ဒေါက်တာစောယုနွယ်၏ (၁၃၈၃ ခုနှစ်) မဟာသင်္ကြန်စာ
တနင်္ဂနွေသားသမီးများအတွက်
ယခုနှစ်တွင် ငွေအဝင်အထွက်သည် ရေခပ်ချိုးသလို ဝေါကနဲ၊ ဝေါကနဲဝင်လိုက်ထွက်လိုက်ဖြစ်နေတတ်သည်။ သွားရင်းလာရင် မတော်တဆ ထိခိုက်ဒဏ်ရာရတတ်သည်။ အနှောက်အယှက် အတိုက်အခံလေးတွေ ကြုံတွေ့ပြီးမှ တိုးတက်ခြင်း၊ အောင်မြင်ခြင်းများကြုံရတတ်သည်။ ထို့ကြောင့် အပူအပင် အတိုက်အခံလေးတွေ ပျောက်သွားရအောင် အိမ်ဘုရားတွင် အုန်းသီးနှင့် ပြုလုပ်ထားသော မုန့်၊ ကျောက်ကျောလေးတွေ ကပ်လှူပေးပါ။
နှစ်ဆန်းတစ်ရက်နေ့တွင် ခေါင်းဆေး မင်္ဂလာပြုလုပ်ပေးပြီး ငွေကြေးအခက်အခဲရှိသူ၊ အဝတ်အစား အခက်အခဲရှိသူကို ကူညီလိုက်ပါ။ ဘုန်းကြီးကျောင်းတွင် ကုဋီရေဆေးပေးခြင်း၊ လမ်းဘေးရေအိုးများ ရေဖြည့်ပေးခြင်းများပြုလုပ်ပေးပါက အညံ့များပြေပျောက်သွားနိုင်ပါသည်။
တနင်္လာသားသမီးများအတွက်
ယခုနှစ်သည် အိမ်ထောင်ရေး၊ လူမှုရေး၊ အချစ်ရေး နှင့် ပျော်ရွှင်ချမ်းမြေ့နေရမည့် ကာလဖြစ်ပါသည်။ ထို့ကြောင့် အိမ်ထောင်ရေး၊ လူမှုရေး၊ အချစ်ရေး၊ ပျော်ရွှင်မှုများနှင့်အတူ မင်းစိုးရာဇာများ၏ ကြည့်ရှုဆောင်မခြင်း ခံရပေမည်။
ထို့ကြောင့် တနင်္လာသားသမီးများသည် နှစ်ဆန်းတစ်ရက်နေ့တွင် ခေါင်းဆေးမင်္ဂလာပြုပြီးလျှင် အကြီးအကံ မင်းစိုးရာဇာများ၏ ချီးမြှင့် မြှောက်စာမှုကိုခံရမည်ဖြစ်ပါသည်။
အင်္ဂါသားသမီးများအတွက်
ဇေယျံဆိုသည့် အောင်မြင်ခြင်းဂြိုလ်တည်ထွန်းနေသည့်အတွက် မည်သည့်ကိစ္စ အကြောင်းအရာ ပြုလုပ်ခြင်းတွင်မဆို အောင်မြင်ခြင်း တိုးတက်ခြင်းနှင့် ပြည့်စုံမည့် ကာလလည်းဖြစ်သည်။ စက်ပစ္စည်း၊ မော်တော်ယဉ်၊ မော်တော်ကားများ အကျိုးပေးခြင်း၊ ဂုဏ်သတင်းကျော်ဇော်ခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်း မလွဲ ဧကန်ရရှိမည်ဖြစ်ပါသည်။
အင်္ဂါသားသမီးများသည် အောင်မြင်သည့် ဂြိုလ်မှာ ရပ်တည်နေသည့်အတွက် မိမိအောင်မြင်မှုကို ဂုဏ်ယူခြင်း၊ ဆရာသမားများကို အသိပေးခြင်းဖြင့် နှစ်ဆန်း တစ်ရက်နေ့တွင် ဆရာသမား မိတ်ဆွေများအား ကျွေးမွေးပြုစုခြင်းဖြင့် ဂုဏ်ယူလိုက်ပါ။
ဗုဒ္ဓဟူး၊ ရာဟုသားသမီးများအတွက်
ယခုနှစ်တွင် လုပ်ငန်းကိစ္စများတွင် အတိုက်အခံများနှင့်အတူ အပူအပင်များ များနေတတ်သည်။ သို့သော် အတိုက်အခံများခြင်းနှင့်အတူ သူများတိုက်လေ မိမိကထွန်းပြောင်လေလေဖြစ်ခြင်း၊ သြဇာတည်မြဲခြင်းများ ဖြစ်မည့်နှစ်ဖြစ်သည်။
ထို့ကြောင့် မိမိပတ်ဝန်းကျင်ရှိသူနှင့် အဆင်ပြေစေရန်၊ အညံ့များပျောက်စေရန် မြန်မာနှစ်ဆန်း ၁ရက်နေ့တွင် မိမိပိုင်ပစ္စည်းတစ်ခုခုကို မိမိကိုယ်တိုင်ဖြစ်စေ သို့မဟုတ် တစ်ခြားတစ်ဦးဦးအား ဖျက်ဆီးခိုင်းလိုက်ပါ။
တစ်နှစ်လုံးအတွက် မကြာခဏ မီးနေသည်များကို လက်ဆောင်ပေးခြင်း၊ ညောင်ထောက်ခြင်းများ ပြုလုပ်ပါက ၁၃၈၃ ခုနှစ် ဗုဒ္ဓဟူးသားသမီး၊ ရာဟုသားသမီးများအတွက် အညံ့များပျောက်ပါလိမ့်မည်။
ကြာသာပတေးသားသမီးများအတွက်
ယခုနှစ်တွင် ဝင်ငွေနည်းနေသော်လည်း မိမိမျှော်မှန်းထားသလို လုပ်ငန်းကြီးများ အောင်မြင်စွာ ဆောင်ရွက်ရတတ်သည်။ တစ်နှစ်ပတ်လုံးပျော်ရွှင်စရာများနှင့် ကြုံလိုက်၊ စိတ်ညစ်စရာများနှင့် ကြုံလိုက် ကောင်းတစ်လှည့် ဆိုးတစ်လှည့်ဆိုသလိုဖြစ်နေတတ်သည်။
ထို့ကြောင့် အညံ့လေးတွေပျောက်သွားရအောင် နှစ်ဆန်းတစ်ရက်နေ့တွင် ခေါင်းဆေးမင်္ဂလာပြုပြီး ဘုန်းကြီးကျောင်းသို့ ဘုန်းကြီးကျောင်းသို့ မုန့်ဟင်းခါးထဲ အိုးဘဲဥထည့်ပြီး လှူဒါန်းပေးလိုက်ပါ။
သောကြာသားသမီးများအတွက်
လာဘ်လာဘတွေရရှိမည့်နှစ်ဖြစ်သည်။ နှစ်ဆန်း တစ်ရက်နေ့တွင် ဦးခေါင်းဆေးမင်္ဂလာပြုပြီးသည်နှင့် မိတ်တွေ သို့မဟုတ် ဆရာသမားတစ်ကီးထွမှ လက်ဆောင်ရပါက စီးပွားလာဘ်လာဘများတိုးပြီး ကမ္ဘာ့သုံးငွေများ အမြောက်အများ အလုအယက်ဝင်လာမည်။
သိုရာတွင် အတာစားသည့်အတွက် အတာသင့်သော သောကြာသားသမီတို့သည် အတာတက်ချိန်၌ ရတနာ ၃ပါးကို စီရင်ပြီး၊ မြန်သောနေရာတွင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ ဗြဟ္မာ၊ သကြား၊ စတုလောကပါလ၊ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့အား လှူဒါန်းပူဇော်ပြီး အရှေ့တောင်အရပ်သို့မျက်နှာမူကာ အတာစားခြင်း၊ ကုသလိုလ်ကောင်းမှုများပြုလုပ်လိုက်ပါ။
မိမိ၏မကောင်းသောရန်မှကင်းလွတ်စေရန် နှစ်ဆန်းတစရက်နေ့တွင် တရော်ကင်ပွန်းနှင့် နံသာ၅ပါးထည့်ထားသော နံသာရေနှင့် ခေါင်းဆေးမင်္ဂလာပြုလိုက်ပါ။
စနေသားသမီးများအတွက်
စနေသားသမီးများအတွက် ယခုနှစ်အတွင်း ကျန်းမာရေး အနည်းငယ်ညံ့နေတတ်သည်။ စွန့်လွှတ်ခြင်း၊ ဆုံးရှုံခြင်းများလည်း ရှိနေတတ်သည်။ လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်ကာ မိမိလုပ်ဆောင်သမျှ အသိအမှတ်ပြုခြင်း မခံရသော ကာလဖြစ်သည်။
ထို့ကြောင့်တစ်နှစ်ပတ်လုံး အန္တာရယ်ကင်းပြီး စိတ်အနှောက်အယှက်များပျောက်စေရန် နှစ်ဆန်း ၁ရက်နေ့တွင် ခေါင်းဆေးမင်္ဂလာပြုပြီး သက်ဆုံး ပစ္စည်းတစ်ခုကို လှူဒါန်းခြင်း၊ ပေးကမ်းခြင်းပြုလုပ်လိုက်ပါ။ အဝတ်အစား များကို သစ်သစ်လွင်လွင် မဝတ်ဆင်ပဲ သန့်ရှင်းသပ်ရပ်သော အဝတ်အစားများသာဝတ်ဆင်ရမည်။ မိမိသားချင်းသောအစားအစာများကို တစ်စုံတစ်ယောက်ထွမှ စတိသဘောမျိုးတောင်းစားပေးပါ။
မွေးနေ့ညတွင် အဝတ်အစား ခပ်နွမ်းနွမ်းတစ်စုံကို ဝတ်ဆင်ရမည်။ ပြီးလျှင် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ သွားအိပ်ကာ ကျောင်းသန့်ရှင်းရေး၊ ရေအိမ်သန့်ရှင်းရေးပြုလုပ်ပါက စနေသားသမီးများအတွက် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေယရန်ကင်းကာ ကောင်းခြင်းမင်္ဂလာများ တိုးပွားပြီး ဂုဏ်ရှိန်မြင့်စေမည်။
ေဒါက္တာေစာယုႏြယ္၏ (၁၃၈၃ ခုႏွစ္) မဟာသၾကၤန္စာ
တနဂၤေႏြသားသမီးမ်ားအတြက္
ယခုႏွစ္တြင္ ေငြအဝင္အထြက္သည္ ေရခပ္ခ်ိဳးသလို ေဝါကနဲ၊ ေဝါကနဲဝင္လိုက္ထြက္လိုက္ျဖစ္ေနတတ္သည္။ သြားရင္းလာရင္ မေတာ္တဆ ထိခိုက္ဒဏ္ရာရတတ္သည္။ အေႏွာက္အယွက္ အတိုက္အခံေလးေတြ ႀကဳံေတြ႕ၿပီးမွ တိုးတက္ျခင္း၊ ေအာင္ျမင္ျခင္းမ်ားႀကဳံရတတ္သည္။ ထို႔ေၾကာင့္ အပူအပင္ အတိုက္အခံေလးေတြ ေပ်ာက္သြားရေအာင္ အိမ္ဘုရားတြင္ အုန္းသီးႏွင့္ ျပဳလုပ္ထားေသာ မုန႔္၊ ေက်ာက္ေက်ာေလးေတြ ကပ္လႉေပးပါ။
ႏွစ္ဆန္းတစ္ရက္ေန႔တြင္ ေခါင္းေဆး မဂၤလာျပဳလုပ္ေပးၿပီး ေငြေၾကးအခက္အခဲရွိသူ၊ အဝတ္အစား အခက္အခဲရွိသူကို ကူညီလိုက္ပါ။ ဘုန္းႀကီးေက်ာင္းတြင္ ကုဋီေရေဆးေပးျခင္း၊ လမ္းေဘးေရအိုးမ်ား ေရျဖည့္ေပးျခင္းမ်ားျပဳလုပ္ေပးပါက အညံ့မ်ားေျပေပ်ာက္သြားႏိုင္ပါသည္။
တနလၤာသားသမီးမ်ားအတြက္
ယခုႏွစ္သည္ အိမ္ေထာင္ေရး၊ လူမႈေရး၊ အခ်စ္ေရး ႏွင့္ ေပ်ာ္႐ႊင္ခ်မ္းေျမ့ေနရမည့္ ကာလျဖစ္ပါသည္။ ထို႔ေၾကာင့္ အိမ္ေထာင္ေရး၊ လူမႈေရး၊ အခ်စ္ေရး၊ ေပ်ာ္႐ႊင္မႈမ်ားႏွင့္အတူ မင္းစိုးရာဇာမ်ား၏ ၾကည့္ရႈေဆာင္မျခင္း ခံရေပမည္။
ထို႔ေၾကာင့္ တနလၤာသားသမီးမ်ားသည္ ႏွစ္ဆန္းတစ္ရက္ေန႔တြင္ ေခါင္းေဆးမဂၤလာျပဳၿပီးလွ်င္ အႀကီးအကံ မင္းစိုးရာဇာမ်ား၏ ခ်ီးျမႇင့္ ေျမႇာက္စာမႈကိုခံရမည္ျဖစ္ပါသည္။
အဂၤါသားသမီးမ်ားအတြက္
ေဇယ်ံဆိုသည့္ ေအာင္ျမင္ျခင္းၿဂိဳလ္တည္ထြန္းေနသည့္အတြက္ မည္သည့္ကိစၥ အေၾကာင္းအရာ ျပဳလုပ္ျခင္းတြင္မဆို ေအာင္ျမင္ျခင္း တိုးတက္ျခင္းႏွင့္ ျပည့္စုံမည့္ ကာလလည္းျဖစ္သည္။ စက္ပစၥည္း၊ ေမာ္ေတာ္ယဥ္၊ ေမာ္ေတာ္ကားမ်ား အက်ိဳးေပးျခင္း၊ ဂုဏ္သတင္းေက်ာ္ေဇာ္ျခင္း၊ က်န္းမာေရးေကာင္းမြန္ျခင္း မလြဲ ဧကန္ရရွိမည္ျဖစ္ပါသည္။
အဂၤါသားသမီးမ်ားသည္ ေအာင္ျမင္သည့္ ၿဂိဳလ္မွာ ရပ္တည္ေနသည့္အတြက္ မိမိေအာင္ျမင္မႈကို ဂုဏ္ယူျခင္း၊ ဆရာသမားမ်ားကို အသိေပးျခင္းျဖင့္ ႏွစ္ဆန္း တစ္ရက္ေန႔တြင္ ဆရာသမား မိတ္ေဆြမ်ားအား ေကြၽးေမြးျပဳစုျခင္းျဖင့္ ဂုဏ္ယူလိုက္ပါ။
ဗုဒၶဟူး၊ ရာဟုသားသမီးမ်ားအတြက္
ယခုႏွစ္တြင္ လုပ္ငန္းကိစၥမ်ားတြင္ အတိုက္အခံမ်ားႏွင့္အတူ အပူအပင္မ်ား မ်ားေနတတ္သည္။ သို႔ေသာ္ အတိုက္အခံမ်ားျခင္းႏွင့္အတူ သူမ်ားတိုက္ေလ မိမိကထြန္းေျပာင္ေလေလျဖစ္ျခင္း၊ ၾသဇာတည္ၿမဲျခင္းမ်ား ျဖစ္မည့္ႏွစ္ျဖစ္သည္။
ထို႔ေၾကာင့္ မိမိပတ္ဝန္းက်င္ရွိသူႏွင့္ အဆင္ေျပေစရန္၊ အညံ့မ်ားေပ်ာက္ေစရန္ ျမန္မာႏွစ္ဆန္း ၁ရက္ေန႔တြင္ မိမိပိုင္ပစၥည္းတစ္ခုခုကို မိမိကိုယ္တိုင္ျဖစ္ေစ သို႔မဟုတ္ တစ္ျခားတစ္ဦးဦးအား ဖ်က္ဆီးခိုင္းလိုက္ပါ။
တစ္ႏွစ္လုံးအတြက္ မၾကာခဏ မီးေနသည္မ်ားကို လက္ေဆာင္ေပးျခင္း၊ ေညာင္ေထာက္ျခင္းမ်ား ျပဳလုပ္ပါက ၁၃၈၃ ခုႏွစ္ ဗုဒၶဟူးသားသမီး၊ ရာဟုသားသမီးမ်ားအတြက္ အညံ့မ်ားေပ်ာက္ပါလိမ့္မည္။
ၾကာသာပေတးသားသမီးမ်ားအတြက္
ယခုႏွစ္တြင္ ဝင္ေငြနည္းေနေသာ္လည္း မိမိေမွ်ာ္မွန္းထားသလို လုပ္ငန္းႀကီးမ်ား ေအာင္ျမင္စြာ ေဆာင္႐ြက္ရတတ္သည္။ တစ္ႏွစ္ပတ္လုံးေပ်ာ္႐ႊင္စရာမ်ားႏွင့္ ႀကဳံလိုက္၊ စိတ္ညစ္စရာမ်ားႏွင့္ ႀကဳံလိုက္ ေကာင္းတစ္လွည့္ ဆိုးတစ္လွည့္ဆိုသလိုျဖစ္ေနတတ္သည္။
ထို႔ေၾကာင့္ အညံ့ေလးေတြေပ်ာက္သြားရေအာင္ ႏွစ္ဆန္းတစ္ရက္ေန႔တြင္ ေခါင္းေဆးမဂၤလာျပဳၿပီး ဘုန္းႀကီးေက်ာင္းသို႔ ဘုန္းႀကီးေက်ာင္းသို႔ မုန႔္ဟင္းခါးထဲ အိုးဘဲဥထည့္ၿပီး လႉဒါန္းေပးလိုက္ပါ။
ေသာၾကာသားသမီးမ်ားအတြက္
လာဘ္လာဘေတြရရွိမည့္ႏွစ္ျဖစ္သည္။ ႏွစ္ဆန္း တစ္ရက္ေန႔တြင္ ဦးေခါင္းေဆးမဂၤလာျပဳၿပီးသည္ႏွင့္ မိတ္ေတြ သို႔မဟုတ္ ဆရာသမားတစ္ကီးထြမွ လက္ေဆာင္ရပါက စီးပြားလာဘ္လာဘမ်ားတိုးၿပီး ကမာၻ႔သုံးေငြမ်ား အေျမာက္အမ်ား အလုအယက္ဝင္လာမည္။
သိုရာတြင္ အတာစားသည့္အတြက္ အတာသင့္ေသာ ေသာၾကာသားသမီတို႔သည္ အတာတက္ခ်ိန္၌ ရတနာ ၃ပါးကို စီရင္ၿပီး၊ ျမန္ေသာေနရာတြင္ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ ျဗဟၼာ၊ သၾကား၊ စတုေလာကပါလ၊ သမၼာေဒဝ နတ္ေကာင္းနတ္ျမတ္တို႔အား လႉဒါန္းပူေဇာ္ၿပီး အေရွ႕ေတာင္အရပ္သို႔မ်က္ႏွာမူကာ အတာစားျခင္း၊ ကုသလိုလ္ေကာင္းမႈမ်ားျပဳလုပ္လိုက္ပါ။
မိမိ၏မေကာင္းေသာရန္မွကင္းလြတ္ေစရန္ ႏွစ္ဆန္းတစရက္ေန႔တြင္ တေရာ္ကင္ပြန္းႏွင့္ နံသာ၅ပါးထည့္ထားေသာ နံသာေရႏွင့္ ေခါင္းေဆးမဂၤလာျပဳလိုက္ပါ။
စေနသားသမီးမ်ားအတြက္
စေနသားသမီးမ်ားအတြက္ ယခုႏွစ္အတြင္း က်န္းမာေရး အနည္းငယ္ညံ့ေနတတ္သည္။ စြန႔္လႊတ္ျခင္း၊ ဆုံးရႈံျခင္းမ်ားလည္း ရွိေနတတ္သည္။ လူပင္ပန္း၊ စိတ္ပင္ပန္းျဖစ္ကာ မိမိလုပ္ေဆာင္သမွ် အသိအမွတ္ျပဳျခင္း မခံရေသာ ကာလျဖစ္သည္။
ထို႔ေၾကာင့္တစ္ႏွစ္ပတ္လုံး အႏၲာရယ္ကင္းၿပီး စိတ္အေႏွာက္အယွက္မ်ားေပ်ာက္ေစရန္ ႏွစ္ဆန္း ၁ရက္ေန႔တြင္ ေခါင္းေဆးမဂၤလာျပဳၿပီး သက္ဆုံး ပစၥည္းတစ္ခုကို လႉဒါန္းျခင္း၊ ေပးကမ္းျခင္းျပဳလုပ္လိုက္ပါ။ အဝတ္အစား မ်ားကို သစ္သစ္လြင္လြင္ မဝတ္ဆင္ပဲ သန႔္ရွင္းသပ္ရပ္ေသာ အဝတ္အစားမ်ားသာဝတ္ဆင္ရမည္။ မိမိသားခ်င္းေသာအစားအစာမ်ားကို တစ္စုံတစ္ေယာက္ထြမွ စတိသေဘာမ်ိဳးေတာင္းစားေပးပါ။
ေမြးေန႔ညတြင္ အဝတ္အစား ခပ္ႏြမ္းႏြမ္းတစ္စုံကို ဝတ္ဆင္ရမည္။ ၿပီးလွ်င္ ဘုန္းႀကီးေက်ာင္း၊ သီလရွင္ေက်ာင္းမ်ားသို႔ သြားအိပ္ကာ ေက်ာင္းသန႔္ရွင္းေရး၊ ေရအိမ္သန႔္ရွင္းေရးျပဳလုပ္ပါက စေနသားသမီးမ်ားအတြက္ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး ေဘယရန္ကင္းကာ ေကာင္းျခင္းမဂၤလာမ်ား တိုးပြားၿပီး ဂုဏ္ရွိန္ျမင့္ေစမည္။
Be the first to comment