အောင်မြင်ရေးလမ်းကြောင်း၏ လျိှု့ဝှက်ချက်<<<
ကျွန်ပ်တို့ လူသားတိုင်းဟာ ဘဝမှာ အောင်မြင်ခြင်းကို လိုလားသူများဖြစ်ကြပါတယ်။အောင်မြင်ရေးအတွက် လက္ခဏာပညာတွင် အောင်မြင်ရေးလမ်းကြောင်းကို သုံးသတ်ရတာဖြစ်ပါတယ်၊ ဒီလမ်းကြောင်းကလေးဟာ တနင်္ဂနွေဂြိုဟ်ခုံမှာရှိတာဖြစ်လို့ အချို့ကျမ်းများမှာ တနင်္ဂနွေလမ်းကြောင်းလို့လည်းခေါ်ကြပါတယ်။ ဒီလမ်းကြောင်းလေးရဲ့ လျှို့ဝှက်ချက်ကို လေ့လာသုတေသနပြုပြီတဲ့အခါ လူတစ်ယောက်ရဲ့ ဘဝမှာ အထွဋ်အထိပ်အောင်မြင်ခြင်းနဲ့ ကျဆုံးခြင်းတွေကို သုံးသပ်နိုင်လာတာဖြစ်ပါတယ်။ အခု တင်ပြမှာကတော့ အောင်မြင်ရေးလမ်းကြောင်းနဲ့ ပါတ်သက်တဲ့ အချက်များစွာထဲက ထူးခြားတဲ့ အချက်ကလေးတွေကို တင်ပြလိုပါတယ်။
လက္ခဏာပညာမှာ ဒါမြင်ဒါဟော ဆိုတဲ့ စနစ်ထက် လက်ပုံစံ ၊ဂြိုဟ်ခုံ လက်ရေစာ၊လက်ဗွေတွေနဲ့ လမ်းကြောင်းကြီးတွေရဲ့ အားတွေနဲ့ အကြောင်းအရာတစ်ခုပေါ်သက်ရောက်တဲ့ အခြေအနေတွေကို ပေါင်းစပ်သုံးသပ်တာက ပိုမှန်တာဖြစ်တယ်။ဒါကြောင့် ယခုတင်ပြမယ့် အောင်မြင်ရေးလမ်းကြောင်းနဲ့ ပါတ်သက်တဲ့ အချက်တွေကို လက်ပုံစံနှင့်တကွ အခြားသော အကြောင်းအရာတွေနဲ့ ပေါင်းစပ်ပြီး လိုတိုးပိုလျှော့ဟောကြားသင့်ပါကြောင်းလည်း တင်ပြရပါတယ်။
အောင်မြင်ရေးလမ်းကြောင်းကို နှလုံးလမ်းကြောင်းအပေါ်ဘက်ကစတင်ထွက်ပေါ်သော လက္ခဏာကို အများဆုံးတွေ့ရတတ်သည်။ ထိုသို့ထွက်ပေါ်သော လမ်းကြောင်းကို ပျော်ရွှင်ခြင်းလမ်းကြောင်း (Line Of Happiness) ဟုခေါ်ကြပါတယ်။ဒီလိုအစပျိုးထွက်ပေါ်လာသူတွေက အသက် (၅၀)ကျော်အရွယ်ရောက်တဲ့အချိန်မှစပြီး ဘဝဟာပျော်ရွှင် အေးချမ်း လာတတ်တဲ့သဘောဖြစ်ပါတယ်၊ အိမ်ထောင်ရေး၊သားသမီးများနဲ့ ပျော်ရွှင်စရာပါဘဲ၊ ဒီအခြေအနေကို ထင်ရှားပြီး သန့်ရှင်းတဲ့ အောင်မြင်ရေးလမ်းကြောင်းက ပေးတာဖြစ်ပါတယ်။
အောင်မြင်ရေးလမ်းကြောင်းဆိုတာ လူတစ်ယောက်ရဲ့ တောက်ပခြင်း၊သြဇာကြီးမာခြင်း၊တိုးတက်ခြင်းနဲ့ ထင်ပေါ်ကျော်ကြားခြင်းတွေကို ဖော်ပြတဲ့ လမ်းကြောင်းဖြစ်တယ်။ ဒီလို အထွဋ်အထိပ်အောင်မြင်တဲ့သူတွေရှိပေမယ့် အောင်မြင်ရေးလမ်းကြောင်းမကောင်းရင် ရောက်တဲ့နေရာမြင့်မားပေမယ့် မပျော်ရွှင်ရတတ်ပါဘူး၊ လမ်းကြောင်းကောင်းတဲ့ အခါ ရောက်ရှိတဲ့ မြင့်မာတဲ့နေရာမှာ ပျော်ရွှင်ရတာဖြစ်တယ်။ ဒီကွာခြားချက်က ပြောတော့ ဘာမှမဟုတ်ဘူးဆိုပေမယ့် လက်တွေ့မှာ အလွန်ကွာခြားလှတယ်။ ကိုယ်ရောက်တဲ့နေရာမှာ ပျော်ရွှင်ပြီး ထက်အောက်အားလုံးနဲ့ သဟဇာတဖြစ်တဲ့ ညွှန်ကြားရေးမှူးတစ်ယောက်နဲ့ ထက်အောင်ဘယ်သူမှမကြိုက်ဘဲ တိုင်ခံရ၊တိုက်ခိုက်ခံရ၊ သူကိုယ်တိုင်လည်း မနက်လင်းတာနဲ့ သောကတွေဖြစ်နေရတဲ့ ညွှန်ကြားရေးမှူးတစ်ယောက်ရဲ့ အခြေအနေမတူသလိုပါဘဲ။ ဒါကြောင့် အောင်မြင်ရေးလမ်းကြောင်းဟာ ပျော်ရွှင်စိတ်ချမ်းသာခြင်းနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေတယ်လို့ မှတ်ချက်ပြုရပါတယ်။
အောင်မြင်ရေးလမ်းကြောင်းကို ကံလမ်းကြောင်းနဲ့ တွဲဘက်ပြီးလေ့လာတဲ့အခါ အချို့သောလက္ခဏာတွေမှာ ကံလမ်းကြောင်းမပါဘဲ အောင်မြင်ရေးလမ်းကြောင်းတစ်ခုတည်းပါတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုအခြေအနေကို ပြောရတဲ့အခါ လက္ခဏာရှင်ဟာ လူပေါ်ကြော့သမား၊ပင်ကိုယ်ကံစွမ်း၊ညဏ်စွမ်းမရှိဘဲ မိဘဆွေမျိုးတွေရဲ့ အခြေအနေ ကြောင့် စိတ်ချမ်းသာ ပျော်ရွှင်စွာနေရတဲ့သူဖြစ်နေတတ်တယ်။ သူကိုယ်တိုင်ကတော့ ဘာမှစွမ်းတာမဟုတ်တော့ဘူး၊ အောင်မြင်ရေးလမ်းကြောင်းပါတယ်ဆိုပေမယ့် အောင်မြင်အောင်ကြိုးစားနေတဲ့ အလုပ်တစ်ခုခုရှိမှ အောင်မြင်ခြင်းဖြစ်တာပါ။ ဘာမှမလုပ်ဘဲ နေတဲ့အခါ ဘာမှမဖြစ်မလာဘူး၊ဒါပေမယ့် လမ်းကြောင်းရဲ့ သတ္တိအရ ပျော်ရွှင်ခြင်းတော့ရနေတာဖြစ်တယ်။ ဒါကြောင့် ဒီလမ်းကြောင်းဟာ ပျော်ရွှင်ခြင်းကို ပေးတယ် ဆိုတာတော့ လက္ခံရတယ် ။
အောင်မြင်ရေးလမ်းကြောင်းစတင်တဲ့နေရာတွေကတော့ တနင်္လာဂြိုဟ်ခုံကစတင်တာရှိသလို ဦးခေါင်းလမ်းကြောင်း ကစတင်တာလည်း ရှိတတ်ပါတယ်။ စတင်တဲ့နေရာကနေ ထိပ်ဆုံးအထိ လမ်းကြောင်းတစ်လျှောက် မှဲ့၊အဖျက်မှတ်၊ ဥပါဒ်လမ်းဖြတ်၊ကျွန်း စတဲ့ မကောင်းတဲ့ အမှတ်အသားတွေကင်းနေဖို့လည်းအရေးကြီးတယ်၊ ဒီလိုအဖျက်အမှတ်တွေပါလာ တဲ့အခါ အောင်မြင်ပျော်ရွှင်ခြင်းတွေဟာ ထင်သလောက်မဖြစ်တော့ပါဘူး၊ တနင်္ဂနွေဂြိုဟ်ခုံမှာရှိတဲ့ အောင်မြင်ရေး လမ်းကြောင်းကို ဥပါဒ်လမ်းတစ်ခုက ဖြတ်လို့ ကြက်ခြေပုံဖြစ်နေရင် အဲဒီအသက်မှာ ဂုဏ်သိက္ခာတောင်ကျတတ်ပါ တယ်။ဒါကြောင့် အောင်မြင်ရေးလမ်းကြောင်းဟာ သန့်ရှင်းနေရမယ်၊ အပြားအရမ်းထူနေရင်လည်း မကောင်းသလို အလွန်ပါးနေပြီး မထင်ရှားရင်လည်း မကောင်းပြန်ပါဘူး။
အောင်မြင်ရေးလမ်းကြောင်းရဲ့ အဆုံးမှာ ခရင်းခွလိုဖြစ်နေရင်တော့ ပညာရပ်ဆိုင်ရာတွေ၊စာပေအနုပညာရပ်တွေမှာ ထင်ရှားပြီး လွတ်လပ်ပျော်ရွှင်စွာ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ကျမ်းပြုနိုင်သူတွေအဖြစ်၊အရာတစ်ခုခုကို ဆန်းသစ်နိုင်သူ၊တီထွင်နိုင်သူတွေအဖြစ်တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ပုံစံနဲ့ ကံလမ်းကြောင်းရဲ့ အထောက်အပ့ံက အရေးကြီးလှပါတယ်၊ အောင်မြင်ရေးလမ်းကြောင်းဟာ လူတစ်ယောက်အတွက် အောင်မြင်ပျော်ရွှင်ခြင်း၊ ပန်းတိုင်ရောက်ခြင်း၊အလိုဆန္ဒပြည့်ဝခြင်းကို ဖော်ပြတာဖြစ်လို့ အခြားသော ဘဝနဲ့ဆိုင်တဲ့ ဟောချက်တွေကို ဟောကြားရာမှာလည်း ဒီအောင်မြင်ရေးလမ်းကြောင်းကို နောက်ဆုံးလက္ခဏာရှင်ဟာ အောင်မြင်ပျော်ရွှင်ခြင်းတွေ ရှိမရှိဆိုတာ သုံးသတ်ကြည့်ရတာဖြစ်ပါတယ်။ဒါကြောင့် အောင်မြင်ရေးလမ်းကြောင်းဟာ လက္ခဏာသုတေသီတွေအနေနဲ့ လက်မလွတ်သင့်တဲ့ လမ်းကြောင်းဖြစ်ကြောင်း တင်ပြရပါတယ်။
ဆရာ ကင်္ကသူ
ေအာင္ျမင္ေရးလမ္းေၾကာင္း၏ လ်ိႈ႕ဝွက္ခ်က္<<<
ကြၽန္ပ္တို႔ လူသားတိုင္းဟာ ဘဝမွာ ေအာင္ျမင္ျခင္းကို လိုလားသူမ်ားျဖစ္ၾကပါတယ္။ေအာင္ျမင္ေရးအတြက္ လကၡဏာပညာတြင္ ေအာင္ျမင္ေရးလမ္းေၾကာင္းကို သုံးသတ္ရတာျဖစ္ပါတယ္၊ ဒီလမ္းေၾကာင္းကေလးဟာ တနဂၤေႏြၿဂိဳဟ္ခုံမွာရွိတာျဖစ္လို႔ အခ်ိဳ႕က်မ္းမ်ားမွာ တနဂၤေႏြလမ္းေၾကာင္းလို႔လည္းေခၚၾကပါတယ္။ ဒီလမ္းေၾကာင္းေလးရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ေလ့လာသုေတသနျပဳၿပီတဲ့အခါ လူတစ္ေယာက္ရဲ႕ ဘဝမွာ အထြဋ္အထိပ္ေအာင္ျမင္ျခင္းနဲ႔ က်ဆုံးျခင္းေတြကို သုံးသပ္ႏိုင္လာတာျဖစ္ပါတယ္။ အခု တင္ျပမွာကေတာ့ ေအာင္ျမင္ေရးလမ္းေၾကာင္းနဲ႔ ပါတ္သက္တဲ့ အခ်က္မ်ားစြာထဲက ထူးျခားတဲ့ အခ်က္ကေလးေတြကို တင္ျပလိုပါတယ္။
လကၡဏာပညာမွာ ဒါျမင္ဒါေဟာ ဆိုတဲ့ စနစ္ထက္ လက္ပုံစံ ၊ၿဂိဳဟ္ခုံ လက္ေရစာ၊လက္ေဗြေတြနဲ႔ လမ္းေၾကာင္းႀကီးေတြရဲ႕ အားေတြနဲ႔ အေၾကာင္းအရာတစ္ခုေပၚသက္ေရာက္တဲ့ အေျခအေနေတြကို ေပါင္းစပ္သုံးသပ္တာက ပိုမွန္တာျဖစ္တယ္။ဒါေၾကာင့္ ယခုတင္ျပမယ့္ ေအာင္ျမင္ေရးလမ္းေၾကာင္းနဲ႔ ပါတ္သက္တဲ့ အခ်က္ေတြကို လက္ပုံစံႏွင့္တကြ အျခားေသာ အေၾကာင္းအရာေတြနဲ႔ ေပါင္းစပ္ၿပီး လိုတိုးပိုေလွ်ာ့ေဟာၾကားသင့္ပါေၾကာင္းလည္း တင္ျပရပါတယ္။
ေအာင္ျမင္ေရးလမ္းေၾကာင္းကို ႏွလုံးလမ္းေၾကာင္းအေပၚဘက္ကစတင္ထြက္ေပၚေသာ လကၡဏာကို အမ်ားဆုံးေတြ႕ရတတ္သည္။ ထိုသို႔ထြက္ေပၚေသာ လမ္းေၾကာင္းကို ေပ်ာ္႐ႊင္ျခင္းလမ္းေၾကာင္း (Line Of Happiness) ဟုေခၚၾကပါတယ္။ဒီလိုအစပ်ိဳးထြက္ေပၚလာသူေတြက အသက္ (၅၀)ေက်ာ္အ႐ြယ္ေရာက္တဲ့အခ်ိန္မွစၿပီး ဘဝဟာေပ်ာ္႐ႊင္ ေအးခ်မ္း လာတတ္တဲ့သေဘာျဖစ္ပါတယ္၊ အိမ္ေထာင္ေရး၊သားသမီးမ်ားနဲ႔ ေပ်ာ္႐ႊင္စရာပါဘဲ၊ ဒီအေျခအေနကို ထင္ရွားၿပီး သန႔္ရွင္းတဲ့ ေအာင္ျမင္ေရးလမ္းေၾကာင္းက ေပးတာျဖစ္ပါတယ္။
ေအာင္ျမင္ေရးလမ္းေၾကာင္းဆိုတာ လူတစ္ေယာက္ရဲ႕ ေတာက္ပျခင္း၊ၾသဇာႀကီးမာျခင္း၊တိုးတက္ျခင္းနဲ႔ ထင္ေပၚေက်ာ္ၾကားျခင္းေတြကို ေဖာ္ျပတဲ့ လမ္းေၾကာင္းျဖစ္တယ္။ ဒီလို အထြဋ္အထိပ္ေအာင္ျမင္တဲ့သူေတြရွိေပမယ့္ ေအာင္ျမင္ေရးလမ္းေၾကာင္းမေကာင္းရင္ ေရာက္တဲ့ေနရာျမင့္မားေပမယ့္ မေပ်ာ္႐ႊင္ရတတ္ပါဘူး၊ လမ္းေၾကာင္းေကာင္းတဲ့ အခါ ေရာက္ရွိတဲ့ ျမင့္မာတဲ့ေနရာမွာ ေပ်ာ္႐ႊင္ရတာျဖစ္တယ္။ ဒီကြာျခားခ်က္က ေျပာေတာ့ ဘာမွမဟုတ္ဘူးဆိုေပမယ့္ လက္ေတြ႕မွာ အလြန္ကြာျခားလွတယ္။ ကိုယ္ေရာက္တဲ့ေနရာမွာ ေပ်ာ္႐ႊင္ၿပီး ထက္ေအာက္အားလုံးနဲ႔ သဟဇာတျဖစ္တဲ့ ၫႊန္ၾကားေရးမႉးတစ္ေယာက္နဲ႔ ထက္ေအာင္ဘယ္သူမွမႀကိဳက္ဘဲ တိုင္ခံရ၊တိုက္ခိုက္ခံရ၊ သူကိုယ္တိုင္လည္း မနက္လင္းတာနဲ႔ ေသာကေတြျဖစ္ေနရတဲ့ ၫႊန္ၾကားေရးမႉးတစ္ေယာက္ရဲ႕ အေျခအေနမတူသလိုပါဘဲ။ ဒါေၾကာင့္ ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ ေပ်ာ္႐ႊင္စိတ္ခ်မ္းသာျခင္းနဲ႔လည္း တိုက္႐ိုက္သက္ဆိုင္ေနတယ္လို႔ မွတ္ခ်က္ျပဳရပါတယ္။
ေအာင္ျမင္ေရးလမ္းေၾကာင္းကို ကံလမ္းေၾကာင္းနဲ႔ တြဲဘက္ၿပီးေလ့လာတဲ့အခါ အခ်ိဳ႕ေသာလကၡဏာေတြမွာ ကံလမ္းေၾကာင္းမပါဘဲ ေအာင္ျမင္ေရးလမ္းေၾကာင္းတစ္ခုတည္းပါတာမ်ိဳးလည္း ရွိတတ္ပါတယ္။ ဒီလိုအေျခအေနကို ေျပာရတဲ့အခါ လကၡဏာရွင္ဟာ လူေပၚေၾကာ့သမား၊ပင္ကိုယ္ကံစြမ္း၊ညဏ္စြမ္းမရွိဘဲ မိဘေဆြမ်ိဳးေတြရဲ႕ အေျခအေန ေၾကာင့္ စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္စြာေနရတဲ့သူျဖစ္ေနတတ္တယ္။ သူကိုယ္တိုင္ကေတာ့ ဘာမွစြမ္းတာမဟုတ္ေတာ့ဘူး၊ ေအာင္ျမင္ေရးလမ္းေၾကာင္းပါတယ္ဆိုေပမယ့္ ေအာင္ျမင္ေအာင္ႀကိဳးစားေနတဲ့ အလုပ္တစ္ခုခုရွိမွ ေအာင္ျမင္ျခင္းျဖစ္တာပါ။ ဘာမွမလုပ္ဘဲ ေနတဲ့အခါ ဘာမွမျဖစ္မလာဘူး၊ဒါေပမယ့္ လမ္းေၾကာင္းရဲ႕ သတၱိအရ ေပ်ာ္႐ႊင္ျခင္းေတာ့ရေနတာျဖစ္တယ္။ ဒါေၾကာင့္ ဒီလမ္းေၾကာင္းဟာ ေပ်ာ္႐ႊင္ျခင္းကို ေပးတယ္ ဆိုတာေတာ့ လကၡံရတယ္ ။
ေအာင္ျမင္ေရးလမ္းေၾကာင္းစတင္တဲ့ေနရာေတြကေတာ့ တနလၤာၿဂိဳဟ္ခုံကစတင္တာရွိသလို ဦးေခါင္းလမ္းေၾကာင္း ကစတင္တာလည္း ရွိတတ္ပါတယ္။ စတင္တဲ့ေနရာကေန ထိပ္ဆုံးအထိ လမ္းေၾကာင္းတစ္ေလွ်ာက္ မွဲ႔၊အဖ်က္မွတ္၊ ဥပါဒ္လမ္းျဖတ္၊ကြၽန္း စတဲ့ မေကာင္းတဲ့ အမွတ္အသားေတြကင္းေနဖို႔လည္းအေရးႀကီးတယ္၊ ဒီလိုအဖ်က္အမွတ္ေတြပါလာ တဲ့အခါ ေအာင္ျမင္ေပ်ာ္႐ႊင္ျခင္းေတြဟာ ထင္သေလာက္မျဖစ္ေတာ့ပါဘူး၊ တနဂၤေႏြၿဂိဳဟ္ခုံမွာရွိတဲ့ ေအာင္ျမင္ေရး လမ္းေၾကာင္းကို ဥပါဒ္လမ္းတစ္ခုက ျဖတ္လို႔ ၾကက္ေျခပုံျဖစ္ေနရင္ အဲဒီအသက္မွာ ဂုဏ္သိကၡာေတာင္က်တတ္ပါ တယ္။ဒါေၾကာင့္ ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ သန႔္ရွင္းေနရမယ္၊ အျပားအရမ္းထူေနရင္လည္း မေကာင္းသလို အလြန္ပါးေနၿပီး မထင္ရွားရင္လည္း မေကာင္းျပန္ပါဘူး။
ေအာင္ျမင္ေရးလမ္းေၾကာင္းရဲ႕ အဆုံးမွာ ခရင္းခြလိုျဖစ္ေနရင္ေတာ့ ပညာရပ္ဆိုင္ရာေတြ၊စာေပအႏုပညာရပ္ေတြမွာ ထင္ရွားၿပီး လြတ္လပ္ေပ်ာ္႐ႊင္စြာ လုပ္ေဆာင္ႏိုင္တယ္လို႔ ဆိုပါတယ္။ က်မ္းျပဳႏိုင္သူေတြအျဖစ္၊အရာတစ္ခုခုကို ဆန္းသစ္ႏိုင္သူ၊တီထြင္ႏိုင္သူေတြအျဖစ္ေတြ႕ရတတ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ လက္ပုံစံနဲ႔ ကံလမ္းေၾကာင္းရဲ႕ အေထာက္အပ့ံက အေရးႀကီးလွပါတယ္၊ ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ လူတစ္ေယာက္အတြက္ ေအာင္ျမင္ေပ်ာ္႐ႊင္ျခင္း၊ ပန္းတိုင္ေရာက္ျခင္း၊အလိုဆႏၵျပည့္ဝျခင္းကို ေဖာ္ျပတာျဖစ္လို႔ အျခားေသာ ဘဝနဲ႔ဆိုင္တဲ့ ေဟာခ်က္ေတြကို ေဟာၾကားရာမွာလည္း ဒီေအာင္ျမင္ေရးလမ္းေၾကာင္းကို ေနာက္ဆုံးလကၡဏာရွင္ဟာ ေအာင္ျမင္ေပ်ာ္႐ႊင္ျခင္းေတြ ရွိမရွိဆိုတာ သုံးသတ္ၾကည့္ရတာျဖစ္ပါတယ္။ဒါေၾကာင့္ ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ လကၡဏာသုေတသီေတြအေနနဲ႔ လက္မလြတ္သင့္တဲ့ လမ္းေၾကာင္းျဖစ္ေၾကာင္း တင္ျပရပါတယ္။
ဆရာ ကကၤသူ
Be the first to comment