Facebook Comments Box
ရာသီဖွားနှင့် လက္ခဏာပညာ

ရာသီဖွားနှင့် လက္ခဏာပညာ

ပညာရပ်များကို သုတေသနပြုရာ ကမ္ဘာကြီးတွင် တစ်ရက်ထက်တရက် သုတေသနရလဒ်များ တိုးပွားလျှက် ရှိပေသည်။ ကျွန်ုပ်တို့လက္ခဏာပညာရပ်တွင်လည်း ပညာအဆင့်အတန်း တိုးတက်မြင့်မားလျှက်ရှိရာ လက္ခဏာပညာနှင့် ဆက်စပ်ပူးပေါင်းရသော ပညာရပ်ဆိုင်ရာများလည်း တိုးတက်လျှက်ရှိရာ ယခုတွင် လက္ခဏာပညာနှင့် ရာသီးဖွား အနောက်တိုင်းနက္ခတ်ပညာတို့ ပေါင်းစပ်သည့် ပိုမိုကောင်းမွန်တိကျသည့် သုတေသအကြောင်းကို တင်ပြလိုပါတယ်။

အနောက်တိုင်းနက္ခတ်ဗေဒင်ရဲ့ အခြေခံကျတဲ့ ရာသီဖွားဗေဒင်ပညာအရ လူတို့မွေးဖွားသောရက်များအရ မည်သည့် ရာသီတွင် မွေးဖွားသည်ကို မှတ်သားကြပြီး ထိုရာသီအလိုက် ဘဝတွင် ဖြစ်ပျက်မည့်ကိစ္စရပ်များ၊ စိတ်နေသဘောထားများကို ဟောကိန်း ထုတ်ကြသည်မှာ ကျွန်ုပ်တို့ရင်းနှီးပြီးသားဖြစ်သည်။ထိုရာသီဖွားဗေဒင်ကို လက္ခဏာပညာနှင့် ပေါင်းစပ်လိုက် သည့် အခါ ကာလရှည်သော ရာသီဖွားဗေဒင်၏ ယေဘူယျအဟောများသည် အသေးစိတ်လှသော လက္ခဏာပညာအတွက် အုတ်မြစ်သဖွယ်ဖြစ်ပြီး အသေးစိတ်ဟောချက်များကို လူတစ်ဦးချင်းစီအတွက် တိတိကျကျမှန်ကန်လာကြောင်း သုတေသနရ လဒ်များက ဆိုလေသသည်။ လူအများအတွက်မှသည် တစ်ဦးတစ်ယောက် ချင်းဆီသို့ တိကျသောဟောချက်များကို ရရှိစေနိုင်သည်။

ဥပမာ မိဿရာသီ (Aries) အနေဖြင့် (မတ်လ ၂၁ရက် မှ ဧပြီလ ၂၁ ရက် အထိ) တစ်လအချိန်အတွင်း မွေးဖွားသူအတွက် စိတ်နေသဘောထား၊ဘဝတွင်ဖြစ်ပျက်မည့်အကြောင်းများကို ယေဘူယျအားဖြင့် ဖော်ပြထားပြီးဖြစ်သည်။ ထိုရာသီဖွားလူတစ်ယောက်အနေဖြင့် သူ၏လက္ခဏာသည် မီးလက်ဝါးအမျိုးအစားဖြစ်ပါက မည်သည့်အခြေအနေကို ဖြစ်စေပြီး ရေလက်ဝါးအမျိုးအစားဖြစ်ပါက ဘယ်လိုဖြစ်လာနိုင်သည်ဆိုသည့်အချက်သည် အလွန်စိတ်ဝင်စား ဖွယ်ဖြစ်တော့ သည်။ လက်ပုံစံနှင့် ရာသီဖွားပေါင်းစပ်လိုက်သည့်အခါ ယေဘူယျအခြေအနေမှ တိကျသည့် အခြေအနေကို ရောက်လာ တော့သည်။ သူရဲ့ မွေးရက်ဂဏန်းနှင့် မွေးနေ့ တို့ကို ထပ်ပြီးစစ်ဆေးသည့်အခါ အလွန်တိကျသော ဟောချက်ကို လူတစ်ယောက်ချင်းစီအတွက် တိတိကျကျရရှိလာတော့သည်။

အထက်ကအချက်များကို ပေါင်းစပ်ပြီး ဟောပြောနိုင်ရန် အနောက်တိုင်းနက္ခတ်ဗေဒင်နှင့် လက္ခဏာပညာကို တတ်သိထားရန်လိုသည်။ လက်ဖဝါးပြင်အခြေအနေကို ဖော်ပြရာတွင် လက်ပုံးစံ (၇) မျိုးနှင့် အထူးပုံစံ (၄) မျိုးတို့၏ ပရိယယ်နှင့် ဘသာဝအခြေအနေကို သေသေချာချာသိထားရန်အရေးကြီးလှသည်။ ထိုလက်ပုံစံများမှ ကျွန်ုပ်တို့ အာရှနှင့်ကိုက်ညီမှု့အများဆုံးဖြစ်သော လက်ပုံစံ (၄) မျိုးကို ပိုပြီးလေ့လာထားရပေသည်။

လက်ပုံစံများကို ၊ မွေးဖွားသည့်ရာသီ်၊ မွေးဖွာသည့် နေ့ ၊ရက် တို့နှင့် ပေါင်းစပ်ခွဲခြမ်းစိတ်ဖြာသည့်အခါ လူတစ်ယောက်ချင်းစီအတွက် အသေးစိတ် သူ့ဘဝအခြေအနေအတွက် ဆက်စပ်တွေးခေါ်ရာမှ အကောင်းဆုံးဟော ချက်များကို ရရှိလာမှာအမှန်ပင်ဖြစ်တော့သည်။ လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းရမယ့် မူလပုံစံအခြေအနေကို ရရှိပြီသည့် အခါမှ ထိုပုံစံအခြေအနေဘောင်ထဲမှ သူ့ရဲ့ အသက်လမ်းကြောင်း၊ဦးခေါင်းလမ်းကြောင်း၊ နှလုံးလမ်းကြောင်း နှင့်အခြား ထင်ရှားအမှတ်အသားများ၊ဂြိုဟ်ခုံများနှင့် ထူးခြားချက်များကို အသေးစိတ်ကြည့်ပြီး ဖြစ်လာမယ့်ကိစ္စများကို သေသေ ချာချာပြောပြနိုင်သည့် အခြေအနေကို ရောက်ရတာဖြစ်တယ်။

ဒါကြောင့် လက္ခဏာပညာဟာ အများပြောသလို မလွယ်ကူလှပါဘူး။ အသေးစိတ်လှတဲ့ပညာဖြစ်တယ်။ လေ့လာလိုက်စားသူအနေနဲ့လည်း အချိန်တွေအများကြီးပေးပြီး တစိုက်မတ်မတ်လေ့လာနိုင်မှ အခြေအနေကောင်းတွေကို ဆုံးဖြတ်နိုင်တဲ့သူဖြစ်မှာ ဖြစ်ပါကြောင်း တင်ပြရပါတယ်။

ဆရာ ကင်္ကသူ








ဆရာ ကင်္ကသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box