Facebook Comments Box
>>> အိမ်ထောင်ရေးလမ်းကြောင်းဆိုင်သော မှတ်ချက်တိုလေးများ။ <<< {{after}}

အိမ်ထောင်ရေးလမ်းကြောင်းဆိုင်သော မှတ်ချက်တိုလေးများ။ <<<

လက်ထပ်ခြင်းနှင့်မင်္ဂလာဆောင်ခြင်းကိစ္စရပ်များ ပြီးဆုံးသည့်အခါ ချစ်သူတို့သည် အိမ်ထောင်ရှင်ဘဝ၊ အကြင်လင်မယားအဖြစ်သို့ ရောက်ရှိကြာရာ ထိုအိမ်ထောင်သည်ဘဝတစ်လျောက် ကြုံတွေ့ရသည်ကိစ္စရပ်များ၊ ဖြစ်ပျက်မည့်ဘဝအခြေအနေများ၊ မျှော်လင့်ထားသည့်အတိုင်းမဖြစ်ဘဲ မမျှော်လင့်သည့်ကိစ္စများ ဖြစ်လာခြင်းနှင့် အိမ်ထောင်ရေးဆိုင်ရာ ကောင်းကျိုး၊ဆိုးပြစ်များအားလုံးတို့ကို ချင့်ချိန်ရာတွင် လက္ခဏာပေါ်ရှိ အိမ်ထောင်ရေး လမ်းကြောင်းကို သေချာစစ်ဆေးပြီး အထူးပြုဟောကြားရပေသည်။ ၊လက်ပုံစံ၊လက်ရေစာနှင့် ဂြိုဟ်ခုံများ လမ်းကြောင်းများကို ပေါင်းစပ်ချင့်ချိန်ရသော်လည်း အကြောင်းအရာ၏ မူရင်းခေါင်းစဉ်ဖြစ်သည့် အိမ်ထောင်ရေး လမ်းကြောင်းကို အထူးကြည့်ပြီး အဖြေထုတ်ရမည်သာဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်ရေးလမ်းကြောင်း နှင့်သက်ဆိုင်သော မှတ်သားရန်အချက်များစွာထဲမှ အချို့သော မှတ်ချက်တိုလေးများကို စုစည်းတင်ပြလိုက်ရပါသည်။
အိမ်ထောင်ရေးလမ်းကြောင်း၏ အဖျားတွင် ခရင်းခွပုံဖြစ်ပါက ထိုခရင်းခွအမှတ်သည် ကွဲကွာခြင်းကိုပြသော မကောင်းသည့် ကြေကွဲဝမ်းနည်းဖွယ်အဖြစ်အပျက်ဖြင့် ဝေးကွာခြင်းကို ပြသလေသည်။ထိုအမှတ်အသားပါသဖြင့် တရားဝင်ပြတ်စဲခြင်းဖြစ်လိမ့်မည်ဟု တစ်ထစ်ချတော့မပြောနိုင်ပေ၊စိတ်သဘောထားမတိုက်ဆိုင်ခြင်းနှင့် အန္တရာယ် တစ်ခုခုကြုံတွေရခြင်း တို့ဖြင့် ကွဲကွာတတ်ပေသည်။
ဖျောင့်တန်းပြီး အဖျက်မှတ်မရှိသော အားကောင်းထင်ရှားသည် အိမ်ထောင်ရေးလမ်းကြောင်းသည် သာယာသော အိမ်ထောင်ရေးကို ညွှန်ပြလေသည်။ယခုကဲ့သို့သော လမ်းကြောင်းပါရှိသူတို့သည် အများအားဖြင့် (အခြားသောလမ်းကြောင်း ၊ဂြိုဟ်ခုံ မညံ့ပါက) အိမ်ထောင်ရေး ကံကောင်းကြသူများဖြစ်ကြောင်း တွေ့ရတတ်လေသည်။
အိမ်ထောင်ရေးလမ်းကြောင်းသည် လက်ဖဝါးပြင်အတွင်းဘက်သို့ ကော့ဆင်းနေပြီး နှလုံးလမ်းကြောင်းကို ဖြတ်လျက်ရှိနေမည်ဆိုပါက လက္ခဏာရှင်၏ အိမ်ထောင်ဘက်မှာ မကောင်းသော မတော်တဆထိခိုက်ခြင်းကြောင့် အိမ်ထောင်ဘက်နှင့် ခွဲရတတ်ပေသည်။ အခြားသော လမ်းကြောင်းများအခြေအနေပေါ်မူတည်ပြီး အသက်သေဆုံးခြင်းအထိ ဖြစ်တတ်သည်။

အိမ်ထောင်ရေးလမ်းကြောင်း၏ အရင်းပိုင်းတွင် ခရင်းခွပုံသဏ္ဍာန်ဖြင့် တည်ရှိနေပါက ထိုလက္ခဏာရှင်သည် အိမ်ထောင်ပြုတော့မည့် လက်မထပ်ခင်အချိန်များတွင် အလွန်သောကရောက်ရတတ်သူဖြစ်သည်။ လက်ထပ်ရန်အတား အဆီမျိုးစုံကြုံတွေ့ရပြီး လက်ထပ်ခြင်းကို ကန့်ကွက်သူများနှင့်လည်း ရင်ဆိုင်ရတတ်သည်။ အကြောင်းတစ်ခုခုကြောင့်လည်း လက်ထပ်ခြင်း ပျက်စီးတတ်ပေသည်။ သို့သော် အခက်အခဲကြားမှ လက်ထပ်ပြီးပါကလည်း သာယာသော အိမ်ထောင်ရေးကို ရရှိခံစားရတတ်ပေသည်။


အိမ်ထောင်ရေးလမ်းကြောင်း၏ အဖျားတွင် ခရင်းခွသကဲ့သို့ရှိပြီး ခရင်းခွ၏ အောက်ဘက်လမ်းကြောင်းသည် နှလုံးလမ်းကြောင်းဘက်သို့ ပိုရှည်လျားစွာ သောကြာဂြိုဟ်ခုံထိတိုင်အောင် ထိုးဆင်းလျှက်ရှိနေပြီးဆိုပါက တရားဝင် ကွာရှင်းပြတ်စဲရခြင်း ဖြစ်ရာ ရာနှုံန်းပြည့်နီးပါးဖြစ်သည်။
အိမ်ထောင်ရေးလမ်းကြောင်းသည် တနင်္ဂနွေဂြိုဟ်ခုံသိုတက်နေသော အောင်မြင်ရေးလမ်းကြောင်းကို ဖြတ်နေပါက လက္ခဏာရှင်၏ ချမ်းသာခြင်း၊အလုပ်အကိုင်ရာထူးတို့သည် အိမ်ထောင်ကျခြင်း၏နောက်ပိုင်းတွင် ဆုံးရှုံးသွားမည်သာ ဖြစ်သည်။ ဘဝတိုးတက်အောင်မြင်ခြင်းများ မရှိတော့ပေ။
အဖျားတွင် ခရင်းခွပုံရှိသော အိမ်ထောင်ရေးလမ်းကြောင်းမှ အောက်ဘက်လမ်းကြောင်းတစ်ကြောင်းသည် နှလုံးလမ်းကြောင်းကို ဖေါက်ထွက်သည်အထိ ကော့ဆင်းနေလျှင် ထိုလက္ခဏာရှင်သည် အလွန်တင်းမာသော သဘောတရားများကြောင့် အိမ်ထောင်ဘက်နှင့် မသင့်မြတ်ကြတော့သည့်အခြေအနေဖြစ်မည်။ထိုတင်းမာခြင်းကြောင့် အိမ်ထောင်ရေးတွင် လက်စားခြေခြင်းများလည်း ရှိတတ်ပေသည်။

အိမ်ထောင်ရေးလမ်းကြောင်းအဖျားရှိ ခရင်းခွမှ လမ်းကြောင်းတစ်ခုသည် ဦးခေါင်းလမ်းကြောင်းအထိ နှလုံးလမ်းကြောင်းကို ဖြတ်လျက် ထိုးဆင်းသွားမည်ဆိုပါက အဆိုပါလက္ခဏာရှင်သည် အိမ်ထောင်ဘက်နှင့် မတူညီသော သဘောထား၊အတွေးအခေါ် နှင့် အမြင်မတူခြင်းကြောင့် ပျော်ရွှင်ခြင်းကင်းမဲပြီး မသာယာသည့်အိမ်ထောင်ရေးဖြစ်နေ တတ်ပေသည်။မကြာခဏ ညင်းခုံကြပြီး ခိုက်ရန်ဖြစ်ပွားတတ်ကြသဖြင့် ရေရှည်အိမ်ထောင်တည်မြဲရန် မလွယ်ကူလှပေ။ ဥပမာအားဖြင့် ဘာသာရေး၊နိုင်ငံရေးတို့တွင် မတူညီသော အမြင်များ ရှိသူနှစ်ဦးလက်ထပ်ခြင်းမျိုးဖြစ်သည်။ ဘာသာကွဲကိုလက်ထပ်ရလိမ့်မည်ဟုဆိုလိုခြင်းမဟုတ်ပါ။တူညီသောကိုးကွယ်မှု့ရှိစေကာမူအမြင်သဘောထားကွဲတတ်ပေသည်။
အိမ်ထောင်ရေးလမ်းကြောင်းတွင် ကျွန်းအမှတ်အသားပါရှိပါက အိမ်ထောင်ဘက် ကျန်းမာရေးအလွန်ညံ့နေခြင်း၊ ဝမ်းနည်းကြေကွဲဖွယ်အဖြစ်အပျက်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း အကြမ်းအားဖြင့် မှတ်သားရပေသည်။ သို့သော် ကျွန်း၏ အရွယ်၊ပုံသဏ္ဍာန်၊နှင့် ကျွန်းတည်ရှိသော နေရာတို့ပေါ်မူတည်ပြီး အသေးစိတ်အချက်အလက်များကို ဟောကြား ရမည်ဖြစ်သည်။
အိမ်ထောင်ရေးလမ်းကြောင်းသည် သံကွင်းဆက်ပုံသဏ္ဍာန်ရှိနေသည့်အခါ အိမ်ထောင်ရေးနှင့် ပါတ်သက်လာတိုင်း ကံမကောင်းခြင်းအမှတ်အသားဖြစ်တော့သည်။ အိမ်ထောင်ရေးကို အကြောင်းပြုပြီး စိတ်သာကရောက်ခြင်း၊ ဘဝတိုးတက်ရာလမ်းများ ပိတ်သွားခြင်းတို့ ဖြစ်တတ်ပေသည်။
အိမ်ထောင်ရေးလမ်းကြောင်းတွင် မှဲ့နက်ပါရှိပါက အိမ်ထောင်ဘက်သည် မတော်တဆအကြောင်းတစ်ခုကြောင့် ရုတ်တရက် သေဆုံးခြင်းဖြစ်တတ်သည်ကို သတိပြုရမည်ဖြစ်သည်။ ထိုမှဲ့၏အရောင်၊မှဲ့ပါရှိသည့်နေရာ၊မှဲ၏အခြေအနေကို သေချာစစ်ဆေးပြီးမှ ဟောချက်ကို ဟောရပေမည်။
အိမ်ထောင်ရေးလမ်းကြောင်းများ နှစ်ကြောင်းနှင့် နှစ်ကြောင်းအထက်ပါရှိသူတိုင်း အိမ်ထောင် နှစ်ဆက် သို့မဟုတ် နှစ်ဆက်ထက် ပိုပြီး အိမ်ထောင်ကျလိမ့််မည်ဟု လုံးဝ(လုံးဝ) မဆိုလိုပါ။
အထက်က တင်ပြခဲ့သော အိမ်ထောင်ရေးလမ်းကြောင်းနှင့် ပါတ်သက်သောအချက်များမှ အခြေခံရမည့်အချက်များ သာဖြစ်သည်။ ထိုအချက်များကို အခြေခံပြီး လက်ပုံစံ၊ဂြိုဟ်ခုံနှင့် လက်ရေးစာ များကို အသေးစိတ်ပေါင်းစပ်ပြီးမှ ဟောချက်ကောင်းတစ်ခုကို ဟောကြားရမည်ဖြစ်သည်။ အိမ်ထောင်ရေးလမ်းကြောင်းသည် အိမ်ထောင်ရေးနှင့် ပါတ်သက်သော ကြောင့် လူ့ဘဝတွင်အလွန်အရေးကြီးသော လမ်းကြောင်းဖြစ်ပါကြောင်း တင်ပြရပါသည်။

ဆရာ ကင်္ကသူ

အိမ္ေထာင္ေရးလမ္းေၾကာင္းဆိုင္ေသာ မွတ္ခ်က္တိုေလးမ်ား။ <<<

လက္ထပ္ျခင္းႏွင့္မဂၤလာေဆာင္ျခင္းကိစၥရပ္မ်ား ၿပီးဆုံးသည့္အခါ ခ်စ္သူတို႔သည္ အိမ္ေထာင္ရွင္ဘဝ၊ အၾကင္လင္မယားအျဖစ္သို႔ ေရာက္ရွိၾကာရာ ထိုအိမ္ေထာင္သည္ဘဝတစ္ေလ်ာက္ ႀကဳံေတြ႕ရသည္ကိစၥရပ္မ်ား၊ ျဖစ္ပ်က္မည့္ဘဝအေျခအေနမ်ား၊ ေမွ်ာ္လင့္ထားသည့္အတိုင္းမျဖစ္ဘဲ မေမွ်ာ္လင့္သည့္ကိစၥမ်ား ျဖစ္လာျခင္းႏွင့္ အိမ္ေထာင္ေရးဆိုင္ရာ ေကာင္းက်ိဳး၊ဆိုးျပစ္မ်ားအားလုံးတို႔ကို ခ်င့္ခ်ိန္ရာတြင္ လကၡဏာေပၚရွိ အိမ္ေထာင္ေရး လမ္းေၾကာင္းကို ေသခ်ာစစ္ေဆးၿပီး အထူးျပဳေဟာၾကားရေပသည္။ ၊လက္ပုံစံ၊လက္ေရစာႏွင့္ ၿဂိဳဟ္ခုံမ်ား လမ္းေၾကာင္းမ်ားကို ေပါင္းစပ္ခ်င့္ခ်ိန္ရေသာ္လည္း အေၾကာင္းအရာ၏ မူရင္းေခါင္းစဥ္ျဖစ္သည့္ အိမ္ေထာင္ေရး လမ္းေၾကာင္းကို အထူးၾကည့္ၿပီး အေျဖထုတ္ရမည္သာျဖစ္သည္။ ထို႔ေၾကာင့္ အိမ္ေထာင္ေရးလမ္းေၾကာင္း ႏွင့္သက္ဆိုင္ေသာ မွတ္သားရန္အခ်က္မ်ားစြာထဲမွ အခ်ိဳ႕ေသာ မွတ္ခ်က္တိုေလးမ်ားကို စုစည္းတင္ျပလိုက္ရပါသည္။
အိမ္ေထာင္ေရးလမ္းေၾကာင္း၏ အဖ်ားတြင္ ခရင္းခြပုံျဖစ္ပါက ထိုခရင္းခြအမွတ္သည္ ကြဲကြာျခင္းကိုျပေသာ မေကာင္းသည့္ ေၾကကြဲဝမ္းနည္းဖြယ္အျဖစ္အပ်က္ျဖင့္ ေဝးကြာျခင္းကို ျပသေလသည္။ထိုအမွတ္အသားပါသျဖင့္ တရားဝင္ျပတ္စဲျခင္းျဖစ္လိမ့္မည္ဟု တစ္ထစ္ခ်ေတာ့မေျပာႏိုင္ေပ၊စိတ္သေဘာထားမတိုက္ဆိုင္ျခင္းႏွင့္ အႏၲရာယ္ တစ္ခုခုႀကဳံေတြရျခင္း တို႔ျဖင့္ ကြဲကြာတတ္ေပသည္။
ေဖ်ာင့္တန္းၿပီး အဖ်က္မွတ္မရွိေသာ အားေကာင္းထင္ရွားသည္ အိမ္ေထာင္ေရးလမ္းေၾကာင္းသည္ သာယာေသာ အိမ္ေထာင္ေရးကို ၫႊန္ျပေလသည္။ယခုကဲ့သို႔ေသာ လမ္းေၾကာင္းပါရွိသူတို႔သည္ အမ်ားအားျဖင့္ (အျခားေသာလမ္းေၾကာင္း ၊ၿဂိဳဟ္ခုံ မညံ့ပါက) အိမ္ေထာင္ေရး ကံေကာင္းၾကသူမ်ားျဖစ္ေၾကာင္း ေတြ႕ရတတ္ေလသည္။
အိမ္ေထာင္ေရးလမ္းေၾကာင္းသည္ လက္ဖဝါးျပင္အတြင္းဘက္သို႔ ေကာ့ဆင္းေနၿပီး ႏွလုံးလမ္းေၾကာင္းကို ျဖတ္လ်က္ရွိေနမည္ဆိုပါက လကၡဏာရွင္၏ အိမ္ေထာင္ဘက္မွာ မေကာင္းေသာ မေတာ္တဆထိခိုက္ျခင္းေၾကာင့္ အိမ္ေထာင္ဘက္ႏွင့္ ခြဲရတတ္ေပသည္။ အျခားေသာ လမ္းေၾကာင္းမ်ားအေျခအေနေပၚမူတည္ၿပီး အသက္ေသဆုံးျခင္းအထိ ျဖစ္တတ္သည္။

အိမ္ေထာင္ေရးလမ္းေၾကာင္း၏ အရင္းပိုင္းတြင္ ခရင္းခြပုံသ႑ာန္ျဖင့္ တည္ရွိေနပါက ထိုလကၡဏာရွင္သည္ အိမ္ေထာင္ျပဳေတာ့မည့္ လက္မထပ္ခင္အခ်ိန္မ်ားတြင္ အလြန္ေသာကေရာက္ရတတ္သူျဖစ္သည္။ လက္ထပ္ရန္အတား အဆီမ်ိဳးစုံႀကဳံေတြ႕ရၿပီး လက္ထပ္ျခင္းကို ကန႔္ကြက္သူမ်ားႏွင့္လည္း ရင္ဆိုင္ရတတ္သည္။ အေၾကာင္းတစ္ခုခုေၾကာင့္လည္း လက္ထပ္ျခင္း ပ်က္စီးတတ္ေပသည္။ သို႔ေသာ္ အခက္အခဲၾကားမွ လက္ထပ္ၿပီးပါကလည္း သာယာေသာ အိမ္ေထာင္ေရးကို ရရွိခံစားရတတ္ေပသည္။


အိမ္ေထာင္ေရးလမ္းေၾကာင္း၏ အဖ်ားတြင္ ခရင္းခြသကဲ့သို႔ရွိၿပီး ခရင္းခြ၏ ေအာက္ဘက္လမ္းေၾကာင္းသည္ ႏွလုံးလမ္းေၾကာင္းဘက္သို႔ ပိုရွည္လ်ားစြာ ေသာၾကာၿဂိဳဟ္ခုံထိတိုင္ေအာင္ ထိုးဆင္းလွ်က္ရွိေနၿပီးဆိုပါက တရားဝင္ ကြာရွင္းျပတ္စဲရျခင္း ျဖစ္ရာ ရာႏႈံန္းျပည့္နီးပါးျဖစ္သည္။
အိမ္ေထာင္ေရးလမ္းေၾကာင္းသည္ တနဂၤေႏြၿဂိဳဟ္ခုံသိုတက္ေနေသာ ေအာင္ျမင္ေရးလမ္းေၾကာင္းကို ျဖတ္ေနပါက လကၡဏာရွင္၏ ခ်မ္းသာျခင္း၊အလုပ္အကိုင္ရာထူးတို႔သည္ အိမ္ေထာင္က်ျခင္း၏ေနာက္ပိုင္းတြင္ ဆုံးရႈံးသြားမည္သာ ျဖစ္သည္။ ဘဝတိုးတက္ေအာင္ျမင္ျခင္းမ်ား မရွိေတာ့ေပ။
အဖ်ားတြင္ ခရင္းခြပုံရွိေသာ အိမ္ေထာင္ေရးလမ္းေၾကာင္းမွ ေအာက္ဘက္လမ္းေၾကာင္းတစ္ေၾကာင္းသည္ ႏွလုံးလမ္းေၾကာင္းကို ေဖါက္ထြက္သည္အထိ ေကာ့ဆင္းေနလွ်င္ ထိုလကၡဏာရွင္သည္ အလြန္တင္းမာေသာ သေဘာတရားမ်ားေၾကာင့္ အိမ္ေထာင္ဘက္ႏွင့္ မသင့္ျမတ္ၾကေတာ့သည့္အေျခအေနျဖစ္မည္။ထိုတင္းမာျခင္းေၾကာင့္ အိမ္ေထာင္ေရးတြင္ လက္စားေျချခင္းမ်ားလည္း ရွိတတ္ေပသည္။

အိမ္ေထာင္ေရးလမ္းေၾကာင္းအဖ်ားရွိ ခရင္းခြမွ လမ္းေၾကာင္းတစ္ခုသည္ ဦးေခါင္းလမ္းေၾကာင္းအထိ ႏွလုံးလမ္းေၾကာင္းကို ျဖတ္လ်က္ ထိုးဆင္းသြားမည္ဆိုပါက အဆိုပါလကၡဏာရွင္သည္ အိမ္ေထာင္ဘက္ႏွင့္ မတူညီေသာ သေဘာထား၊အေတြးအေခၚ ႏွင့္ အျမင္မတူျခင္းေၾကာင့္ ေပ်ာ္႐ႊင္ျခင္းကင္းမဲၿပီး မသာယာသည့္အိမ္ေထာင္ေရးျဖစ္ေန တတ္ေပသည္။မၾကာခဏ ညင္းခုံၾကၿပီး ခိုက္ရန္ျဖစ္ပြားတတ္ၾကသျဖင့္ ေရရွည္အိမ္ေထာင္တည္ၿမဲရန္ မလြယ္ကူလွေပ။ ဥပမာအားျဖင့္ ဘာသာေရး၊ႏိုင္ငံေရးတို႔တြင္ မတူညီေသာ အျမင္မ်ား ရွိသူႏွစ္ဦးလက္ထပ္ျခင္းမ်ိဳးျဖစ္သည္။ ဘာသာကြဲကိုလက္ထပ္ရလိမ့္မည္ဟုဆိုလိုျခင္းမဟုတ္ပါ။တူညီေသာကိုးကြယ္မႈ႕ရွိေစကာမူအျမင္သေဘာထားကြဲတတ္ေပသည္။
အိမ္ေထာင္ေရးလမ္းေၾကာင္းတြင္ ကြၽန္းအမွတ္အသားပါရွိပါက အိမ္ေထာင္ဘက္ က်န္းမာေရးအလြန္ညံ့ေနျခင္း၊ ဝမ္းနည္းေၾကကြဲဖြယ္အျဖစ္အပ်က္မ်ားႏွင့္ ရင္ဆိုင္ရႏိုင္ေၾကာင္း အၾကမ္းအားျဖင့္ မွတ္သားရေပသည္။ သို႔ေသာ္ ကြၽန္း၏ အ႐ြယ္၊ပုံသ႑ာန္၊ႏွင့္ ကြၽန္းတည္ရွိေသာ ေနရာတို႔ေပၚမူတည္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ေဟာၾကား ရမည္ျဖစ္သည္။
အိမ္ေထာင္ေရးလမ္းေၾကာင္းသည္ သံကြင္းဆက္ပုံသ႑ာန္ရွိေနသည့္အခါ အိမ္ေထာင္ေရးႏွင့္ ပါတ္သက္လာတိုင္း ကံမေကာင္းျခင္းအမွတ္အသားျဖစ္ေတာ့သည္။ အိမ္ေထာင္ေရးကို အေၾကာင္းျပဳၿပီး စိတ္သာကေရာက္ျခင္း၊ ဘဝတိုးတက္ရာလမ္းမ်ား ပိတ္သြားျခင္းတို႔ ျဖစ္တတ္ေပသည္။
အိမ္ေထာင္ေရးလမ္းေၾကာင္းတြင္ မွဲ႔နက္ပါရွိပါက အိမ္ေထာင္ဘက္သည္ မေတာ္တဆအေၾကာင္းတစ္ခုေၾကာင့္ ႐ုတ္တရက္ ေသဆုံးျခင္းျဖစ္တတ္သည္ကို သတိျပဳရမည္ျဖစ္သည္။ ထိုမွဲ႔၏အေရာင္၊မွဲ႔ပါရွိသည့္ေနရာ၊မွဲ၏အေျခအေနကို ေသခ်ာစစ္ေဆးၿပီးမွ ေဟာခ်က္ကို ေဟာရေပမည္။
အိမ္ေထာင္ေရးလမ္းေၾကာင္းမ်ား ႏွစ္ေၾကာင္းႏွင့္ ႏွစ္ေၾကာင္းအထက္ပါရွိသူတိုင္း အိမ္ေထာင္ ႏွစ္ဆက္ သို႔မဟုတ္ ႏွစ္ဆက္ထက္ ပိုၿပီး အိမ္ေထာင္က်လိမ့္္မည္ဟု လုံးဝ(လုံးဝ) မဆိုလိုပါ။
အထက္က တင္ျပခဲ့ေသာ အိမ္ေထာင္ေရးလမ္းေၾကာင္းႏွင့္ ပါတ္သက္ေသာအခ်က္မ်ားမွ အေျခခံရမည့္အခ်က္မ်ား သာျဖစ္သည္။ ထိုအခ်က္မ်ားကို အေျခခံၿပီး လက္ပုံစံ၊ၿဂိဳဟ္ခုံႏွင့္ လက္ေရးစာ မ်ားကို အေသးစိတ္ေပါင္းစပ္ၿပီးမွ ေဟာခ်က္ေကာင္းတစ္ခုကို ေဟာၾကားရမည္ျဖစ္သည္။ အိမ္ေထာင္ေရးလမ္းေၾကာင္းသည္ အိမ္ေထာင္ေရးႏွင့္ ပါတ္သက္ေသာ ေၾကာင့္ လူ႔ဘဝတြင္အလြန္အေရးႀကီးေသာ လမ္းေၾကာင္းျဖစ္ပါေၾကာင္း တင္ျပရပါသည္။

ဆရာ ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box