နာမည်နဲ့ အကျင့်စရိုက်
1 -အ-အာ-ဥ-သြ ဧ
2 -က-ခ-ဂ-င
3 -စ-ဆ-ဇ-ည
4 -ရ-ယ-လ-၀
5 -ဖ-ပ-ဘ-မ-ဗ
6 -သ-ဟ
7 -ဓ-ဒ-န-တ-ထ
တလုံးထဲ တည်ကိန်းရအောင်ပေါင်းပါ
နာမည်က မွန်လေးဆိုပါစို့ ဒီတော့
မ=5
လ=4
5+4=9
9-
မိတ်ဆွေသည် စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ စိတ်ဆိုးလွယ်၊ ဒေါသဖြစ်လွယ်တတ်၏။ စိတ်ကြီးသလောက် ဇွဲလည်းကြီးသူဖြစ်၏။ ချုပ်ချယ်မှုကို မနှစ်သက်တတ်။ စိတ်မြန်လက်မြန် လုပ်တတ်သည်။ ဆွေမျိုးများ၊ မိသားစု များနှင့် မကြာခဏ အဆင်မပြေဖြစ်တတ်သည်။ မိတ်ဆွေ၏ စကားပြောဟန်ပန်မှာ အမိန့်ပေး၊ သြဇာပေးသကဲ့ သို့ ရှိတတ်၏။ စကားအချေအတင်ပြောမှု၊ ငြင်းခုန်မှုကို အလွန်နှစ်သက်တတ်သူဖြစ်သည်။ လွတ်လပ်မှုကို မြတ်နိုးသော်လည်း မိမိစိတ်ကိုမိမိ နိုင်သူဖြစ်သည်။ အခြားသူများ၏ တားမြစ်မှုကို ချိုးဖောက်တတ်သည်။ မိမိ ဘာသာ အသိတရားနှင့် မလုပ်သင့်သည်ကို ရှောင်တတ်သည်။ စိတ်စွမ်းအင်ကြီးမားသူဖြစ်၏။ ဆုံးဖြတ်ချက် မြန်၍ မှန်ကန်တတ်သူဖြစ်သည်။ မိမိဖြစ်ချင်သောဘ၀ကို မိမိဘာသာကြိုးစား၍ ဖြစ်အောင်လုပ်နိုင်သူများ ဖြစ်သည်။ မည်သို့ဆိုစေ မိတ်ဆွေသည် လူတော်တစ်ယောက်ဖြစ်သည်။
8-
မိတ်ဆွေသည် လက်တွေ့ကျကျ တွေးခေါ်တတ်ပြီး လက်တွေ့ကျကျ လုပ်ကိုင်တတ်သူဖြစ်သည်။ တစ်ခုခုလိုချင် ပြီဆိုလျှင် တမ်းတမ်းစွဲဖြစ်တတ်သည်။ စီးပွားရေးနှင့်ပတ်သက်၍ အောင်မြင်ထွန်းပေါက်အောင် လုပ်တတ်သူ လည်းဖြစ်၏။ မကြာခဏ သူတစ်ပါး၏ အထင်အမြင်လွဲမှားမှုကို ခံရတတ်သည်။ အစဉ်သဖြင့် အားနည်းသူ ဘက်က ပါ၀င်ကူညီတတ်သူဖြစ်၏။ မိမိကိုယ်ကို လွန်စွာအားကိုး၏။ သူတစ်ပါးကို အထင်မကြီးတတ်လှပေ။ ထက်မြတ်ပါးနပ်သောသူဖြစ်၏။ ကျယ်ပြန့်သော ဗဟုသုတရှိသူလည်းဖြစ်၏။ ကျယ်ပြန့်သော ဗဟုသုတ ရှိသူ လည်းဖြစ်သည်။ စာပေရေးသားမှု ပြောင်မြောင်တတ်သည်။ အချိုးကျကျ ၀တ်စား၍ အထက်တန်းကျကျ နေထိုင်တတ်သူဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျတတ်သည်။ ဒုက္ခများနှင့် မကြာခဏ ရင်ဆိုင် တိုးသော်လည်း ကြံ့ကြံ့ခံနိုင်သူဖြစ်သည်။
7-
မိတ်ဆွေသည် ညဏ်ရည်ညဏ်သွေးကောင်းသူဖြစ်သည်။ ထက်လည်း အလွန်ထက်မြတ်သည်။ အရာရာကို မှန်ကန်စွာ တွေးခေါ်ဆုံးဖြတ်တတ်သူဖြစ်သည်။ တစ်ယူသန် ခေါင်းမာတတ်သူလည်းဖြစ်သည်။ သူတစ်ပါး၏ ထင်မြင်ချက်ကို များစွာ အရေးမထားတတ်သူလည်းဖြစ်သည်။ စိတ်လှုပ်ရှားမှု လွယ်ကူသော်လည်း ခံစားမှု များစွာမရှိတတ်ပေ။ မိတ်ဆွေတွင် ကောင်းသောအရည်အချင်းတစ်ခု ရှိနေတတ်သည်။ ထိုအရည်အချင်းမှာ အရာရာကို ဂရုစိုက် လေ့လာတတ်ခြင်းပင်ဖြစ်သည်။ မိတ်ဆွေမှာ ထူးခြားသော ဟန်အမူအရာ၊ အသံနေ အသံထား ရှိတတ်၏။ ဒေါသဖြစ်လွယ်သော်လည်း ပြေပျောက်မှုမြန်ဆန်တတ်၏။ သစ်လွင်တောက်ပသော အ၀တ်အစားများကို မနှစ်သက်တတ်ပေ။ မိတ်ဆွေလုပ်သော အလုပ်အကိုင်ကို နှောင့်ယှက်ပါက လွန်စွာပင် မုန်းတီးတတ်သူဖြစ်သည်။ မိသားစုအပေါ် သံယောဇဉ်အလွန်ကြီးသူဖြစ်သည်။ မိတ်ဆွေမှာ ထူးခြားသော သံလိုက်ဓာတ်များ၊ ညို့ဓာတ်များ၊ သမထစွမ်းရည်များ ရှိနေတတ်သည်။ မိတ်ဆွေသည် တီထွင်တတ်သော ညဏ်ရှိ၏။ မိတ်ဆွေနှင့်တွေ့ကြုံ ဆုံဆည်းသူများက မိတ်ဆွေတွင် တစ်စုံတစ်ခု ထူးခြားနေသည်ဟု ထင်မှတ် သွားတတ်၏။
6-
မိတ်ဆွေသည် သည်းခံစိတ်ရှိပြီး စိတ်ရှည်သူဖြစ်၏။ တာ၀န်နှင့်၀တ်တရားကိုလည်း နားလည်သူဖြစ်၏။ အပေါင်း အသင်းပေါင်းရာတွင် စိတ်တိုင်းကျ ရွေးချယ်ပြီးမှ ပေါင်းတတ်သူဖြစ်သည်။ စိတ်ခံစားမှုလွယ်ကူသော်လည်း မျိုသိပ်နိုင်သူဖြစ်သည်။ သူတစ်ပါးအား ဆွဲဆောင်နိုင်သော စွမ်းအားရှိသည်။ မိတ်ဆွေသည် စိတ်ဆိုးခဲ၏။ စိတ်ဆိုးလျှင်လည်း တော်တော်နှင့် မပြေတတ်ပေ။ မိတ်ဆွေသည် မိသားစု၊ သားသမီးအပေါ် သံယောဇဉ်ကြီး သူဖြစ်သည်။ သို့သော် သားသမီး အကျိုးမပေးလှပေ။ သိမ်သိမ်မွေ့မွေ့ နေထိုင်တတ်သူဖြစ်သည်။ ကြင်နာစိတ် ကြီးမားသူဖြစ်သည်။ ရက်ရောမှုရှိသည်။ မည်သည့်အခါမျှ တစ်ကိုယ်ကောင်းမဆန်တတ်။ အကြီးအကျယ် မကျေနပ်မှုဖြစ်ပါက မည်သူ့မျက်နှာကိုမျှ မထောက်ဘဲ လုပ်ချင်သလို လုပ်ပစ်တတ်သည်။ မိတ်ဆွေသည် အပျော်အပါးကို နှစ်သက်သော်လည်း လုပ်ရမည့်အလုပ်နှင့် စည်းခြားထားတတ်သည်။ တစ်ခါတစ်ရံ မိမိကိုယ်ကို အထင်ကြီးလွန်းတတ်သည်။ တစ်ခါတစ်ရံ မိမိ၏အရည်အချင်းထက် လျော့၍ပင် မိမိကိုယ်ကို အမှတ်ပေးတတ် သည်။ မည်သို့ဖြစ်စေ သင်သည် ကောင်းမွန်သောသူတစ်ဖြစ်သည်မှာ မလွဲပေ။
5-
သင်စိတ်ဟာ ရှေးရိုးစည်းမျဉ်းတွေထက် သင့်ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ နေရတာကို ပိုပြီးနှစ်သက်တတ်သူ ဖြစ်နေတတ်သည်။ သင့်ကိုစိုးမိုးနိုင်မယ့်သူတွေကို သင်မနှစ်သက်ပေ။ သင်ကတစ်ဖက်သားကို လမ်းပြချင်လိုတဲ့ စိတ်မျိုးပိုင်ဆိုင်ထားပြီး သင့်ထံသို့ရောက်လာသော သူတစ်ချို့ကိုလည်း သင်တတ်နိုင်သည့်ဘက်က ကူညီပေး သူဖြစ်သည်။ တစ်ချို့အချိန်တွေမှာ သင်ဟာတွေးတောမှုတွေနဲ့ ပျော်မွေ့နေတတ်သူဖြစ်သည်။ သင့်ဟာကိစ္စ တစ်ခုအပေါ်မှာ အဖက်ဖက်က တွေးတောပြီးမှဆုံးဖြတ်တတ်သူဖြစ်နေတတ်လို့ တစ်ချို့ကိစ္စတွေမှာ လွဲချော်မှု တွေနဲ့ ကြုံတွေ့ရလေ့ရှိတယ်။ တစ်ပါးသူအတွက် ညှာတာသော စိတ်ထားမျိုးရှိတတ်သည်။ တစ်ချို့သူတွေက အဲ့ဒီ့အချက်ကို နင်းပြီး သင့်အပေါ်မကောင်းကြံတာမျိုး သင်ဘဝမှာမကြာခဏ ကြုံတွေ့ရတတ်ပါတယ်။
4-
မိတ်ဆွေသည် မျက်နှာသွင်ပြင်ဟာ တစ်ခြားသူနဲ့မတူပဲ တမူထူးခြားနေတယ်။ ထက်ထက်မြတ်မြတ်ရှိတဲ့ မျက်နှာမိ်ျုးရှိတယ်။ လွယ်လွယ်ကူကူ မိတ်ဖွဲ့လို့မရဘူး။ တစ်နည်းတစ်ဖုံ ခွတီးခွကျ ဖြစ်လေ့ရှိတယ်။ အများ တကာနဲ့လည်း အယူအဆချင်းမတူပဲ တစ်မျိုးတစ်ဖုံ ကွာဟနေတတ်တယ်။ စည်းကမ်းတွေ အမိန့်တွေကို မနာခံ တတ်ဘူး။ (၄)-ဂဏန်း သမားတွေဟာ မမျှော်လင့်ပဲ ရတနာပုံ ဆိုက်သလို ကြီးပွားတတ်တယ်။ မိတ်ဆွေ အပေါင်းအသင်း ရှိရင်လည်း အနည်းစုပဲ ဖြစ်လိမ့်မယ်။ အဲဒီ အနည်းစုကလည်း သူ့အပေါ် အင်မတန် သစ္စာရှိတဲ့ လူတွေဖြစ်တတ်တယ်။
3-
မိတ်ဆွေသည် အမြဲပင် အလုပ်ရှုပ်နေတတ်သည်။ ရောက်ရှိသောအခြေအနေတွင် ပျော်ပျော်နေတတ်သူဖြစ်၏။ အချိန်ကိုအားလပ်ခွင့်မပေးဘဲ တစ်ခုမဟုတ်တစ်ခုကို လုပ်နေတတ်သူဖြစ်သည်။ မိမိနှင့်ဆန့်ကျင်ဘက်ဖြစ်သော ကိစ္စများတွင် စိတ်၀င်စားတတ်သည်။ဥပမာ-အားကစားလိုက်စားရင်း အရက်သေစာသောက်စားခြင်းကို စိတ်ဝင် စားတတ်သည်။ ဆက်ဆံရေး အလွန်ကောင်းမွန်ပါသည်။ သူတစ်ပါးကို စိတ်၀င်စားအောင်ပြောနိုင်သူလည်း ဖြစ်၏။ စိတ်ကူးစိတ်သန်း အလွန်ကောင်းပါသည်။ အကင်းပါးသူဖြစ်သောကြောင့် သူတစ်ပါး၏ ခုံးတုံးလုပ်ခြင်း၊ နှပ်ချခြင်းကို မည်သည့်အခါမှ ခံရမည်မဟုတ်ပေ။ အခွင့်အရေးပိုယူခြင်း၊ သစွာဖောက်ခြင်းမျိုးကို မည်သည့် အခါမျှ မလုပ်တတ်။ လုံ့လဝီရိယရှိသူလည်းဖြစ်သည်။ ခပ်တည်တည် နေတတ်သောကြောင့် မိတ်ဆွေနည်းသူ လည်းဖြစ်သည်။ မြင့်မားသော ရည်ရွယ်ချက်များ ထားရှိတတ်သူလည်းဖြစ်သည်။ မိမိကိုယ်ကို တန်ဖိုးထားတတ် သူလည်းဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းသော်လည်း ဝါ၀ါမြင်တိုင်း ဦးချမည့်သူမဟုတ်ပေ။ လွယ်လွယ်နှင့် မယုံတတ်ပေ။ ယုံပြီဆိုလျှင်လည်း စွဲမြဲတတ်သည်။ အခက်အခဲတွေ့ပါက စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကျကျ ဖြေရှင်းတတ်သူလည်းဖြစ်သည်။ မည်သို့ဆိုစေ မိတ်ဆွေသည် လူတော်လူကောင်းတစ်ဦးဟု ဆိုနိုင်ပေသည်။
2-
မိတ်ဆွေသည် စိတ်လှုပ်ရှားမှုများသူဖြစ်သည်။ လိမွာပါးနပ်သူလည်းဖြစ်သည်။ ကိစွတိုင်း အမှားမကျူးလွန်မိ စေရန် သတိနှင့်နေထိုင်တတ်သူဖြစ်သည်။ ပတ်၀န်းကျင်၏ ချစ်ခင်လေးစားမှု...ကို ခံရသူလည်းဖြစ်သည်။ စိတ်ဓာတ်ကျခြင်းနှင့် စိတ်အားငယ်ခြင်းတို့ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ စိတ်ကူးစိတ်သန်း အလွန်ကောင်း သည်။ မိတ်ဆွေ၏ စိတ်ကူးစိတ်သန်းကောင်း...မှုသည် မိတ်ဆွေဘ၀ကို ကောင်းကျိုးပေး လိမ့်မည်။ ခံစားချက် ရှိသောကြောင့် ကဗျာဆရာများ၊ စာရေးဆရာများ၊ သီချင်းရေးဆရာများ ဖြစ်တတ်သည်။ စိတ်ပူပန်မှုလည်း အလွန်ကြီးမားသည်။ သေးငယ်သောကိစ္စကိုပင် ပူပန်တတ်သည်။ စိတ်ဓာတ်မတည်ငြိမ်မှုကြောင့် ဆုံးဖြတ်ချက် များမှားတတ်သည်။ တုံ့ပြန်မှုမြန်ခြင်းကြောင့် အလွဲလွဲအချော်ချော် ဖြစ်တတ်သည်။ ယုံကြည်မိသူ၊ လေးစားမိသူ အပေါ် စွဲစွဲလမ်းလမ်းဖြစ်တတ်သည်။ ချစ်ခင်မှု အားကြီးသည်။ အစစအရာရာကို သတိနှင့် ပြုလုပ်တတ်သည်။ တစ်ဦးတည်း ဦးဆောင်မှုကို မလုပ်ဘဲ တစ်ယောက်ယောက်နှင့်ပူးတွဲပြီး လုပ်ကိုင်ရမှ ကျေနပ်သူဖြစ်သည်။ စကားပြောဆိုခြင်းနှင့် စာပေအရေးအသား ကောင်းတတ်သည်။ အိမ်တွင်နေခြင်းကို မပျော်ပိုက်ဘဲ အပြင်တွင် အချိန်ဖြုန်းတတ်သည်။ ဘ၀တွင် ကံဇာတာကောင်းသူများထဲတွင် ပါသည်။
1-
မိတ်ဆွေသည် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်၏။ ရည်ရွယ်ချက်၊ ရည်မှန်းချက်ပြင်းထန်သူဖြစ်၏။ ပြတ်သားထက်မြတ် သော စိတ်ဓာတ်ရှိသူဖြစ်၏။ လမ်းရိုးလမ်းဟောင်းကို မလိုက်တတ်ဘဲ ဆန်းသစ်တီထွင်တတ်သူဖြစ်၏။ အယူ အဆ ခိုင်မာ၍ခေါင်းမာသူလည်းဖြစ်၏။ လက်တွေ့ဆန်ဆန် ပြုလုပ်တတ်သူလည်းဖြစ်၏။ ပျော်ပျော်ရွှင်ရွှင် နေတတ်၏။ ကျန်းမာ၍ ခံနိုင်ရည်ရှိသောသူဖြစ်၏။ သူတစ်ပါးအပေါ် စာနာတတ်၍ ကူညီတတ်သူလည်းဖြစ်၏။ သို့သော် တုန့်ပြန်မှု၊ ကျေးဇူးပြုမှုကိုမူ မရတတ်ပေ။ အထူးသဖြင့် ဆွေမျိုးသားချင်းများ၏ ဂရုပြုမှု၊ အလေးထားမှု များ မခံစားရတတ်ပေ။ မိတ်ဆွေကို အကဲခတ်၍ ဝေဖန်ရန် များစွာခက်၏။ အများနှင့် တပူးတွဲတွဲ မနေတတ်ပေ။ လွတ်လပ်စွာနေ၍ လွတ်လပ်စွာ တွေးခေါ်တတ်သူဖြစ်၏။ ခေါင်းမာသော်လည်း သည်းခံတတ်၏။ မိတ်ဆွေ၏ ပင်ကိုယ်အရည်အချင်းတစ်ခုကို အများသူငါက တွေ့မြင်ပေလိမ့်မည်။ ယုံကြည်ချက် ပြင်းထန်သည်။ စိတ်စွမ်းအင် ကြီးမားသည်။ မိမိ၏ ခံစားမှုကို မပေါ်လွင်အောင် ထိန်းသိမ်းနိုင်သည်။ ပတ်၀န်းကျင်၏ အထင်လွဲမှု ကို မကြာခဏ ခံရတတ်သည်။ မိမိဖြစ်ချင်သောအရာကို ဖြစ်အောင်လုပ်နိုင်သောလူဖြစ်သည်။ သူတစ်ပါးကို အားမကိုးတတ်ပေ။ အတိုချုပ်ဆိုရပါမူ အရည်အချင်းရှိသူတစ်ဦးဖြစ်သည်။
ဆရာဇော်ရဲနောင်
နာမည္နဲ႔ အက်င့္စ႐ိုက္
1 -အ-အာ-ဥ-ၾသ ဧ
2 -က-ခ-ဂ-င
3 -စ-ဆ-ဇ-ည
4 -ရ-ယ-လ-၀
5 -ဖ-ပ-ဘ-မ-ဗ
6 -သ-ဟ
7 -ဓ-ဒ-န-တ-ထ
တလုံးထဲ တည္ကိန္းရေအာင္ေပါင္းပါ
နာမည္က မြန္ေလးဆိုပါစို႔ ဒီေတာ့
မ=5
လ=4
5+4=9
9-
မိတ္ေဆြသည္ စိတ္ဓာတ္ခိုင္မာသူျဖစ္သည္။ စိတ္ဆိုးလြယ္၊ ေဒါသျဖစ္လြယ္တတ္၏။ စိတ္ႀကီးသေလာက္ ဇြဲလည္းႀကီးသူျဖစ္၏။ ခ်ဳပ္ခ်ယ္မႈကို မႏွစ္သက္တတ္။ စိတ္ျမန္လက္ျမန္ လုပ္တတ္သည္။ ေဆြမ်ိဳးမ်ား၊ မိသားစု မ်ားႏွင့္ မၾကာခဏ အဆင္မေျပျဖစ္တတ္သည္။ မိတ္ေဆြ၏ စကားေျပာဟန္ပန္မွာ အမိန္႔ေပး၊ ၾသဇာေပးသကဲ့ သို႔ ရွိတတ္၏။ စကားအေခ်အတင္ေျပာမႈ၊ ျငင္းခုန္မႈကို အလြန္ႏွစ္သက္တတ္သူျဖစ္သည္။ လြတ္လပ္မႈကို ျမတ္ႏိုးေသာ္လည္း မိမိစိတ္ကိုမိမိ ႏိုင္သူျဖစ္သည္။ အျခားသူမ်ား၏ တားျမစ္မႈကို ခ်ိဳးေဖာက္တတ္သည္။ မိမိ ဘာသာ အသိတရားႏွင့္ မလုပ္သင့္သည္ကို ေရွာင္တတ္သည္။ စိတ္စြမ္းအင္ႀကီးမားသူျဖစ္၏။ ဆုံးျဖတ္ခ်က္ ျမန္၍ မွန္ကန္တတ္သူျဖစ္သည္။ မိမိျဖစ္ခ်င္ေသာဘ၀ကို မိမိဘာသာႀကိဳးစား၍ ျဖစ္ေအာင္လုပ္ႏိုင္သူမ်ား ျဖစ္သည္။ မည္သို႔ဆိုေစ မိတ္ေဆြသည္ လူေတာ္တစ္ေယာက္ျဖစ္သည္။
8-
မိတ္ေဆြသည္ လက္ေတြ႕က်က် ေတြးေခၚတတ္ၿပီး လက္ေတြ႕က်က် လုပ္ကိုင္တတ္သူျဖစ္သည္။ တစ္ခုခုလိုခ်င္ ၿပီဆိုလွ်င္ တမ္းတမ္းစြဲျဖစ္တတ္သည္။ စီးပြားေရးႏွင့္ပတ္သက္၍ ေအာင္ျမင္ထြန္းေပါက္ေအာင္ လုပ္တတ္သူ လည္းျဖစ္၏။ မၾကာခဏ သူတစ္ပါး၏ အထင္အျမင္လြဲမွားမႈကို ခံရတတ္သည္။ အစဥ္သျဖင့္ အားနည္းသူ ဘက္က ပါ၀င္ကူညီတတ္သူျဖစ္၏။ မိမိကိုယ္ကို လြန္စြာအားကိုး၏။ သူတစ္ပါးကို အထင္မႀကီးတတ္လွေပ။ ထက္ျမတ္ပါးနပ္ေသာသူျဖစ္၏။ က်ယ္ျပန္႔ေသာ ဗဟုသုတရွိသူလည္းျဖစ္၏။ က်ယ္ျပန္႔ေသာ ဗဟုသုတ ရွိသူ လည္းျဖစ္သည္။ စာေပေရးသားမႈ ေျပာင္ေျမာင္တတ္သည္။ အခ်ိဳးက်က် ၀တ္စား၍ အထက္တန္းက်က် ေနထိုင္တတ္သူျဖစ္သည္။ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ အိမ္ေထာင္က်တတ္သည္။ ဒုကၡမ်ားႏွင့္ မၾကာခဏ ရင္ဆိုင္ တိုးေသာ္လည္း ႀကံ့ႀကံ့ခံႏိုင္သူျဖစ္သည္။
7-
မိတ္ေဆြသည္ ညဏ္ရည္ညဏ္ေသြးေကာင္းသူျဖစ္သည္။ ထက္လည္း အလြန္ထက္ျမတ္သည္။ အရာရာကို မွန္ကန္စြာ ေတြးေခၚဆုံးျဖတ္တတ္သူျဖစ္သည္။ တစ္ယူသန္ ေခါင္းမာတတ္သူလည္းျဖစ္သည္။ သူတစ္ပါး၏ ထင္ျမင္ခ်က္ကို မ်ားစြာ အေရးမထားတတ္သူလည္းျဖစ္သည္။ စိတ္လႈပ္ရွားမႈ လြယ္ကူေသာ္လည္း ခံစားမႈ မ်ားစြာမရွိတတ္ေပ။ မိတ္ေဆြတြင္ ေကာင္းေသာအရည္အခ်င္းတစ္ခု ရွိေနတတ္သည္။ ထိုအရည္အခ်င္းမွာ အရာရာကို ဂ႐ုစိုက္ ေလ့လာတတ္ျခင္းပင္ျဖစ္သည္။ မိတ္ေဆြမွာ ထူးျခားေသာ ဟန္အမူအရာ၊ အသံေန အသံထား ရွိတတ္၏။ ေဒါသျဖစ္လြယ္ေသာ္လည္း ေျပေပ်ာက္မႈျမန္ဆန္တတ္၏။ သစ္လြင္ေတာက္ပေသာ အ၀တ္အစားမ်ားကို မႏွစ္သက္တတ္ေပ။ မိတ္ေဆြလုပ္ေသာ အလုပ္အကိုင္ကို ေႏွာင့္ယွက္ပါက လြန္စြာပင္ မုန္းတီးတတ္သူျဖစ္သည္။ မိသားစုအေပၚ သံေယာဇဥ္အလြန္ႀကီးသူျဖစ္သည္။ မိတ္ေဆြမွာ ထူးျခားေသာ သံလိုက္ဓာတ္မ်ား၊ ညိဳ႕ဓာတ္မ်ား၊ သမထစြမ္းရည္မ်ား ရွိေနတတ္သည္။ မိတ္ေဆြသည္ တီထြင္တတ္ေသာ ညဏ္ရွိ၏။ မိတ္ေဆြႏွင့္ေတြ႕ႀကဳံ ဆုံဆည္းသူမ်ားက မိတ္ေဆြတြင္ တစ္စုံတစ္ခု ထူးျခားေနသည္ဟု ထင္မွတ္ သြားတတ္၏။
6-
မိတ္ေဆြသည္ သည္းခံစိတ္ရွိၿပီး စိတ္ရွည္သူျဖစ္၏။ တာ၀န္ႏွင့္၀တ္တရားကိုလည္း နားလည္သူျဖစ္၏။ အေပါင္း အသင္းေပါင္းရာတြင္ စိတ္တိုင္းက် ေ႐ြးခ်ယ္ၿပီးမွ ေပါင္းတတ္သူျဖစ္သည္။ စိတ္ခံစားမႈလြယ္ကူေသာ္လည္း မ်ိဳသိပ္ႏိုင္သူျဖစ္သည္။ သူတစ္ပါးအား ဆြဲေဆာင္ႏိုင္ေသာ စြမ္းအားရွိသည္။ မိတ္ေဆြသည္ စိတ္ဆိုးခဲ၏။ စိတ္ဆိုးလွ်င္လည္း ေတာ္ေတာ္ႏွင့္ မေျပတတ္ေပ။ မိတ္ေဆြသည္ မိသားစု၊ သားသမီးအေပၚ သံေယာဇဥ္ႀကီး သူျဖစ္သည္။ သို႔ေသာ္ သားသမီး အက်ိဳးမေပးလွေပ။ သိမ္သိမ္ေမြ႕ေမြ႕ ေနထိုင္တတ္သူျဖစ္သည္။ ၾကင္နာစိတ္ ႀကီးမားသူျဖစ္သည္။ ရက္ေရာမႈရွိသည္။ မည္သည့္အခါမွ် တစ္ကိုယ္ေကာင္းမဆန္တတ္။ အႀကီးအက်ယ္ မေက်နပ္မႈျဖစ္ပါက မည္သူ႔မ်က္ႏွာကိုမွ် မေထာက္ဘဲ လုပ္ခ်င္သလို လုပ္ပစ္တတ္သည္။ မိတ္ေဆြသည္ အေပ်ာ္အပါးကို ႏွစ္သက္ေသာ္လည္း လုပ္ရမည့္အလုပ္ႏွင့္ စည္းျခားထားတတ္သည္။ တစ္ခါတစ္ရံ မိမိကိုယ္ကို အထင္ႀကီးလြန္းတတ္သည္။ တစ္ခါတစ္ရံ မိမိ၏အရည္အခ်င္းထက္ ေလ်ာ့၍ပင္ မိမိကိုယ္ကို အမွတ္ေပးတတ္ သည္။ မည္သို႔ျဖစ္ေစ သင္သည္ ေကာင္းမြန္ေသာသူတစ္ျဖစ္သည္မွာ မလြဲေပ။
5-
သင္စိတ္ဟာ ေရွး႐ိုးစည္းမ်ဥ္းေတြထက္ သင့္ကိုယ္ပိုင္စည္းမ်ဥ္းေတြနဲ႔ ေနရတာကို ပိုၿပီးႏွစ္သက္တတ္သူ ျဖစ္ေနတတ္သည္။ သင့္ကိုစိုးမိုးႏိုင္မယ့္သူေတြကို သင္မႏွစ္သက္ေပ။ သင္ကတစ္ဖက္သားကို လမ္းျပခ်င္လိုတဲ့ စိတ္မ်ိဳးပိုင္ဆိုင္ထားၿပီး သင့္ထံသို႔ေရာက္လာေသာ သူတစ္ခ်ိဳ႕ကိုလည္း သင္တတ္ႏိုင္သည့္ဘက္က ကူညီေပး သူျဖစ္သည္။ တစ္ခ်ိဳ႕အခ်ိန္ေတြမွာ သင္ဟာေတြးေတာမႈေတြနဲ႔ ေပ်ာ္ေမြ႕ေနတတ္သူျဖစ္သည္။ သင့္ဟာကိစၥ တစ္ခုအေပၚမွာ အဖက္ဖက္က ေတြးေတာၿပီးမွဆုံးျဖတ္တတ္သူျဖစ္ေနတတ္လို႔ တစ္ခ်ိဳ႕ကိစၥေတြမွာ လြဲေခ်ာ္မႈ ေတြနဲ႔ ႀကဳံေတြ႕ရေလ့ရွိတယ္။ တစ္ပါးသူအတြက္ ညႇာတာေသာ စိတ္ထားမ်ိဳးရွိတတ္သည္။ တစ္ခ်ိဳ႕သူေတြက အဲ့ဒီ့အခ်က္ကို နင္းၿပီး သင့္အေပၚမေကာင္းႀကံတာမ်ိဳး သင္ဘဝမွာမၾကာခဏ ႀကဳံေတြ႕ရတတ္ပါတယ္။
4-
မိတ္ေဆြသည္ မ်က္ႏွာသြင္ျပင္ဟာ တစ္ျခားသူနဲ႔မတူပဲ တမူထူးျခားေနတယ္။ ထက္ထက္ျမတ္ျမတ္ရွိတဲ့ မ်က္ႏွာမိ္်ဳးရွိတယ္။ လြယ္လြယ္ကူကူ မိတ္ဖြဲ႕လို႔မရဘူး။ တစ္နည္းတစ္ဖုံ ခြတီးခြက် ျဖစ္ေလ့ရွိတယ္။ အမ်ား တကာနဲ႔လည္း အယူအဆခ်င္းမတူပဲ တစ္မ်ိဳးတစ္ဖုံ ကြာဟေနတတ္တယ္။ စည္းကမ္းေတြ အမိန္႔ေတြကို မနာခံ တတ္ဘူး။ (၄)-ဂဏန္း သမားေတြဟာ မေမွ်ာ္လင့္ပဲ ရတနာပုံ ဆိုက္သလို ႀကီးပြားတတ္တယ္။ မိတ္ေဆြ အေပါင္းအသင္း ရွိရင္လည္း အနည္းစုပဲ ျဖစ္လိမ့္မယ္။ အဲဒီ အနည္းစုကလည္း သူ႔အေပၚ အင္မတန္ သစၥာရွိတဲ့ လူေတြျဖစ္တတ္တယ္။
3-
မိတ္ေဆြသည္ အၿမဲပင္ အလုပ္ရႈပ္ေနတတ္သည္။ ေရာက္ရွိေသာအေျခအေနတြင္ ေပ်ာ္ေပ်ာ္ေနတတ္သူျဖစ္၏။ အခ်ိန္ကိုအားလပ္ခြင့္မေပးဘဲ တစ္ခုမဟုတ္တစ္ခုကို လုပ္ေနတတ္သူျဖစ္သည္။ မိမိႏွင့္ဆန္႔က်င္ဘက္ျဖစ္ေသာ ကိစၥမ်ားတြင္ စိတ္၀င္စားတတ္သည္။ဥပမာ-အားကစားလိုက္စားရင္း အရက္ေသစာေသာက္စားျခင္းကို စိတ္ဝင္ စားတတ္သည္။ ဆက္ဆံေရး အလြန္ေကာင္းမြန္ပါသည္။ သူတစ္ပါးကို စိတ္၀င္စားေအာင္ေျပာႏိုင္သူလည္း ျဖစ္၏။ စိတ္ကူးစိတ္သန္း အလြန္ေကာင္းပါသည္။ အကင္းပါးသူျဖစ္ေသာေၾကာင့္ သူတစ္ပါး၏ ခုံးတုံးလုပ္ျခင္း၊ ႏွပ္ခ်ျခင္းကို မည္သည့္အခါမွ ခံရမည္မဟုတ္ေပ။ အခြင့္အေရးပိုယူျခင္း၊ သစြာေဖာက္ျခင္းမ်ိဳးကို မည္သည့္ အခါမွ် မလုပ္တတ္။ လုံ႔လဝီရိယရွိသူလည္းျဖစ္သည္။ ခပ္တည္တည္ ေနတတ္ေသာေၾကာင့္ မိတ္ေဆြနည္းသူ လည္းျဖစ္သည္။ ျမင့္မားေသာ ရည္႐ြယ္ခ်က္မ်ား ထားရွိတတ္သူလည္းျဖစ္သည္။ မိမိကိုယ္ကို တန္ဖိုးထားတတ္ သူလည္းျဖစ္သည္။ ဘာသာတရားကိုင္းရႈိင္းေသာ္လည္း ဝါ၀ါျမင္တိုင္း ဦးခ်မည့္သူမဟုတ္ေပ။ လြယ္လြယ္ႏွင့္ မယုံတတ္ေပ။ ယုံၿပီဆိုလွ်င္လည္း စြဲၿမဲတတ္သည္။ အခက္အခဲေတြ႕ပါက စိတ္ကူးယဥ္မေနဘဲ လက္ေတြ႕က်က် ေျဖရွင္းတတ္သူလည္းျဖစ္သည္။ မည္သို႔ဆိုေစ မိတ္ေဆြသည္ လူေတာ္လူေကာင္းတစ္ဦးဟု ဆိုႏိုင္ေပသည္။
2-
မိတ္ေဆြသည္ စိတ္လႈပ္ရွားမႈမ်ားသူျဖစ္သည္။ လိမြာပါးနပ္သူလည္းျဖစ္သည္။ ကိစြတိုင္း အမွားမက်ဴးလြန္မိ ေစရန္ သတိႏွင့္ေနထိုင္တတ္သူျဖစ္သည္။ ပတ္၀န္းက်င္၏ ခ်စ္ခင္ေလးစားမႈ...ကို ခံရသူလည္းျဖစ္သည္။ စိတ္ဓာတ္က်ျခင္းႏွင့္ စိတ္အားငယ္ျခင္းတို႔ မၾကာခဏ ျဖစ္ေပၚေလ့ရွိသည္။ စိတ္ကူးစိတ္သန္း အလြန္ေကာင္း သည္။ မိတ္ေဆြ၏ စိတ္ကူးစိတ္သန္းေကာင္း...မႈသည္ မိတ္ေဆြဘ၀ကို ေကာင္းက်ိဳးေပး လိမ့္မည္။ ခံစားခ်က္ ရွိေသာေၾကာင့္ ကဗ်ာဆရာမ်ား၊ စာေရးဆရာမ်ား၊ သီခ်င္းေရးဆရာမ်ား ျဖစ္တတ္သည္။ စိတ္ပူပန္မႈလည္း အလြန္ႀကီးမားသည္။ ေသးငယ္ေသာကိစၥကိုပင္ ပူပန္တတ္သည္။ စိတ္ဓာတ္မတည္ၿငိမ္မႈေၾကာင့္ ဆုံးျဖတ္ခ်က္ မ်ားမွားတတ္သည္။ တုံ႔ျပန္မႈျမန္ျခင္းေၾကာင့္ အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္တတ္သည္။ ယုံၾကည္မိသူ၊ ေလးစားမိသူ အေပၚ စြဲစြဲလမ္းလမ္းျဖစ္တတ္သည္။ ခ်စ္ခင္မႈ အားႀကီးသည္။ အစစအရာရာကို သတိႏွင့္ ျပဳလုပ္တတ္သည္။ တစ္ဦးတည္း ဦးေဆာင္မႈကို မလုပ္ဘဲ တစ္ေယာက္ေယာက္ႏွင့္ပူးတြဲၿပီး လုပ္ကိုင္ရမွ ေက်နပ္သူျဖစ္သည္။ စကားေျပာဆိုျခင္းႏွင့္ စာေပအေရးအသား ေကာင္းတတ္သည္။ အိမ္တြင္ေနျခင္းကို မေပ်ာ္ပိုက္ဘဲ အျပင္တြင္ အခ်ိန္ျဖဳန္းတတ္သည္။ ဘ၀တြင္ ကံဇာတာေကာင္းသူမ်ားထဲတြင္ ပါသည္။
1-
မိတ္ေဆြသည္ စိတ္ဓာတ္ႀကံ့ခိုင္သူျဖစ္၏။ ရည္႐ြယ္ခ်က္၊ ရည္မွန္းခ်က္ျပင္းထန္သူျဖစ္၏။ ျပတ္သားထက္ျမတ္ ေသာ စိတ္ဓာတ္ရွိသူျဖစ္၏။ လမ္း႐ိုးလမ္းေဟာင္းကို မလိုက္တတ္ဘဲ ဆန္းသစ္တီထြင္တတ္သူျဖစ္၏။ အယူ အဆ ခိုင္မာ၍ေခါင္းမာသူလည္းျဖစ္၏။ လက္ေတြ႕ဆန္ဆန္ ျပဳလုပ္တတ္သူလည္းျဖစ္၏။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနတတ္၏။ က်န္းမာ၍ ခံႏိုင္ရည္ရွိေသာသူျဖစ္၏။ သူတစ္ပါးအေပၚ စာနာတတ္၍ ကူညီတတ္သူလည္းျဖစ္၏။ သို႔ေသာ္ တုန္႔ျပန္မႈ၊ ေက်းဇူးျပဳမႈကိုမူ မရတတ္ေပ။ အထူးသျဖင့္ ေဆြမ်ိဳးသားခ်င္းမ်ား၏ ဂ႐ုျပဳမႈ၊ အေလးထားမႈ မ်ား မခံစားရတတ္ေပ။ မိတ္ေဆြကို အကဲခတ္၍ ေဝဖန္ရန္ မ်ားစြာခက္၏။ အမ်ားႏွင့္ တပူးတြဲတြဲ မေနတတ္ေပ။ လြတ္လပ္စြာေန၍ လြတ္လပ္စြာ ေတြးေခၚတတ္သူျဖစ္၏။ ေခါင္းမာေသာ္လည္း သည္းခံတတ္၏။ မိတ္ေဆြ၏ ပင္ကိုယ္အရည္အခ်င္းတစ္ခုကို အမ်ားသူငါက ေတြ႕ျမင္ေပလိမ့္မည္။ ယုံၾကည္ခ်က္ ျပင္းထန္သည္။ စိတ္စြမ္းအင္ ႀကီးမားသည္။ မိမိ၏ ခံစားမႈကို မေပၚလြင္ေအာင္ ထိန္းသိမ္းႏိုင္သည္။ ပတ္၀န္းက်င္၏ အထင္လြဲမႈ ကို မၾကာခဏ ခံရတတ္သည္။ မိမိျဖစ္ခ်င္ေသာအရာကို ျဖစ္ေအာင္လုပ္ႏိုင္ေသာလူျဖစ္သည္။ သူတစ္ပါးကို အားမကိုးတတ္ေပ။ အတိုခ်ဳပ္ဆိုရပါမူ အရည္အခ်င္းရွိသူတစ္ဦးျဖစ္သည္။
ဆရာေဇာ္ရဲေနာင္
Be the first to comment