Facebook Comments Box
>>> လက်ဖဝါးပြင်မှ ဂြိုဟ်ခုံများကိုလေ့လာခြင်း <<< {{after}}

လက်ဖဝါးပြင်မှ ဂြိုဟ်ခုံများကိုလေ့လာခြင်း <<<

ဂြိုဟ်ခုံတွေကို လေ့လာရတဲ့ပညာဟာ လက္ခဏာပညာကိုလေ့လာတဲ့သူတွေအတွက် အလွန်အရေးကြီးလို့ အထူးစစ်ဆေးသင့်တဲ့ အချက်ပါဘဲ၊လူတစ်ဦးတစ်ယောက်ရဲ့ ဘဝမှာ ကောင်းခြင်း၊ဆိုးခြင်း၊ တိုးတက်ခြင်း၊ ချမ်းသာခြင်းတို့ကို ဆုံးဖြတ်ရာမှာ ဂြိုဟ်ခုံတွေရဲ့ အားဟာလည်း အလွန်အရေးကြီးတဲ့အတွက် မဖြစ်မနေ ဆန်းစစ်ရတာက ဂြိုဟ်ခုံတွေပါ။ဒါကြောင့် ဂြိုဟ်ခုံတွေကို ဘာလို့အရေးတကြီး လေ့လာဆန်းစစ်ရသလည်း ဆိုတာကို ဖော်ပြလိုပါတယ်။
၁။ ဂြိုဟ်ခုံများဟာ လက္ခဏာရှင်ရဲ့ အကျင့်စာရိတ္တသဘာဝ၊ပါရမီစရိတ်နဲ့ သူ့ဘဝရဲ့ အသက်မွေးဝမ်းကြောင်းနိုင်ခြင်း၊ ထိုအချက်များ၏ ကောင်းခြင်းနှင့် ပျက်ယွင်းခြင်းများကို ဖော်ပြပါတယ်။ သူ့ဘဝမှာ ဖြစ်ပေါ်မယ့်အကြောင်းအရာတွေရဲ့ အရည်အချင်းနဲ့ အရည်အတွက်ပိုင်းကိုလည်း ခွဲခြားပေးပါတယ်။
၂။ ဂြိုဟ်ခုံများဟာ လက္ခဏာရှင်ကို စိုးမိုးတဲ့ဂြိုဟ်ကိုဖော်ပြတတ်ပြီး စိုးမိုးတဲ့ဂြိုဟ်ဟာ လက္ခဏာရှင်ရဲ့ ဘဝကို စိုးမိုးချုပ်ကိုင်တတ်ပါတယ်။ဒီလိုချုပ်ကိုင်တတ်တဲ့အတွက် ဘဝရဲ့ အကောင်း၊အဆိုးတွေကို အစွန်းရောက်မလား မရောက်ဘူးလား၊စသဖြင့် လက္ခဏာရှင်ရဲ့ စိတ်စေစားချက်တွေဟာ ဂြိုဟ်ခုံမှာဖော်ပြတတ်တာမို့ အရေးကြီးတာဖြစ်တယ်။
၃။ လက္ခဏာရှင်ရဲ့ လက်ပုံစံနဲ့ လမ်းကြောင်းကြီးတွေရဲ့ ဖြစ်ပျက်မယ့်ကိစ္စတွေအတွက် အားကိုဖော်ပြတတ်သည်။ လမ်းကြောင်းကြီးများရဲ့ အားကိုဂြိုဟ်ခုံတွေရဲ့ အားနဲ့ချင့်ချိန်ကြည့်ရတာဖြစ်လို့ အလွန်အရေးကြီးတာဖြစ်တယ်။ ဥပမာ ကံလမ်းကြောင်းဟာ စနေဂြိုဟ်ခုံကို တက်ရောက်နေတာတူပေမယ့် စနေဂြိုဟ်ခုံကောင်းခြင်း၊မကောင်းခြင်းက တက်လာတဲ့ ကံလမ်းကြောင်းရဲ့ အားတွေနဲ့ အဖြစ်အပျက်တွေကို ပြုပြင်ပါတယ်။
၄။ လက္ခဏာရှင်ရဲ့ လက်ဝါးပြင်မှာပါရှိတဲ့ ထူးခြားတဲ့အမှတ်အသားများ ဥပမာ ကြယ်၊ကြာဖူး စတဲ့အမှတ်အသားတွေရဲ့ ကောင်းခြင်း၊ဆိုးခြင်းနဲ့ အမှတ်သားတွေရဲ့ လက္ခဏာရှင်ကို ပေးနိုင်တဲ့ ကောင်းအား၊ဆိုးအားကို ချင့်ချိန်တဲ့နေရာမှာ အဲဒီအမှတ်အသားနဲ့ သက်ဆိုင်တဲ့ ဂြိုဟ်ခုံနဲ့ လက္ခဏာရှင်ကို စိုးမိုးနေတဲ့ ဂြိုဟ်ခုံတို့ရဲ့ သက်ရောက်မှု့တွေ အလွန်များတဲ့အတွက် ဂြိုဟ်ခုံတွေကို တိတိကျကျဆန်းစစ်ရတာဖြစ်တယ်။
၅။ ဂြိုဟ်ခုံတွေရဲ့ အားကောင်းခြင်း၊အားပျက်ခြင်းတွေက လက္ခဏာရှင်ရဲ့ ရောဂါဖြစ်ခြင်း၊ဝေးနာခံစားရခြင်းတွေနဲ့ တိုက်ရိုက်နီးပါးသက်ဆိုင်လို့နေပါတယ်။ ဒီဂြိုဟ်ခုံတွေကိုကြည့်ပြီး ဒီပုဂ္ဂိုလ်ဟာ သူ့ရဲ့ ကျန်းမာရေးဟာ ဘယ်အတိုင်းအတာအထိ ဖြစ်မယ်၊ဘာရောဂါဖြစ်မယ်၊ အချိန်ဘယ်လောက်အထိ ခံစားရမယ် ဆိုတာကို အခြားသောလမ်းကြောင်းတွေနဲ့ တွဲဘက်ပြီး တိကျတဲ့ အဖြေထုတ်ရတာဖြစ်တယ်။
လက္ခဏာကိုလေ့လာတဲ့အခါ လူတိုင်းမှာ ဂြိုဟ်ခုံတစ်ခုကနေ (၃) ခု၊(၄) ခုလောက်အထိ စိုးမိုးနေတတ်တာကို တွေ့ရတတ်တယ်။ ဒီလိုစိုးမိုးနေတဲ့အထဲကမှ ဂြိုဟ်ခုံတစ်ခုက အစိုးမိုးဆုံး၊လွမ်းမိုးမှု့အများဆုံးဂြိုဟ်ခုံဆိုတာရှိတယ်၊ အဲဒီဂြိုဟ်ခုံရဲ့ သဘောတွေအတိုင်း သူ့ဘဝရပ်တည်မှု့ဖြစ်လာရတယ်။ဂြိုဟ်ခုံတွေကို ကောင်းခြင်းမကောင်းခြင်းကို ခွဲခြားရာ တွင််ဗေဒင်အယူအဆ သဘောမျိုးဖြင့် ပါပ၊သောမ ခွဲခြားခြင်းမျိုးမဟုတ်ပါဘူး။ကောင်းသောဂြိုဟ်ခုံဆိုတာ ပြည့်ဖြိုးထင်ရှားပြီး အဲဒီဂြိုဟ်ခုံအပေါ်မှာဒေါင်လိုက် လမ်းကြောင်းတိုလေးတစ်ခု အဖျက်မှတ်မရှိဘဲ ပါနေတတ်ပါတယ်တဲ့။ ပြည့်ဖြိုးခြင်းကလည်း ညီရပါမယ်၊ အဖျက်မှတ်တွေဖြစ်တဲ့ ကြက်ခြေ၊ကျွန်း၊ အလျာလိုက်လမ်း ကြောင်းနဲ့ အစက်ကလေးများ၊ မှဲများ မပါရှိရပါဘူး။
ကြာသာပတေးဂြိုဟ်ခုံအားကောင်းရင် ဘာသာရေး၊အကျင့်စာရိတ္တ၊ပင်ကိုယ်သိစိတ်ကောင်းတွေပိုင်ဆိုင်ပြီး ခေါင်းဆောင်မှု့၊ ဂုဏ်သရေရှိခြင်းများနဲ့ ပါတ်သက်နေပြီး အားညံ့ခဲ့ရင်တော့ ထုံထိုင်းခြင်း၊ဘုရား-တရားကို မယုံကြည်ခြင်း၊ အကျင့်ယုတ်မာခြင်း၊ကြောက်ရွံတတ်ခြင်း၊ကိလေသာဇောတက်တတ်ခြင်း အသရေပျက်ခြင်း တို့ဖြစ်တတ်ပါတယ်။
စနေဂြိုဟ်ခုံအားကောင်းခဲ့ရင် လွတ်လပ်ခြင်း၊ညဏ်ပညာထက်ခြင်း၊သင်သလောက်တတ်ခြင်း၊ တည်ငြိမ်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ စူးစမ်းရှာဖွေတတ်ခြင်း၊ အကျင့်ကောင်းအကျင့်မြတ်ကို ကျင့်ခြင်း၊တို့ဖြစ်တတ်ပြီး စနေဂြိုဟ်ခုံ ညံ့ခဲ့ရင်တော့ ညှိုးငယ်မှိုင်ထွေနေတတ်ခြင်း၊လျို့ဝှက်တတ်ခြင်း၊ အယူသည်ခြင်း၊အရာရာကို အပျက်သဘောအဆိုးဘက်ကိုသာမြင် တတ်ခြင်း၊ မနာလိုစိတ်ကြီးမာခြင်း၊ အသိတရားမဲ့လုပ်ကိုင်တတ်ခြင်း၊ ပုန်ကန်လိုစိတ်ရှိခြင်း၊ စဉ်စားညဏ်မရှိခြင်းနှင့် အကျင့်မြတ်ကို မကျင့်နိုင်ခြင်း၊ သီလမမြဲခြင်း တို့ဖြစ်တတ်ပါတယ်။
တနင်္ဂနွေဂြိုဟ်ခုံအားကောင်းခဲ့ရင် အနုပညာဘက်တွင်ထူးချွန်တတ်ခြင်း၊ဝိဇ္ဇာအတတ်၊ ထိုးထွင်းသိမြင်သည့် ညဏ်ရှိခြင်း၊သမာဓိရှိခြင်း၊ဂုဏ်သတင်းထင်ပေါ်ခြင်း၊ပျော်ရွှင်စွာနေထိုင်ခြင်း၊အချုပ်အနှောင်မရှိခြင်း၊လူပေါင်းဆန့်ခြင်း ၊ချစ်သူ ခင်သူရှိခြင်းတို့ဖြစ်တတ်ပြီး တနင်္ဂနွေဂြိုဟ်ခုံ ညံ့ပါက လောင်းကစားတွင် ဝါသနာကြီးခြင်း၊ဝါသနာပါသော်လည်း မနိုင်ဘဲ ဆင်းရဲရခြင်း၊ လက်ဖွာခြင်း၊အသုံးကြမ်းခြင်း၊ပျင်းရိခြင်း၊ရိုင်းစိုင်းစွာပြောဆိုတတ်ခြင်း၊မုန်းတီးစိတ်ထားတတ်ခြင်း၊ ပရိယာယ် မာယာများတတ်ခြင်း၊ ဟန်ပန်ပကာသနများခြင်း နှင့် သိက္ခာကျခြင်းတို့ဖြစ်တတ်သည်။
ဗုဒ္ဓဟူးဂြိုဟ်ခုံအားကောင်းတဲ့ လက္ခဏာရှင်ကတော့ အာဝဇ္ဇန်းရွှင်ခြင်း၊ထထကြွကြွရှိခြင်း၊ထက်မြက်ခြင်း၊ ပွင့်ပွင့် လင်းလင်းရှိခြင်း၊ စိတ်ပညာအဆင့်မြင့်မားခြင်း၊အမိန့်ပေးတတ်ခြင်း၊စာကားပြောကောင်းခြင်း၊ ဗဟုသုတစကားကိုဆိုခြင်း၊ စီးပွားရေးအမျှော်အမြင်ရှိခြင်း၊မိသားစုတာဝန်ကိုလေးစားခြင်း၊ပါးနှပ်လိမ္မာခြင်း၊အတွက်အချက်ပညာကောင်းမွန်ခြင်းနှင့် ဖြတ်ထိုးညဏ်ကြီးမာခြင်းတို့ရှိမည်ဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ်ခုံညံ့ခဲ့ပါက လိမ်လည်ကောက်ကျစ်ခြင်း၊ ကပ်စေးနည်းခြင်း၊ မလိမ့်တပါတ်ညာဝါခြင်း၊ခိုးတတ်ဝှက်တတ်ခြင်း၊ခနဲ့ပြောတတ်ခြင်း၊သရော်တတ်ခြင်း၊ ကျိန်ဆဲတတ်ခြင်းတို့ ရှိကြပေသည်။
တနင်္လာဂြိုဟ်အားကောင်းပါက အခြေအမြစ်ရှိသော စိတ်ကူးကောင်းများပိုင်ဆိုင်ခြင်း၊ဆင်ခြင်တုံတရားရှိခြင်း၊ မိမိကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ရွက်တတ်ခြင်းပရဟိတကောင်းသူဖြစ်ခြင်း၊ သစ္စာရှိခြင်း၊ကျေးဇူးကိုသိတတ်ခြင်း၊ သန့်ရှင်းဖြူစင်ခြင်းတို့ ဖြစ်ပေါ်စေသည်။တနင်္လာဂြိုဟ်ခုံညံ့သည့်အခါ အတ္တကြီးတစ်ကိုယ်ကောင်းဆန်သူဖြစ်ခြင်း၊ ပျင်းတတ်ခြင်း၊အပြောင်းအလဲမြန်ခြင်း၊အစားကြူးခြင်း၊လက်မှိုင်ချတတ်ခြင်း၊သရဲဘောကြောင်ခြင်း၊စိတ်အားငယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
အင်္ဂါဂြိုဟ်ခုံအားကောင်းတဲ့အခါ သဘောထားကြီးခြင်း၊ခွင့်လွတ်ပေးခြင်း၊သဒ္ဒါတရားထက်မြက်ခြင်း၊အလုပ်တစ်ခုကို ပြီးဆုံးအောင်ဆောင်ရွက်တတ်ခြင်း၊တည်ငြိမ်သောသဘောရှိခြင်း၊ မှန်ကန်သောသတ္တိရှိခြင်း၊အလှအပကို မြတ်နိုးတတ်ခြင်း၊ ခေါင်းဆောင်မှု့ကို ကောင်းစွာပြုနိုင်ခြင်း၊အမိန့်နာခံတတ်ခြင်း၊ရိုသေတတ်ခြင်း၊သစ္စာရှိခြင်း တို့ဖြစ်စေပါတယ်၊ အင်္ဂါဂြိုဟ်ခုံ ညံ့ခဲ့မယ်ဆိုရင်တော့ လက်လျှော့တတ်ခြင်း၊အကျင့်ပျက်ခြစားခြင်း၊သတ္တိကြောင်ခြင်း၊ မိုက်ရူးရဲသတ္တိဖြစ်ခြင်း၊ ကြမ်းထမ်း ယုတ်မာတတ်ခြင်း၊ ဆိုးသွမ်းခြင်း၊ ရာဇဝတ်မှု့ကို ကြူးလွန်ရန် ဝန်မလေးသူ၊လက်စားခြေခြင်း၊ ဖောက်ပြန်သောသဘောရှိပြီး သစ္စာမဲသောအလုပ်ကို လုပ်တတ်ခြင်းများ ဖြစ်တတ်ပါသည်။
သောကြာဂြိုဟ်ခုံအားကောင်းပါက ထင်ပေါ်ခြင်း၊ရေပန်းစားခြင်း၊အကောင်းဘက်ကို မြင်တတ်ခြင်း၊ နုညံ့သော သဘောထားရှိခြင်း၊ အရသာ၊အနံ၊အလှအပတို့ကို ခံစားတတ်ခြင်း၊သနားကြင်တာတတ်ခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ အလှူလုပ်ရခြင်း၊ ပျော်စရာကောင်းသည့်ချစ်ခြင်းကို ခံစားရခြင်း၊ဇိမ်ခံစားတတ်ခြင်းတို့ရှိမည်။ သောကြာဂြိုဟ်ခုံညံ့နေခဲ့ပါက တာဝန်မဲ့ခြင်း၊ တဏှာရာဂဘက်တွင် ထိန်းမရဖြစ်ခြင်း၊လောဘကြီးခြင်း၊ အလွန်ညံ့ဖျင်းသော စိတ်ဓါတ်ရှိခြင်းများ ဖြစ်ပေါ်တတ်ပါတယ် ။
အထက်ကဆိုတဲ့ အဟောကတော့ အကြမ်းစားဖြင့် ယျေဘူယပြောတာဘဲဖြစ်ပါတယ်၊ တစ်ကယ်တော့ လမ်းကြောင်း၊လက်ပုံစံ၊လက်ရေစားတွေကို သေချာအသေးစိတ်ထပ်ချိန်ကြည့်ရပါလိမ့်မယ်။ အထက်ကဆိုခဲ့သလို လူတစ်ယောက်အတွက် သူလက်ဖဝါးမှာပါတဲ့ ဂြိုဟ်ခုံတွေက သူ့ဘဝကို အများကြီး သက်ရောက်စေတာဖြစ်လို့ လက္ခဏာပညာဖြင့် လူတစ်ယောက်ကို စစ်ဆေးတဲ့အခါ ဂြိုဟ်ခုံတွေကို အထူးအလေးထားကြည့်ရပါကြောင်း တင်ပြရပါတယ်။

ဆရာ ကင်္ကသူ

လက္ဖဝါးျပင္မွ ၿဂိဳဟ္ခုံမ်ားကိုေလ့လာျခင္း <<<

ၿဂိဳဟ္ခုံေတြကို ေလ့လာရတဲ့ပညာဟာ လကၡဏာပညာကိုေလ့လာတဲ့သူေတြအတြက္ အလြန္အေရးႀကီးလို႔ အထူးစစ္ေဆးသင့္တဲ့ အခ်က္ပါဘဲ၊လူတစ္ဦးတစ္ေယာက္ရဲ႕ ဘဝမွာ ေကာင္းျခင္း၊ဆိုးျခင္း၊ တိုးတက္ျခင္း၊ ခ်မ္းသာျခင္းတို႔ကို ဆုံးျဖတ္ရာမွာ ၿဂိဳဟ္ခုံေတြရဲ႕ အားဟာလည္း အလြန္အေရးႀကီးတဲ့အတြက္ မျဖစ္မေန ဆန္းစစ္ရတာက ၿဂိဳဟ္ခုံေတြပါ။ဒါေၾကာင့္ ၿဂိဳဟ္ခုံေတြကို ဘာလို႔အေရးတႀကီး ေလ့လာဆန္းစစ္ရသလည္း ဆိုတာကို ေဖာ္ျပလိုပါတယ္။
၁။ ၿဂိဳဟ္ခုံမ်ားဟာ လကၡဏာရွင္ရဲ႕ အက်င့္စာရိတၱသဘာဝ၊ပါရမီစရိတ္နဲ႔ သူ႔ဘဝရဲ႕ အသက္ေမြးဝမ္းေၾကာင္းႏိုင္ျခင္း၊ ထိုအခ်က္မ်ား၏ ေကာင္းျခင္းႏွင့္ ပ်က္ယြင္းျခင္းမ်ားကို ေဖာ္ျပပါတယ္။ သူ႔ဘဝမွာ ျဖစ္ေပၚမယ့္အေၾကာင္းအရာေတြရဲ႕ အရည္အခ်င္းနဲ႔ အရည္အတြက္ပိုင္းကိုလည္း ခြဲျခားေပးပါတယ္။
၂။ ၿဂိဳဟ္ခုံမ်ားဟာ လကၡဏာရွင္ကို စိုးမိုးတဲ့ၿဂိဳဟ္ကိုေဖာ္ျပတတ္ၿပီး စိုးမိုးတဲ့ၿဂိဳဟ္ဟာ လကၡဏာရွင္ရဲ႕ ဘဝကို စိုးမိုးခ်ဳပ္ကိုင္တတ္ပါတယ္။ဒီလိုခ်ဳပ္ကိုင္တတ္တဲ့အတြက္ ဘဝရဲ႕ အေကာင္း၊အဆိုးေတြကို အစြန္းေရာက္မလား မေရာက္ဘူးလား၊စသျဖင့္ လကၡဏာရွင္ရဲ႕ စိတ္ေစစားခ်က္ေတြဟာ ၿဂိဳဟ္ခုံမွာေဖာ္ျပတတ္တာမို႔ အေရးႀကီးတာျဖစ္တယ္။
၃။ လကၡဏာရွင္ရဲ႕ လက္ပုံစံနဲ႔ လမ္းေၾကာင္းႀကီးေတြရဲ႕ ျဖစ္ပ်က္မယ့္ကိစၥေတြအတြက္ အားကိုေဖာ္ျပတတ္သည္။ လမ္းေၾကာင္းႀကီးမ်ားရဲ႕ အားကိုၿဂိဳဟ္ခုံေတြရဲ႕ အားနဲ႔ခ်င့္ခ်ိန္ၾကည့္ရတာျဖစ္လို႔ အလြန္အေရးႀကီးတာျဖစ္တယ္။ ဥပမာ ကံလမ္းေၾကာင္းဟာ စေနၿဂိဳဟ္ခုံကို တက္ေရာက္ေနတာတူေပမယ့္ စေနၿဂိဳဟ္ခုံေကာင္းျခင္း၊မေကာင္းျခင္းက တက္လာတဲ့ ကံလမ္းေၾကာင္းရဲ႕ အားေတြနဲ႔ အျဖစ္အပ်က္ေတြကို ျပဳျပင္ပါတယ္။
၄။ လကၡဏာရွင္ရဲ႕ လက္ဝါးျပင္မွာပါရွိတဲ့ ထူးျခားတဲ့အမွတ္အသားမ်ား ဥပမာ ၾကယ္၊ၾကာဖူး စတဲ့အမွတ္အသားေတြရဲ႕ ေကာင္းျခင္း၊ဆိုးျခင္းနဲ႔ အမွတ္သားေတြရဲ႕ လကၡဏာရွင္ကို ေပးႏိုင္တဲ့ ေကာင္းအား၊ဆိုးအားကို ခ်င့္ခ်ိန္တဲ့ေနရာမွာ အဲဒီအမွတ္အသားနဲ႔ သက္ဆိုင္တဲ့ ၿဂိဳဟ္ခုံနဲ႔ လကၡဏာရွင္ကို စိုးမိုးေနတဲ့ ၿဂိဳဟ္ခုံတို႔ရဲ႕ သက္ေရာက္မႈ႕ေတြ အလြန္မ်ားတဲ့အတြက္ ၿဂိဳဟ္ခုံေတြကို တိတိက်က်ဆန္းစစ္ရတာျဖစ္တယ္။
၅။ ၿဂိဳဟ္ခုံေတြရဲ႕ အားေကာင္းျခင္း၊အားပ်က္ျခင္းေတြက လကၡဏာရွင္ရဲ႕ ေရာဂါျဖစ္ျခင္း၊ေဝးနာခံစားရျခင္းေတြနဲ႔ တိုက္႐ိုက္နီးပါးသက္ဆိုင္လို႔ေနပါတယ္။ ဒီၿဂိဳဟ္ခုံေတြကိုၾကည့္ၿပီး ဒီပုဂၢိဳလ္ဟာ သူ႔ရဲ႕ က်န္းမာေရးဟာ ဘယ္အတိုင္းအတာအထိ ျဖစ္မယ္၊ဘာေရာဂါျဖစ္မယ္၊ အခ်ိန္ဘယ္ေလာက္အထိ ခံစားရမယ္ ဆိုတာကို အျခားေသာလမ္းေၾကာင္းေတြနဲ႔ တြဲဘက္ၿပီး တိက်တဲ့ အေျဖထုတ္ရတာျဖစ္တယ္။
လကၡဏာကိုေလ့လာတဲ့အခါ လူတိုင္းမွာ ၿဂိဳဟ္ခုံတစ္ခုကေန (၃) ခု၊(၄) ခုေလာက္အထိ စိုးမိုးေနတတ္တာကို ေတြ႕ရတတ္တယ္။ ဒီလိုစိုးမိုးေနတဲ့အထဲကမွ ၿဂိဳဟ္ခုံတစ္ခုက အစိုးမိုးဆုံး၊လြမ္းမိုးမႈ႕အမ်ားဆုံးၿဂိဳဟ္ခုံဆိုတာရွိတယ္၊ အဲဒီၿဂိဳဟ္ခုံရဲ႕ သေဘာေတြအတိုင္း သူ႔ဘဝရပ္တည္မႈ႕ျဖစ္လာရတယ္။ၿဂိဳဟ္ခုံေတြကို ေကာင္းျခင္းမေကာင္းျခင္းကို ခြဲျခားရာ တြင္္ေဗဒင္အယူအဆ သေဘာမ်ိဳးျဖင့္ ပါပ၊ေသာမ ခြဲျခားျခင္းမ်ိဳးမဟုတ္ပါဘူး။ေကာင္းေသာၿဂိဳဟ္ခုံဆိုတာ ျပည့္ၿဖိဳးထင္ရွားၿပီး အဲဒီၿဂိဳဟ္ခုံအေပၚမွာေဒါင္လိုက္ လမ္းေၾကာင္းတိုေလးတစ္ခု အဖ်က္မွတ္မရွိဘဲ ပါေနတတ္ပါတယ္တဲ့။ ျပည့္ၿဖိဳးျခင္းကလည္း ညီရပါမယ္၊ အဖ်က္မွတ္ေတြျဖစ္တဲ့ ၾကက္ေျခ၊ကြၽန္း၊ အလ်ာလိုက္လမ္း ေၾကာင္းနဲ႔ အစက္ကေလးမ်ား၊ မွဲမ်ား မပါရွိရပါဘူး။
ၾကာသာပေတးၿဂိဳဟ္ခုံအားေကာင္းရင္ ဘာသာေရး၊အက်င့္စာရိတၱ၊ပင္ကိုယ္သိစိတ္ေကာင္းေတြပိုင္ဆိုင္ၿပီး ေခါင္းေဆာင္မႈ႕၊ ဂုဏ္သေရရွိျခင္းမ်ားနဲ႔ ပါတ္သက္ေနၿပီး အားညံ့ခဲ့ရင္ေတာ့ ထုံထိုင္းျခင္း၊ဘုရား-တရားကို မယုံၾကည္ျခင္း၊ အက်င့္ယုတ္မာျခင္း၊ေၾကာက္႐ြံတတ္ျခင္း၊ကိေလသာေဇာတက္တတ္ျခင္း အသေရပ်က္ျခင္း တို႔ျဖစ္တတ္ပါတယ္။
စေနၿဂိဳဟ္ခုံအားေကာင္းခဲ့ရင္ လြတ္လပ္ျခင္း၊ညဏ္ပညာထက္ျခင္း၊သင္သေလာက္တတ္ျခင္း၊ တည္ၿငိမ္ျခင္း၊ ခံႏိုင္ရည္ရွိျခင္း၊ စူးစမ္းရွာေဖြတတ္ျခင္း၊ အက်င့္ေကာင္းအက်င့္ျမတ္ကို က်င့္ျခင္း၊တို႔ျဖစ္တတ္ၿပီး စေနၿဂိဳဟ္ခုံ ညံ့ခဲ့ရင္ေတာ့ ညႇိဳးငယ္မႈိင္ေထြေနတတ္ျခင္း၊လ်ိဳ႕ဝွက္တတ္ျခင္း၊ အယူသည္ျခင္း၊အရာရာကို အပ်က္သေဘာအဆိုးဘက္ကိုသာျမင္ တတ္ျခင္း၊ မနာလိုစိတ္ႀကီးမာျခင္း၊ အသိတရားမဲ့လုပ္ကိုင္တတ္ျခင္း၊ ပုန္ကန္လိုစိတ္ရွိျခင္း၊ စဥ္စားညဏ္မရွိျခင္းႏွင့္ အက်င့္ျမတ္ကို မက်င့္ႏိုင္ျခင္း၊ သီလမၿမဲျခင္း တို႔ျဖစ္တတ္ပါတယ္။
တနဂၤေႏြၿဂိဳဟ္ခုံအားေကာင္းခဲ့ရင္ အႏုပညာဘက္တြင္ထူးခြၽန္တတ္ျခင္း၊ဝိဇၨာအတတ္၊ ထိုးထြင္းသိျမင္သည့္ ညဏ္ရွိျခင္း၊သမာဓိရွိျခင္း၊ဂုဏ္သတင္းထင္ေပၚျခင္း၊ေပ်ာ္႐ႊင္စြာေနထိုင္ျခင္း၊အခ်ဳပ္အေႏွာင္မရွိျခင္း၊လူေပါင္းဆန႔္ျခင္း ၊ခ်စ္သူ ခင္သူရွိျခင္းတို႔ျဖစ္တတ္ၿပီး တနဂၤေႏြၿဂိဳဟ္ခုံ ညံ့ပါက ေလာင္းကစားတြင္ ဝါသနာႀကီးျခင္း၊ဝါသနာပါေသာ္လည္း မႏိုင္ဘဲ ဆင္းရဲရျခင္း၊ လက္ဖြာျခင္း၊အသုံးၾကမ္းျခင္း၊ပ်င္းရိျခင္း၊႐ိုင္းစိုင္းစြာေျပာဆိုတတ္ျခင္း၊မုန္းတီးစိတ္ထားတတ္ျခင္း၊ ပရိယာယ္ မာယာမ်ားတတ္ျခင္း၊ ဟန္ပန္ပကာသနမ်ားျခင္း ႏွင့္ သိကၡာက်ျခင္းတို႔ျဖစ္တတ္သည္။
ဗုဒၶဟူးၿဂိဳဟ္ခုံအားေကာင္းတဲ့ လကၡဏာရွင္ကေတာ့ အာဝဇၨန္း႐ႊင္ျခင္း၊ထထႂကြႂကြရွိျခင္း၊ထက္ျမက္ျခင္း၊ ပြင့္ပြင့္ လင္းလင္းရွိျခင္း၊ စိတ္ပညာအဆင့္ျမင့္မားျခင္း၊အမိန႔္ေပးတတ္ျခင္း၊စာကားေျပာေကာင္းျခင္း၊ ဗဟုသုတစကားကိုဆိုျခင္း၊ စီးပြားေရးအေမွ်ာ္အျမင္ရွိျခင္း၊မိသားစုတာဝန္ကိုေလးစားျခင္း၊ပါးႏွပ္လိမၼာျခင္း၊အတြက္အခ်က္ပညာေကာင္းမြန္ျခင္းႏွင့္ ျဖတ္ထိုးညဏ္ႀကီးမာျခင္းတို႔ရွိမည္ျဖစ္သည္။ ဗုဒၶဟူးၿဂိဳဟ္ခုံညံ့ခဲ့ပါက လိမ္လည္ေကာက္က်စ္ျခင္း၊ ကပ္ေစးနည္းျခင္း၊ မလိမ့္တပါတ္ညာဝါျခင္း၊ခိုးတတ္ဝွက္တတ္ျခင္း၊ခနဲ႔ေျပာတတ္ျခင္း၊သေရာ္တတ္ျခင္း၊ က်ိန္ဆဲတတ္ျခင္းတို႔ ရွိၾကေပသည္။
တနလၤာၿဂိဳဟ္အားေကာင္းပါက အေျခအျမစ္ရွိေသာ စိတ္ကူးေကာင္းမ်ားပိုင္ဆိုင္ျခင္း၊ဆင္ျခင္တုံတရားရွိျခင္း၊ မိမိကိုယ္က်ိဳးစြန႔္ၿပီး အမ်ားအက်ိဳးေဆာင္႐ြက္တတ္ျခင္းပရဟိတေကာင္းသူျဖစ္ျခင္း၊ သစၥာရွိျခင္း၊ေက်းဇူးကိုသိတတ္ျခင္း၊ သန႔္ရွင္းျဖဴစင္ျခင္းတို႔ ျဖစ္ေပၚေစသည္။တနလၤာၿဂိဳဟ္ခုံညံ့သည့္အခါ အတၱႀကီးတစ္ကိုယ္ေကာင္းဆန္သူျဖစ္ျခင္း၊ ပ်င္းတတ္ျခင္း၊အေျပာင္းအလဲျမန္ျခင္း၊အစားၾကဴးျခင္း၊လက္မႈိင္ခ်တတ္ျခင္း၊သရဲေဘာေၾကာင္ျခင္း၊စိတ္အားငယ္ျခင္းတို႔ ျဖစ္တတ္ပါတယ္။
အဂၤါၿဂိဳဟ္ခုံအားေကာင္းတဲ့အခါ သေဘာထားႀကီးျခင္း၊ခြင့္လြတ္ေပးျခင္း၊သဒၵါတရားထက္ျမက္ျခင္း၊အလုပ္တစ္ခုကို ၿပီးဆုံးေအာင္ေဆာင္႐ြက္တတ္ျခင္း၊တည္ၿငိမ္ေသာသေဘာရွိျခင္း၊ မွန္ကန္ေသာသတၱိရွိျခင္း၊အလွအပကို ျမတ္ႏိုးတတ္ျခင္း၊ ေခါင္းေဆာင္မႈ႕ကို ေကာင္းစြာျပဳႏိုင္ျခင္း၊အမိန႔္နာခံတတ္ျခင္း၊႐ိုေသတတ္ျခင္း၊သစၥာရွိျခင္း တို႔ျဖစ္ေစပါတယ္၊ အဂၤါၿဂိဳဟ္ခုံ ညံ့ခဲ့မယ္ဆိုရင္ေတာ့ လက္ေလွ်ာ့တတ္ျခင္း၊အက်င့္ပ်က္ျခစားျခင္း၊သတၱိေၾကာင္ျခင္း၊ မိုက္႐ူးရဲသတၱိျဖစ္ျခင္း၊ ၾကမ္းထမ္း ယုတ္မာတတ္ျခင္း၊ ဆိုးသြမ္းျခင္း၊ ရာဇဝတ္မႈ႕ကို ၾကဴးလြန္ရန္ ဝန္မေလးသူ၊လက္စားေျချခင္း၊ ေဖာက္ျပန္ေသာသေဘာရွိၿပီး သစၥာမဲေသာအလုပ္ကို လုပ္တတ္ျခင္းမ်ား ျဖစ္တတ္ပါသည္။
ေသာၾကာၿဂိဳဟ္ခုံအားေကာင္းပါက ထင္ေပၚျခင္း၊ေရပန္းစားျခင္း၊အေကာင္းဘက္ကို ျမင္တတ္ျခင္း၊ ႏုညံ့ေသာ သေဘာထားရွိျခင္း၊ အရသာ၊အနံ၊အလွအပတို႔ကို ခံစားတတ္ျခင္း၊သနားၾကင္တာတတ္ျခင္း၊ ေပးကမ္းစြန႔္ႀကဲျခင္း၊ အလႉလုပ္ရျခင္း၊ ေပ်ာ္စရာေကာင္းသည့္ခ်စ္ျခင္းကို ခံစားရျခင္း၊ဇိမ္ခံစားတတ္ျခင္းတို႔ရွိမည္။ ေသာၾကာၿဂိဳဟ္ခုံညံ့ေနခဲ့ပါက တာဝန္မဲ့ျခင္း၊ တဏွာရာဂဘက္တြင္ ထိန္းမရျဖစ္ျခင္း၊ေလာဘႀကီးျခင္း၊ အလြန္ညံ့ဖ်င္းေသာ စိတ္ဓါတ္ရွိျခင္းမ်ား ျဖစ္ေပၚတတ္ပါတယ္ ။
အထက္ကဆိုတဲ့ အေဟာကေတာ့ အၾကမ္းစားျဖင့္ ေယ်ဘူယေျပာတာဘဲျဖစ္ပါတယ္၊ တစ္ကယ္ေတာ့ လမ္းေၾကာင္း၊လက္ပုံစံ၊လက္ေရစားေတြကို ေသခ်ာအေသးစိတ္ထပ္ခ်ိန္ၾကည့္ရပါလိမ့္မယ္။ အထက္ကဆိုခဲ့သလို လူတစ္ေယာက္အတြက္ သူလက္ဖဝါးမွာပါတဲ့ ၿဂိဳဟ္ခုံေတြက သူ႔ဘဝကို အမ်ားႀကီး သက္ေရာက္ေစတာျဖစ္လို႔ လကၡဏာပညာျဖင့္ လူတစ္ေယာက္ကို စစ္ေဆးတဲ့အခါ ၿဂိဳဟ္ခုံေတြကို အထူးအေလးထားၾကည့္ရပါေၾကာင္း တင္ျပရပါတယ္။

ဆရာ ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box