Facebook Comments Box
အချစ်ရေး၊အိမ်ထောင်ရေးတွင် ချစ်ရသူ၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို အမြဲခံရသူ

အချစ်ရေး၊အိမ်ထောင်ရေးတွင် ချစ်ရသူ၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို အမြဲခံရသူ

ကျွန်ုပ်ထံသို့ လက္ခဏ မေးမြန်းကြသော မိတ်ဆွေများတွင် အမေးအများဆုံးမေးခွန်းတစ်ခုမှာ အချစ်ရေး၊ အိမ်ထောင်ရေးအခြေအနေဖြစ်သည်။လူသားတစ်ယောက်၏ ဘဝတွင် အချစ်ရေး၊အိမ်ထောင်ရေးသည် မည့်မျှအရေး ပါသည်ကို ကျွန်ုပ်ကောင်းစွာသိပြီးဖြစ်သဖြင့် ထိုအကြောင်းကိုလည်း အထူးလေ့လာသုတေသနပြုထားရလေသည်။ အချစ်ရေး၊အိမ်ထောင်ရေးနှင့်ပါတ်သက်သည့် အကြောင်းအရာများက များလှပေသည်။ ထိုသို့ များပြားလှသော အကြောင်းအချက်များမှ အချစ်ရေး၊အိမ်ထောင်ရေးတွင် မိမိချစ်ခင်ရသူက ဖိနှိပ်ချုပ်ချယ်ခြင်းခံရပြီး ဘဝတွင် ကိုယ်ဆင်ရဲ၊စိတ်ဆင်ရဲစွာဖြင့် သောက၊ဒုက္ခနှင့် အသက်ရှင်ရသူ၏ လက္ခဏာအကြောင်းကို တင်ပြလိုပါသည်။
မကြာသေးသောအချိန်က ကျွန်ုပ်ထံသို့ လက္ခဏာလာရောက်မေးမြန်းသော အသက် (၃၀) အရွယ်ရှိအမျိုးသမီး၏လက္ခဏာတွင် ကံလမ်းကြောင်းသည် သောကြာဂြိုဟ်ခုံမှထွက်ပေါ်လာပြီး အသက်လမ်းကြောင်းကို ဖြတ်ကာ ဦးခေါင်းလမ်းကြောင်းနှင့် နှလုံးလမ်းကြောင်းတို့ကိုပါ ဖြတ်ပြီး စနေဂြိုဟ်ခုံသို ထိုးတက်သွားသည်ကို သတိရမိသည်။ထိုမိန်းကလေးတွင် ပါရှိသော ကံလမ်းကြောင်း၏အခြေအနေကို သုံးသပ်ရပါက သူ၏ဘဝတစ် လျှောက်လုံးတွင် ချစ်သောသူများ၏ ဖိနှိပ်ခြင်းကို ခံရကြောင်းပြလေသည်။ ငယ်စဉ်အချိန်ကာလများတွင် မိမိကို အုပ်ထိန်းသော မိဘ၊အကိုကြီး၊အမကြီးတို့၏ ချုပ်ချယ်ခြင်းကို ခံရပြီး မသွားရ၊မလာရဖြင့် စိတ်ဆင်းရဲရမည်ပင်ဖြစ်သည်။ အိမ်ထောင်ကျသည့်အချိန်တွင်လည်း မှားယွင်းစွာချစ်မိမှားသဖြင့် ဘဝတွင် ဒူးနှင့်မျက်ရည်သုတ်ရတတ်သည့် လက္ခဏာဖြစ်သည်။ လူလည်းဆင်းရဲ၊စိတ်လည်းဆင်ရဲဖြစ်တတ်ပြီး လိင်ပိုင်းဆိုင်ရာ အစောကားခံရပြီး အမျိုးသမီးအခွင့်အရေး ဆုံးရှုံးသူလည်း ဖြစ်သည်။ ထူးခြားသည်မှာ ထိုစိတ်သောကရောက်ရသောဘဝမှ ရုံးမထွက်နိုင်ခြင်း ပင်ဖြစ်သည်။

ထိုအမျိုးသမီးက ပြန်ပြောပြရာတွင်လည်း သူငယ်စဉ်အချိန်ကပင် သူ၏ မိဘနှင့် အမဖြစ်သူများက အလွန်ပင်ချုပ်ချယ်ခဲ့ကြသဖြင့် ပြင်ပလောကဆိုသည်ကိုပင် မသိရလောက်အောင်ဖြစ်ခဲ့ရသည်။ ချစ်သူရည်စားဆိုသည် မှာလည်း ပြင်ပလောကနှင့် အဆက်အဆံမရှိသဖြင့် ဘာမှန်မသိဖြစ်ခဲ့ရသည်။ အချိန်တန်လ့ို သီးချိန်ပွင့်ချိန်ရောက်သောအခါ အမဖြစ်သူနေထိုင်မကောင်းဖြစ်ချိန်နှင့်ကြုံရာမှ အမဖြစ်သူ၏ ခင်ပွန်း ခဲအိုဖြစ်သူနှင့် မှားမိခဲ့ပြီး ကိုယ်ဝန်ရှိချိန်တွင် အမဖြစ်သူသိရှိရာက အိမ်တွင်းရေး၊အိမ်ထောင်ရေးပြသနာများနှင့် ရင်ဆိုင်ခဲ့ရတော့သည်။ ထိုအချိန်မှစပြီး အမဖြစ်သူ၏ နေ့စဉ်ဖိနှိပ်ခြင်း၊ရန်လိုမုန်းထားခြင်းများခံခဲ့ရပြီး ခဲအိုဖြစ်သူမှာလည်း ဘာမှမပြောနိုင်၊မကာကွယ်နိုင်ဘဲ မသိသလိုသာနေခဲ့ရာ တရားဝင်အိမ်ထောင်ရယ်လိုလည်းမဖြစ်ဘဲ အရှက်ရပြီး ကလေးတစ်ယောက်နှင့် ယနေ့တိုင် မျက်ရည်ဖြင့် နေထိုင်ရကြောင်း ပြောပြလေသည်။ သူမပြောပြသောအချက်နှင့် ကျွန်ုပ်တို့ လေ့လာသုတေသနပြုချက်တို့ တိုက်ဆိုင်စစ်ဆေးကြည့်ရာ မှန်လှသဖြင့် မှတ်သားထားရပေသည်။
အမှန်ကို ပြောရပါက လောကတွင် လူဖြစ်ရသည့်အချိန်သည် ခဏသာဖြစ်ပြီး ထိုခဏဆိုသောအချိန်တွင် ဖြစ်ချင်တာတွေမဖြစ်ရဘဲ မဖြစ်ချင်တာတွေသာ ဖြစ်ရတတ်သည်မှာ လူ့သဘာဝသာဖြစ်သည်။ ခဏာတာဖြစ်သော လူ့ဘဝတွင် လူတစ်ယောက်အနေဖြင့် စိတ်သောကနှင့် ဘဝကို ဖြတ်သန်းနေရသည်ဆိုခြင်းကိုမူ များစွာစိတ်မကောင်း ဖြစ်ရတော့သည်။ ကံတာရားသည် လူတစ်ယောက်၏ ဘဝအတွက် ကြိုတင်ပြဌာန်းထားပြီးဖြစ်ရာ ထိုပြဌာန်းချက်ကို လက္ခဏာရှင်၏ လက်ဖဝါးပြင်တွင် ဖော်ပြပြီးလည်းဖြစ်သည်။ မိမိဘဝတွင် မည်ကဲ့သို့သောအကြောင်းများ ပြဌာန်းပါရှိသည် ဆိုသည့်အချက်ကို သိရပါက ယခုဘဝပြုသော ကုသိုလ်ကောင်းမှု့၊ဆင်ခြင်တုံတရားများဖြင့် အထိုက်အလျှောက် လျှော့ပါးအောင်တော့ ကာကွယ်နိုင်ပါလိမ့်မည်။ အချို့က လက္ခဏာဆရာထံ ကံတရားစစ်ဆေးရန်ပင် ကံအခွင့်အလမ်းမပါရှိသဖြင့် သူ၏ကံတရားကိုလည်း မသိရသလို ကုသိုလ်ကောင်းမှု့တို့ဖြင့် မကောင်းသည့်ကံကို လျှော့ပါးအောင်လည်း မပြုလုပ်နိုင်ကြကြောင်း တင်ပြရပါသည်။
ဆရာကင်္ကသူ

အခ်စ္ေရး၊အိမ္ေထာင္ေရးတြင္ ခ်စ္ရသူ၏ ဖိႏွိပ္ခ်ဳပ္ခ်ယ္ျခင္းကို အၿမဲခံရသူ

ကြ်ႏ္ုပ္ထံသို႔ လကၡဏ ေမးျမန္းၾကေသာ မိတ္ေဆြမ်ားတြင္ အေမးအမ်ားဆံုးေမးခြန္းတစ္ခုမွာ အခ်စ္ေရး၊ အိမ္ေထာင္ေရးအေျခအေနျဖစ္သည္။လူသားတစ္ေယာက္၏ ဘဝတြင္ အခ်စ္ေရး၊အိမ္ေထာင္ေရးသည္ မည့္မွ်အေရး ပါသည္ကို ကြ်ႏ္ုပ္ေကာင္းစြာသိၿပီးျဖစ္သျဖင့္ ထိုအေၾကာင္းကိုလည္း အထူးေလ့လာသုေတသနျပဳထားရေလသည္။ အခ်စ္ေရး၊အိမ္ေထာင္ေရးႏွင့္ပါတ္သက္သည့္ အေၾကာင္းအရာမ်ားက မ်ားလွေပသည္။ ထိုသို႔ မ်ားျပားလွေသာ အေၾကာင္းအခ်က္မ်ားမွ အခ်စ္ေရး၊အိမ္ေထာင္ေရးတြင္ မိမိခ်စ္ခင္ရသူက ဖိႏွိပ္ခ်ဳပ္ခ်ယ္ျခင္းခံရၿပီး ဘဝတြင္ ကိုယ္ဆင္ရဲ၊စိတ္ဆင္ရဲစြာျဖင့္ ေသာက၊ဒုကၡႏွင့္ အသက္ရွင္ရသူ၏ လကၡဏာအေၾကာင္းကို တင္ျပလိုပါသည္။
မၾကာေသးေသာအခ်ိန္က ကြ်ႏ္ုပ္ထံသို႔ လကၡဏာလာေရာက္ေမးျမန္းေသာ အသက္ (၃၀) အရြယ္ရိွအမ်ိဳးသမီး၏လကၡဏာတြင္ ကံလမ္းေၾကာင္းသည္ ေသာၾကာၿဂိဳဟ္ခံုမွထြက္ေပၚလာၿပီး အသက္လမ္းေၾကာင္းကို ျဖတ္ကာ ဦးေခါင္းလမ္းေၾကာင္းႏွင့္ ႏွလံုးလမ္းေၾကာင္းတို႔ကိုပါ ျဖတ္ၿပီး စေနၿဂိဳဟ္ခံုသို ထိုးတက္သြားသည္ကို သတိရမိသည္။ထိုမိန္းကေလးတြင္ ပါရိွေသာ ကံလမ္းေၾကာင္း၏အေျခအေနကို သံုးသပ္ရပါက သူ၏ဘဝတစ္ ေလွ်ာက္လံုးတြင္ ခ်စ္ေသာသူမ်ား၏ ဖိႏွိပ္ျခင္းကို ခံရေၾကာင္းျပေလသည္။ ငယ္စဥ္အခ်ိန္ကာလမ်ားတြင္ မိမိကို အုပ္ထိန္းေသာ မိဘ၊အကိုႀကီး၊အမႀကီးတို႔၏ ခ်ဳပ္ခ်ယ္ျခင္းကို ခံရၿပီး မသြားရ၊မလာရျဖင့္ စိတ္ဆင္းရဲရမည္ပင္ျဖစ္သည္။ အိမ္ေထာင္က်သည့္အခ်ိန္တြင္လည္း မွားယြင္းစြာခ်စ္မိမွားသျဖင့္ ဘဝတြင္ ဒူးႏွင့္မ်က္ရည္သုတ္ရတတ္သည့္ လကၡဏာျဖစ္သည္။ လူလည္းဆင္းရဲ၊စိတ္လည္းဆင္ရဲျဖစ္တတ္ၿပီး လိင္ပုိင္းဆိုင္ရာ အေစာကားခံရၿပီး အမ်ိဳးသမီးအခြင့္အေရး ဆံုးရႈံးသူလည္း ျဖစ္္သည္။ ထူးျခားသည္မွာ ထိုစိတ္ေသာကေရာက္ရေသာဘဝမွ ႐ံုးမထြက္ႏိုင္ျခင္း ပင္ျဖစ္သည္။

ထိုအမ်ိဳးသမီးက ျပန္ေျပာျပရာတြင္လည္း သူငယ္စဥ္အခ်ိန္ကပင္ သူ၏ မိဘႏွင့္ အမျဖစ္သူမ်ားက အလြန္ပင္ခ်ဳပ္ခ်ယ္ခဲ့ၾကသျဖင့္ ျပင္ပေလာကဆိုသည္ကိုပင္ မသိရေလာက္ေအာင္ျဖစ္ခဲ့ရသည္။ ခ်စ္သူရည္စားဆိုသည္ မွာလည္း ျပင္ပေလာကႏွင့္ အဆက္အဆံမရိွသျဖင့္ ဘာမွန္မသိျဖစ္ခဲ့ရသည္။ အခ်ိန္တန္လ႔ို သီးခ်ိန္ပြင့္ခ်ိန္ေရာက္ေသာအခါ အမျဖစ္သူေနထိုင္မေကာင္းျဖစ္ခ်ိန္ႏွင့္ႀကံဳရာမွ အမျဖစ္သူ၏ ခင္ပြန္း ခဲအိုျဖစ္သူႏွင့္ မွားမိခဲ့ၿပီး ကိုယ္ဝန္ရိွခ်ိန္တြင္ အမျဖစ္သူသိရိွရာက အိမ္တြင္းေရး၊အိမ္ေထာင္ေရးျပသနာမ်ားႏွင့္ ရင္ဆိုင္ခဲ့ရေတာ့သည္။ ထိုအခ်ိန္မွစၿပီး အမျဖစ္သူ၏ ေန႔စဥ္ဖိႏွိပ္ျခင္း၊ရန္လိုမုန္းထားျခင္းမ်ားခံခဲ့ရၿပီး ခဲအိုျဖစ္သူမွာလည္း ဘာမွမေျပာႏိုင္၊မကာကြယ္ႏိုင္ဘဲ မသိသလိုသာေနခဲ့ရာ တရားဝင္အိမ္ေထာင္ရယ္လိုလည္းမျဖစ္ဘဲ အရွက္ရၿပီး ကေလးတစ္ေယာက္ႏွင့္ ယေန႔တိုင္ မ်က္ရည္ျဖင့္ ေနထိုင္ရေၾကာင္း ေျပာျပေလသည္။ သူမေျပာျပေသာအခ်က္ႏွင့္ ကြ်ႏ္ုပ္တို႔ ေလ့လာသုေတသနျပဳခ်က္တို႔ တိုက္ဆိုင္စစ္ေဆးၾကည့္ရာ မွန္လွသျဖင့္ မွတ္သားထားရေပသည္။
အမွန္ကို ေျပာရပါက ေလာကတြင္ လူျဖစ္ရသည့္အခ်ိန္သည္ ခဏသာျဖစ္ၿပီး ထိုခဏဆိုေသာအခ်ိန္တြင္ ျဖစ္ခ်င္တာေတြမျဖစ္ရဘဲ မျဖစ္ခ်င္တာေတြသာ ျဖစ္ရတတ္သည္မွာ လူ႔သဘာဝသာျဖစ္သည္။ ခဏာတာျဖစ္ေသာ လူ႔ဘဝတြင္ လူတစ္ေယာက္အေနျဖင့္ စိတ္ေသာကႏွင့္ ဘဝကို ျဖတ္သန္းေနရသည္ဆိုျခင္းကိုမူ မ်ားစြာစိတ္မေကာင္း ျဖစ္ရေတာ့သည္။ ကံတာရားသည္ လူတစ္ေယာက္၏ ဘဝအတြက္ ႀကိဳတင္ျပဌာန္းထားၿပီးျဖစ္ရာ ထိုျပဌာန္းခ်က္ကို လကၡဏာရွင္၏ လက္ဖဝါးျပင္တြင္ ေဖာ္ျပၿပီးလည္းျဖစ္သည္။ မိမိဘဝတြင္ မည္ကဲ့သို႔ေသာအေၾကာင္းမ်ား ျပဌာန္းပါရိွသည္ ဆိုသည့္အခ်က္ကို သိရပါက ယခုဘဝျပဳေသာ ကုသိုလ္ေကာင္းမွဳ႕၊ဆင္ျခင္တံုတရားမ်ားျဖင့္ အထိုက္အေလွ်ာက္ ေလွ်ာ့ပါးေအာင္ေတာ့ ကာကြယ္ႏိုင္ပါလိမ့္မည္။ အခ်ိဳ႕က လကၡဏာဆရာထံ ကံတရားစစ္ေဆးရန္ပင္ ကံအခြင့္အလမ္းမပါရိွသျဖင့္ သူ၏ကံတရားကိုလည္း မသိရသလို ကုသိုလ္ေကာင္းမွဳ႕တို႔ျဖင့္ မေကာင္းသည့္ကံကို ေလွ်ာ့ပါးေအာင္လည္း မျပဳလုပ္ႏိုင္ၾကေၾကာင္း တင္ျပရပါသည္။
ဆရာကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box