်ရွှင်မယ်လို့ အကြမ်းအားဖြင့် ဆိုနိုင်ပါတယ်။တနင်္လာဂြိုဟ်ခုံမှာ ငါးရုပ်ပုံအထင်းအရှားပါရှိတဲ့သူတွေကတော့ မိမိမွေးရပ်မြေကို စွန့်ခွာပြီး ရေးခြားမြေခြား၊ အခြားသောတိုင်းပြည်တစ်ခုခုမှာ မိသားစုလိုက် ပြောင်းနေထိုင်တာမျိုး ၊အခြေချလုပ်ကိုင်ရတာမျိုးတွေဖြစ်လာမယ်။ ထင်ရှားတဲ့ သင်္ဘောသားတွေဟာလည်း ဒီအမှတ်အသားပါရှိတတ်တယ်။အင်္ဂါလွင်ပြင်မှာ တစ်သီးတစ်ခြားပါရှိနေရင်တော့ လက္ခဏာရှင်ဟာ အသက်ငယ်စဉ်ကနေ လူလတ်ပိုင်းအထိ ဘဝရဲ့တိုက်ပွဲတွေမှာ အောင်မြင်မယ်၊ လုပ်တာကိုင်တာတွေကို လူအများချီးမြှောက်မယ်လို့ ဆိုပါတယ်။ ဒါတွေက အကြမ်းအားဖြင့် ပြောတာဖြစ်ပြီး လက်ပုံစံ၊တည်နေတဲ့ဂြိုဟ်ခုံနဲ့ ငါးခေါင်းအလှည့်တွေကိုကြည့်ပြီး အသေးစိတ်သုံးသပ်ရပါလိမ့်မယ်။

မည်သို့ဆိုစေကာမူ ငါးရုပ်ပုံစစ်စစ်ဖြစ်တဲ့ ငါးခေါင်း၊အမှီး၊စူးတောင်တွေပါပြည့်စုံပြီး တစ်သီးတစ်ခြား တည်ရှိတဲ့ အမှတ်အသားပါရှိမယ်၊ ထင်ရှားတဲ့အမှတ်အသားလည်း ဖြစ်မယ်ဆိုရင်တော့ အလွန်ကောင်းတဲ့ အမှတ်အသားတစ်ခု ဖြစ်တယ်ဆိုတာတော့ သေချာနေပါပြီ။ အရေးကြီးတဲ့အချက်ကတော့ ငါးရုပ်နဲ့ ကျွန်းအမှတ်အသား အမှတ် မမှားမိဖို့အဓီကကျပါတယ် ။ငါးရုပ်အကြောင်းကို လေ့လာတဲ့အခါ ဘယ်၊ညာ လက်နှစ်ဘက်လုံးကို လေ့လာရတာဖြစ်ပြီး အသက်တိုင်းတာခြင်းကိုလည်း တိတိကျကျတိုင်းတာပြီးမှ အဟောတွေကို တိတိကျကျပြောဆိုရတာ အဆင်ပြေပါကြောင်း တင်ပြလိုက်ရပါတယ်။
ကင်္ကသူ

လကၡဏာေပၚက ငါးရုပ္ ပုံသေကၤတအမွတ္အသားမ်ား

ကြၽန္ေတာ္လကၡဏာပညာကို စတင္ေလ့လာခ်ိန္မွစၿပီး ယေန႔အထိ မိတ္ေဆြမ်ားဆီက အေမးမ်ားေသာ လကၡဏာေပၚမွ အမွတ္အသားတစ္ခုကေတာ့ ငါး႐ုပ္ပုံသေကၤတ ျဖစ္ပါတယ္။ ငါး႐ုပ္ပုံပါရွိျခင္းက အလြန္ေကာင္းမြန္သည္ဟုေသာ အယူဆတစ္ခုမွာလည္း လူတိုင္းလိုလို နားစြဲေနၾကၿပီးျဖစ္တယ္။ သို႔ေသာ္ လကၡဏာေပၚမွာပါရွိသည့္ ငါး႐ုပ္ပုံသည္ ငါး႐ုပ္ပုံစစ္စစ္ျဖစ္သလား မိမိကို ဒုကၡေတြ၊ေသာကေတြေပးမည့္ ကြၽန္းႀကီးလား ဆိုသည့္အခ်က္ကို ေသေသခ်ာခ်ာသိရန္ေတာ့လိုပါတယ္။ငါး႐ုပ္ပုံဆိုတာက တစ္သီးတျခားျဖစ္ေပၚေနတဲ့ ပုံျဖစ္တယ္၊ေနာက္တစ္ခုက ငါးဆိုတဲ့အတိုင္း ေခါင္း၊အမွီး၊ဆူးေတာင္ေလးေတြပါတတ္တယ္လို႔ အၾကမ္းအားျဖင့္ ေျပာလိုပါတယ္။ ကြၽန္းဆိုတာကေတာ့ လမ္းေၾကာင္းႀကီး၊လမ္းေၾကာင္းငယ္ေတြေပၚမွာ တည္ရွိေနတဲ့ ကြၽန္းအမွတ္အသားျဖစ္တယ္၊သူက ငါးလိုမ်ိဳးအမွီးလည္း မပါရွိသလို တစ္သီးတျခားျဖစ္ေပၚေနတာမဟုတ္ပါဘူး၊ လမ္းေၾကာင္းတစ္ခုခုရဲ႕ အစ၊အလယ္အဆုံးမွာ ရွိေနတတ္တာမ်ိဳးျဖစ္ပါတယ္။ အလြန္ကြာျခားတယ္လို႔ဘဲ ေျပာခ်င္ပါတယ္။
ငါး႐ုပ္ပုံကို သုံးသပ္တဲ့အခါ လက္ပုံစံကိုလည္း သုံးသပ္ရပါတယ္။ ေရလက္နဲ႔ ငါး႐ုပ္ပုံဆိုရင္ ဘယ္လိုျဖစ္မလည္း၊မီးလက္မွာပါတဲ့ ငါး႐ုပ္ပုံကအေဟာကတစ္မ်ိဳးထြက္တယ္၊ ပါတဲ့ေနရာတူပါေစ အေဟာကမတူေတာ့ဘူး။ ေနာက္တဟ္ခုက ငါး႐ုပ္ပုံရဲ႕တည္ေနရာျဖစ္တယ္၊ ဘယ္ၿဂိဳဟ္ခုံမွာပါရွိတာလည္း၊ ငါး႐ုပ္ပုံပါတဲ့ ၿဂိဳဟ္ခုံဟာ ေကာင္းတဲ့ၿဂိဳဟ္ခုံလား ၊ၿဂိဳဟ္ခုံပ်က္ေနလား၊အားေကာင္းလားဆိုတဲ့အခ်က္ေတြကို ေလ့လာရတယ္၊ ေနာက္တစ္ခုက ဒီ႐ုပ္ပုံဟာ အျခား ဘယ္လမ္းေၾကာင္းေတြနဲ႔ ပါတ္သက္ေနသလည္း ဆိုတာလည္း ၾကည့္ရပါေသးတယ္။ အေသးစိတ္ၾကည့္ရမယ့္ အရာလို႔ေျပာရမယ္။ ေနာက္တစ္ခုက ငါး႐ုပ္ပုံျမင္တာနဲ႔ အရမ္းေကာင္းေနၿပီလို႔ ေျပာလို႔မရေသးပါဘူး၊ ငါး႐ုပ္ပုံက ငါးေခါင္းေလးက အထက္ကိုေထာင္ေနတာလား၊ ေအာက္ကို စိုက္ေနတာလား၊ ဘယ္လွည့္တဲ့ငါးလား၊ညာလွည့္တဲ့ငါးလား ဆိုတာကိုၾကည့္ရတယ္၊ ဆူးေတာင္ပါလား မပါဘူးလား၊ ဒီငါးေလးက ဘယ္ကို ဦးတည္ေနလည္း ဆိုတာက အေရးႀကီးတယ္လို႔ မွတ္ထားရပါတယ္။ ဒါေၾကာင့္ ငါး႐ုပ္ပုံပါတိုင္း အက်ိဳးေပးတာမ်ိဳးမဟုတ္ေသးဘူး၊ အက်ိဳးေပးမယ္ဆိုရင္ေတာင္မွ ဘယ္အသက္အ႐ြယ္မွာ အက်ိဳးေပးမွာလည္း ဆိုတာက အလြန္ေရးႀကီးတယ္။ အခ်ိဳ႕ေသာလက္ပုံစံေတြမွာ လမ္းေၾကာင္းအမႊာေလးေတြ အရမ္းမ်ားၿပီး လမ္းေၾကာင္းေတြေပါင္းစပ္ရာက ငါး႐ုပ္ေလးေတြအမ်ားႀကီး ျဖစ္တည္ေနတာလည္း ေတြ႕ရတယ္၊ ေရလက္ေတြမွာ အမ်ားဆုံးေတြ႕ရတယ္။ ဒါေပမယ့္ အဲဒီငါးေတြ အက်ိဳးေပးနည္းတာလည္းေတြ႕ဖူးတယ္၊ အခ်ိဳ႕လည္း အလြန္အက်ိဳးေပးတယ္။ ဒါေၾကာင့္ ငါး႐ုပ္အေၾကာင္းေျပာရရင္ အလြန္ေသးစိတ္လွပါတယ္။ငါး႐ုပ္မွာ ငါးႏွစ္ေကာင္ မ်က္နာခ်င္းဆိုင္ေနတဲ့ ပုံလည္း ရွိပါေသးတယ္။လကၡဏာမွာ ငါး႐ုပ္ပါရင္ အၾကမ္းအားျဖင့္ ေအာက္ပါအတိုင္း ေျပာလို႔ေတာ့ရပါတယ္၊ အၾကမ္းအားျဖင့္ ေျပာတာျဖစ္တယ္။

ငါး႐ုပ္ပါရင္ေတာ့ ကံေကာင္းတဲ့ အမွတ္အသားျဖစ္လို႔ အမွတ္အသားက ရာထူးရတာ၊အႀကံေပးျဖစ္တာ၊ အလုပ္တိုးတက္တာ၊ဝင္ေငြတိုးတက္တာေတြ ျဖစ္တတ္ပါတယ္။ လက္ညိဳးေအာက္ ၾကာသာပေတးၿဂိဳဟ္ခုံမွာပါရင္ေတာ့ ခ်စ္ေသာသူႏွင့္ေပါင္းဘက္ရတတ္တယ္၊ ကံေကာင္းၿပီး အိမ္ၿခံေျမေတြပိုင္ဆိုင္ရတတ္တယ္၊ ပညာေရးေအာင္ျမင္တယ္ လို႔ ေျပာလို႔ရပါတယ္။ လက္ခလယ္ေအာက္ စေနၿဂိဳဟ္ခုံမွာရွိရင္ေတာ့ လူအမ်ားရဲ႕ခ်ီးျမင့္ျခင္းခံရတတ္တယ္၊ ထီေပါက္တာမ်ိဳးေငြ အစုလိုက္အပုံလိုက္ရတာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။ လက္သႂကြယ္ေအာက္ တနဂၤေႏြၿဂိဳဟ္ခုံမွာ ပါရွိရင္ေတာ့ အႏုပညာလုပ္ငန္းေတြနဲ႔ အထြဋ္အထိပ္ကို ေရာက္လာမယ္၊ ဂုဏ္သတင္းႀကီးမယ္၊ က်မ္းျပဳတဲ့အလုပ္ေတြမွာထင္ရွားလာမယ္၊ မိမိလုပ္ကိုင္သမွ်ေအာင္ျမင္မယ္လို႔ ဆိုပါတယ္။ လက္သန္းေအာက္ ဗုဒၶဟူးၿဂိဳဟ္ခုံမွာရွိေနမယ္ဆိုရင္ေတာ့ ကုန္သည္ လုပ္ငန္းေတြ၊ခရီးသြားလုပ္ငန္းေတြ၊အတြက္အခ်က္သိပၸံပညာေတြနဲ႔ ထင္ရွားမယ္၊လူမ်ိဳးကြဲ၊ဘာသာကြဲေတြရဲ႕ အက်ိဳးကို ခံစားရလိမ့္မယ္လို႔ ေျပာလို႔ရပါတယ္။
အဂၤါၿဂိဳဟ္ခုံ အဖို-အမ ေတြမွာရွိေနရင္ေတာ့ တိုက္ခိုက္ေရးလုပ္ငန္းေတြမွာ ထူးခြၽန္တတ္တယ္၊ မိမိပါတ္ဝန္းက်င္ကို အက်ိဳးျပဳသူျဖစ္မယ္၊ လက္ေဝွ႔ေက်ာ္ေတြ၊သိုင္းပညာရွင္ေတြျဖစ္တတ္တယ္၊ စစ္တပ္မွာဆိုရင္လည္း ရာထူးႀကီးတဲ့အရာရွိေတြ ျဖစ္တတ္သလို သူရဘြဲ႕လိုမ်ိဳးခ်ီးျမင့္ခံရတာမ်ိဳးရွိတတ္တယ္လို႔ ဆိုပါတယ္။ ေသာၾကာၿဂိဳဟ္ခုံမွာ ရွိမယ္ဆိုရင္ေတာ့ ဒီငါး႐ုပ္ပိုင္ရွင္ဟာ စီးစိမ္ဥစၥာေတြေပါေနၿပီး၊ဇိမ္က်က်ေနႏိုင္တဲ့သူျဖစ္တယ္၊ ဇိမ္ခံတဲ့ သေဘာကိုျပတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးေတြမွာလည္း သာယာမယ္၊သားသမီးေကာင္းေတြရၿပီး မိသားစုေပ်ာ္႐ႊင္မယ္လို႔ အၾကမ္းအားျဖင့္ ဆိုႏိုင္ပါတယ္။တနလၤာၿဂိဳဟ္ခုံမွာ ငါး႐ုပ္ပုံအထင္းအရွားပါရွိတဲ့သူေတြကေတာ့ မိမိေမြးရပ္ေျမကို စြန႔္ခြာၿပီး ေရးျခားေျမျခား၊ အျခားေသာတိုင္းျပည္တစ္ခုခုမွာ မိသားစုလိုက္ ေျပာင္းေနထိုင္တာမ်ိဳး ၊အေျခခ်လုပ္ကိုင္ရတာမ်ိဳးေတြျဖစ္လာမယ္။ ထင္ရွားတဲ့ သေဘၤာသားေတြဟာလည္း ဒီအမွတ္အသားပါရွိတတ္တယ္။အဂၤါလြင္ျပင္မွာ တစ္သီးတစ္ျခားပါရွိေနရင္ေတာ့ လကၡဏာရွင္ဟာ အသက္ငယ္စဥ္ကေန လူလတ္ပိုင္းအထိ ဘဝရဲ႕တိုက္ပြဲေတြမွာ ေအာင္ျမင္မယ္၊ လုပ္တာကိုင္တာေတြကို လူအမ်ားခ်ီးေျမႇာက္မယ္လို႔ ဆိုပါတယ္။ ဒါေတြက အၾကမ္းအားျဖင့္ ေျပာတာျဖစ္ၿပီး လက္ပုံစံ၊တည္ေနတဲ့ၿဂိဳဟ္ခုံနဲ႔ ငါးေခါင္းအလွည့္ေတြကိုၾကည့္ၿပီး အေသးစိတ္သုံးသပ္ရပါလိမ့္မယ္။

မည္သို႔ဆိုေစကာမူ ငါး႐ုပ္ပုံစစ္စစ္ျဖစ္တဲ့ ငါးေခါင္း၊အမွီး၊စူးေတာင္ေတြပါျပည့္စုံၿပီး တစ္သီးတစ္ျခား တည္ရွိတဲ့ အမွတ္အသားပါရွိမယ္၊ ထင္ရွားတဲ့အမွတ္အသားလည္း ျဖစ္မယ္ဆိုရင္ေတာ့ အလြန္ေကာင္းတဲ့ အမွတ္အသားတစ္ခု ျဖစ္တယ္ဆိုတာေတာ့ ေသခ်ာေနပါၿပီ။ အေရးႀကီးတဲ့အခ်က္ကေတာ့ ငါး႐ုပ္နဲ႔ ကြၽန္းအမွတ္အသား အမွတ္ မမွားမိဖို႔အဓီကက်ပါတယ္ ။ငါး႐ုပ္အေၾကာင္းကို ေလ့လာတဲ့အခါ ဘယ္၊ညာ လက္ႏွစ္ဘက္လုံးကို ေလ့လာရတာျဖစ္ၿပီး အသက္တိုင္းတာျခင္းကိုလည္း တိတိက်က်တိုင္းတာၿပီးမွ အေဟာေတြကို တိတိက်က်ေျပာဆိုရတာ အဆင္ေျပပါေၾကာင္း တင္ျပလိုက္ရပါတယ္။
ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box