အလွန်ကံကောင်းစေသော လက်ဖဝါးပြင်မှ ကံကောင်းခြင်းဗွေအမှတ်အသားများ
လက္ခဏာကို စစ်ဆေးသည့်အခါ လက်ဖဝါးပြင်ရှိ လမ်းကြောင်းများ၊ဂြိုဟ်ခုံများနှင့် လက်ပုံစံများကိုသာ စစ်ဆေးရခြင်းမဟုတ်ပါဘူး၊ အသေးစိတ်သောအကြောင်းအရာများအတွက် လက္ခဏာရှင်၏ လက်ဗွေများကိုလည်း အသေအချာ သုံးသပ်ရပါတယ်။ အလွန်အရေးကြီးတယ်လို့ ပြောရမှပါ။ လက်ချောင်းများရဲ့ထိပ်မှာပါရှိတဲ့ လက်ဗွေများနှင့် ပါတ်သက်လာရင်တော့ အလွန်လေးနက်လှပြီး ပါရဂူအဆင့်အထိ ဘာသာရပ်တစ်ခုအဖြစ် တည်ရှိနေတာဖြစ်ပါတယ်။ အခုတင်ပြလိုတာကတော့ လက်ဖဝါးပြင်မှာရှိတဲ့ ဗွေအကြောင်းဖြစ်ပါတယ်။ ဒီလက်ဖဝါးမှာရှိတဲ့ ဗွေတွေမှာ ကံကောင်းခြင်းကို ပေးတဲ့ဗွေတွေရှိသလို၊ကံဆိုးခြင်းကိုပေးသော ဗွေများလည်းရှိရာ ယခုကျတော် တင်ပြမှာကတော့ ကံကောင်းခြင်းကို ပေးသော ဗွေများအကြောင်းကို တင်ပြလိုပါတယ်။ အလွန်အရေးပါတာဖြစ်လို့ လက္ခဏာရှင်တိုင်းအတွက် အထူးကြည့်ရမည့် အမှတ်အသားဟုဆိုရမှာပါ။ကံကောင်းစေတဲ့ ဗွေအမှတ်အသားများစွာရှိတဲ့အထဲက ထင်ရှားတဲ့ဗွေအမှတ်အသား အချို့ကို တင်ပြလိုပါတယ်။
(ပုံ-၁) ရဲစွမ်းသတ္တိနှင့်ဆိုင်သောဗွေ ( Loop Of Courage)
ဒီဗွေကိုတော့ လက်မနဲ့ လက်ညိုးကြားမှာတည်ရှိတဲ့ အင်္ဂါဂြိုဟ်ခုံအတွင်းမှာတွေ့ရတတ်တဲ့ ဗွေဖြစ်တယ်။ ဒီဗွေကိုတွေ့ရင်တော့ လက္ခဏာရှင်ဟာ အလွန်သတ္တိရှိတဲ့သူတစ်ယောက်ဖြစ်မယ်လို့ ပြောလို့ရပါတယ်။ ဒီနေရာမှာပြောစာရာတစ်ခုတော့ရှိပါတယ်။ ကောင်းသောသတ္တိရှိခြင်းလား၊ အကျိုးပြုမယ့်သတ္တိရှိခြင်းလည်း၊ မိုက်ရူးရဲလုပ်တတ်တာလားဆိုတာတွေကိုတော့ သေချာလေ့လာရပါလိမ့်မယ်။ ဒီလိုလေ့လာဖို့အတွက် ပါရှိတဲ့ဗွေဟာ ခရုပါတ်ဗွေဖြစ်သလား၊ပေါင်းကူးဗွေလား၊ ဗွေအရစ်တွေနဲ့ ဗွေရဲ့ဗဟိုချက်က ဂြိုဟ်ခုံရဲ့ ဘယ်နေရာမှာ ဘယ်လိုတည်ရှိတယ် ဆိုတာတွေကို အသေးစိတ်လေ့လာရမှာဖြစ်ပါတယ်။ မည်သို့ဆိုစေကာမူ ထိုနေရာမှာဗွေအမှတ်အသားပါရှိခဲ့မယ်ဆိုရင်တော့ ရဲစွမ်းသတ္တိရှိသူတွေဖြစ်လာပါတယ်။ အထူးသဖြင့် ခရုပါတ်ဗွေပါရှိသူတွေဟာ သူရဘွဲ့၊သူရဲကောင်းဘွဲ့တွေရရှိတတ်သလို သူကောင်းပြုခံရတဲ့ သမာသမတ်ရှိတဲ့ စစ်သည်တော်ကောင်းတွေနဲ့ တိုက်ခိုက်ရေးစွမ်းရည်ပြည့် တဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ (ပုံ-၁)
(ပုံ-၂) ဂီတ အနုပညာနှင့် ဆိုင်သောဗွေ (Loop of Music and Art)
ဒီဗွေကိုတော့ လက်မရဲ့အောက်ဘက် အသက်လမ်းကြောင်းအတွင်းဘက်မှာရှိတဲ့ သောကြာဂြိုဟ်ခုံမှာတွေ့ နိုင်ပါတယ်။ ဒီဗွေပါရှိတဲ့သူကတော့ အနုပညာဂီတနှင့်ဆိုင်သော အမှတ်အသားတစ်ခုဖြစ်လာပါတယ်။ ခံစားတာ ၊ကိုယ်တိုင်တီးခတ်တာ၊ဖန်တီးတာတွေနဲ့ ကျော်ကြားတတ်ပါတယ်။ ဂီတတစ်မျိုးတည်းနဲ့ဆိုင်တဲ့အမှတ်အသားမဟုတ်ပါဘူး၊ အဆို၊အက၊အတီး၊တွေနဲ့လည်းဆိုင်သလို သရုပ်ဆောင်ခြင်း၊သီချင်းရေးသာခြင်း၊ကဗျာစပ်ဆိုခြင်းတွေနဲ့လည်း ဆိုင်ပါတယ်။ အနုပညာကို အခြေခံတဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေ၊ အနုပညာနဲ့ဆိုင်တဲ့ တူရိယာပစ္စည်းတွေပြုလုပ်တာ၊ ဖန်တီးတာတွေမှာလည်း ထူးချွန်မယ်ဆိုတဲ့ အမှတ်အသားဖြစ်ပါတယ်။ ပါရှိတဲ့ဗွေအမျိုးအစားကို လိုက်ပြီး ဘယ်လိုအနုပညာလုပ်ငန်းနဲ့ အောင်မြင်မယ်၊ကျော်ကြားမယ်၊ ဘယ်လောက်အထိ ကျော်ကြားမယ်ဆိုတာတွေကို ပြောနိုင်ပါတယ်။ ဒါကြောင့် ဂီတနှင့်ဆိုင်သော အမှတ်အသားဆိုသော်လည်း အနုပညာတစ်ခုလုံးနှင့် ဆိုင်တဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်။ (ပုံ-၂)
(ပုံ-၃) တနင်္လာဂြိုခုံမှ ‘ S ’ ပုံစံဗွေ ( S Shape pattern in mount of moon)
ဒီဗွေကိုတော့ တနင်္လာဂြိုခုံရဲ့ အောက်ဘက်ပိုင်းနားမှာတွေ့ရတတ်ပါတယ်။ ဗွေခေါင်းနှစ်ခု ချိတ်ဆက်နေလို့ အင်္ဂလိပ်အက္ခရာ “ S” ပုံစံဖြစ်ပေါ်နေတတ်ပါတယ်။ ဒီဗွေအမှတ်အသားပါရှိတဲ့သူကတော့ အဏာ နှင့် ချမ်းသာခြင်းကို အလွန်မြတ်နိုးလိုလားသူဖြစ်တယ်လို့ ပြောလို့ရသလို ရလည်းရတတ်ပါတယ်။ ဒါကိုအကောင်းဆုံးအသုံးချတတ်ဖို့လိုပါတယ်။ လက္ခဏာရှင်ဟာ စိတ်လှုပ်ရှားတာအရမ်းများပြီး ဆုံးဖြတ်ချက်တွေမြှးတတ်သူဖြစ်တယ်ဆိုတာကိုတော့ သတိပြုရပါတယ်။ ရေနဲ့ပါတ်သက်တဲ့လုပ်ငန်းတွေ၊ စိတ်နဲ့ဆိုင်တဲ့ကိစ္စတွေမှာ အောင်မြင်ထူးချွန်မယ်သူတွေလို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။(ပုံ-၃)
(ပုံ-၄) တနင်္လာဂြိုခုံမှ ခရုပါတ်ဗွေ ( whorl pattern in mount of moon)
တနင်္လာဂြိုဟ်ခုံမှာပါရှိတဲ့ ခရုပါတ်ဗွေဖြစ်တယ်။ အလွန်ကောင်းတဲ့ဗွေဖြစ်ပြီး သူဌေးကြီးဖြစ်မယ့် ပတ္တမြားဗွေ ဟုလည်း လူသိများပါတယ်။ဒီဗွေပါရှိတဲ့သူတွေဟာ မြင်မားတဲ့ရည်မှန်းချက်၊ရည်ရွယ်ချက်တွေရှိကြတယ်၊ ရရှိအောင်လည်း အထူးကြိုးစားကြလို့ ချမ်းသာခြင်းတွေရရှိတတ်ပါတယ်။ ဒီဗွေပါရှိလို့ ချမ်းသာခြင်းတွေရရှိပေမယ့် သူဟာ စိတ်ဖိစီးမှု့တွေအများကြီးဖြစ်ရပြီး မိမိမိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ ဝေးကွာနေတတ်ပါတယ်။ ချမ်းသာပြည့်စုံတဲ့ ဥစ္စာတွေရှိပေမယ့် သူံအပေါ် ပကာသနမပါတဲ့ မိတ်ရင်းဆွေရင်းတွေမရှိတဲ့အတွက် လူအများနဲ့နေရ၊အလုပ်တွေ အများကြီးလုပ်နေပြီး၊ဦးဆောင်နေရတဲ့သူဖြစ်ပေမယ့် အထီးကျန်ခြင်းကိုလည်း ရရှိနေသူ ဖြစ်တတ်ပါတယ်တဲ့။တစ်ကယ်လို့ ခရုပါတ်ဗွေမဟုတ်ဘဲ အခြားသော ပုံစံရှိတဲ့ဗွေတွေပါရှိတဲ့အခါ ခရုပါတ်ဗွေဟောအတိုင်း လုံးဝဟောလို့မရပါဘူး။ ပေါင်းကူးဗွေပါရှိတဲ့သူတွေဟာ ငွေလက်နဲ့မပြတ်သူတွေ၊ငွေရှာရလွယ်ကုသူတွေဖြစ်ပြီး အထီးမကျန်ပါဘူး။ ဒီလိုဘဲ အခြားပုံစံတွေနဲ့ ဗွေတွေဟာ တနင်္လာဂြိုဟ်ခုံမှာပါရှိတဲ့အခါ သေချာလေ့လာပြီးမှာစောရပါလိမ့်မယ်။(ပုံ-၄)
(ပုံ -၅)ကုန်သွယ်ရေးနှင့် စကားပြောကောင်းသူ (Loop of good discussion and trade)
ဒီဗွေကိုတော့ ဗုဒ္ဓဟူးဂြိုဟ်ခုံနှင့် တနင်္ဂနွေဂြိုဟ်ခုံကြားမှာတွေ့ရတတ်ပါတယ်။ မဟာရာဂျာအမှတ်အသား၊ မင်္ဂလာ ချန်ရံအမှတ် အသားများအဖြစ်လည်း ဖော်ပြတတ်ကြပါတယ်။ ဒီဗွေကိုတွေ့ရတဲ့အခါ ဟာသညဏ်ကြီးသူ၊ စကားပြောကောင်းသူဖြစ်ပြီး ၊အကျိုးဆောင်လုပ်ငန်း၊ရှေ့နေလုပ်ငန်း၊တရားစောဆရာတွေမှာလည်း တွေ့ရတတ်ပါတယ်။ ကုန်သွယ်ရေးမှာထူးချွန်တဲ့သူတွေဖြစ်တယ်လို့ကောက်ချက်ချနိုင်ပါတယ်။ဦးဆောင်သူဖြစ်ပါတယ်။ဒီအမှတ်အသားပါရှိတဲ့သူတွေဟာ အတွက်အချက်ကောင်းပြီး ဇွဲရှိသူတွေဖြစ်လို့ ဘဝမှာ အထူးအောင်မြင်ကြတာဖြစ်တယ်။ စကားပြောကောင်းခြင်းကလည်း ဘဝတိုးတက်ရေးအတွက် အထောက်ကူကောင်းတစ်ခုဖြစ်လို့နေတာဖြစ်တယ်။ ဒီနေရာမှာလည်း ခရုပါတ်ဗွေအမျိုးအစားနဲ့ ပေါင်းကူးဗွေစသည့် ဗွေအမျိုးအစားတွေပေါ်မူတည်ပြီး အဟောတွေ ကွဲပြားတတ်သလို လက်ပုံစံနဲ့ ပါတ်သက်နေတဲ့ ဂြိုဟ်ခုံတွေနဲ့လည်း သက်ဆိုင်လို့နေတတ်ပါတယ်။ (ပုံ -၅)
( ပုံ-၆) ဂုဏ်သိက္ခာ နှင့် တည်ကြည်ခြင်းဗွေအမှတ်အသား (loop of seriousness)
ဒီဗွေကိုတော့ စနေဂြိုဟ်ခုံနှင့် တနင်္ဂနွေဂြိုဟ်ခုံကြားမှာတွေ့ရတတ်တဲ့ဗွေဖြစ်တယ်။ ဒီဗွေကလည်း မင်္ဂလာအမှတ် အသားတစ်ခုဖြစ်ပါတယ်။ဒီဗွေပါတဲ့အခါ ဂုဏ်သိက္ခာရှိတဲ့သူဖြစ်တယ်လို့ အကြမ်းအားဖြင့်ပြောနိုင်ပါတယ်။ သူ့ရဲ့သိက္ခာကို အလွန်တန်ဖိုးထားတတ်သူဖြစ်တယ်။ လူအများ အထူးသဖြင့် နွမ်းပါးသူတွေကို ကူညီတတ်သူလည်းဖြစ်တယ်။ သူဟာချိုးချန်ခြင်းအကျင့်ကိုကျင့်တတ်သလို သိခံနိုင်ခြင်း၊သီလစောင့်ထိန်းနိုင်ခြင်းတွေကို ဖော်ပြပါတယ်။ ဒါကြောင့် ဘာသာရေးနဲ့ဆိုင်တဲ့ တရားကျင့်တဲ့ဘက်မှာ ထူးခြားမယ့်အမှတ်အသားတစ်ခုလို့ပြောနိုင်တယ်။ ဒီဗွေပါတဲ့သူဟာ ချမ်းသာကြီးတတ်ပါတယ်။ သူဆီမှာဇိမ်ခံလို့ရတဲ့ အရာတွေများစွာလည်းရှိတတ်ပါတယ်၊သို့သော်လည်း ဒီအရာတွေအပေါ် မခံစားလိုဘဲ ရှိတတ်တဲ့သူဖြစ်တယ်လို့ အကြမ်းအားဖြင့် သုံးသပ်ရပါတယ်။( ပုံ-၆)
အခြားသော ဂြိုဟ်ခုံပေါ်မှ ဗွေအမှတ်အသားတွေနဲ့ ကြာသာပတေးဂြိုဟ်ခုံနဲ့ စနေဂြိုခုံကြားက မဟာရာဂျ အမှတ်အသားဖြစ်တဲ့ ဗွေအမျိုးအစားတွေရဲ့ အကြောင်းတွေကိုလည်း နောက်များအလင်းသင့်တဲ့အချိန် တင်ပြပါ့မယ်။ လက္ခဏာပညာဟာ နက်ပါတယ်၊ တိတိကျကျဟောပြောနိုင်ဖို့အတွက် လက္ခဏာသုတေသီဟာ အလွန်ဘဲ လေ့လာရပါ တယ်။ လမ်းကြောင်းတွေကိုဘဲ ကြည့်နေလို့မရပါဘူး တိကျဖို့အတွက် အများကြီး ကြည့်ရပါတယ်၊ ပေါင်းစပ်သုံးသပ်ရ ပါတယ်။ ဒီလိုသုံးသပ်တဲ့အခါ ဒီဗွေတွေဟာလည်း အလွန်အရေးကြီးတဲ့ နေရာကပါရှိပါကြောင်း တင်ပြရပါတယ်။
ဆရာကင်္ကသူ
အလြန္ကံေကာင္းေစေသာ လက္ဖဝါးျပင္မွ ကံေကာင္းျခင္းေဗြအမွတ္အသားမ်ား
လကၡဏာကို စစ္ေဆးသည့္အခါ လက္ဖဝါးျပင္ရွိ လမ္းေၾကာင္းမ်ား၊ၿဂိဳဟ္ခုံမ်ားႏွင့္ လက္ပုံစံမ်ားကိုသာ စစ္ေဆးရျခင္းမဟုတ္ပါဘူး၊ အေသးစိတ္ေသာအေၾကာင္းအရာမ်ားအတြက္ လကၡဏာရွင္၏ လက္ေဗြမ်ားကိုလည္း အေသအခ်ာ သုံးသပ္ရပါတယ္။ အလြန္အေရးႀကီးတယ္လို႔ ေျပာရမွပါ။ လက္ေခ်ာင္းမ်ားရဲ႕ထိပ္မွာပါရွိတဲ့ လက္ေဗြမ်ားႏွင့္ ပါတ္သက္လာရင္ေတာ့ အလြန္ေလးနက္လွၿပီး ပါရဂူအဆင့္အထိ ဘာသာရပ္တစ္ခုအျဖစ္ တည္ရွိေနတာျဖစ္ပါတယ္။ အခုတင္ျပလိုတာကေတာ့ လက္ဖဝါးျပင္မွာရွိတဲ့ ေဗြအေၾကာင္းျဖစ္ပါတယ္။ ဒီလက္ဖဝါးမွာရွိတဲ့ ေဗြေတြမွာ ကံေကာင္းျခင္းကို ေပးတဲ့ေဗြေတြရွိသလို၊ကံဆိုးျခင္းကိုေပးေသာ ေဗြမ်ားလည္းရွိရာ ယခုက်ေတာ္ တင္ျပမွာကေတာ့ ကံေကာင္းျခင္းကို ေပးေသာ ေဗြမ်ားအေၾကာင္းကို တင္ျပလိုပါတယ္။ အလြန္အေရးပါတာျဖစ္လို႔ လကၡဏာရွင္တိုင္းအတြက္ အထူးၾကည့္ရမည့္ အမွတ္အသားဟုဆိုရမွာပါ။ကံေကာင္းေစတဲ့ ေဗြအမွတ္အသားမ်ားစြာရွိတဲ့အထဲက ထင္ရွားတဲ့ေဗြအမွတ္အသား အခ်ိဳ႕ကို တင္ျပလိုပါတယ္။
(ပုံ-၁) ရဲစြမ္းသတၱိႏွင့္ဆိုင္ေသာေဗြ ( Loop Of Courage)
ဒီေဗြကိုေတာ့ လက္မနဲ႔ လက္ညိဳးၾကားမွာတည္ရွိတဲ့ အဂၤါၿဂိဳဟ္ခုံအတြင္းမွာေတြ႕ရတတ္တဲ့ ေဗြျဖစ္တယ္။ ဒီေဗြကိုေတြ႕ရင္ေတာ့ လကၡဏာရွင္ဟာ အလြန္သတၱိရွိတဲ့သူတစ္ေယာက္ျဖစ္မယ္လို႔ ေျပာလို႔ရပါတယ္။ ဒီေနရာမွာေျပာစာရာတစ္ခုေတာ့ရွိပါတယ္။ ေကာင္းေသာသတၱိရွိျခင္းလား၊ အက်ိဳးျပဳမယ့္သတၱိရွိျခင္းလည္း၊ မိုက္႐ူးရဲလုပ္တတ္တာလားဆိုတာေတြကိုေတာ့ ေသခ်ာေလ့လာရပါလိမ့္မယ္။ ဒီလိုေလ့လာဖို႔အတြက္ ပါရွိတဲ့ေဗြဟာ ခ႐ုပါတ္ေဗြျဖစ္သလား၊ေပါင္းကူးေဗြလား၊ ေဗြအရစ္ေတြနဲ႔ ေဗြရဲ႕ဗဟိုခ်က္က ၿဂိဳဟ္ခုံရဲ႕ ဘယ္ေနရာမွာ ဘယ္လိုတည္ရွိတယ္ ဆိုတာေတြကို အေသးစိတ္ေလ့လာရမွာျဖစ္ပါတယ္။ မည္သို႔ဆိုေစကာမူ ထိုေနရာမွာေဗြအမွတ္အသားပါရွိခဲ့မယ္ဆိုရင္ေတာ့ ရဲစြမ္းသတၱိရွိသူေတြျဖစ္လာပါတယ္။ အထူးသျဖင့္ ခ႐ုပါတ္ေဗြပါရွိသူေတြဟာ သူရဘြဲ႕၊သူရဲေကာင္းဘြဲ႕ေတြရရွိတတ္သလို သူေကာင္းျပဳခံရတဲ့ သမာသမတ္ရွိတဲ့ စစ္သည္ေတာ္ေကာင္းေတြနဲ႔ တိုက္ခိုက္ေရးစြမ္းရည္ျပည့္ တဲ့သူေတြမွာ ေတြ႕ရတတ္ပါတယ္။ (ပုံ-၁)
(ပုံ-၂) ဂီတ အႏုပညာႏွင့္ ဆိုင္ေသာေဗြ (Loop of Music and Art)
ဒီေဗြကိုေတာ့ လက္မရဲ႕ေအာက္ဘက္ အသက္လမ္းေၾကာင္းအတြင္းဘက္မွာရွိတဲ့ ေသာၾကာၿဂိဳဟ္ခုံမွာေတြ႕ ႏိုင္ပါတယ္။ ဒီေဗြပါရွိတဲ့သူကေတာ့ အႏုပညာဂီတႏွင့္ဆိုင္ေသာ အမွတ္အသားတစ္ခုျဖစ္လာပါတယ္။ ခံစားတာ ၊ကိုယ္တိုင္တီးခတ္တာ၊ဖန္တီးတာေတြနဲ႔ ေက်ာ္ၾကားတတ္ပါတယ္။ ဂီတတစ္မ်ိဳးတည္းနဲ႔ဆိုင္တဲ့အမွတ္အသားမဟုတ္ပါဘူး၊ အဆို၊အက၊အတီး၊ေတြနဲ႔လည္းဆိုင္သလို သ႐ုပ္ေဆာင္ျခင္း၊သီခ်င္းေရးသာျခင္း၊ကဗ်ာစပ္ဆိုျခင္းေတြနဲ႔လည္း ဆိုင္ပါတယ္။ အႏုပညာကို အေျခခံတဲ့ စီးပြားေရးလုပ္ေဆာင္ခ်က္ေတြ၊ အႏုပညာနဲ႔ဆိုင္တဲ့ တူရိယာပစၥည္းေတြျပဳလုပ္တာ၊ ဖန္တီးတာေတြမွာလည္း ထူးခြၽန္မယ္ဆိုတဲ့ အမွတ္အသားျဖစ္ပါတယ္။ ပါရွိတဲ့ေဗြအမ်ိဳးအစားကို လိုက္ၿပီး ဘယ္လိုအႏုပညာလုပ္ငန္းနဲ႔ ေအာင္ျမင္မယ္၊ေက်ာ္ၾကားမယ္၊ ဘယ္ေလာက္အထိ ေက်ာ္ၾကားမယ္ဆိုတာေတြကို ေျပာႏိုင္ပါတယ္။ ဒါေၾကာင့္ ဂီတႏွင့္ဆိုင္ေသာ အမွတ္အသားဆိုေသာ္လည္း အႏုပညာတစ္ခုလုံးႏွင့္ ဆိုင္တဲ့အမွတ္အသားတစ္ခုျဖစ္ပါတယ္။ (ပုံ-၂)
(ပုံ-၃) တနလၤာၿဂိဳခုံမွ ‘ S ’ ပုံစံေဗြ ( S Shape pattern in mount of moon)
ဒီေဗြကိုေတာ့ တနလၤာၿဂိဳခုံရဲ႕ ေအာက္ဘက္ပိုင္းနားမွာေတြ႕ရတတ္ပါတယ္။ ေဗြေခါင္းႏွစ္ခု ခ်ိတ္ဆက္ေနလို႔ အဂၤလိပ္အကၡရာ “ S” ပုံစံျဖစ္ေပၚေနတတ္ပါတယ္။ ဒီေဗြအမွတ္အသားပါရွိတဲ့သူကေတာ့ အဏာ ႏွင့္ ခ်မ္းသာျခင္းကို အလြန္ျမတ္ႏိုးလိုလားသူျဖစ္တယ္လို႔ ေျပာလို႔ရသလို ရလည္းရတတ္ပါတယ္။ ဒါကိုအေကာင္းဆုံးအသုံးခ်တတ္ဖို႔လိုပါတယ္။ လကၡဏာရွင္ဟာ စိတ္လႈပ္ရွားတာအရမ္းမ်ားၿပီး ဆုံးျဖတ္ခ်က္ေတြျမႇးတတ္သူျဖစ္တယ္ဆိုတာကိုေတာ့ သတိျပဳရပါတယ္။ ေရနဲ႔ပါတ္သက္တဲ့လုပ္ငန္းေတြ၊ စိတ္နဲ႔ဆိုင္တဲ့ကိစၥေတြမွာ ေအာင္ျမင္ထူးခြၽန္မယ္သူေတြလို႔ အၾကမ္းအားျဖင့္ ေျပာလို႔ရပါတယ္။(ပုံ-၃)
(ပုံ-၄) တနလၤာၿဂိဳခုံမွ ခ႐ုပါတ္ေဗြ ( whorl pattern in mount of moon)
တနလၤာၿဂိဳဟ္ခုံမွာပါရွိတဲ့ ခ႐ုပါတ္ေဗြျဖစ္တယ္။ အလြန္ေကာင္းတဲ့ေဗြျဖစ္ၿပီး သူေဌးႀကီးျဖစ္မယ့္ ပတၱျမားေဗြ ဟုလည္း လူသိမ်ားပါတယ္။ဒီေဗြပါရွိတဲ့သူေတြဟာ ျမင္မားတဲ့ရည္မွန္းခ်က္၊ရည္႐ြယ္ခ်က္ေတြရွိၾကတယ္၊ ရရွိေအာင္လည္း အထူးႀကိဳးစားၾကလို႔ ခ်မ္းသာျခင္းေတြရရွိတတ္ပါတယ္။ ဒီေဗြပါရွိလို႔ ခ်မ္းသာျခင္းေတြရရွိေပမယ့္ သူဟာ စိတ္ဖိစီးမႈ႕ေတြအမ်ားႀကီးျဖစ္ရၿပီး မိမိမိတ္ေဆြ၊သူငယ္ခ်င္းေတြနဲ႔ ေဝးကြာေနတတ္ပါတယ္။ ခ်မ္းသာျပည့္စုံတဲ့ ဥစၥာေတြရွိေပမယ့္ သူံအေပၚ ပကာသနမပါတဲ့ မိတ္ရင္းေဆြရင္းေတြမရွိတဲ့အတြက္ လူအမ်ားနဲ႔ေနရ၊အလုပ္ေတြ အမ်ားႀကီးလုပ္ေနၿပီး၊ဦးေဆာင္ေနရတဲ့သူျဖစ္ေပမယ့္ အထီးက်န္ျခင္းကိုလည္း ရရွိေနသူ ျဖစ္တတ္ပါတယ္တဲ့။တစ္ကယ္လို႔ ခ႐ုပါတ္ေဗြမဟုတ္ဘဲ အျခားေသာ ပုံစံရွိတဲ့ေဗြေတြပါရွိတဲ့အခါ ခ႐ုပါတ္ေဗြေဟာအတိုင္း လုံးဝေဟာလို႔မရပါဘူး။ ေပါင္းကူးေဗြပါရွိတဲ့သူေတြဟာ ေငြလက္နဲ႔မျပတ္သူေတြ၊ေငြရွာရလြယ္ကုသူေတြျဖစ္ၿပီး အထီးမက်န္ပါဘူး။ ဒီလိုဘဲ အျခားပုံစံေတြနဲ႔ ေဗြေတြဟာ တနလၤာၿဂိဳဟ္ခုံမွာပါရွိတဲ့အခါ ေသခ်ာေလ့လာၿပီးမွာေစာရပါလိမ့္မယ္။(ပုံ-၄)
(ပုံ -၅)ကုန္သြယ္ေရးႏွင့္ စကားေျပာေကာင္းသူ (Loop of good discussion and trade)
ဒီေဗြကိုေတာ့ ဗုဒၶဟူးၿဂိဳဟ္ခုံႏွင့္ တနဂၤေႏြၿဂိဳဟ္ခုံၾကားမွာေတြ႕ရတတ္ပါတယ္။ မဟာရာဂ်ာအမွတ္အသား၊ မဂၤလာ ခ်န္ရံအမွတ္ အသားမ်ားအျဖစ္လည္း ေဖာ္ျပတတ္ၾကပါတယ္။ ဒီေဗြကိုေတြ႕ရတဲ့အခါ ဟာသညဏ္ႀကီးသူ၊ စကားေျပာေကာင္းသူျဖစ္ၿပီး ၊အက်ိဳးေဆာင္လုပ္ငန္း၊ေရွ႕ေနလုပ္ငန္း၊တရားေစာဆရာေတြမွာလည္း ေတြ႕ရတတ္ပါတယ္။ ကုန္သြယ္ေရးမွာထူးခြၽန္တဲ့သူေတြျဖစ္တယ္လို႔ေကာက္ခ်က္ခ်ႏိုင္ပါတယ္။ဦးေဆာင္သူျဖစ္ပါတယ္။ဒီအမွတ္အသားပါရွိတဲ့သူေတြဟာ အတြက္အခ်က္ေကာင္းၿပီး ဇြဲရွိသူေတြျဖစ္လို႔ ဘဝမွာ အထူးေအာင္ျမင္ၾကတာျဖစ္တယ္။ စကားေျပာေကာင္းျခင္းကလည္း ဘဝတိုးတက္ေရးအတြက္ အေထာက္ကူေကာင္းတစ္ခုျဖစ္လို႔ေနတာျဖစ္တယ္။ ဒီေနရာမွာလည္း ခ႐ုပါတ္ေဗြအမ်ိဳးအစားနဲ႔ ေပါင္းကူးေဗြစသည့္ ေဗြအမ်ိဳးအစားေတြေပၚမူတည္ၿပီး အေဟာေတြ ကြဲျပားတတ္သလို လက္ပုံစံနဲ႔ ပါတ္သက္ေနတဲ့ ၿဂိဳဟ္ခုံေတြနဲ႔လည္း သက္ဆိုင္လို႔ေနတတ္ပါတယ္။ (ပုံ -၅)
( ပုံ-၆) ဂုဏ္သိကၡာ ႏွင့္ တည္ၾကည္ျခင္းေဗြအမွတ္အသား (loop of seriousness)
ဒီေဗြကိုေတာ့ စေနၿဂိဳဟ္ခုံႏွင့္ တနဂၤေႏြၿဂိဳဟ္ခုံၾကားမွာေတြ႕ရတတ္တဲ့ေဗြျဖစ္တယ္။ ဒီေဗြကလည္း မဂၤလာအမွတ္ အသားတစ္ခုျဖစ္ပါတယ္။ဒီေဗြပါတဲ့အခါ ဂုဏ္သိကၡာရွိတဲ့သူျဖစ္တယ္လို႔ အၾကမ္းအားျဖင့္ေျပာႏိုင္ပါတယ္။ သူ႔ရဲ႕သိကၡာကို အလြန္တန္ဖိုးထားတတ္သူျဖစ္တယ္။ လူအမ်ား အထူးသျဖင့္ ႏြမ္းပါးသူေတြကို ကူညီတတ္သူလည္းျဖစ္တယ္။ သူဟာခ်ိဳးခ်န္ျခင္းအက်င့္ကိုက်င့္တတ္သလို သိခံႏိုင္ျခင္း၊သီလေစာင့္ထိန္းႏိုင္ျခင္းေတြကို ေဖာ္ျပပါတယ္။ ဒါေၾကာင့္ ဘာသာေရးနဲ႔ဆိုင္တဲ့ တရားက်င့္တဲ့ဘက္မွာ ထူးျခားမယ့္အမွတ္အသားတစ္ခုလို႔ေျပာႏိုင္တယ္။ ဒီေဗြပါတဲ့သူဟာ ခ်မ္းသာႀကီးတတ္ပါတယ္။ သူဆီမွာဇိမ္ခံလို႔ရတဲ့ အရာေတြမ်ားစြာလည္းရွိတတ္ပါတယ္၊သို႔ေသာ္လည္း ဒီအရာေတြအေပၚ မခံစားလိုဘဲ ရွိတတ္တဲ့သူျဖစ္တယ္လို႔ အၾကမ္းအားျဖင့္ သုံးသပ္ရပါတယ္။( ပုံ-၆)
အျခားေသာ ၿဂိဳဟ္ခုံေပၚမွ ေဗြအမွတ္အသားေတြနဲ႔ ၾကာသာပေတးၿဂိဳဟ္ခုံနဲ႔ စေနၿဂိဳခုံၾကားက မဟာရာဂ် အမွတ္အသားျဖစ္တဲ့ ေဗြအမ်ိဳးအစားေတြရဲ႕ အေၾကာင္းေတြကိုလည္း ေနာက္မ်ားအလင္းသင့္တဲ့အခ်ိန္ တင္ျပပါ့မယ္။ လကၡဏာပညာဟာ နက္ပါတယ္၊ တိတိက်က်ေဟာေျပာႏိုင္ဖို႔အတြက္ လကၡဏာသုေတသီဟာ အလြန္ဘဲ ေလ့လာရပါ တယ္။ လမ္းေၾကာင္းေတြကိုဘဲ ၾကည့္ေနလို႔မရပါဘူး တိက်ဖို႔အတြက္ အမ်ားႀကီး ၾကည့္ရပါတယ္၊ ေပါင္းစပ္သုံးသပ္ရ ပါတယ္။ ဒီလိုသုံးသပ္တဲ့အခါ ဒီေဗြေတြဟာလည္း အလြန္အေရးႀကီးတဲ့ ေနရာကပါရွိပါေၾကာင္း တင္ျပရပါတယ္။
ဆရာကကၤသူ
Be the first to comment