Facebook Comments Box
ဒေါက်တာစောယုနွယ်၏ (29.3.2021 to 4.4.2021) ဟောစတမ်း

ဒေါက်တာစောယုနွယ်၏ (29.3.2021 to 4.4.2021) ဟောစတမ်း

တနင်္ဂနွေ သားသမီးများအတွက်
လုပ်ငန်းများ အဆင်ပြေနိုင်ပါသည်။
ဝန်ထမ်းဖြစ်ပါက အထက်လူကြီးကြောင့် စိတ်ညစ်ရတတ်သည်။
ပညာရေး ရည်မှန်းချက်များအောင်မြင်မည်။
ပျိုရွယ်သူများ အချစ်ရေးကံကောင်းနေပါလိမ်မည်။
ကျန်းမာရေးအနေဖြင့် ထိခိုက်ရှနာလောက်လေးပဲဖြစ်တတ်ပါသည်။

တနင်္လာ သားသမီးများအတွက်
လုပ်ငန်းဟောင်းတွေပြန်ဝင်လာတတ်ပါသည်။
ဝန်ထမ်းဖြစ်ပါက ရာထူးတက်တတ်သည်။
ငွေကြေးကို ဂရုစိုက်ပါ။
အိမ်ထောင်ရှင်များ စိတ်ချမ်းမြေ့ပျော်ရွှင်ရမည်။
ကျန်းမာရေးအနေဖြင့် ဆီးနှင့်ကျောက်ကပ်တွင် ဒုက္ခပေးတတ်သည်။

အင်္ဂါ သားသမီးများအတွက်
စီးပွားရေးအရောင်းအဝယ်တိုးတက်မှုရှိပါလိမ့်မည်။
ဝန်ထမ်းဖြစ်ပါကအထက်လူကြီးနှင့် အဆင်မပြေဖြစ်တတ်သည်။
ဝင်ငွေတိုးတက်ကောင်းမွန်နေတတ်သည်။
ပျိုရွယ်သူများအချစ်ရေးတွင် တင်းခံနေမှုကြောင့်လမ်းခွဲရတတ်သည်။
ကျန်းမာရေးအနေဖြင့် အဆုတ်အအေးပတ်ခြင်းမျိုးဖြစ်ပါသည်။

ဗုဒ္ဒဟူး သားသမီးများအတွက်
ပြည်ပနှင့် ဆက်သွယ်လုပ်ကိုင်ရသော ကိစ္စများအောင်မြင်မည်။
ဝန်ထမ်းဖြစ်ပါက အလုပ်တွင် အဆင်ပြေမည်။
ပညာရေးအားနည်းနေတတ်သည်။
အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ဖက်ရန်လိုခြင်းခံရမည်။
ကျန်းမာရေးအနေဖြင့် အစားမှား၊ဆေးမှားဖြစ်တတ်သည်။

ရာဟု သားသမီးများအတွက်
အလုပ်နှင့် ပတ်သပ်ပြီးခရီးသွားရတတ်သည်။
အထက်လူကြီး၊ အကြီးအကဲများနှင့် အတိုက်အခံဖြစ်တတ်သည်။
အဖိုးတန်ကျောက်မျက်ရတနာများ ဝင်မည်။
ပျိုရွယ်သူများချစ်သူ နှစ်ယောက်ကြားဗျာများနေတတ်သည်။
ကျန်းမာရေးအနေဖြင့် အအေးမိ၊ ချောင်းဆိုး၊ ဖျားနာဖြစ်တတ်သည်။

ကြာသပတေး သားသမီးများအတွက်
လုပ်ငန်းလုပ်ကိုင်သူများအလုပ်တွင် အပျက်အဆီးအဆုံးအရှုံးများနေတတ်သည်။
ဝန်ထမ်းဖြစ်ပါက မိမိအနေအထားကို ဖယ်ရှားလိုသူများရှိမည်။
ပညာရေးကံကောင်းမည်။
ပျိုရွယ်သူများ နှစ်ဦးကြားပြသနာများပေါ်လာတတ်သည်။
ကျန်းမာရေးအနေဖြင့် ခေါင်းကိုက်၊ ဇက်ကြောတက်ခြင်းမျိုးဖြစ်တတ်သည်။

သောကြာ သားသမီးများအတွက်
ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ရောင်းချသူများ ဝင်ငွေလျှော့နည်းနေတတ်သည်။
ဝန်ထမ်းဖြစ်ပါက အထက်လူကြီး၏ ဂုဏ်ပြုချီးမြှင့်ခြင်းခံရတတ်သည်။
ဆုံးရှုံးပြီဟုထင်မှတ်ထားသော ငွေကြေးများပြန်ရတတ်သည်။
ပျိုရွယ်သူများချစ်သူနှင့် အပျော်ခရီးသွားရတတ်သည်။
ကျန်းမာရေးဂရုစိုက်ရန်လိုအပ်ပါသည်။

စနေ သားသမီးများအတွက်
စပ်တူလုပ်ငန်းများ အကျိုးတူလုပ်ငန်းများ အဆင်ပြေမည်။
ဝန်ထမ်းဖြစ်ပါက အထက်လူကြီးကြောင့် စိတ်ညစ်ရတတ်သည်။
မင်္ဂလာပွဲ အစီအစဉ်များရက်ရွှေ့ရတတ်သည်။
အိမ်ထောင်ရှင်ဖြစ်ပါက ပြသနာဖြစ်တတ်သည်။
ကျန်းမာရေး အနေဖြင့် အစာအိမ်တွင် ဝေဒနာဖြစ်တတ်သည်။







ပညာရေးကံကောင်းမည်။


စနေ သားသမီးများအတွက်

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box